Main menu

Background

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက် ဈေးနှုန်းများ 

Wed, 09/28/2022 - 14:53 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း ဗ၁ ကျပ် ၁၅၀ဝ၊ အောင်ပန်း A1 ကျပ် ၁၆၀ဝ၊ အောင်ပန်း  OK ကျပ် ၁၇၀ဝ၊ အောင်ပန်း  S1 ကျပ် ၂၃၀ဝ  နှင့် တရုတ်အာလူး ကျပ် ၂၅၀ဝ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ်အာလူး ကျပ်၄၅၀၊ အောင်ပန်း A1 ကျပ် ၁၀ဝ၊ အောင်ပန်း OK ကျပ် ၁၀ဝ၊ အောင်ပန်း  S1 ကျပ် ၁၀ဝ၊ အောင်ပန်း  S2 ကျပ် ၁၀ဝ အသီးသီး  ဈေးကျဆင်းခဲ့ကြောင်းသိရသည်။ ယခင်တစ်ပတ်က ကုန်စည် ဒိုင်သို့အာလူးကားစီးရေ ၆၆ စီး (၃၉၆၀ဝ၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုတစ်ပတ်တွင် အာလူးကားစီးရေ ၆၉ စီး  (၄၁၄၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့်  ယခင်တစ်ပတ်ထက်  အာလူးကားစီးရေ ၃ စီး (၁၈၀ဝ၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိတ်ဖြူနှင့် မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိတ်ဖြူရှယ်(သစ်) ကျပ် ၃၀ဝ၀၊ ဆိတ်ဖြူလတ်ကြီး  ကျပ် ၂၉၀ဝ၊ ဆိတ်ဖြူ လတ်သန့် ကျပ် ၂၈၀ဝ ၊ ဆိတ်ဖြူ လတ်ချော ကျပ် ၂၄၀ဝ၊ မြင်းခြံရှယ်(သစ်) ကျပ် ၃၁၀ဝ ၊ မြင်းခြံ လတ်ကြီး ကျပ် ၃၀ဝ၀၊ မြင်းခြံလတ်ချော ကျပ် ၂၉၀ဝ နှင့် မြင်းခြံလတ်သန့် ကျပ် ၂၅၀ဝ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိတ်ဖြူ ရှယ်(သစ်) ကျပ် ၁၀ဝ၊ ဆိတ်ဖြူလတ်ကြီး ကျပ် ၂၀ဝ၊ ဆိတ်ဖြူလတ်သန့် ကျပ် ၂၀ဝ၊ ဆိတ်ဖြူလတ်ချော ကျပ် ၃၀ဝ ၊ မြင်းခြံလတ်သန့် ကျပ် ၁၀ဝ ဈေးမြင့်တက်ခဲ့ပြီး မြင်းခြံရှယ်(သစ်) ကျပ် ၁၀ဝ နှင့် မြင်းခြံ လတ်ချော ကျပ် ၁၀ဝ အသီးသီး ဈေးကျဆင်းခဲ့သည်။  ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်တစ်ပတ်က ကားစီးရေ ၁၄၄ စီး (၈၆၄၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခု တစ်ပတ်တွင်   ကားစီးရေ ၁၁၈ စီး( ၇၀၈၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်တစ်ပတ်ထက် ကြက်သွန်နီ ကားစီးရေ ၂၆ (၁၅၆၀ဝ၀ ပိဿာ) လျော့နည်းဝင်ရောက် ခဲ့ကြောင်း သိရသည်။ 

ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်း မြို့တို့မှ  ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၄၂၀ဝ၊ အောင်ပန်း ထူး-၂  ကျပ် ၂၈၀ဝ၊ အောင်ပန်းထူး-၃ ကျပ် ၃၄၀ဝ၊ အောင်ပန်း ထူး-၄ ကျပ် ၃၈၀ဝ နှင့် အောင်ပန်း ထူး-၅ ကျပ် ၄၂၀ဝ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ကြူကုတ်ရှယ် ကျပ် ၂၀ဝ၊  အောင်ပန်း ထူး-၄   ကျပ် ၂၀ဝ၊ အောင်ပန်း ထူး-၅ ကျပ် ၂၀ဝ ဈေး ကျဆင်းခဲ့သည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၂၀ဝ၀ ( ၆၀ဝ၀ဝ   ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်တွင်   ကြက် သွန်ဖြူ အိတ် ၃၁၀ဝ ( ၉၃၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့်  ယခင်တစ်ပတ်ထက်  ကြက်သွန်ဖြူ အိတ် ၁၁၀ဝ(၃၃၀ဝ၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံနီ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်  ပဲများ၏ (တစ်တန်) ဈေးနှုန်းမှာ မတ်ပဲ FAQ/RC 2021 Crop ကျပ် ၂၀၅၀ဝ၀ဝ၊ မတ်ပဲ (SQ/RC )2022 Crop ကျပ် ၂၃၇၀ဝ၀ဝ နှင့် ပဲစင်းငုံ(RED/RC)2022 Crop ကျပ် ၂၁၁၅၀ဝ၀ အသီးသီးဈေးဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း မတ်ပဲ   FAQ/RC 2021 Crop ကျပ် ၈၅၀ဝ၀ နှင့် မတ်ပဲ (SQ/RC )2022 Cropကျပ် ၇၅၀ဝ၀ ဈေး ကျဆင်းခဲ့ပြီး ပဲစင်းငုံနီ (RED/RC)2022 Crop  မှာ ကျပ် ၃၀၅၀ဝ ဈေးမြင့်တက်ခဲ့သည်။                 
ယခင်ပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ  FAQ/RC 2021 Crop ကွန်တိန်နာ ၁၀၅ လုံး(တန်ချိန် ၂၅၂၀) ဝင်ရောက်ခဲ့ပြီး ယခု တစ်ပတ်တွင် မတ်ပဲ  FAQ/RC 2021 Cropကွန်တိန်နာ ၇၅ လုံး (တန်ချိန် ၁၈၀ဝ) သာ ဝင်ရောက်ခဲ့သောကြောင့် ယခင် တစ်ပတ်ထက် ကွန်တိန်နာ ၃၀ လုံး(တန်ချိန် ၇၂၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်  ဖြစ်ပေါ်ခဲ့သော မန်ကျည်း သီး တစ်ပိသာဈေးနှုန်းများမှာ  မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၂၂၀ဝ နှင့် မန်ကျည်းသီး အသား (သစ်) ကျပ် ၄၀ဝ၀ ဈေးဖြစ်ခဲ့သည်။တစ်ပတ် အတွင်း မန်ကျည်းသီးများ ဈေးငြိမ် လျက် ရှိကြောင်း သိရသည်။                    
ငရုတ်သီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး တစ်ပိသာဈေးနှုန်းများမှာ မြှားနီ (ဟင်္သာတ) AC ကျပ် ၁၉၅၀ဝ၊ ပန်းရဲ သစ်(AC) ကျပ် ၁၉၅၀ဝ၊ မိုးထောင်ပျော်ဘွယ် ကျပ် ၁၉၅၀ဝ၊ ကျောက်ဆည်ဒီမွန် ကျပ် ၁၈၅၀ဝ၊ ဆင်ဖြူကျွန်း (ပု) ဟောင်း ကျပ် ၁၄၀ဝ၀၊ မြစ်ဝ(ပု) ကျပ် ၁၉၀ဝ၀ နှင့် စိမ်းစား ကျပ် ၁၈၀ဝ၀ အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မိုးထောင် ပျော်ဘွယ် ကျပ် ၁၀ဝ၀ နှင့် ကျောက်ဆည်ဒီမွန် ကျပ် ၅၀ဝ ဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ်များ ဈေးငြိမ်လျက်ရှိသည်။ ယခင်တစ်ပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၂၁၀ဝ (၅၀၄၀ဝ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀ဝ (၁၅၀ဝ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၃၀ဝ၀ (၆၀ဝ၀ဝ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း  ၅၅၀ (၈၂၅၀ ပိသာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်တစ်ပတ် ထက်  ငရုတ်ရှည် အိတ်ပေါင်း ၉၀ဝ (၁၈၀ဝ၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၄၅၀ (၆၇၅၀  ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြားတို့၏ တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ/မလိုင်(ဒုံး) ကျပ် ၃၁၀ဝ၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၃၅၀ဝ၊  ပခုက္ကူ ကြမ်း ကျပ် ၃၂၀ဝ၊ ရေစကြို ထန်းလျက် ကျပ် ၃၇၀ဝ၊ ကြံသကာ ကျပ် ၂၇၀ဝ နှင့် သကြား (ပြည်တွင်း) ကျပ် ၂၂၅၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာ/မလိုင်(ဒုံး) ကျပ် ၁၀ဝ၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၀ဝ၊ ပခုက္ကူ ကြမ်း ကျပ် ၁၀ဝ၊ ရေစကြိုထန်းလျက် ကျပ် ၅၀၊ ကြံသကာ ကျပ် ၁၀ဝ နှင့် သကြား (ပြည်တွင်း) ကျပ် ၂၈၀ ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။  
  SWTun ,  SSMaw (Domestic (Ygn) MITC