Main menu

Background

ကော်ဖီအကြောင်း သိကောင်းစရာ

Wed, 02/15/2023 - 10:14 -- journal_editor

ကော်ဖီပင်သည်  ပူနွေးသော  တိုင်းပြည်များ၊  အထူးသဖြင့် ပင်လယ်ပြင်အထက်ပေပေါင်း ၁၂၀ဝနှင့်ပေ၂၀ဝ၀ကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍အလိုအလျောက်ပစ်ထားလျှင် ပေ ၂၀ ကျော် မြင့်တတ်သည်။ ကော်ဖီပင်တွင် အရွက်နှင့်အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက်ပွင့်တတ်ကြသည်။ 
ကော်ဖီပင်များသည် သုံးနှစ်သားအရွယ်ခန့်တွင် စတင်သီးပွင့်လာကြ၍ ငါးနှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။  တစ်ပင်လျှင် အနှစ်၂၀မျှကြာအောင် သီးပွင့်လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထို့နောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင်နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍  တစ်ပင်တည်းမှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။ 
ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင်ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို “International Coffee Day- အပြည်ပြည်ဆိုင်ရာကော်ဖီနေ့”အဖြစ်  သတ်မှတ်ထားသည်။ ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း(ခေါ်) antioxidant အာဟာရဓာတ်သတ္တုများစွာ ပါဝင်နေသည်။ ကော်ဖီသည်  ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီပေးနိုင်သည်။ အသည်းကို အားကောင်းလာစေသည်။ 
မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ခြောက်သောင်းအထိရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက် ကော်ဖီတို့ကို  အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊  ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့အထိပါ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်အသွေးမြင့် မြန်မာကော်ဖီသည်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ဝ၀ ခန့် ရရှိသည်။  လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသည် တန်ချိန် ၇၀ဝ၀ ခန့်ရှိ၍  ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ 
ကော်ဖီသည်စိုက်ပျိုးသည့်    ရေမြေရာသီဥတု  ပထဝီအနေ အထားတို့ကိုလိုက်၍ကော်ဖီစေ့၏အနံ့အရသာတို့အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီဈေးကွက် တွင် အမည်ကောင်းရရှိထားပြီးဖြစ်သလို အရေးပါသည့် တန်ဖိုးမြင့် သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ကဖိန်းဓာတ်က သွေးထဲရှိ  ဖက်တီးအက်စစ်ပမာဏကို တိုး ပွားစေကာ ထိုအက်စစ်များကို ခန္ဓာကိုယြွ်ကက်သားများက   စုပ်ယူ လောင်မြိုက်ပေးသဖြင့် ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းကို သက်သာ စေသည်။ ကော်ဖီအမျိုးပေါင်း ၈၀ ခန့်ရှိ၏။  နိုင်ငံတကာတွင် ကော်ဖီ ကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို   မြန်မာနိုင်ငံတွင် လည်း ကော်ဖီသောက်သုံးသည့် အလေ့အထရှိကြသည်။  မြန်မာနိုင်ငံ၌ ဈေးကွက်ဝင် ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိသည်။
လက်ရှိ ကော်ဖီစိုက်ဧကသုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့်ဖြစ်လာသည့် အာရေဘီကာနှင့်  ရိုဘက်စတာ မျိုးနှစ်မျိုးကိုအဓိကစိုက်ပျိုးကြသည်။ပြင်ဦးလွင်ဒေသသည် ကော်ဖီ စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။ အမေရိကန်တွင် အရက်စွဲနေသူ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် ကို၂၂နှစ်ကြာသုတေသနပြုချက်များအရ   နေ့စဉ်ကော်ဖီတစ်ခွက် ပုံမှန်သောက်သူများမှာ အရက်ကြောင့်ဖြစ်သည့်   အသည်းခြောက် ရောဂါဖြစ်နိုင်ခြေ အလားအလာ၂၀ ရာခိုင်နှုန်းလျော့ကျစေကြောင်း လေ့လာသိရသည်။ 
အင်္ဂလန်နိုင်ငံရှိ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ ၄၅၆၀ဝ၀ ကိုလေ့လာခဲ့ရာ တစ်နေ့ကော်ဖီ သုံးခွက်သောက်သုံးလေ့ရှိသော အမျိုးသမီးများမှ သားအိမ်ကင်ဆာဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ ရာ ခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ကော်ဖီသည် စိတ်ကျရောဂါကိုပျောက်ကင်းစေသည်ဟု သုတေသနမှတ်တမ်းများအရ ဆိုနိုင်သည်။နေ့စဉ်ကော်ဖီစစ်စစ်နှစ်ခွက်သောက်သုံးခြင်းဖြင့် ဦးနှောက်၏စွမ်းအင်ကို တိုးတက်လာစေနိုင်ကြောင်းနှင့် အဆိုပါ တွေ့ရှိမှုကို  ဦးနှောက်အမေ့လွန်ရောဂါနှင့်ပတ်သက်သည့် အယ်လ် ဇိုင်းမားဖြစ်ပွားမှုကို  လျော့ချပေးနိုင်သည်ဟု ပညာရှင်များက ဆိုကြ သည်။ 
ကော်ဖီတွင် ပါဝင်သောကဖင်းဓာတ်က ခါးသက်သော ဓာတ် တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသော လေ့လာမှုများရှိသည်။  ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏  ဇီဝဖြစ်ပျက်မှုအပေါ်တွင်  အကျိုးသက်ရောက်မှုများစွာရှိသည်။ ပင်မ အာရုံကြောမကို လှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်များရှိသည့်အတွက် ကော်ဖီသောက်ခြင်းသည်  ပိုမိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေပါသည်။

ပိုးအိခိုင်(DOCA)