Main menu

Background

မြန်မာနိုင်ငံဆိုင်ရာ Embassy of  the People’s Republic of China မှ  Economic & Commerical Counsellor Tan Shufu နှင့် တွေ့ဆုံမေးမြန်းခြင်း

Fri, 03/17/2023 - 13:53 -- journal_editor

မြန်မာနှင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် မြန်မာပြည်တွင်းသို့ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများအပြား ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ယင်းအပြင် ၂၀၂၃ ခုနှစ်တွင်လည်း တရုတ်နိုင်ငံထုတ် အီးဗွီလျှပ်စစ်ကားများ  ပြည်တွင်းဈေးကွက်သို့ တွင်တွင်ကျယ်ကျယ် ဝင်ရောက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု မတိုင်ခင်က ပြည်တွင်းသို့ နိုင်ငံခြားခရီးသည်ဝင်ရောက်မှုတွင်လည်း တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ခဲ့ရာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ခရီးသည်ဝင်ရောက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ Embassy of the People’s Republic of China မှ Economic & Commerical Counsellor Tan Shufu  နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မြန်မာနိုင်ငံက ဘယ်လိုအထင်ကရနေရာတွေက တရုတ်ခရီးသည်တွေကို အဓိက ဆွဲဆောင်နေပါသလဲ။ 
မြန်မာနိုင်ငံဟာ ခရီးသွားလာရေးနဲ့ပတ်သက်ပြီး အင်မတန်ကြွယ်ဝလှပါတယ်။ ပြောရရင်တော့ ရန်ကုန်၊ မန္တလေးပေါ့။ နောက် မြန်မာပြည်ရဲ့ ရှုခင်းလှပတဲ့ ကမ်းခြေတွေပေါ့။ တရုတ်နိုင်ငံရဲ့ ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ရေး  ပေါ်လစီ ညှိနှိုင်းပြောင်းလဲခြင်းနဲ့အညီ ကွာရန်တင်း ဖျက်သိမ်းခဲ့ပါတယ်။  တရုတ်ခရီးသည်တွေအနေနဲ့ အနာဂတ်မှာ ပိုမိုမျှတတဲ့မြန်မာနိုင်ငံကို လာရောက်သင့်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် တရုတ်နိုင်ငံက ကြီးမားတဲ့ဈေးကွက် ဖြစ်ပါတယ်။ ခရီးသွားလာရေးဈေးကွက်က ကြီးမားတဲ့ဈေးကွက်တစ်ခု ဖြစ်တယ်လို့  မြင်နိုင်ပါတယ်။  လူအဝင်အထွက်စာရင်းအရ ကိုဗစ်(၁၉)မဖြစ်ပွားခင် ၂၀၁၉ ခုနှစ် ရဲ့ ပထမခြောက်လကာလအတွင်းမှာ တရုတ်ခရီးသည် အရေအတွက် သုံးသိန်းနှစ်သောင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားခရီးသည်ရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုက ခရီးသွားဈေးကွက်ကို တော်တော်လေးထိခိုက်ပါတယ်။ ခရီးသွားလာရေးလုပ်ငန်း တိုးတက်ဖို့ ပထမဆုံးက လုံခြုံရေး ဖြစ်ပါတယ်။ တရုတ်ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ လုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ လုံခြုံရေး အန္တရာယ်မရှိသင့်ပါဘူး။  မြန်မာနိုင်ငံအနေနဲ့ တရုတ်ဘာသာစကားပြော ဧည့်လမ်းညွှန်တွေ၊ တရုတ်ဘာသာစကားနဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ ထားရှိဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခရီးသွားပြပွဲတွေမှာလည်း ဒေသခံပြည်သူတွေကို ဆွဲဆောင်သင့်ပါတယ်။  အခုဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး အခြေခံအဆောက်အအုံ မလုံလောက်သေးပါဘူး။ ခရီးသွားလာရေး ဝန်ဆောင်မှု အရည်အသွေး မြင့်မားဖို့အတွက် မြန်မာနိုင်ငံက ခရီးသွား activity ပိုမိုဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို တရုတ်ခရီးသည်တွေ သွားရောက်ကြပါတယ်။ ပင်လယ်ကမ်းခြေ ရှုခင်းတွေကလည်း မြန်မာနိုင်ငံက ထိုင်း၊ ကမ္ဘောဒီးယားတို့နဲ့ ဆင်တူပါတယ်။ မြန်မာနိုင်ငံက ထူးခြားမှုရှိတဲ့ နေရာလေးတွေကတော့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ခရီးစဉ်တွေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ခရီးစဉ်တွေ ပိုမိုများပြားတဲ့အတွက် တရုတ်ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။

တရုတ်ကုမ္ပဏီတွေအနေနဲ့ CMP လုပ်ငန်းအပြင် အခြား ဘယ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါသလဲ။
CMP လုပ်ငန်းဆိုရင်  တရုတ်နိုင်ငံက CMP လုပ်ငန်းကုမ္ပဏီတွေ  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီလေးရာကနေ ငါးရာလောက်ထိရှိပြီး မြန်မာဝန်ထမ်း လေးသိန်းလောက်ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်း အများကြီးဖန်တီးပေးနိုင်ပြီးတော့ မြန်မာလုပ်သားတွေအတွက်လည်း ဝင်ငွေများစွာ ဖန်တီးပေးလျက်ရှိပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံမှာက လုပ်သားတွေရဲ့ လစာက များပါတယ်။ ဒါကြောင့် တရုတ်ကုမ္ပဏီများက မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံချင်နေပါတယ်။ မြန်မာနိုင်ငံကလည်း သယ်ယူပို့ဆောင်ရေးနဲ့ အလုပ်သမား အားသာချက်ရှိပါတယ်။ ဒါကြောင့် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ချင်နေပါတယ်။ အထက်ဖော်ပြတဲ့ တရုတ်ကုမ္ပဏီတွေက ချုပ်ပြီး သားအင်္ကျီ၊ ဦးထုပ်၊ ဖိနပ်၊အိတ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ  ဖြစ်ကြပါတယ်။  အဲဒီ ကုန်ပစ္စည်းတွေကိုလည်း အမေရိကန်၊ ဂျပန်၊ တောင်ကိုရီး ယားနိုင်ငံရဲ့ ဈေးကွက်ဝင်ရောက်ခဲ့ပါတယ်။ တချို့ကုန်ပစ္စည်းတွေက တန်ဖိုးသိပ်ကြီးပါတယ်။ အဲဒီထုတ်လုပ်မှုစက်ရုံက ရန်ကုန်၊ ပုသိမ်၊ မန္တလေး စက်မှုဇုန်မှာ၊ နေပြည်တော်မှာ တည်ရှိပါတယ်။ ကိုဗစ်(၁၉) ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲပြီးနောက် CMP လုပ်ငန်းရဲ့ အခြေအနေကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ တရုတ်သံရုံးကလည်း CMP လုပ်ငန်းတွေကို အများကြီး အကူအညီပေးခဲ့ပါတယ်။ ကိုဗစ်(၁၉) အစောပိုင်းမှာလည်း CMP ကုမ္ပဏီများက တခြားနိုင်ငံက ကုန်ကြမ်းပစ္စည်းတင်သွင်းဖို့ တရုတ်နိုင်ငံအစိုးရက လေယာဉ်ငှားရမ်းပေးခဲ့ပါတယ်။  နောက်ပြီးတော့လည်း သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တရုတ်သံရုံးက မြန်မာနိုင်ငံရဲ့ အစိုးရ၊ ကုန်သည်ကြီးများ အသင်းတို့နဲ့ ညှိနိူင်းဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီများက ထုပ်ပိုးတဲ့လုပ်ငန်းတွေ ပါပါတယ်။ CMP လုပ်ငန်းကို တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံမှာ လုံခြုံရေးဘေးအန္တရာယ် ရင်ဆိုင်ပြီးတော့  လုပ်ဆောင်နေရလျက်ရှိပါတယ်။ မြန်မာနိုင်ငံက တရုတ်ကုမ္ပဏီများရဲ့ လုံခြုံရေးအာမခံကို အလေးထားဖို့ မျှော်လင့်ပါတယ်။ ရန်ကုန်မြို့မှာလည်း လုံခြုံရေးအန္တရာယ် ရှိပါတယ်။  ရန်ကုန်မြို့မှာရှိတဲ့ တရုတ်ကုမ္ပဏီများကလည်း လုံခြုံရေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်ကို အီးဗွီ လျှပ်စစ်ကား ဖြန့်ဖြူးရေးဈေးကွက်တစ်ခုအဖြစ် ရှုမြင်ပါသလား။
တရုတ်နိုင်ငံက အီးဗွီကားထုတ်လုပ်မှုနဲ့ တင်ပို့မှုက ကမ္ဘာပေါ်မှာ ဈေးကွက်ကြီးမားပါတယ်။ သံရုံးအနေနဲ့လည်း မြန်မာနိုင်ငံမှာ အီးဗွီကား ဖွံ့ဖြိုးတိုးတက်ဖို့ ထောက်ခံပါတယ်။ အီးဗွီကားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံအစိုးရက ဒါနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးအတွက် အားပေးရမှာဖြစ်ပါတယ်။

တိဗ္ဗ