Main menu

Background

တချို့ အာရှနိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့ အသေးစား၊ အလတ်စား ထုတ်ကုန်တွေကို စိတ်ဝင်စားကြတယ်

Tue, 05/23/2023 - 14:10 -- journal_editor

အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ ဈေးကွက်အခွင့်အလမ်းများ ရရှိရေး၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေးအတွက် UMFCCI MSME Fair 2023  ၂၀၂၃ ပြပွဲကို မေ ၇ ရက်မှ ၈ ရက်ထိ နှစ်ရက်တာခင်းကျင်းပြသခဲ့သည်။ ယင်းပြပွဲတွင် ပြည်တွင်းဖြစ် ထုတ်ကုန်များဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည် များနှင့် အလှဆင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ လက်မှုအနုပညာပစ္စည်းများ၊ မြန်မာတိုင်းရင်းဆေးဝါးများ ပါဝင်ပြသခဲ့သည်။ သို့ဖြစ်ရာ ယင်းပြပွဲတွင် ပြည်တွင်းထုတ်စားသောက် ကုန်ပစ္စည်းများ ပါဝင်ပြသခဲ့သလို စားသောက်ကုန်များအား ကိုယ်ပိုင်ထုတ်လုပ်ဖြန့်ချိလျက်ရှိသည့် အောင်မြင်သူ Wholesale ကုမ္ပဏီမှ  စီနီယာဒါရိုက်တာ ဦးစိုးငွေရနှင့် တွေ့ဆုံမေးမြန်းထား သည်များကို ဖော်ပြလိုက်ရပါသည်။ 

ပြည်တွင်းဈေးကွက်မှာ အောင်မြင်သူWholesale အနေနဲ့ ဘယ်လို စားသောက်ကုန်ပစ္စည်းတွေထုတ်လုပ်နေပါသလဲ။

အောင်မြင်သူ Wholesaleကတော့ မိရိုးဖလာ မိသားစု လုပ်ငန်းကနေ ကုမ္ပဏီပုံစံလုပ်ငန်း အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ လုပ်ခဲ့တယ်ဆိုပေမယ့်အောင်မြင်သူအနေနဲ့ မဟုတ်ဘဲနဲ့ စခဲ့တာက တော့ ၁၉၇၉ ခုနှစ်လောက်ကတည်းက စခဲ့တာ ပေါ့။ စခဲ့ပြီးတော့မှ အောင်မြင်သူနာမည်နဲ့ ပွဲရုံကနေ စခဲ့တာပါ။ ပွဲရုံကနေ စတာဖြစ်တဲ့အတွက်အောင်မြင်သူနာမည်နဲ့ ၁၉၈၉ ခုနှစ် မန္တလေးမှာတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန်အနေနဲ့ ကိုယ်ပိုင်ထုတ်တာကတော့စည်သွတ်ဘူးရှိမယ်။ နောက်တစ်ခု စားဆီ၊ဟင်းသီးဟင်းရွက်ဆီ၊ ချိုချဉ်၊ ခေါင်းလျော်ရည်တွေထုတ်တာရှိတယ်။ အခုလက်ရှိကတော့ကျွန်တော်တို့အနေနဲ့ ပြည်တွင်းထုတ်ကုန်တွေပိုပြီးထုတ်လာနိုင်အောင် အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အားပေးပြီးတော့ ကူညီဖြန့်ဖြူးပေးတာလုပ်နေပတယ်။ ပြည်တွင်းထုတ်ကုန်တွေအနေနဲ့ ပြောရမယ်ဆိုရင် တကယ် အရည်အသွေးလည်း ထိန်းသိမ်းနိုင်မယ်။ ပြီးလို့ရှိရင်ဈေးနှုန်းအားဖြင့်လည်း သွင်းကုန်ပစ္စည်းတွေထက် ဈေးတန်းတစ်ခုကို အောက်မှာထားနိုင်မယ်ဆိုလို့ရှိရင် ချိုသအောင်ရောင်းပေးနိုင်မယ့်ထုတ်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် အစားထိုးကုန်အနေနဲ့ အောင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့အဓိကရောင်းနေတာကတော့ ပြည်တွင်းထုတ်ကုန်တွေရှိတယ်။ ပြည်ပသွင်းကုန်တွေမှာတော့အခုထုတ်တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေအပေါ်မှာ အချိန်နဲ့တစ်ပြေးညီပေါ့ လိုက်လုပ်ရတဲ့အခါမှာတော့ ပစ္စည်းပြတ်လပ်တဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်။အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီးဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။နိုင်ငံတော်အဆင့်အနေနဲ့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ အခက်အခဲလို့ ပြောရပြီဆိုလို့ရှိရင်တော့ ကုန်ကျစရိတ်တော့ ပိုတက်တာပေါ့လေ။ တစ်နေကုန် မီးနဲ့လုပ်ရမယ့်နေရာမှာ မီးစက်နှိုးပြီး လုပ်ရမယ်ဆိုရင်တော့ ကုန်ကျစရိတ်ပိုတက်တာပေါ့။ ပိုတက်တဲ့အခါကျတော့ကျွန်တော်တို့က လက်ကားဖြန့်ချိရေးဖြစ်တဲ့အတွက် အမြတ်မှာလည်း အများကြီးယူလို့မရဘူးပေါ့နော်။ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းဒီလောက်နဲ့ပဲ ယူပြီးတော့ ရောင်းရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမြတ်နည်းနည်းနဲ့ လုပ်ကိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ ရုန်းကန်ရတာပေါ့နော်။ ပြီးတော့ဒီကုန်ကျစရိတ်တွေ လျှော့ချနိုင်မယ်ဆိုလို့ရှိရင်တော့ မီးစက်ဆီဖိုးတွေ လျှော့ချနိုင်မယ်။ ကျန်တဲ့အသုံးစရိတ်တွေ လျှော့ချနိုင်မယ်ဆိုလို့ရှိရင်တော့ လုပ်ငန်းတစ်ခုအနေနဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ခြေလှမ်းလှမ်းလို့ ရတာပေါ့။ ကျွန်တော်တို့အနေနဲ့ မီးစက်နှိုးပြီး သုံးစွဲရတဲ့အတွက် ကုန်ကျစရိတ်ကတော့ ပိုပြီးတော့ တက်လာနေတာ အမှန်ပါပဲ။
ပြည်ပနိုင်ငံတွေဆီကို ပြည်တွင်းထုတ်ကုန်တွေတင်ပို့သွားဖို့ ရှိပါသလား။
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားပါတယ်။ ဒါကတော့ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ပြည်တွင်းအသေးစား၊ အလတ်စား ထုတ်ကုန်လေးတွနိုင်ငံတကမှာ ထိုးဖောက်လို့ရတဲ့ ထုတ်ကုန်တွေအဖြစ် ပြည်ပကိုတင်ပို့ဖို့ စဉ်းစားထားပါတယ်။ အရင်တုန်းက ဒီလိုမျိုး စီစဉ်ဖူးပါတယ်။ အာရှနိုင်ငံတချို့က ကျွန်တော်တို့ရဲ့အသေးစား၊ အလတ်စားထုတ်ကုန်တွေကို ဆက်သွယ်ဖူးတာရှိပါတယ်ဒါပေမဲ့ တင်ပို့တဲ့အထိတော့ မလုပ်ဖြစ်လိုက်ဘူး။ တချို့ အာရှနိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့ အသေးစား၊အလတ်စား ထုတ်ကုန်တွေကို စိတ်ဝင်စားကြတယ်။

ဈေးကွက်ထဲမှာ စားသောက်ကုန်တွေကိုအွန်လိုင်းကနေ တင်ပို့ရောင်းလတဲ့အပေါ်ဘယ်လိုမျိုး မြင်ပါသလဲ။
ဒါကတောတစ်နိုင်တစ်ပိုင်လုပ်နေတဲ့ပုံစံမျိုးပါ။အဓိကတော့ မြန်မာအစားအသောက်တွေ များပါတယ်။ ဆိုတော့ မြန်မာအစားအသောက်ပဲဖြစ်ဖြစ်၊ ကျန်တဲ့ ဘယ်လိုမျိုး စားသောက်ကုန်ပဲဖြစ်ဖြစ်ပေါ့နော်။ တင်ပို့မယ့် နိုင်ငံနဲ့ ကိုက်ညီတဲ့ဟာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ဥပမာမြန်မာပါးစပ်နဲ့ပဲ ကိုက်ညီပြီးတော့ တင်ပို့မယ့်ဒေသ အဲဒီနိုင်ငံရဲ့ ပါးစပ်နဲ့မကိုက်တဲ့ စားသောက်ကုန်မျိုး ဆိုရင်တော့ တစ်နိုင်တစ်ပိုင်လောက်နဲ့တင်ပဲ ကိုယ့်မြန်မာဈေးကွက်လောတင်ပဲ ရောင်းပြီးတဲ့ အခြေအနေလောက်ထိပဲရှိမှာပေါ့လေ။ အဲဒါကြောင့်မို့ ကိုယ့်မြန်မာပါးစပ်နဲ့လည်း ကိုက်ညီတဲ့ ကျွန်တော်တို့ တင်ပို့နိုင်မယ့် နိုင်ငံတွေရဲ့ စားသောက်မှုပုံစံနဲ့လည်းကိုက်ညီတဲ့ စားသောက်ကုန်မျိုး တင်ပို့နိုင်မယ်ဆိုရင်တော့ တစ်နိုင်တစ်ပိုင် လုပ်တာထက်ပိုကောင်းတာပေါ့လေ။ အဲလိုမျိုးဆိုရင်တော့ပိုပြီးတော့ ထဲထဲဝင်ဝင် လုပ်နိုင်မယ်။ ပိုပြီးတော့အောင်မြင်မယ်လို့ မြင်ပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ပြည်တွင်းထုတ်ကုန်တွေကို အများကြီး တိုးတက်လာစေချင်တယ်။ ပြည်တွင်းထုတ်ကုန်တွေကို Promote လုပ်ပေးပြီးတော့ တောက်လျှောက်ဖြန့်ဖြူးပေးတယ်။ တော်တော်များများလည်း အောင်မြင်သွားတယ်။Brand တွေ ပေါက်သွားတယ။် အဲဒါကျတောဒီဟာလေးကို ထဲထဲဝင်ဝင် ပံ့ပိုးပေးစေချင်တယ်။ အဲဒါကြောင့်မို့ နောင်လာ မယ့် အသေးစား၊ အလတ်စားလုပ်ငန်းတွေရော တက်သစ်စ အသေးစား၊ အလတ်စား လုပ်ငန်းတွေရော၊ အောင်မြင်ပြီးတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေပါ ဒါတွေကို ပံ့ပိုးပေးချင်ပါတယ်။

တိဗ္ဗ