Main menu

Background

ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုပါ ရောင်းချတဲ့ အဆင့် ရောက်နေပါပြီ

Mon, 06/05/2023 - 13:41 -- journal_editor

သရက်သီး ပြည်ပဈေးကွက် ရရှိမှု အခြေအနေ ဘယ်လိုရှိပါသလဲ။
သရက်သီးက တရုတ်ပြည်ကို Export သွားတယ်။ ဒီနှစ်လည်း သွားပါတယ်။ ထုံးစံအတိုင်း ဈေး ကွက် အတက်အကျတော့  ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်တော့ နိုင်ငံခြားထွက်တဲ့ဟာလည်း ထွက် တယ်။ အရည်အသွေး နည်းနည်းနိမ့်တာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်တွင်းဈေးကွက် ပေါ့လေ။ နိုင်ငံခြားဈေးကွက်ကို ရည်ရွယ်ပြီး တော့ တိုးမြင့်တာတွေကတော့ တရုတ်ဈေးကွက် ကို သွားကြပါတယ်။ ပြည်တွင်း စားသုံးမှုဖူလုံဖို့ ဆိုတာကတော့ အခြေခံအကျဆုံးပေါ့။ ပြည် တွင်းစားသုံးမှု  ပြီးတဲ့အခါကျတော့ တစ်ဆင့် တက်ပြီးတော့ နိုင်ငံခြားဈေးကွက်  ရှာဖွေတဲ့ ဘက်ကို ဆက်သွားတာပေါ့လေ။ အခုက နိုင်ငံ ခြား ဈေးကွက်ရပြီးတော့ နိုင်ငံခြားငွေပါရှာဖွေတဲ့ လုပ်ငန်းဖြစ်သွားပါပြီ။ ပြည်တွင်းဈေးကွက် အပြင် ပြည်ပဈေး ကွက်ကိုပါ ရောင်းချတဲ့အဆင့် ရောက်နေပါပြီ။

ပြည်ပဈေးကွက်မှာ သရက်သီး ဈေးကောင်းရဖို့ ဘယ်လိုမျိုး လုပ်ဆောင်နေပါသလဲ။ 
သရက်သီးတို့ ဘာတို့ဆိုတာကလည်း ကျွန်တော် တို့အနေနဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့ပါ ပြီ။ သုံးစွဲရမယ့် ဆေးကအစ ပိုးမွှားတွေထိန်းချုပ် ပြီးတော့မှ အသီးအရည်အသွေး ကောင်းအောင် လုပ်ဆောင်လျက်ရှိပါတယ်။ နောက်တစ်ခုက တော့GAPလို့ခေါ်တဲ့  လိုအပ်သလောက်ပဲ ဓာတုပစ္စည်း သုံးတာတို့ ဒါတွေကအစ ထိန်းချုပ် ပြီးတော့ ကျွန်တော်တို့အဖွဲ့အနေနဲ့   သရက် တောင်သူတွေကို  နည်းပညာတွေ ဖြန့်ဝေပေး တယ်။ ဒီဟာတွေတော့ လုပ်ပြီးသွားပါပြီ။အခု လက်ရှိကတော့ ွဗဏ တင်မဟုတ် အော်ဂဲနစ် ထွက်တဲ့ခြံအထိ သူ့ဈေးနဲ့သူ ရှိနေပါပြီ။

ပြည်တွင်းမှာ သရက်သီး  အမျိုးအစားပေါင်း ဘယ်လောက်ရှိပါသလဲ။
သရက်သီးအမျိုးအစားကတော့ အများကြီးရှိပါ တယ်။ အမျိုးအစား ၆၀၊ ၇၀ လောက်ရှိပါတယ်။ ဒါပေမဲ့   ျွနခသာနညိ   ဖြစ်တဲ့ဟာက ပြည် တွင်းမှာဆိုရင်တော့  အဓိကတော့ စိန်တလုံး၊ မြကျောက်၊ ရွှေဟင်္သာတို့ ရှိပါတယ်။ စိန်တလုံး ကတော့ တရုတ်ဈေးကွက်ကို တန်ချိန် သောင်းနဲ့ ချီ တင်ပို့ပါတယ်။ စင်ကာပူတို့ ဘာတို့ပို့တာက တော့ နည်းပါတယ်။ နောက်  ယိုးဒယားမျိုးကို ပြည်တွင်းကို ပြန်ယူပြီးတော့ စိုက်ပျိုးတဲ့ဟာတွေ လည်း ရှိပါတယ်။

ဒူးရင်းသီးဈေးကွက် အခြေအနေလည်း သိပါ ရစေ။
ဒူးရင်းက  ဈေးကွက်ကြီးပြီး ကျယ်ပြန့်ပါတယ်။ပြည်တွင်းဈေးကွက်တင်မကဘဲ ပြည်ပဈေးကွက် ပါ မျှော်မှန်းလို့ရတယ်။ စိုက်ပျိုးရေးစရိတ်လည်း ကြီးတယ်။ အရမ်းလည်း ဂရုစိုက်ရတဲ့ စိုက်ပျိုး သီးနှံထဲမှာပါတယ်။ မြန်မာပြည်မှာက ဒီနှစ်က စပြီး အစပျိုးပြီး ဒူးရင်းက နည်းနည်းပိုပြီးတော့ ပြောရရင်   မျိုးပေါင်းစုံ   ပိုထွက်လာတာပေါ့။နောက်ပြီး စိုက်ဧကတွေက တဖြည်းဖြည်းတိုးနေ ပြီ။  နောက်နှစ်နှစ်၊ သုံးနှစ် နှစ်တိုင်း နှစ်တိုင်း အသီးတွေ ပိုထွက်လာပါလိမ့်မယ်။  ပိုထွက်လာ တဲ့နည်းတူ ပြည်တွင်းက စားသုံးတဲ့ဈေးကွက် လည်း နိုင်ငံခြားဈေးကွက်ကို မျှော်မှန်းနိုင်မှာဖြစ် ပါတယ်။ 

တောင်သူတွေကိုရော ပြည်တွင်းဈေးကွက်အပြင်  ပြည်ပဝင်ငွေရရှိအောင် ဘယ်လို အကြံပြုချင်ပါ သလဲ။
ကျွန်တော်တို့အသင်းအနေနဲ့ကတော့ လိုအပ်တဲ့ သင်တန်းတွေကအစ  ပေးသလို   လိုအပ်လို့ ခေါ်မယ်ဆိုလို့ရှိရင်လည်း နည်းပညာပိုင်းရော ရောင်းချတဲ့ အပိုင်း၊ အဆက်အသွယ်ပိုင်းကအစ ကူညီပေးပါတယ်။ ဗဟိုကနေ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာ သရက်သီးအသင်းတွေ အများ ကြီးရှိပါတယ်။  ဒါတွေကိုလည်း ချိတ်ဆက်ပြီး တော့ တောင်သူတွေကို လိုအပ်တာတွေ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပြည်တွင်း စိုက်ပျိုးရေးသီးနှံတွေကို ရာသီတိုင်း စိုက်ပျိုးနိုင်အောင် ဘယ်လိုမျိုး အကြံပြုချင်ပါ သလဲ။
အသီးသီးမယ့် ရာသီမဟုတ်တဲ့အချိန်မှာ နည်း ပညာအားဖြင့် သီးမယ့်အချိန်ကို ရွှေ့လို့ရပါ တယ်။ နောက်တစ်ခုက နိုင်ငံမှာ လိုအပ်နေသေး တဲ့ဟာက နိုင်ငံခြားမှာ သီးနှံရာသီဆို ဒီအသီးကို ခူးပြီးသွားရင် ပြန်ပြီးတော့ ထုတ်ရောင်းတာပေါ့ လေ။  မြန်မာပြည်မှာတော့ နည်းပညာပိုင်းက အစပေါ့၊   ထုတ်လုပ်မှုအပိုင်းတွေမှာလည်း လိုအပ်တာလေးတွေတော့   ရှိနေသေးတာပေါ့ လေ။ ဒါကိုလည်း ကြိုးစားလျက်ရှိပါတယ်။ 

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
တောင်သူတွေကို ပြောရမယ်ဆိုရင်တော့ ကိုယ့် ရဲ့ထုတ်ကုန်အသီးအနှံတွေကို ပိုးမွှားကင်းစင် အောင်နဲ့   အရည်အသွေးကောင်းအောင်သာ လုပ်ပါ။ အဲလိုလုပ်လို့ရှိရင် နိုင်ငံခြားဈေးကွက် ကလည်း အလိုအလျောက် ရရှိလာပါလိမ့်မယ်။ စိန်တလုံးတို့ ဘာတို့ဆိုတာက နိုင်ငံတကာမှာ နာမည်က ပေါက်နေပါပြီ။ အဲဒီအရည်အသွေးကောင်းတယ်ဆိုလို့ရှိရင် ဈေးကလည်း သင့်တင့် လျောက်ပတ်စွာနဲ့ လမ်းကြောင်းက ပွင့်သွား ပါလိမ့်မယ်။ ပိုပြီးကောင်းသွားပါလိမ့်မယ်။

 

တိဗ္ဗ