Main menu

Background

"ပြည်တွင်းမှာ ဒီလိုဆီစက်မျိုး များများရှိမယ်ဆိုရင် ပြည်ပကသွင်းမယ့် စားအုန်းဆီအဝင် လျော့နည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်"

Tue, 07/18/2023 - 12:32 -- journal_editor

ပြည်တွင်းရှိ စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းများအနက်မှ ပဲပုတ်မှ ဆီ ထုတ်လုပ်သော လုပ်ငန်းမှာလည်း စားသုံးသူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိ သည်။ သို့ဖြစ်ရာ ပြည်ပသွင်းကုန် စားအုန်းဆီအစားထိုးထုတ်လုပ်သည့်လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ရီနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပဲပုပ်ဆီထုတ်လုပ်မှု အကြောင်းလေး ပြောပြပေးပါဦး။
    လုပ်ငန်းစတင်  လုပ်ကိုင်တာက ၂၀ဝ၃ ခုနှစ်ကတည်းက စတင်တာပါ။ ကိုဗစ်ကာလ မတိုင်မီက ကုန်ကြမ်းရရှိမှု လုံလောက်မှု မရှိတာ ရယ်၊ စားအုန်းဆီ ဈေးကွက်ထဲ ဝင်ရောက်မှုများ တာရယ်ကြောင့် လုပ်ငန်းခေတ္တရပ်လိုက်တာပါ။ အခုအချိန်မှာ  ပြန်စဖြစ်တာက ပြည်ပက တင် သွင်းရတဲ့ စားအုန်းဆီဈေးမြင့်တာရယ်၊ ကုန် ကြမ်းရရှိမှု   လုံလောက်တာရယ်၊ ဈေးကွက်က လည်းရှိပြီးသား ဖြစ်တာရယ်၊ ကိုယ့်ပြည်တွင်းမှာ ပဲ ထုတ်လုပ်တဲ့အခါကျတော့  ဈေးသက်သာစွာ နဲ့ စားသုံးသူတွေက စားသုံးနိုင်မှာရယ် ရည်ရွယ် ပြီး လုပ်ငန်းပြန်စလိုက်တာပါ။ 
လုပ်ငန်းပြန်စတဲ့အချိန်မှာ    စက်ပိုင်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ ဆောင်ရွက်ရမှု အပိုင်းလေး လည်း ပြောပြပါဦး။
    စက်ပိုင်းဆိုင်ရာကတော့ စက်ကိုပြန်လည် စမ်းသပ်ပြီး  လည်တဲ့အချိန်မှာပဲ  စက်တွေက အရင်လို  ပြန်လည်နိုင်တာကို တွေ့ရတော့ ဝမ်းသာမိတယ်။ နည်းပညာပိုင်းဆိုင်ရာကတော့ ပြည်ပက  ကျွမ်းကျင်သူတစ်ဦး ငှားရမ်းထားပြီး ပြည်တွင်းက အင်ဂျင်နီယာတွေနဲ့ လုပ်ကိုင်ပါ တယ်။  အလုပ်သမားတွေကလည်း အရင်က အလုပ်သမားတွေ အကုန်ပြန်ရပါတယ်။ သူတို့ ကို အလုပ်အကိုင်တွေ  ဖန်တီးပေးနိုင်လို့လည်း ဝမ်းသာမိတယ်။ လုပ်သားအင်အား ၅၀ ခန့်ရှိပါ တယ်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်လေးလည်း ပြောပြပေး ပါဦး။
    ကုန်ကြမ်းပဲပုပ်များအား ရေငွေ့(Moisture Content)ပါဝင်မှုစစ်ဆေးပြီး   ဝယ်ယူပါတယ်။ ပဲများမှာပါတဲ့ ဖုန်၊ သဲနှင့် ပဲဖတ်ခွံလို ပေါ့ပါးတဲ့ အညစ်အကြေးများကို တုန်ခါစက်ဖြင့် သန့်စင် ပါတယ်။  ဖုန်များကို ဖုန်စုပ်စက်နဲ့  ထုတ်ပါ တယ်။ ထို့နောက် သံစနှင့် ခဲကဲ့သို့ လေးသည့် အညစ်အကြေးများကို  ပိုမိုအားပြင်းတဲ့တုန်ခါ စက်နဲ့သန့်စင်ပါတယ်။ သန့်စင်ပြီး ပဲများကို (၄-၆) အစိတ်လေးများရအောင် ပဲခွဲစက်နဲ့ခွဲပါ တယ်။ ထို့နောက် ပေါင်းအိုးတွင် ရေနွေးငွေ့ဖြင့် ပဲများ ပျော့ပျောင်းစေပြီး ဖိစက်ဖြင့်သတ်မှတ် ထားသော အထူ(၀.၃mm) ရရှိအောင် ဖိပြားပါ တယ်။ ဖိပြားထားတဲ့ပဲများကို အခြောက်ခံစက် နဲ့ အခြောက်ခံပြီးနောက် ဆီထုတ်သောစက်သို့ Conveyor ဖြင့်ပို့ပါတယ်။ ရေနွေးငွေ့နဲ့ဓာတ်ပျံ ဆီ (ဟက်စိမ်း) ကို အသုံးပြုပြီး ပဲအပြားလေးများ မှ ဆီနဲ့ပဲ Flake ပြားကို ခွဲထုတ်ပါတယ်။ ဟက် စိမ်းအသုံးပြုပြီး ဆီထုတ်သည့်နည်းမှာ ပဲဖတ် တွင် ဆီကျန်အနည်းဆုံးဖြစ်ပါတယ်။ ပဲဖတ်အား ပေါင်းအိုးသို့ပို့၍  ဟက်စိမ်းဖြတ်ပြီး  ကျန်သည့် ဆီကိုခွဲထုတ်သကဲ့သို့ ပဲဖတ်မှအမှုန့်များကိုလည်း ထုတ်ပစ်ပါတယ်။ ထွက်လာတဲ့ပဲဖတ်ကို အကင် စက်ဖြင့်ကင်ပြီး တိရစ္ဆာန်အစာအတွက်ကို ရရှိပါ တယ်။ ရရှိလာသော ဆီကြမ်းကို ပိုက်လိုင်းဖြင့် ဆီကြမ်းသိုလှောင်သောTanks များသို့  ပို့ပါ တယ်။ ဆီကြမ်းသန့်စင်ခြင်း အနေဖြင့် ရရှိလာ သောဆီကြမ်းကို ကော့စတစ်နဲ့ ဖော့စဖောရစ် အက်စစ်သုံး၍Centralfugal Sepeartorသန့်စင် ခြင်းဖြင့်  (Netrul Oil) အက်စစ်မဟုတ် အယ်လီ ကာမဟုတ်သော ဆီကိုရရှိပြီး ဆပ်ပြာကုန်ကြမ်း ဘေးထွက်ပစ္စည်းရရှိပါတယ်။ ထို့နောက် လေ ဟာနယ်အခြောက်ခံစက် (Vacuum Dryer) နဲ့ ရေနွေးငွေ့လွှတ်၍ ဆေးကြောသန့်စင်ပါတယ်။ သန့်စင်ပြီးသော  ပဲပုပ်ဆီကို  ချွတ်ဆေးမြေမှုန့် Bleaching Earth) ဖြင့် အရောင်ချွတ်ပါတယ်။ ထို့နောက် ၂၅၀ ဒီဂရီစင်တီဂရိတ် အထိအပူပေး ၍ ပဲပုပ်၏အနံ့ကိုချွတ်ပြီး စားသုံးရန်အသင့်ဖြစ် သည့်ဆီကို ရရှိပါတယ်။ ဒီ Process  ရဲ့ဖြစ်စဉ်မှာ စွန့်ပစ်ပစ္စည်းသိပ်မရှိဘူး၊ အားလုံးပြန်အသုံးပြု လို့ရတယ်။ ဖွဲပြာကိုလည်း  စပါးခွံလောင်စာ တောင့်  ပြန်လုပ်လို့ရတယ်။ လက်ရှိမှာတော့ ဖွဲပြာကိုယူတဲ့သူ  မရှိသေးဘူး။  ဒီမှာကလည်း နေရာအခက်အခဲကြောင့်    လောင်စာတောင့် မထုတ်လုပ်နိုင်သေးဘူး၊ လောင်စာတောင့်ထုတ် လုပ်နိုင်ရင်တော့  ထင်း၊  မီးသွေး  အစားထိုး အသုံးပြုလို့ရတယ်။ စက်က တစ်ရက် ၂၄ နာရီ ကို တန် ၁၀ဝ ကျတယ်။ ပဲတစ်တန် ၆၁၂ ပိဿာ ကြိတ်ရင် ကုန်ကြမ်းပဲကြိတ်ဖတ် ၄၈၅ ပိဿာ ထွက်တယ်။ အဲဒါက တိရစ္ဆာန်အစာအဖြစ် ပြန် သုံးတယ်။ ဆီကြမ်းက ပျမ်းမျှ ၁၂ဒသမ ၅ ရာခိုင် နှုန်းခန့်ထွက်တယ်။   အဲဒါက ဆပ်ပြာဆီကုန် ကြမ်း အဖြစ်ပြန်သုံးတယ်။ ဆီချောက ပိဿာ ၇၀ ခန့်ထွက်တယ်။ ဆီတစ်တန်ကြိတ်ခွဲရင် ဆီ ချောရဖို့ နှစ်ရက်ကြာတယ်။ 
ကုန်ကြမ်းရရှိမှု   အခြေအနေနဲ့   ကုန်ချောထုတ် လုပ်မှုအခြေအနေကို ပြောပြပေးပါဦး။
    ကုန်ကြမ်းက  အများဆုံး  ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကရရှိတယ်။ ရပ်စောက် က ပဲပုပ်ကတော့ အကောင်းဆုံးပဲ၊ ထွက်တဲ့ဒေသ ပေါ် မူတည်ပြီး ဆီထွက်နှုန်းကောင်းတယ်။ မိုး တွင်းမှာ ရှမ်းပြည်ဘက်က ကုန်ကြမ်းရပြီး ဒီဇင် ဘာနောက်ပိုင်းမှာ  ဧရာဝတီတိုင်း၊   မိုးညို၊ ဟင်္သာတဘက်ကရတယ်။ ပဲလှောင်လက်သမား တွေလည်းရှိတော့ လိုတဲ့အချိန် လိုသလောက် ဝယ်ပြီး ကြိတ်လို့ရတယ်။ အများကြီးလှောင်စရာ မလိုဘူး၊  သူက ရာသီကိုက်  သီးနှံဖြစ်တယ်။ ရာသီကုန်လို့မရရင်လည်း ဖွဲနုကြိတ်လို့ရတယ်။ အခြားလုပ်ငန်းငယ်လေးတွေကထုတ်တဲ့ ဆီ ကြမ်းကို  Finish Product  လုပ်ပေးလို့ရတယ်။ အဲဒါကြောင့် တစ်ဦးတည်းလုပ်တာ မဟုတ်ဘဲ အများကို လုပ်ကိုင်စေချင်တယ်။ များများ လုပ် ကိုင်နိုင်ရင် ပြည်တွင်းမှာ များများအကျိုးရှိမယ်။ ပြည်တွင်းမှာ ဒီလိုဆီစက်မျိုး များများရှိမယ်ဆို ရင် ပြည်ပက သွင်းကုန်စားအုန်းဆီ အဝင်လျော့ ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနဲ့ စားသုံးသူ တွေအတွက်   အကျိုးကျေးဇူးရရှိမှာဖြစ်တယ်။ကုန်ချောထုတ်လုပ်မှုအနေနဲ့က အရင်က FDA လက်မှတ်နဲ့ ISO 9001:2008 ရရှိ ထားတဲ့အတိုင်း အခုစက်လည်ပတ်နေတော့ ထပ်လျှောက်တင် မှာပါ။ ဈေးကွက်လည်း ရှိပြီးသားဖြစ်တဲ့အတွက် ပစ္စည်းထွက်လာရင် တကယ်သုံးမယ့်သူလက်ထဲ တိုက်ရိုက်ရောက်စေချင်တယ်။ စားသုံးသူတွေ အတွက် အထောက်အကူဖြစ်စေချင်တယ်။
အကျိုးအမြတ်ရရှိပုံကို ပြောပြပေးပါဦး။
    အကျိုးအမြတ်အနေနဲ့က ပဲပုပ်တစ်တန် ကြိတ်ရင်နေ့၊ ညနှစ်ရက်ခန့်ကြာပြီး အသားတင် ကျပ် ၁၅၀ဝ၀ဝ ခန့်မြတ်နိုင်တယ်။ အဲဒီမှာကုန် ကျစရိတ်နုတ်ပြီးဖြစ်တယ်။ ကုန်ကျစရိတ်တွက် ရာမှာ လျှပ်စစ်မီးလည်း ပုံမှန်ရမယ်၊ ရေနံဘေး ထွက်ပစ္စည်းဖြစ်တဲ့ ဓာတ်ပျံဆီကိုလည်း ပြည် တွင်းမှာ ပြန်ချက်နိုင်မယ်ဆိုရင် ဆီတစ်ပိဿာ အရင်းဈေးကို ကျပ်၁၀ဝ ထပ်ချလို့ရမယ်။ တစ် ပိုင်တစ်နိုင်လုပ်ကိုင်သူများကလည်း လာရောက် ပူးပေါင်းလုပ်ကိုင်ပါက အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရင် ပိုအောင် မြင်နိုင်တယ်။ ရေရှည်အတွက်မှာဆို အင်အား ရှိရင်  ရင်းနှီးမြှုပ်နှံသင့်တဲ့  လုပ်ငန်းဖြစ်တယ်။ ဘေးထွက်   ကုန်ကြမ်းကလည်း   ပြည်တွင်း အတွက် မွေးမြူရေးလုပ်ငန်းတွေမှာ ပြန်သုံးလို့ရ တော့  အများဝိုင်းဝန်းလုပ်လို့ တိရစ္ဆာန်အစာ အတွက်  လုံလောက်သွားမယ်ဆိုရင် ကြက်ဥ၊ ကြက်သားဈေးကလည်းကျသွားမယ်လို့ သုံးသပ် မိတယ်။ ပြည်တွင်းက အစာထုတ်နိုင်မှ အသား၊ ငါးဈေးရပ်တန့်သွားမှာဖြစ်တယ်။ အဲဒါကြောင့် ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ အခုဒီဆီ စက်ပြန်လည်ပတ်တဲ့အတွက် ပါဝင် ပတ်သက်သူအားလုံးက ဝမ်းသာနေကြတယ်။ ပဲစိုက်တောင်သူ၊ အလုပ်သမား၊ ဖောက်သည် အားလုံးပေါ့။ အဲဒါကြောင့် စက်ရပ်နားထားမိ တာကို နောင်တရတယ်။
ပဲပုပ်ဆီကို စားသုံးခြင်းဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးကိုလည်း သိပါရစေ။
    ပဲပုပ်ကို  ပြည်တွင်းမှာ  စိုက်ပျိုးပြီး ဗီဇ အာဟာရြွကယ်ဝတဲ့    ကုန်ကြမ်းများကနေ ခေတ်မီ ကောင်းမွန်တဲ့စက်ကြီးများနဲ့ ထုတ်လုပ် ထားတဲ့အတွက် ကျန်မာရေးအတွက် အများဆုံး အထောက်အကူပြုတယ်၊ လူ့ခန္ဓာကိုယ်မှာမရှိ မဖြစ်လိုအပ်တဲ့ အဆီဓာတ်များEssential Fatty Acids (EFAS) များဖြစ်တဲ့Omega 3, Omega 6  အချိုးအစား အမြင့်မားဆုံးပါဝင်တယ်။ ဉာဏ် ရည်ဖွံ့ဖြိုးခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ အသား အရေနှင့် ဆံပင်ကောင်းခြင်းတို့ကို ပေးစွမ်းနိုင် တယ်။  ဆီစားသုံးရာမှာ ဖြစ်ပေါ်လာတဲ့ သွေး အတွင်း မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ပါးစေတဲ့အတွက်  နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ သွေးတိုးရောဂါများဖြစ်စေမှုကို လျော့နည်းစေ တယ်။ ရာသီဥတုအအေးရေခဲအမှတ် (ဝ ဒီဂရီ ဆဲဆီးယပ်)အထိအေးခဲသွားခြင်း လုံးဝမရှိပါ ဘူး။  Salad Oil ဒါအဆင့်ထိ သန့်စင်ထားတာ ကြောင့် အချိန်ကုန်ဆီကုန်သက်သာစေပါတယ်။ အငန်ဓာတ်ဖြစ်သော Sodium  ပါဝင်ခြင်း မရှိပါ ဘူး။ ဒါ့ကြောင့် စားသုံးသူတွေအနေနဲ့ ယုံကြည် စိတ်ချစွာ  စားသုံးနိုင်ပါတယ်လို့ ပြောချင်ပါ တယ်။                                                        

 CJ