Main menu

Background

ကိုယ့်နိုင်ငံသာမက ပြည်ပထိပါ လွယ်လွယ်ကူကူ တင်ပို့နိုင်အောင် လုပ်ဆောင်သွားချင်ပါတယ် }

Mon, 09/11/2023 - 12:36 -- journal_editor

မြန်မာ့ရိုးရာ ရက်ကန်းချည်ထည်လုပ်ငန်းပိုင်ရှင် ဒေါ်စန်းဖြူကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အား အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့်နှစ်ဟု သတ်မှတ်ကာ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။ ယင်းသို့ အသေးစား၊ အလတ်စားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အနေဖြင့်လည်း ကဏ္ဍတစ်ရပ်အဖြစ် ဦးစားပေးထည့်သွင်းကာ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလော ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ပြည်တွင်းတွင် ရက်ကန်းချည်ထည်များအား  ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် မြန်မာ့ရိုးရာ ရက်ကန်းချည်ထည်လုပ်ငန်းပိုင်ရှင် ဒေါ်စန်းဖြူ ကျော် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မြန်မာ့ရိုးရာ ရက်ကန်းချည်ထည်တွေကို ပြည် တွင်းဈေးကွက်ထဲ ဖြန့်ဖြူးနေတဲ့အကြောင်းလေး သိပါရစေ။
အရင်တုန်းကတော့ လက်ရက်ကန်းပေါ့။ ကိုယ်တွေဆီက ချည်တွေကို အဆင့်ဆင့် အများ ကြီးပေါ့။ ချည်မျှင်လေးရဖို့အထိ ဗိုင်းငင်ရတာတို့ ဘာတို့ရှိတယ်။ အခုကတော့ အိန္ဒိယနိုင်ငံကနေ တင်သွင်းတဲ့ ချည်တွေကို တိုက်ရိုက်သုံးလိုက်တဲ့ အခါကျတော့  အဲဒီအဆင့်တွေ မရှိတော့ဘူး။မရှိပေမယ့်လည်း  အခုလက်ရှိ  အချိန်မှာတော့ လက်ရက်ကန်းလည်းရော စက်ရက်ကန်းပါ ရှိပါ တယ်။  ဒါပေမယ့် စက်ရက်ကန်းကျတော့ ဒီ အိန္ဒိယနိုင်ငံကလာတဲ့  ချည်တွေကို  ချွတ်မယ်။အရောင်ဆိုးမယ်။ ရစ်လုံးနဲ့ရစ်ပြီးတော့ ပြန်ပတ် မယ်။  အဆင့်ဆင့်ပေါ့။  လုံချည်မှာကျတော့ အထည်မဖြစ်မချင်း ရက်ကန်းစင်ပေါ်ကို မရောက် မချင်းကတော့ လက်နဲ့အကုန်လုပ်ရတာချည်းပဲ။ အထည်တွေ အကုန်လုံးကို စည်းအကွင်းလေး တွေ ဖြစ်ဖို့အတွက်က သားရေပတ်လေးတွေနဲ့ အပွင့်လေးတွေ၊ လိုင်းလေးတွေ ဖော်ရတယ်။ ဖော်ပြီးတဲ့အခါမှ လိုချင်တဲ့အရောင် ထည့်ပြီးခါ မှ  ဖြည်လိုက်လို့ရှိရင်  အပွင့်ပုံစံလေးတွေ ပေါ် လာတယ်။ အဲတော့မှ အလယ်လိုင်းလေးတွေမှာ အရောင်လိုချင်တယ်ဆိုလို့ရှိရင် မီးဖိုလေးသေး သေးလေးတွေနဲ့လုပ်ပြီး  ဆေးဖျော်ပြီး  လက်နဲ့ လုပ်ရတာပေါ့။ အဲလို အဆင့်ဆင့်လုပ်ပြီးတော့မှ ရက်ကန်းစင်ကို ဆိုးပြီးသား အပွင့်ဖော်ပြီးသား ချည်လေးတွေကို  ပတ်ရသေးတယ်။  လိမ်းတုံး သွင်းပြီးတော့မှ ရက်ကန်းစင်ပေါ်ကို အဲလိမ်းတုံး ကြီးတင်ပြီးတော့မှ စရက်တော့တာ။ ရက်ပြီးသွား ရင်  အပွင့်ဖော်တဲ့အပေါ်မှာ  မူတည်ပြီးတော့ အရောင်စုံထွက်လာတာ။  အရင်တုန်းကဆို လက်ရက်ကန်းဆို အထည်ထွက်တာနည်းတယ်။အခုခေတ်မှာ  စက်ရက်ကန်းတွေပေါ်လာတော့ အထည်အရေအတွက်  များများထွက်ပါတယ်။ အရည်အသွေးပိုင်းကလည်း ပိုပြီးကောင်းလာ  တယ်။ လက်ရက်ကန်းတွေတုန်းကတော့ ချည် ကျုံ့တာတော့၊ ချည်ဆိုးရတဲ့နေရာတွေမှာ အဆင် မပြေတာတွေ အများကြီးရှိတယ်။ ဝတ်လိုက်လို့ ရှိရင်လည်း ကျုံ့သွားတာတို့၊ ဆေးရောင် ကျွတ် တာတို့ရှိတယ်။  စက်ရက်ကန်းတွေကျတော့ ဆေး  အရောင်မကျွတ်တာ၊  ရေလျှော်ရင် မကျုံ့ တာတွေ  အာမခံနိုင်တယ်။  နည်းနည်းလေး အခက်အခဲဖြစ်တာက   စက်ရက်ကန်းဖြစ်တဲ့ အတွက် လျှပ်စစ်မီးကတော့ အဆက်မပြတ်လို တာပေါ့။ ပွင့်လင်းရာသီလိုမျိုး မီးအချိန်ကြာကြာ ပြတ်တဲ့အခါမျိုးကျရင်တော့ ဖောက်သည်တွေ လိုချင်တဲ့ အထည်အရေအတွက် အတိုင်းအတာ အထိ မပေးနိုင်ဘူး။ အဲလိုမျိုးလေးတွေရှိပါတယ်။

ရိုးရာရက်ကန်းအထည်တွေအတွက် ကုန်ကြမ်း ရရှိမှု အခြေအနေလည်း ပြောပြပေးပါဦး။
ကုန်ကြမ်းက အရင်တုန်းကတော့ ဒီကိုယ့် နိုင်ငံကထုတ်တဲ့ ဝါချည်တို့ ဘာတို့တော့ရှိတာ ပေါ့။ အခုကတော့ အဲဒါတွေကလည်း အခက် အခဲတွေ အမျိုးမျိုးရှိတဲ့အတွက် အိန္ဒိယနိုင်ငံက လာတဲ့ ကုန်ကြမ်းတွေကို  သုံးရပါတယ်။ ကိုယ့် ပြည်တွင်းရကနေ ကုန်ကြမ်းရမယ်။  ချည်တွေ ဘာတွေ အရည်အသွေးမီတယ်။ ပံ့ပိုးပေးမယ် ဆိုရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် တင်သွင်း တဲ့ အခြေခံချည်တွေက  ပြည်ပကတင်သွင်းတာ ဖြစ်တဲ့အတွက် ဈေးလေးတွေ ကွာသွားတာပေါ့။သုံးရတဲ့ ကုန်ကြမ်းဈေးတွေကွာတာပေါ့။ အဓိက တော့  မိရိုးဖလာလည်း  လုပ်လာတဲ့အတွက် လုပ်ငန်းတစ်ခု   တိုးချဲ့ဖို့   ဒီထက်ပိုပြီး  ကောင်း အောင်လုပ်မယ်။    ဖောက်သည်တွေအတွက် လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် တော့  ဒီစက်တွေ ရက်ကန်းစင်တွေတိုးဖို့ ငွေ ကြေးအရင်းအနှီးတွေ လိုအပ်ပါတယ်။ နည်း ပညာအရဆိုရင်တော့ မိရိုးဖလားအတိုင်း လက် တွေနဲ့  အရောင်ဆိုးတယ်။ ဒယ်အိုးတွေနဲ့ ဆိုး တယ်။  လှမ်းရတယ်။  အခုလိုမျိုး  မိုးရာသီဆို ခြောက်ဖို့ ခက်ခဲတယ်။ အဲဒီအတွက် နည်းပညာ ပိုင်းမှာဆိုရင် ဆိုးတဲ့စက်တွေ  လိုအပ်ပါတယ်။အဲလိုမျိုးဖြစ်လာရင်တော့ ပေါင်းခံတာ။ အခြောက် ခံတာ တစ်ဆင့်ချင်း အဆင်ပြေသွားမှာ ဖြစ်ပါ တယ်။ အဲလိုမျိုးတွေဖြစ်ရင် ပိုကောင်းပါတယ်။ ရက်ကန်းပဲလုပ်တဲ့လုပ်ငန်းဆိုရင် အခုလိုမိုးတွင်း ရာသီ အရောင်းပါးတယ်ဆို ဘယ်လိုပဲ အရောင်း ပါးပါး  အလုပ်သမားတွေရဲ့  စားဝတ်နေရေး အတွက် ဖြေရှင်းပေးရတာပေါ့။ မိုးတွင်းကာလ မှာတော့ ကိုယ်ဆီကထွက်တဲ့ ချည်ထည်ပစ္စည်း လေးတွေရော အလုပ်သမားတွေလာပြီး သွင်း တဲ့ပစ္စည်းလေ‌ေးတွေရော ဒိုင်ခံဝယ်ထားရတယ်။ 

အခုလိုမျိုး အသေးစား၊ အလတ်စား လုပ်ငန်း တစ်ရပ်အနေနဲ့ ကြုံတွေ့ရတဲ့  အခက်အခဲတွေ ရှိရင် သိပါရစေ။
အဓိကတော့ ရက်ကန်းလုပ်ငန်းအတွက် စက်ပစ္စည်းတွေ  လိုအပ်ပါတယ်။ ရက်ကန်းစင် တွေ ထပ်ပြီးတိုးချဲ့ပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင် မယ်ဆိုရင်  အရောင်ဆိုးဆေးတွေ  လိုအပ်ပါ တယ်။ နောက်ပြီးတော့ လျှပ်စစ်မီး ပြတ်တောက် တယ်ဆိုရင် လျှပ်စစ်မီးနဲ့လည်ပတ်ရမယ့် အင် ဂျင်ပါဝါမျိုးတွေ လိုအပ်ပါတယ်။

မြန်မာ့ရက်ကန်းထုတ်ကုန်တွေကို ဈေးကွက်ထဲ ဖြန့်ဖြူးမှု အခြေအနေလေး ပြောပြပေးပါဦး။
ထုတ်ကုန်လေးတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်လီရော လက်ကား ရော ရောင်းချလျက်ရှိပါတယ်။အခုလက်ရှိမှာ လည်း မြန်မာ့ရိုးရာ ရက်ကန်းထည် ချည်ထည် လေးတွေကိုလည်းပဲ လူတွေက အရမ်းနှစ်သက် လာကြတယ်။ ကျွန်မတို့ဘက်ကလည်းပဲ အရည် အသွေးကို အကောင်းဆုံးဖြစ်အောင် လုပ်ဆာင် ပေးလျက်ရှိပါတယ်။ အထည်က ရေနဲ့လျှော် လိုက်ရင် ကျုံ့သွားတယ်။ ဒါမျိုးတွေလည်း မဖြစ် ရအောင်     အတတ်နိုင်ဆုံး     အရည်အသွေး အကောင်းဆုံးနဲ့ထုတ်လုပ်ပေးတဲ့အတွက် လက်ရှိ မှာလည်း ရောင်းအားကောင်းပါတယ်။ထုတ် ကုန်တွေကိုလည်း ပြည်ပရောက်နေတဲ့ မြန်မာ တွေကနေပြီး   လှမ်းမှာယူတာတွေရှိပါတယ်။ ထိုင်း၊ စင်ကာပူတို့ မလေးရှားရောက်နေတဲ့သူ တွေကလည်း ပို့ပေးပါလို့  မှာတာမျိုးတွေရှိတဲ့ အတွက် ပို့ပေးရတာတွေရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ဒီထုတ်ကုန်လေးတွေကို ကိုယ့်နိုင်ငံသာ မက ပြည်ပထိပါ လွယ်လွယ်ကူကူ တင်ပို့နိုင် အောင်   လုပ်ဆောင်သွားချင်ပါတယ်။ အခက် အခဲတွေအနေနဲ့လည်း စက်ပစ္စည်းတွေ ငွေရေး ကြေးရေးတွေ လိုအပ်တယ်။ စက်ရက်ကန်းဖြစ် တဲ့အတွက် လျှပ်စစ်မီးရရှိဖို့အတွက် လိုအပ်နေ တာလေးတွေကိုပံ့ပိုးပေးနိုင်ရင်တော့ အကောင်း ဆုံးဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

 

တိဗ္ဗ