Main menu

Background

ဆီရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ အကုန်လုံးကို ရောင်းချပေးသွားပါမယ် သတ်မှတ်ဈေးအတိုင်း ရောင်းပေးတာဖြစ်တဲ့အတွက် လာဝယ်ကြတဲ့သူတွေ တော်တော်လေးများတယ်

Tue, 09/26/2023 - 12:05 -- journal_editor

ပြည်တွင်းတွင် စားသုံးဆီဈေးနှုန်းများ မြင့်တက်နေချိန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဖွဲ့စည်းထားသော စားသုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့မှ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ကုမ္ပဏီအလိုက် လက်လီ၊ လက်ကားဆိုင်များမှတစ်ဆင့်‌ေ အများပြည်သူများထံ ရောင်းချပေးလျက်ရှိသည်။ စားသုံးဆီဈေးနှုန်း နှင့်ပတ်သက်၍လည်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းအား စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ စားအုန်းဆီများအား အများပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိသည့် ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

ဦးမျိုးသိန်း 
(ဆီကိုယ်စားလှယ်၊ ပုဇွန်တောင်ဈေး၊ ရန်ကုန်မြို့) 

ဆီရတယ်ဆိုတာနဲ့   ရောင်းပေးနေပါ တယ်။ ရောင်းမယ်ဆိုရင်တော့ ရည်ညွှန်းဈေး၊ သတ်မှတ်ဈေးအတိုင်းပါပဲ။ ကျပ် ၄၇၅၀ နဲ့ လူ တစ်ဦးကို ငါးဆယ်ကျပ်သားစီရောင်းချပေးနေ ပါတယ်။ လူတွေအကုန်လုံး ခုနစ်ရက်သားသမီး တွေကို   ရောင်းပေးချင်ပါတယ်။ အကုန်လုံး ရမယ်ဆိုရင် ပိုပြီးဝမ်းသာပါတယ်။ ဆီ လေး ငါး ဆယ်သားရဖို့အရေးကို  တိုးနေတာမြင်နေရ တော့ တချို့ရသွားတဲ့သူတွေရှိသလို မရသွားတဲ့ သူတွေလည်းရှိတယ်။ အဲလောက်ထိကို များတာ ပေါ့။  ပုဇွန်တောင်ဈေးမှာကတော့ ရထားတာ ၁၃ ဆိုင်ပေါ့။ သူ့ဟာနဲ့သူ ရတာပေါ့။ ရသ လောက်တော့ ရောင်းပေးပါမယ်။ ဒီလိုမျိုးရောင်း ပေးတဲ့အတွက်လည်း လာဝယ်တဲ့သူတွေလည်း အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ ဆီရရှိတဲ့ အပေါ်မှာ   မူတည်ပြီးတော့ အကုန်လုံးကို ရောင်းချပေးသွားပါမယ်။     ကျွန်တော်တို့ကလည်း မရောင်းလို့မရဘူး။ဝန်ခံချက်တွေနဲ့ လုပ်ထား တာ။ အခု စည်ပင်မှာ ဗီနိုင်းရိုက်နေတယ်။ ဒီနေ့ ဘယ်လောက်ရောင်းရလဲ တရားဝင်ကြေညာ ရတယ်။ရောင်းပြီးလို့ ဘယ်လောက်ကျန်လဲ။ ဥပမာ ဆီနှစ်လုံးရောင်းရတယ်။ အချိန်တစ်ရာ့ တစ်ဆယ်ကုန်သွားတယ်ဆို  ကျန်တဲ့လက်ကျန် ကို ဖော်ပြထားရမယ်။ လာစစ်ရင်လည်း အဲဒါ တွေ အကုန်လုံးရှိနေရမယ်။ ဒါလုပ်ထုံးလုပ်နည်း ပဲလေ။ ရောင်းတာကိုရော  လက်ကျန်ကိုရော ပွင့်လင်းမြင်သာစွာလုပ်တာပေါ့လေ။ ဆီတွေကို လည်း ကျွန်တော်တို့ကို မှန်မှန်လေးပေးမယ်ဆို ရင် ပိုကောင်းပါတယ်။ ဒါကြောင့်မို့ ဆီနဲ့ ပတ် သက်ပြီးတော့   ပုဇွန်တောင်မြို့နယ်မှာတော့ အဆင်ပြေသွားမယ်လို့မြင်ပါတယ်။ လာဝယ်တဲ့ သူတွေအားလုံးလည်း  အဆင်ပြေမယ်။ ဘာလို့ အဆင်ပြေလဲဆိုတော့  ဆိုင်တွေ   များသွားတဲ့ အတွက်ကြောင့်ပါ။ 

ဦးဉာဏ်ထွန်း 
(ဆီကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ အဖွဲ့ဝင်) 

ကျွန်တော်ကတော့ ပုဇွန်တောင်ဈေးမှာ ဆီကုန်သည်လက်ကားရောင်းချတာပေါ့။ သြဂုတ် ၂၈ ရက်ကနေပြီးတော့ ကျွန်တော် ခွဲတမ်းရတာ ၁၁ လုံးရှိတယ်။  ကျွန်တော့်ဆီကနေမှတစ်ဆင့် ဈေးထဲက ဆိုင်တွေအကုန်လုံး  စီးဆင်းတာပါ။ဆီအသင်းက ပြန်ပြီးတော့ ခွဲဝေပေးတယ်။ အခု တော့ ပုဇွန်တောင်ဈေးအနေနဲ့ ဆီပေပါ ၃၅ လုံး ရတယ်။ အဲဒီဆီတွေကို  ပုဇွန်တောင်ဈေးထဲက ဆိုင် ၁၃ ဆိုင်လုံးရောင်းချပေးခဲ့ပါတယ်။ ရောင်း ပေးတာကတော့ ကျပ် ၄၆၅၀ အပေါ်မှာ နှစ် ရာခိုင်နှုန်းတင်ပြီးတော့ ကျပ် ၄၇၅၀နဲ့  သတ်မှတ် ဈေးအတိုင်း  ရောင်းပေးပါတယ်။ လူတစ်ဦးကို ငါးဆယ်ကျပ်သား ရောင်းပေးပါတယ်။ ဒါပေမဲ့ ငါးဆယ်ကျပ်သား ရောင်းပေးတယ်ဆိုပေမယ့် မုန့်ဟင်းခါးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေ၊ ထမင်းဆိုင်တွေ တချို့ဆို နှစ်ပိဿာ  သုံး တယ်။ သုံးပိဿာသုံးတယ်။ တစ်ရက်ကို အချိန် တစ်ဆယ်သုံးတဲ့ဆိုင်တွေလည်းရှိတယ်။ သူတို့ တွေကျတော့ ငါးဆယ်သားက ဘယ်နည်းနဲ့မှ  မလောက်ဘူး။  ငါးဆယ်သားကတော့ အလွတ် ရောင်းပေးတယ်။ ဥပမာ လက်ဖက်ရည်ဆိုင်ရှိ လို့၊  ထမင်းဆိုင်ရှိလို့  နှစ်ပိဿာလိုချင်တယ်ဆို    နာမည်၊   ဖုန်းနံပါတ်နဲ့   စာရင်းမှတ် ဒီဈေးအတိုင်း ပဲ ရောင်းပေးမယ်။ အဲဒါ   ပိုကောင်းပါတယ်။ အဲလိုမျိုးရောင်းပေးမယ်ဆို လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အကြော်ရောင်းတဲ့သူတွေ အဆင် ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ဆိုင်လေး တွေကိုလည်း    ရောင်းချခွင့်ပေးဖို့အတွက်ကို လည်း လိုချင်ပါတယ်။ အခုဆို အိမ်ဆိုင်တွေကို ကျွန်တော်တို့ မျက်နှာပျက်ရဦးမယ်။  သူတို့ကို မရောင်းနိုင်သေးဘူး။ အိမ်ဆိုင်ကို ပေးလိုက်ခြင်း အားဖြင့်  အိမ်ဆိုင်က တချို့ တစ်ဆယ်သား၊ နှစ်ဆယ်သား ဝယ်နိုင်တဲ့သူက သေချာပေါက် အဲဒီလို  ရောင်းမယ်ဆိုရင် အိမ်ဆိုင်လေးတွေက လည်း    ဈေးမတက်တော့ဘူး။ အားလုံး ပြေပြေ လည်လည် ဖြစ်သွားပါမယ်လို့ ထင်ပါတယ်။
ဒေါ်လှလှထွေး
(ဆီကိုယ်စားလှယ်၊ ပုဇွန်တောင်ဈေး၊ ရန်ကုန်မြို့)

စားအုန်းဆီပေးတာကတော့  ရည်ညွှန်း ဈေးက ကျပ် ၄၆၅၀ ပါ။  ပြန်ရောင်းတာကတော့ ကျပ် ၄၇၅၀ နဲ့ လူတစ်ဦးကို ငါးဆယ်ကျပ်သားနဲ့ ရောင်းပေးတာပါ။ ဒီလိုမျိုး ရောင်းပေးလာတာ ဆိုရင်   လေးကြိမ်မြောက်ရှိနေပါပြီ။   ဆီရရင် ရသလို  ရောင်းပေးသွားမှာပါ။ သတ်မှတ်ဈေး အတိုင်း ရောင်းပေးတာဖြစ်တဲ့အတွက် လာဝယ် ကြတဲ့သူတွေ တော်တော်လေးများတယ်။ ဆီပုံး လေးစဖွင့်လိုက်တာနဲ့  လာဝယ်ဖို့ တန်းစီတဲ့သူ တွေအများကြီးပဲ။    သတ်မှတ်ဈေးအတိုင်းပဲ ရောင်းပေးတာဖြစ်တဲ့အတွက် တစ်ပိဿာ ကျပ် ၄၇၅၀  ဆို ငါးဆယ်ကျပ်သား ၂၃၇၅ ကျပ် ကျတာကို သကြားလုံးပေးပြီးတော့ ကျပ် ၂၄၀ဝ ယူလိုက်တယ်။ အတိအကျပဲ ရောင်းပေးပါတယ်။ ဆီကတော့ ပစ္စည်းရတဲ့အပေါ်မှာမူတည်ပြီးတော့ ရရင် ရသလို ရောင်းပေးသွားမှာပါ။

 

တိဗ္ဗ