Main menu

Background

အရင်တုန်းကထက်စာရင် မြန်မာ့ရိုးရာချည်ထည်တွေကို အသုံးပြုမှု ပိုပြီးများလာတယ်

Mon, 04/01/2024 - 11:22 -- journal_editor

ဘိလပ်ပြန် ချည်ထည်ဆိုင်ပိုင်ရှင် ဒေါ်ပန်းအိကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ နှစ်သစ်အကြို သင်္ကြန်နှင့် ဈေးရောင်းပွဲတော်ကြီးကို မတ်  ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကရဝိက်အနီးရှိ ကန်သာယာ ဈေးဝယ်စင်တာ Shopping Mall)၌ ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပြပွဲတွင် အသေးစား၊ အလတ်စား လုပ်ငန်းအများအပြား ဝင်ရောက်ပြသခဲ့ရာMSMEအသေးစား၊ အလတ်စားလုပ်ငန်းများ၏ ဈေးကွက်ထိုးဖောက်ရှာဖွေမှု အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် အခြေအနေများနှင့်စပ်လျဉ်း၍ ဘိလပ်ပြန် ချည်ထည်ဆိုင်ပိုင်ရှင် ဒေါ်ပန်းအိကိုနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

ပြည်တွင်းဈေးကွက်မှာ ဘယ်လိုမျိုး မြန်မာ့ရိုးရာချည်ထည်တွေကို ဖြန့်ဖြူးလျက်ရှိပါသလဲ။
အစ်မတို့က အင်းမဆေးလုံချည် ချည်ထည်တွေကို အဓိက ထုတ်လုပ်ဖြန့်ချိပါတယ်။ အင်းမဆေးလုံချည်နဲ့ ချည်ထည်တွေကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်ပြီးတော့ ဖြန်ချိပေးနေတာဖြစ်ပါတယ်။ချည်ထည်က အရင်တုန်းကဆိုရင်တော့ ရိုးရာချည်ထည်တွေက ဒီဇိုင်းတွေ ကာလတွေက ရိုးရှင်းပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆင်၊ ဒီဇိုင်းကာလာတွေ အကုန်လုံးကို ပိုပြီးတော့ ဆန်းသစ် လာအောင် နောက်ပြီးတော့ အရင်တုန်းက ရိုးရာတွေကိုလည်း မပျက်စီးရအောင် နှစ်ခုပေါင်းပြီး ကစိအေန လုပ်ပြီးတော့ ထုတ်လုပ် ပါတယ်။ ဒါကတော့ အဆင်ဒီဇိုင်းပိုင်းပါ။ အသုံးပြုတဲ့ ချည်သား ကုန်ကြမ်းကကျတော့ အိန္ဒိယကနေပြီးတော့ အကောင်း ဆုံးချည် ထည်ကို ပြည်တွင်းကိုတင်သွင်းပြီးတော့  အဲဒီချည်ထည်တွေနဲ့ ပြန်ပြီးတော့ရက်တယ်။ အရင်တုန်းက ချည်သားဆိုရင် ရေကျုံ့ သွားတာတို့ အရောင်ကျသွားတာတို့က အရမ်းမြန်တယ်။ အခု နောက်ပိုင်းကကျတော့  ့စိအေန လုပ်ပြီး နည်းပညာ ထပ်ပေါင်း ထားတာဖြစ်တဲ့အတွက်   ရေအရမ်းကျတာ၊ ရေကျုံ့တာမျိုး အရောင်လွင့်တာတွေ မဖြစ်တော့ဘူး။ အဲလိုမျိုးလေးတွေ ့စိအေန လုပ်ထားပါတယ်။

ကုန်ကြမ်း ရရှိမှုအပိုင်းမှာကော ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ကုန်ကြမ်းကကျတော့ ကျွန်မတို့က တခြားကနေ တင်သွင်း  တာဖြစ်တဲ့အတွက် ငွေကြေးပိုင်း မတည်ငြိမ်ရင်အခက်အခဲဖြစ်တဲ့ ကိစ္စလေးတွေရှိတယ်။ ဒါပေမယ့် ပြည်တွင်းမှာ လိုအပ်တဲ့ ပစ္စည်း တွေကို  အချိန်မီရရှိနိုင်အောင် အဘက်ဘက်ကနေ ကြိုးစားပြီး တော့ တင်သွင်းပေးပါတယ်။ 

ပြည်တွင်းမှာ မြန်မာ့ရိုးရာချည်ထည်တွေရဲ့ ဈေးကွက်တွင်ကျယ်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
အခုနောက်ပိုင်းမှာ ဈေးကွက်အခြေအနေက အရင်တုန်း ကထက်စာရင် မြန်မာ့ရိုးရာချည်ထည်တွေကို အသုံးပြုမူက ပိုပြီး များလာတယ်။ ဒါကဝမ်းသာစရာပါ။ အင်းမဆေးလုံချည်တွေက ရွှေတောင်ကလည်းထွက်တယ်။ အခုဆိုရင် ရောင်းချတဲ့ ဆိုင်တိုင်း ကလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်။ လူများများပိုသိအောင် လုပ်ကြတယ်။ နောက် ကိုယ့်အဆင်ဒီဇိုင်းတွေကို လှသထက်လှ အောင် ဝိုင်းလုပ်နေကြတဲ့အခါမှာ ပိုပြီးတော့ တိုးတက်လာတယ်။အဲဒီလိုပဲ  ချည်သားသုံးစွဲတဲ့သူကလည်း မြင့်တက် လာတယ်။ အခု နောက်ပိုင်းဆိုရင် အကုန်ကလည်း မြန်မာ့ရိုးရာချည်ထည်   ထွက် ကုန်ကို အားပေးကြမယ်ဆိုတဲ့စိတ်နဲ့ အသုံးပြုလာတာ တွေ့ရပါ တယ်။ အခမ်းအနားတွေမှာလည်း ဒီဝတ်စုံနဲ့ ပွဲတက်မယ်ဆိုလို့ရှိ ရင် တင့်တယ်တယ်လို့ခံယူထားကြတယ်။ ချည်ထည်ကြိုက်တဲ့သူ တွေ ပိုများလာအောင်လည်း ပိုကြိုးစားလျက်ရှိပါတယ်။ ဝတ်တဲ့သူ တွေအနေနဲ့ကလည်း မြန်မာ့ရိုးရာ ချည်ထည်ကို အားပေးကြမယ် ဆိုတဲ့ စိတ်နဲ့ ပိုပြီးတော့သုံးစွဲလာတာတွေလည်း တွေ့ရပါတယ်။

မြန်မာ့ရိုးရာချည်တွေကို  နိုင်ငံခြားသားတွေလည်း အားပေးလာ တာတွေရှိတော့ ဈေးကွက်ဝေစု ပိုမိုရရှိအောင် ဘယ်လိုမျိုး လုပ် ဆောင်သွားဖို့ ရည်ရွယ်ထားပါသလဲ။
ချည်ထည်ကို နိုင်ငံခြားတွေကလည်း ကြိုက်နှစ်သက်ကြ တယ်။ အခုလောလောဆယ်ကို ပိုးနဲ့ရောထားတဲ့ ဆေးလုံချည်နဲ့ ချည်သားချည်းပဲသီးသန့်ဆိုပြီး လုံချည်နှစ်မျိုးရှိတယ်။ နိုင်ငံခြား သားကျ တော့ချည်သားစစ်ကို ကြိုက်နှစ်သက်ပါတယ်။ အဲဒီတော့ သူတို့ လက်ထဲကိုကျတော့ Raw တွေ ထည့်လို့မရဘူး။  Raw ထည့် လိုက်လို့ရှိရင်  သူတို့ကချည်သားကိုပဲ ကိုယ်ကြိုက်နှစ်သက်လို့ ဝယ်လိုပေမယ့် ဘယ်မှာချုပ်ရမလဲမသိကြဘူး။ အစ်မအနေနဲ့က ချည်သားစစ်ကို အသင့်ချုပ်ပြီးသား ပတ်ထမိန် ပေါင်းချုပ်ပြီးတော့ သူတို့နဲ့ အနီးဆုံးနေရာတွေမှာ သွားထားပေးထားတယ်။ အဲဒီလို သွားထားပေးတဲ့အတွက် သူတို့တွေ အလွယ်တကူ  ဝယ်ပြီးတော့ ဝတ်လို့ရပါတယ်။ နောက် ဈေးဝယ်စင်တာတွေမှာ လိုက်ဖွင့်တော့ စင်တာကြီးတွေကို နိုင်ငံခြားသားတွေက အဆင်သင့်ရှိတာတွေကို ဝယ်ယူကြတာမျိုးတွေရှိပါတယ်။  ဈေးနှုန်းတွေအနေနဲ့ကတော့ ချည်သားဝမ်းဆက်မချုပ်ရသေးတဲ့ဟာဆိုရင် ကျပ် ၂၈၀ဝ၀ ရှိပါ တယ်။ ပိုးကကျတော့ မချုပ်ရသေးတဲ့ ဝမ်းဆက်ဆို လေးသောင်း ကျော်အထိရှိပါတယ်။ 

လတ်တလောမှာရော ရိုးရာချည်ထည်နဲ့ပတ်သက်ပြီး လုပ်သား တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေ ဘယ်လိုရှိပါ သလဲ။
လုပ်သားအင်အားက အရင်ထက်စာရင်တော့ ဒီလတွေ အတွင်းမှာ ကျသွားတယ်။ ဒီကာလမှာ  လုပ်သားကတော့ရှားပါး လာတယ်။ နောက်တစ်ခုက အရင်တုန်းကလက်နဲ့ ရက်လုပ်တယ်။အခုနောက်ပိုင်းက စက်တွေအစားထိုးလိုက်တော့ စက်တစ်ခုချင်း စီတိုင်းမှာ တစ်ယောက်ချင်းစီ မလိုအပ်တော့ဘူး။ စက်ရုံတစ်ခုလုံး စာ အတွက်ဆိုရင်လုပ်သားလိုအပ်သလောက်ပဲ ထည့်ထားတယ်။ အဲဒီတော့အထည်အရေအတွက် များများထွက်လာပြီးတော့ လုပ် သားအင်အားကို လျှော့သုံးလာတယ်။ ဒါပေမယ့် အခြားနေရာ တွေမှာတော့ လုပ်သားအင်အားတွေလိုအပ်ပါတယ်။ နောက်ပိုင်း စက်ပစ္စည်းတွေနဲ့လည်ပတ်ရမယ်ဆိုရင် လက်ရက်ကန်း မဟုတ်ဘဲ နဲ့ စက်ရက်ကန်းဖြစ်တဲ့အတွက် အဆင်တော့ပြေနေပါသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ကတော့ နယ်မှာတော်တော် များများကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားနိုင်ပါ တယ်။ 

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ လုပ်သားတွေကို သက်သောင့်သက်သာနဲ့  ဝင်ငွေရရှိအောင် ဖန်တီးပေးပါတယ်။ နောက်တစ်ခုက ဘိလပ်ပြန်ချည်ထည်တိုက်ဖွင့်လှစ်ရောင်းချခြင်း ရည်ရွယ်ချက်ကလည်း နယ်ကလူတွေရဲ့ လုပ်အားနည်းနည်းနဲ့ လစာများများ ရှာနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ အစ်မတို့အနေ နဲ့ ပစ္စည်းများများ ရောင်းချနိုင်လေ နယ်မှာရှိတဲ့ အလုပ်သမား တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလေဆိုတဲ့ရည်ရွယ် ချက်လေးဖြစ်ပါတယ်။ ချည်ထည်တွေကိုပိုပြီးတော့  ကောင်းမွန်တဲ့ ဒီဇိုင်းတွေကို ပေးနိုင်အောင်ကြိုးစားနေပါတယ်။မြန်မာဝတ်စုံချုပ် ရတာ အချိန်ကြာတာ တော့ရှိ တယ်။ ဒီလိုအချိန်ကြာမြင့်တာတွေကို မဖြစ်ပေါ်အောင် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါ တယ်။ မြန်မာ့ရိုးရာ ချည်ထည်တွေကိုလည်း အားပေးကြဖို့ ပြော ချင်ပါတယ်။

တိဗ္ဗ