Main menu

Background

စီးတီးတက္ကစီယာဉ်တွေ စည်းကမ်းတကျ မောင်းနှင်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်

Mon, 07/01/2024 - 15:25 -- journal_editor

ရန်ကုန် စီးတီးတက္ကစီအသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

 ရန်ကုန်စီးတီးတက္ကစီအသင်းကို ၂၀၂၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် တက္ကစီယာဉ်များ စည်းကမ်းတကျ ပြေးဆွဲနိုင်ရေး၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ ယာဉ်မတော်မဆမှု ဖြစ်စဉ်များ လျော့နည်းပပျောက်စေရေး၊  ခရီးသွားပြည်သူများ လုံခြုံမှုရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တွင်းရှိ စီးတီးတက္ကစီယာဉ်များ၏ အများပြည်သူများ အပေါ် ဝန်ဆောင်မှုပေးအပ်နေမှု အခြေအနေနှင့် အသင်း၏ ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရန်ကုန်စီးတီးတက္ကစီအသင်း  ဥက္ကဋ္ဌ ဦးငြိမ်းချမ်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ရန်ကုန်စီးတီးတတ္ကစီအသင်း ဖြစ်ပေါ်လာပုံလေး ရှင်းပြပေးပါဦး။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိတဲ့ တက္ကစီ ယာဉ်အားလုံး ပြေးဆွဲရာမှာ စည်းကမ်းထိန်းသိမ်းနိုင်ဖို့ အတွက် စနစ်တကျ ခရီးသည်ပို့ဆောင်ရေး ယုံကြည်စိတ်ချစွာဖြင့် ဝန် ဆောင်မှုဆောင်ရွက်နိုင်ဖို့၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို စနစ် တကျ စီမံပြုလုပ်နိုင်ရန် လိုအပ်မှုကြောင့် ၂၀၂၂ ခုနှစ်က ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော် မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း ယာယီ အား ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  ရန်ကုန်စီးတီးတက္ကစီအသင်း ယာယီဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စီးတီးတက္ကစီယာဉ်များ စနစ် တကျရှိစေရေး၊ ယာဉ်၊ ယာဉ်မောင်း၊ မှတ်တမ်းအချက်အလက် များ ပြည့်စုံစွာ ထားရှိနိုင်ရေး၊ စီးတီးတက္ကစီယာဉ် ရပ်နားဂိတ်နေရာ များ ထားရှိရေး  ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ စီးတီး တက္ကစီယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ယာဉ်မတော်တဆမှု  ဖြစ်စဉ်များ လျော့နည်းပပျောက်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ ခရီးသွားများ လုံခြုံမှုရှိစေရေး၊ အဆင်ပြေ သွားလာနိုင်ရေး  ဆောင်ရွက်လျက်ရှိပါတယ်။  စီးတီးတက္ကစီ မော်တော်ယာဉ်များအား   ယာဉ်စည်းကမ်းဆိုင်ရာ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ အလွယ်တကူ ချိတ်ဆက် ခေါ်ယူနိုင်တဲ့ Call Center    နည်းပညာအသုံးပြုတဲ့ စနစ်ကိုလည်း ဆောင်ရွက်နိုင်ရေး၊ လုံခြုံမှုစနစ်နှင့် YRTC ထိန်းချုပ်စင်တာများ နဲ့ စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ စနစ်ကို ဆောင်ရွက်နိုင်ရေးအတွက် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။

စီးတီးတက္ကစီနဲ့ပတ်သက်ပြီး အသင်းတည်ထောင်ခဲ့တဲ့ အချိန်က နေ ယခုကာလအထိ ဘယ်လိုမျိုး ဆောင်ရွက်ခဲ့ပါသလဲ။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို   တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ရေးအတွက်ကို  ဆောင်ရွက်လျက်ရှိပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီရဲ့  ထုတ်ပြန်ချက်အရ စီးတီးတက္ကစီယာဉ်များ မှတ်ပုံတင်ရန်နဲ့ စီးတီးတက္ကစီအသင်းသို့ ဝင်ရောက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ဖို့ရန် အကြောင်းကြားလာမှုအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ    တာဝန်ရှိသူများအား   ထပ်ဆင့်စာဖြန့်ဝေ မေတ္တာရပ်ခံခဲ့ခြင်း၊ စီးတီးတက္ကစီမှတ်ပုံတင်ရန် အခက်အခဲရှိသူ များအား ကူညီဆောင်ရွက်ခဲ့ပါတယ်။ စီးတီးတက္ကစီယာဉ်များ အဝါရောင် အမှတ်အသား တစ်ပြေးညီဖြစ်စေဖို့ရန် လမ်းညွှန်ချက် အရ အဝါရောင်ကာလာ တစ်ပြေးညီဆောင်ရွက်ခဲ့ပြီး အသင်းဝင် ယာဉ်မောင်းတွေရဲ့ အကျိုးစီးပွား  တိုးတက်စေရေး၊ ခရီးသွား ပြည်သူများ သွားလာနိုင်စေရေး အတွက် မိုဘိုင်းအက်ပလီကေးရှင်း ကုမ္ပဏီအကူအညီနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ နောက် ပြီး အသင်းရဲ့ သက်တမ်းကလည်း နုပါသေးတယ်။ တစ်နှစ်သက် တမ်းအတွင်းမှာ စီးတီးတက္ကစီယာဉ်တွေ စည်းကမ်းတကျ မောင်း  နှင်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက် နေပါတယ်။ ရှေ့ပြေးစီမံချက်အနေနဲ့ လေယာဉ်ကွင်းမှာ အရင် တုန်းကဆိုရင် လေယာဉ်ကွင်းမှာရှိတဲ့ ကားတွေပဲ သီးသန့်ဆွဲနေရာ ကနေ ဘယ်သူမဆို ဝင်ရောက်ပြီးတော့ ပြေးဆွဲနိုင်တဲ့စနစ် စတင် ခဲ့ပါတယ်။ အောင်မင်္ဂလာအဝေးပြေးမှာလည်း တက္ကစီမောင်းတဲ့ သူတွေဆိုလို့ရှိရင် ဝင်ပြီးတော့ ဆွဲလို့ရတဲ့စနစ် အကောင်အထည် ဖော်ခဲ့ပါတယ်။   ထိုက်သင့်သလောက်လည်း   အောင်မြင်မှုရှိခဲ့ တယ်။ နောက်ပြီး တက္ကစီဘုတ်တွေကို YRTC ရဲ့ ညွှန်ကြားမှုနဲ့ တစ်ဆင့်ခံ ရောင်းချပေးရတယ်။ အဲဒီမှာလည်း ဈေးနှုန်းမှန်ကန်မှု ဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်။ ရန်ကုန်မှာပြေးဆွဲနေတဲ့ တက္ကစီ တွေကိုယူနီဖောင်းပုံစံမျိုးနဲ့ တက္ကစီဘုတ်ကို တစ်ရောင်တည်းဖြစ် အောင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်တစ်ချက်က ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ စီးလုံးငှားဌာနနဲ့ပူးပေါင်းပြီးတော့ ဘေးအဝါရောင် စတေကာလိုင်းကပ်တဲ့ ကိစ္စမှာလည်း အသင်းဝင်ကားတွေ အဆင် ပြေစွာကပ်နိုင်ရေး၊ နောက် အကူအညီလာတောင်းတဲ့ ကားတွေ ကို အဆင်ပြေစွာကပ်နိုင်ရေး အတွက် တစ်ထောင့်တစ်နေရာက နေ အခကြေးငွေ တစ်စုံတစ်ရာ ပေးစရာမလိုဘဲနဲ့ အခမဲ့ ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အစီးရေ ထောင်ဂဏန်းဝန်းကျင် လောက်ကို ကပ်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိ ရန်ကုန်စီးတီးတက္ကစီအသင်းမှာ အသင်းဝင်ဦးရေ ဘယ် လောက်ထိ ရှိနေပါပြီလဲ။
လက်ရှိ  ရန်ကုန်စီးတီးတက္ကစီအသင်းရဲ့ အသင်းဝင်ပြီး အသင်းသားဦးရေ ၈၀ဝ၀ ကျော်ရှိ လာပြီဖြစ်ပါတယ်။YRTC၏ ကြီးကြပ်ကွပ်ကဲမှုနဲ့ စီးတီးတက္ကစီယာဉ်တွေရဲ့ တိုးတက်ရာ၊ တိုး တက်ကြောင်း အသင်းဝင်  ယာဉ်မောင်းတွေရဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက်ရရှိစေရေးတို့အတွက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ 

အသင်းရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေရှိရင် ပြောပြ ပေးပါဦး။
အသင်းဝင်အသင်းသားတွေ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း လိုက်နာနိုင်ရေး လုပ်ဆောင်နေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာနိုင်ဖို့အတွက်ကို မိုဘိုင်းအက်ပလီကေး ရှင်း ဖော်ဆောင်ရေး လုပ်ဆောင်နေပါတယ်။ မိုဘိုင်းအက်ပလီ ကေးရှင်းမှာလည်း အပိုင်းနှစ်ပိုင်းရှိပါတယ်။ ရန်ကုန်မှာရှိတဲ့ အစု အဖွဲ့လေးတွေနဲ့ လုပ်နေကြပါတယ်။ ခရီးသည်ကနေပြီးတော့ ဖုန်း နဲ့ ခေါ်လာတဲ့အခါကျရင် Call Center  ထားပြီးတော့ On Call  စနစ် နဲ့ခေါ်တဲ့ဟာက တစ်မျိုးပါ။ နောက်တစ်မျိုးကတော့ Booking နဲ့ သွားမှာပါ။ ခရီးသည်မှာလည်း  ့YCTC  အက်ပလီကေးရှင်းဆိုပြီး တော့ ထွက်လာလိမ့်မယ်။ ခရီးသည်မှာလည်း အက်ပလီကေးရှင်း ရှိသလို ယာဉ်မောင်းမှာလည်း အက်ပလီကေးရှင်း ရှိပါမယ်။ ခရီး သည်ကနေပြီးတော့ ယာဉ်မောင်းကို လှမ်းခေါ်လို့ရှိရင် တိုက် ရိုက်ခေါ်တဲ့စနစ်ပေါ့။ အဲပုံစံနှစ်မျိုးနဲ့ သွားနိုင်ဖို့အတွက် ကြိုးစား နေပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အသင်း အနေနဲ့ကတော့ ယာဉ်စည်းကမ်းတွေ ကောင်းမွန် အောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ ဆောင် ရွက်နေပါတယ်။ အခုလိုမျိုး စီးတီးတက္ကစီနဲ့ပတ်သက်တဲ့အသင်း ရှိနေတဲ့အတွက်  အခက်အခဲဖြစ်လာရင် အကူအညီတောင်းပါ။ကျွန်တော်တို့ တတ်အားသရွေ့  ရပ်တည်ပြီးတော့ တက္ကစီယာဉ် တွေအတွက် လုပ်ဆောင်ပေးသွားပါမယ်။

 

တိဗ္ဗ