Main menu

Background

"ပြည်တွင်းထုတ်ကုန်တွေကို များများထုတ်ပေးပါ။ ထုတ်ကုန် သေးသေးလေးတွေကို အစပြုပြီး ထုတ်လုပ်ပါ။ ကုမ္ပဏီတစ်ခုက ချက်ချင်း ကြီးလာတာ မဟုတ်ဘဲ သေးသေးလေးကနေ စကြတာပါပဲ"

Tue, 08/06/2024 - 14:40 -- journal_editor

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသည် ပြည်တွင်းရှိ လုပ်သားအများအပြားအား အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်သည့် ကဏ္ဍဖြစ်သည်။ ဂျပန်၊ ပိုလန်၊ စပိန်၊  ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံ စသည့် အနောက်နိုင်ငံများသည် မြန်မာအထည်ချုပ်များ အဓိကတင်ပို့သည့် ဈေးကွက်ဖြစ်သည်။၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ပြီး ချုပ်လုပ်ပြီး အထည်များကို နိုင်ငံပေါင်း ၁၀ဝ ခန့်သို့ တင်ပို့နိုင်ခဲ့သည်။သို့ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများ အများဆုံးဖန်တီးပေးလျက်ရှိသည့် ပြည်တွင်းအထည်ချုပ်ကဏ္ဍ၏ လတ် တလော အခြေအနေများ၊  ဈေးကွက်ထိုးဖောက်နိုင်ရေး သိကောင်းစရာများနှင့် စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းအား နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့်Royal Lucky Fish အထည်ချုပ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ပန်းအိဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ကနဦးအနေနဲ့ ကုမ္ပဏီရဲ့ အထည်ချုပ်လုပ်ငန်း အကြောင်းလေး ရှင်းပြပေးပါဦး။
လုပ်ငန်းကတော့ အထည်ချုပ်လုပ်ငန်းကို ဦးတည်ထား တယ်။ ဒီအထည်ချုပ်လုပ်ငန်းက  ပြည်တွင်းက လုပ်သားအများ အပြားကို အလုပ်အကိုင်အခွင့်အလမ်းအများဆုံးပေးနိုင်တဲ့ ကဏ္ဍ လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါတယ်။ နောက်ပြီး အထည်ချုပ် လုပ်ငန်းအပြင် အထည်ချုပ်နဲ့ဆက်စပ်တဲ့ လက်ဆောင်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ 
ပြည်တွင်းအထည်ချုပ်ကဏ္ဍရဲ့ လတ်တလော အခြေအနေလေး သိပါရစေ။
အထည်ချုပ်ကဏ္ဍမှာတော့ လူငယ်တွေ ပြည်ပကို  သွား ရောက်လုပ်ကိုင်ကြတယ်ဆိုတာက အသက်အရွယ်နဲ့လည်း ဆိုင် တယ်။ အဲလိုသွားတဲ့သူတွေမှာ ယောကျာ်းလေးတွေ သွားတာများ တယ်။ အသက်အရွယ်ငယ်တဲ့သူတွေဆိုရင် ကိုယ့်နိုင်ငံမှာ အလုပ် လုပ်ရင်လည်းရတယ်။ ဒါပေမယ့် အသက်ငယ်တုန်းမှာ ဗဟုသုတ ရှာချင်တယ်။ နောက်တစ်ခုက အသိပညာ၊ အတတ်ပညာရှာချင် တယ်။ ဒါကြောင့် နိုင်ငံရပ်ခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြည့် တယ်။ အဆင်ပြေတဲ့သူရှိသလို၊ အဆင်မပြေတဲ့သူလည်း ရှိပါ တယ်။ အဓိကတော့ မြန်မာနိုင်ငံမှာက  အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ မြင်တတ်တဲ့သူတွေ လုပ် တတ်တဲ့သူအတွက်တော့ လုပ်ငန်းတွေ အများကြီး ရှိပါသေးတယ်။ ပြည်ပကို ယောကျာ်းလေးအများစုသွားကြတယ်။ မိန်းကလေး အများစုက ဒီမှာနေထိုင်ပြီး မိသားစုနဲ့ လုပ်ကိုင်စားသောက်တဲ့ အတွက် ဝန်ထမ်းကိစ္စနဲ့ပတ်သက်ပြီး တည်ငြိမ်ပါတယ်။ တစ်စုံ တစ်ရာ ရိုက်ခတ်တာမျိုးမရှိပါဘူး။ အထည်ချုပ်က အသက် ၁၈ နှစ်ကနေ အသက် ၆၀ ထိက အလုပ်လုပ်လို့ရသလို လစာတစ်ခုရ နေတဲ့အတွက်ကြောင့် အလုပ်သမားကဏ္ဍနဲ့ ပတ်သက်ပြီး တည် ငြိမ်တယ်လို့ ပြောလို့ရပါတယ်။
လက်ရှိမှာ အထည်ချုပ်လုပ်ငန်းက  လက်ခစား ဃဏြ စနစ်နဲ့ သွား တာများတော့ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
အထည်ချုပ်ကဏ္ဍမှာ လက်ခစား ဃဏြ  စနစ်က ပစ္စည်း တင်မဟုတ်ဘဲနဲ့ ဂျက်ဖာပုံးတွေပါ အကုန်ပို့ပေးတာ။ နောက်စတေ ကာတွေပါ ကပ်ပေးရပြီးတော့ အထည်ဆိုဒ်တွေလည်း သေချာခွဲ ပေးလိုက်တာပေါ့။ ဒါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကသွားခဲ့တယ်။ ပရိုမိုးရှင်းကလည်း  သုံးတဲ့ကုမ္ပဏီတွေ သုံးကြပါတယ်။ နောက် တစ်ချက်က ယုဇနပလာဇာ၊ မင်္ဂလာဈေးတို့ကျတော့ အရည် အသွေးပိုင်းက အဆင်ပြေတယ်။ ဈေးနှုန်း မှန်ကန်တယ်။ တိကျ သေချာတယ်ဆိုရင် ပြန်ပြီးတော့ဆက်သွယ်တာပေါ့။ ကျွန်မတို့ အနေနဲ့ကုမ္ပဏီကြီးတွေကို   သွားပြီးတော့ ယူနီဖောင်းအပိုင်း ဝန်ဆောင်မှုပေးရတဲ့ လိုင်း၊ နောက်တစ်ခုက ဈေးကြီးများကို ပို့တဲ့ လိုင်း အဲဒီလိုမျိုးသွားနေပါတယ်။ တချို့တွေကလည်း လက်ခစား အနေနဲ့သွားတယ်။ ကျွန်မတို့ကျတော့ င်္ဥဃ စနစ်ပါ။သူတို့လိုချင် တဲ့ ပုံစံကိုပဲပြော အကုန်လုပ်ပေးရတာဆို တော့ ကျွန်မတို့ ကတော့ ဃဏြ၊ စနစ်နှစ်ခုစလုံးတော့လုပ်နေတယ်။ င်္ဥဃ စနစ်ပိုများတယ် လို့ပြောလို့ရတယ်။ ဈေးကွက်အနေနဲ့ကတော့  ရှားသွားတာမျိုး မဟုတ်ပါဘူး။ လုပ်တတ်ရင် လုပ်တတ်သလို ဈေးကွက်ရှိပါတယ်။ နောက် တစ်ချက်က တင်ဒါတွေပါ။ ကိုယ်ကြိုးစားရင် ကိုယ့်ကုမ္ပဏီ ခိုင်မာရင် တင်ဒါဆိုတာ လာတာပါပဲ။ တင်ဒါဆိုတာကတော့ ပြိုင်ဘက်တွေ အရမ်းများတယ်။ ဒါပေမယ့် တင်ဒါတွေကို ရ အောင် ကြိုးစားရင် ကြိုးစားသလိုဝင်ပါတယ်။ အခုဆိုရင် ကျောင်း တင်ဒါတွေရှိမယ်။  ကျောင်းတင်ဒါကတော့ ဘယ်တော့မှ တစ်ခု တည်းမရဘဲနဲ့  သုံးခုလောက်တော့ရတယ်။ ကိုယ့်ထုတ်လုပ်နိုင်တဲ့ ပစ္စည်းပေါ် မူတည်ပြီးတော့ ချပေးတာဆိုတော့လေ။ ဒါမျိုးလေး တွေလည်းရှိတယ်။ တင်ဒါဆိုတဲ့အခါမှာ ကျောင်းတင်ဒါနဲ့ မိုးရာသီ တင်ဒါတွေရှိတယ်။  နောက်အလုပ်တွေအများကြီးရှိတဲ့ အချိန် မျိုးတွေမှာလည်း တင်ဒါတွေရှိတယ်။ 
အထည်ချုပ်  အပါအဝင် ှနြ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းရှင်တွေကို ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ။
အသေးစား၊ အလတ်စားလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ချင်တာလဲ။ ဘာဖြစ်ချင်တာလဲဆိုတာကို သိအောင်လုပ်ပါ။  ထိတွေ့သင့်တဲ့သူ ဘယ်သူလဲဆိုတာကို တွေး ပေးပါ။ နောက်တစ်ချက်က အမြဲတမ်း အိမ်ထဲ အလုပ်ရုံထဲ မနေဘဲ နဲ့ အပြင်ကိုထွက်ပေးပါ။ လူမကြောက်ပါနဲ့။ ကိုယ်နဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေရှိရင် သွားရောက်လေ့လာပါ။ လုပ်ငန်းနဲ့ သက် ဆိုင်တဲ့သူတွေကို မကြောက်ဘဲ စကားပြောပေးပါ။ ကိုယ့်ကို ကူညီ လောက်တဲ့အဖွဲ့အစည်းတွေရှိပါတယ်။ ြွဥယ  ြွှုဥ အဖွဲ့ အစည်းတွေရှိတယ်။အခက်အခဲရှိနေတာတွေအတွက် စကားပြော ကြည့်ပါ။ နောက်တစ်ခုက ဘဝတူ ှနြ လုပ်ငန်း အချင်းချင်း စည်းလုံးပါ။ သူက ငါးပိရည်ထုတ်မယ်၊ ကိုယ်က ငါးပိရည်ထုတ် မယ်ဆိုရင် အတူတူပူးပေါင်းပြီး ပိုကောင်းတဲ့ ထုတ်ကုန်တွေ ထုတ် လို့ရပါတယ်။ လုပ်ငန်းတူရင် ပေါင်းလုပ်လိုက်ပါလို့ ပြောချင်ပါ တယ်။  ပေါင်းလုပ်ရင် ခေါင်းနှစ်ခေါင်းဆို လေးခေါင်းဖြစ်မယ်။ စုပေါင်းလုပ်ကိုင်ရင် ပိုပြီးတိုးလာမှာဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့ အခါမှာ ပိုပြီးပါတယ်။ အဓိကတော့အတ္တနဲ့ မာန နည်းနည်းလျှော့ ပြီးတော့ လုပ်စေချင်ပါတယ်။ ငွေရေးကြေး ရေးကဏ္ဍအတွက်က တကယ်လုပ်တဲ့သူတွေအတွက်ဆိုရင် ဘဏ်တွေက စီစဉ်ဖြည့်  ဆည်းပေးနေတာတွေရှိပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း အကူ အညီ ယူရပါတယ်။   ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာ သိအောင်လုပ်ပြီးတော့ ချဉ်းကပ်ပါလို့ အကြံပြုချင်ပါတယ်။
လုပ်ငန်းတွေရေရှည် ရပ်တည်နိုင်ရေး၊ ဈေးကွက်ထိုးဖောက်နိုင်ရေး အတွက် ဘယ်လိုမျိုး ပြင်ဆင်သင့်ပါသလဲ။
အဓိကတော့ စီးပွားရေးမှာ ကျရှုံးခြင်း၊ အောင်မြင်ခြင်းဆို တာ ကာလတစ်ခုနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ ကိုယ့်ခံယူ ချက်နဲ့ကိုယ် ဘယ်လောက်အထိ ဈေးကွက်ကိုနားလည်လဲ။ စီးပွား ရေး ကြီးကြီးသေးသေး ဈေးကွက်ကို နားလည်ဖို့ပဲအရေးကြီးတာ ပါ။ တကယ်ကို ဈေးကွက်ထိုးဖောက်ချင်တာဆိုရင် ပြည်တွင်းမှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။  ဒါပေမဲ့  မြင်တတ်ဖို့ လုပ်တတ်ဖို့လည်း လိုပါတယ်။ မြင်တတ်ပြီး လုပ်တတ်တယ်ဆိုရင် အခွင့်အလမ်းတွေက အများကြီးရှိပါသေးတယ်။  နောက်တစ်ခု ပြောချင်တာက ပြည်တွင်းထွက်ကုန်တွေကို များများထုတ်ပေးပါ။ ထုတ်ကုန်သေးသေးလေးတွေကို အစပြုပြီးထုတ်လုပ်ပါ။ ကုမ္ပဏီ တစ်ခုက ချက်ချင်းကြီးလာတာ မဟုတ်ဘဲ သေးသေးလေးကနေ စကြတာပဲ။ ဆိုင်သေးသေးလေးကနေ ဆိုင်ခွဲပေါင်းများစွာဖွင့်တဲ့ လုပ်ငန်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုချိန်မှာ ဒီလို မျိုးလုပ်ငန်းတွေ လုပ်လို့ရပါတယ်။ အခွင့်အရေးအများဆုံးလို့ မြင်ပါတယ်။ အခက်အခဲကို အခက်အခဲလို မမြင်ဘဲနဲ့ စိန်ခေါ်မှု ဆိုတာကို  မြင်ပေးပြီး ဒီစိန်ခေါ်မူကို ငါဘယ်လိုကျော်လွှားရမလဲ ဆိုပြီး သွားရင်တော့ အခုချိန်မှာ အလုပ်တွေအများကြီး လုပ်လို့ရ နေပါသေးတယ်လို့ ပြောချင်ပါတယ်။ အခက်အခဲကတော့ နိုင်ငံ တိုင်းမှာရှိပါတယ်။ အခက်အခဲကို အခက်အခဲလို့မမြင်ဘဲ ကြိုးစား ပေးပါ။ ကိုယ့်အတွက် နေရာတစ်နေရာကတော့ ဘယ်မှာပဲဖြစ် ဖြစ် ရှိနေပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ပြောချင်တာကတော့ ဘာအလုပ်မှ မလုပ်ရင် ဘဏ်တိုးက တော့ တက်မှာပေါ့။ ဘဏ်ကလည်း ဖြစ်မြောက်လောက်တဲ့လုပ်ငန်း လေးအတွက်ကို ငွေချထားပေးလိုက်တယ်။ ကိုယ်က ဘဏ်ကနေ ငွေယူလိုက်ပြီဆိုရင် အဲဒီငွေကို ဘယ်လိုသုံးမလဲလို့ စဉ်းစားပါ။ လုပ်ငန်း တွေက  ဒီလိုပါပဲ။ ဒီငွေကို ဘယ်လိုခိုင်း ရမလဲတွေးရပါ တယ်။ ငွေကို ခိုင်းတတ်ရပါတယ်။ ဘဏ်ကနေ ချေးငွေပြီးတော့ လုပ်စရာ အလုပ်မရှိရင် ဘဏ်ချေးငွေမယူပါနဲ့လို့ ပြောချင်ပါတယ်။ ဒီငွေသည် ကိုယ်ကသူ့ကိုမခိုင်းရင် သူ့ကကိုယ့်ကို ခိုင်းသွားပါလိမ့် မယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေက လုပ်ငန်း အသေး စားလေးတွေဆိုတော့ အခြားလုပ်ငန်းတွေထက် ပိုပြီးတွေးပေးရ ပါတယ်။ အဲ့ဒါလေးတွေ ပေးဆပ်ပြီးတော့မှ ဘဏ်ချေးငွေယူပါလို့ ပြောချင်ပါတယ်။ အခက်အခဲကတော့ လူတိုင်းရှိပါတယ်။ ရအောင် ကျော်လွှားပါလို့ ပြောချင်ပါတယ်။

 

တိဗ္ဗ