Main menu

Background

" ဒေသခံတွေရဲ့ အခြေခံလူမှုစီးပွားဘဝ မြှင့်တင်ရေးကို ရည်ရွယ်ပြီးတော့ လိုက်လံဆောင်ရွက်နေခြင်း ဖြစ်ပါတယ်"

Wed, 04/09/2025 - 11:31 -- journal_editor

Bajaj လူစီး သုံးဘီးကုမ္ပဏီ Project Manager ဦးမျိုးသီဟနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံလူမှုစီးပွားဘဝ မြှင့်တင်ရေးကိုရည်ရွယ်၍ ဘေးကင်းလုံခြုံသော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ြြေြေ အမှတ်တံဆိပ်လူစီးသုံးဘီးကုမ္ပဏီမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစီးသုံးဘီးယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင် ကျင်းပလျက်ရှိသည်။ ယင်းသို့ ဒေသခံများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်ရုံတည်ထောင်ထားပြီး အိန္ဒိယနိုင်ငံမှထုတ်လုပ်ကာ ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိသည့် Bajaj လူစီးသုံးဘီးကုမ္ပဏီ Project Manager ဦးမျိုးသီဟနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ရပါသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျင်းပနေတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာဧရိယာပြင်ပ ၁၃ မြို့နယ်မှာရှိတဲ့ လူစီးသုံးဘီးယာဉ်တွေဟာ အခုဆိုလို့ရှိရင် ခေါက်တိုသယ်ယူပို့ဆောင်ရေးစနစ်အနေနဲ့ မိသားစုဝင်ငွေကို တိုးတက်ရှာဖွေနိုင်တယ်။ဒီလိုတိုးတက်ရှာဖွေလာနိုင်တဲ့အချိန်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလေးတွေကို သိရှိခြင်းအားဖြင့် စနစ်တကျ မောင်းနှင်မယ်။နောက်ပြီးတိုင်း ဒေသကြီးအစိုးရရဲ့ မူဝါဒ၊ ဒေသန္တရအစိုးရတွေရဲ့ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ခြင်းအားဖြင့်မိမိရဲ့ ဝင်ငွေရရှိမှုကို မလျော့ပါးဘဲ ပိုမိုတိုးတက်ရှာဖွေနိုင်စေဖို့၊ဒေသခံတွေရဲ့ အခြေခံလူမှုစီးပွားဘဝမြှင့်တင်ရေးကို ရည်ရွယ်ပြီးတော့ လိုက်လံဆောင်ရွက်နေခြင်းဖြစ်ပါတယ် ။

အသိပညာပေးဟောပြောပွဲတွေ ကျင်းပခြင်းအားဖြင့် ဒေသခံတွေအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မှာပါလဲ။

သုံးဘီးယာဉ်မှမဟုတ်ပါဘူး။ စက်တပ်ယာဉ်မောင်းနှင်တဲ့သူတွေအားလုံး နေ့စဉ်ယာဉ်တွေနဲ့ သွားလာလှုပ်ရှားနေရတဲ့အချိန်မှာ ယာဉ်အန္တရာယ်ဆိုတာ မဖြစ်ရင် အကောင်းဆုံးပါပဲ။ ဒီလိုယာဉ်စည်းကမ်း လမ်းစည်းကမ်းလေးတွေ သိရှိသွားခြင်းအားဖြင့် သတိမူပြီးတော့ သွားလာခြင်းအားဖြင့် မိမိရဲ့ မိသားစု ၊ မိမိရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ နောင်အနာဂတ် ရည်မှန်းချက်တွေအတွက်မထိခိုက်အောင် ကြိုးစားရှာဖွေနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုး အသိပညာပေးဟောပြောပွဲတွေကို ဘယ်ဒေသတွေမှာဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။တိုင်းဒေသကြီးအနှံ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို နှစ်စဉ်အလိုက်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် ယာဉ်လမ်းကြောကြပ်တည်းတဲ့ အခြေအနေအပေါ်မှာ စနစ်တကျ မောင်းနှင်နိုင်ဖို့ဆိုပြီးတော့ ဒီလိုမျိုး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျန်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသဖြင့် အစဉ်သင့်တဲ့နေရာတွေ မှာလည်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ
တယ်။
လူစီးသုံးဘီးယာဉ်တွေကို ရန်ကုန်မြို့အပြင် အခြားမြို့နယ်တွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
မြန်မာနိုင်ငံမှာဆိုရင် သုံးဘီးယာဉ်လောကမှာ ြြေြေအမှတ်တံဆိပ် လူစီးသုံးဘီးယာဉ်တွေဟာ ရောင်းအားအကောင်းဆုံးယာဉ်တွေဖြစ်ပါတယ်။ ဒီယာဉ်တွေကို အိန္ဒိယနိုင်ငံက ထုတ်လုပ်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်လည်တပ်ဆင်ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်။ စက်ရုံကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာဖြစ်ပါတယ်။ဘားအံမြို့မှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ပြီးတော့နိုင်ငံဒေသ အနှံ့အပြားကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ဒီသုံးဘီးယာဉ်တွေက မူပိုင် DDSI စနစ်နှင့် ပလပ်နှစ်လုံးထိုး System ကိုအသုံးပြုထားတဲ့အတွက်ကြောင့် ဆီစားနှုန်း   သာမန်သုံး
ဘီးယာဉ်တွေထက် ၂၀ ရာခိုင်နှုန်း သက်သာတဲ့အပြင် လုံခြုံစိတ်ချရမှုရှိတယ်။ ယာဉ်ကြံ့ခိုင်မှုကောင်းမွန်တယ်။ အင်ဂျင်အအေးပေးစနစ်တွေရှိတဲ့အတွက်ကြောင့်မို့ တာရှည်မောင်းနှင်သော်လည်းအဆွဲအရုန်းကျမသွားဘူးဆိုတာ ကျွန်တော်တို့ မြညေိ ရဲ့ အထိမ်း အမှတ်တစ်ခုဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင်Dealer ၅၈ ဦးရှိပါတယ။် ရန်ကုန်တိုင်းဒေသကြီး မှာ ဆိုရင်တော့ စည်ပင်သာယာဧရိယာပြင်ပ ၁၃ မြို့နယ်များဖြစ်တဲ့ သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး၊တွံတေး၊ ဒလ၊ လှိုင်သာယာအပြင် ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်အရောင်းဆိုင်ရှစ်ဆိုင်ထိ ဖွင့်လှစ်ထားရှိပါတယ်။
သုံးဘီးယာဉ်တွေနဲ့ပတ်သက်ပြီး လိုင်စင်ရရှိရေးအပိုင်းမှာ ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသလဲ။
ကျွန်တော်တို့ကတော့ ရောင်းချတဲ့အချိန်မှာ ဝယ်ယူသူ(Customer) တွေအနေနဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေအတွက် စိတ်အေးချမ်းသာစွာ အဆင်ပြေစွာ မောင်းနှင်နိုင်ဖို့အတွက် ယာဉ်လိုင်စင်တင်မကဘဲနဲ့ လုပ်ငန်းလိုင်စင်အပါနဲ့ပါ ဆောင်ရွက်ပေးနေတဲ့အပြင် အခုဆိုလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီရဲ့အောက်Three WheelTaxi Associationဆိုတဲ့ အသင်းနဲ့ စတင်ဆောင်ရွက်နေပါတယ်။အသင်းဝင်ခြင်း၊ မှတ်ပုံတင်ခြင်းတွေ အားလုံးကို ကုမ္ပဏီကကျခံပြီးတော့မှ စနစ်တကျ ပြေးဆွဲနိုင်ရေး ကူညီဖေးမ ဆောင်ရွက်ပေး
လျက်ရှိပါတယ်။
စက်ရုံကနေ ဘယ်လိုအမျိုးအစား လူစီးသုံးဘီးယာဉ်တွေ ထုတ်လုပ်လျက်ရှိပါသလဲ။
ဘားအံမှာရှိတဲ့ စက်ရုံကနေ လူစီးသုံးဘီးယာဉ်တွေ တစ်ရက်ကို အစီးရေ ၇၅၀ တပ်ဆင်ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။အခုဆိုရင် အီးဗွီယာဉ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်လည်းရရှိပြီးဖြစ်ပါတယ်။ အဲဒီမှာလည်းအီးဗွီနဲ့ပတ်သက်ပြီး ဘားအံမှာ စက်ရုံတည်ဆောက်နေပါတယ်။မကြာခင်မှာလည်း ကျွန်တော်တို့ အီးဗွီယာဉ်တွေကို ဈေးကွက်မှာမိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီယာဉ်တွေဟာ တစ်နှစ်ကိုသောင်းဂဏန်းအထိ ထုတ်လုပ်ပြီးတော့ ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။ အဲဒါတွေကလည်း ဒေသရဲ့ ဝယ်လိုအားမရှိဘဲနဲ့မဖြစ်နိုင်ပါဘူး။ ဒေသအသီးသီးက ကြိုက်နှစ်သက်စွာနဲ့ တောင်းဆိုမှုတွေကြောင့် ရောင်းချပေးနေရခြင်း ဖြစ်ပါတယ်။ဒေသခံတွေအတွက် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေလည်း သိပါရစေ။
ဒေသတွင်းမှာရှိနေတဲ့ အဲဒီဘေးတွဲလေးတွေကလည်းသူတို့ရဲ့ စားဝတ်နေရေးအတွက် ရှာဖွေနေရတာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ယာဉ်လေးတွေကိုလည်းသူတို့ကနေပြီးတော့ တရားဝင်ပြေးဆွဲလို့ရတဲ့ ယာဉ်လေးတွေ ဝယ်ယူမောင်းနှင်နိုင်ဖို့ အစီအမံတွေ ဆောင်ရွက်နေပါတယ်။ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်ရေးကို ဘဏ်တွေနဲ့ ချိတ်ဆက်နေသလို Microfinance တွေနဲ့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်ဆိုင်မှာမဆို လက်ငင်းမဟုတ်ရင်တောင်မှ အရစ်ကျစနစ်နဲ့သွားရောက်ဆွေးနွေး ဝယ်ယူလို့ ရပါတယ်။ အချက်အလက်က
လည်း တစ်ရက်လောက်ပဲ စောင့်ရပြီး နောက်နေ့မှာ တန်းပြီးတော့ခွင့်ပြုချက်ကျနိုင်တဲ့ အခြေအနေအထိ ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ နောက်ပြီးBajaj  ဖေ့ဘွတ်ပေ့ဂျ်မှာလည်း အရစ်ကျဝယ်ယူနိုင်တဲ့အခြေအနေတွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို တင်ပြကြေညာထားတာရှိပါတယ်။ တဖြည်းဖြည်းနဲ့ အသွင်ကူးပြောင်း လာစေရေးအတွက် စည်းရုံးဆွဲဆောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ပတ်သက်ပြီးMicrofinance တွေနဲ့ ချိတ်ဆက်ထားပါ တယ်။ တိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုချက်ရရှိတဲ့ ငြခမသ်ငညညေခန တွေအပေါ် ရွေးချယ်ဝယ်ယူနိုင်အောင်ကုမ္ပဏီ လေးငါးခုနဲ့ MOU ထိုးပြီးတော့ ဆောင်ရွက်နေပါတယ်။ အခုချိန်မှာဆိုရင်Microfinance ၅၀ ရာခိုင်နှုန်း သွင်းပြီးတာနဲ့ဒီနေ့လျှောက်ထား မနက်ဖြန် ယာဉ်ရရှိရေးအစီအစဉ်တွေကိုလည်း ဆောင်ရွက်နေလျက်ရှိပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
တိုင်းဒေသကြီးအတွင်းမှာ သုံးဘီးယာဉ်တွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်ဖို့အတွက် နွေရာသီကာလမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးတွေ ဆောင်ရွက်ဖို့ လည်း စီစဉ်ထားတာရှိပါတယ်။ပြီးတော့ နိုင်ငံတော်မှာလိုအပ်တဲ့ ဘယ်အခြေအနေမှာမဆို ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။