Golden Kids Export Kids Wear and Accessories တည်ထောင်သူ ဒေါ်တာရာနှင့် တွေ့ဆုံမေးမြန်းခြင်း
လက်ရှိပြည်တွင်းဈေးကွက်ထဲတွင် အဝတ်အထည်များအား ရွေးချယ်ဝတ်ဆင်လာကြရာတွင် အဝတ်အထည်သစ် (Brand) များအား ဝတ်ဆင်ကြသလို Export အဝတ်အထည်များ လည်း ဝတ်ဆင်ဝယ်ယူကြမှု များပြားလာလျက်ရှိသည်။ Export အဝတ်အထည်များသည် ဈေးကွက်ထဲတွင် ဈေးနှုန်းအားဖြင့် သက်သာပြီး အရည်အသွေး Quality ကောင်းမွန်သည့်အတွက် လူကြိုက်များလျက်ရှိသည်။ သို့ဖြစ်ရာ ဈေးကွက်ထဲတွင် Export အဝတ်အထည်များအား ဖြန့်ချိလျက်ရှိသည့်Golden Kids Export Kids Wear and Accessoriesတည်ထောင်သူ ဒေါ်တာရာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်
ပြည်တွင်းဈေးကွက်ထဲExport အဝတ်အထည်တွေကို စတင်ဖြန့်ဖြူးဖြစ်ပုံလေး ရှင်းပြပေးပါဦး။
ဈေးကွက်ထဲမှာ Export အထည်တွေကို စရောင်းဖြစ်တာကတော့ အဓိကတေ့ာသားနဲ့သမီးကို အထည်လိုက်ဝယ်ပေးလိုက်တဲ့အခါမှာ တဲ့အခါမှာ Export အထည်တွေကို ဝယ်ပေးဖြစ်တယ်။ အဲလိုဝယ်ပေးလိုက်တဲ့အချိန်မှာExport အ အထည်ဆိုတာက Brand တွေလေ။ Brand တွေဆိုတော့ ဘာပဲပြောပြောH&M အမှတ်တံဆိပ်ကို ဝက်ဘ်ဆိုဘ်ကနေ မှာလိုက်တယ်ဆိုရင် တစ်ထည်ကိုကျပ်သိန်းနဲ့ချီကျတယ်။ အဲတော့ Export ထဲကနေကျတော့H&M ကိုပဲ ကျပ်တစ်သောင်းကျော်နဲ့ရတယ်။ Brand အရည်အသွေးကိုလည်း ရသလို ဈေးကျတော့လည်း အရမ်းကွာဟသွားတယ်။ အဲလိုမျိုး သားနဲ့သမီးအတွက် ဝယ်ပေးလိုက်ပြီးတော့မှ ကျွန်မ လည်း အရမ်းသဘောကျတဲ့အတွက် ကိုယ်တိုင်စရောင်းဖြစ်တယ်။ အဲလိုရောင်းရင်းနဲ့ လက်လီ၊ လက်ကား ရောင်းပေးတဲ့ ပုံစံမျိုးထိ ဖြစ်လာတာပေါ့နော်။Export မှာကကျတော့ ကိုရီးယား Brand အဝတ်အထည်တွေဆိုရင် အရမ်းကွာလတီကောင်းတယ်။ ကိုရီး
ယားနိုင်ငံရဲ့ထိပ်တန်းအရည်အသွေးရှိတဲ့ အထည်တွေ ဝင်လာတာပါ။ အဲလိုမျိုးBrand တွေဆိုရင် လူတော်တော်များများ ကြိုက်ကြတယ်။H&M ၊Uniqulo အများဆုံး ဝယ်ကြတာများတယ်။ ဒါပေမယ့် Export သည် နိုင်ငံတကာကို တင်ပို့တဲ့ဈေးကွက် ဖြစ် တယ်။ ဥရောပကို တင်ပို့တဲ့ Brand တွေက Cuttingတွေက ကြီး တယ်။ ကျွန်မအနေနဲ့ Export ဈေးကွက်ထဲကိုကျတော့ ပထမဦးဆုံး Origanizer အဖွဲ့တစ်ခုကနေပြီးတော့ ချိတ်ဆက်ပေးတဲ့အခါမှာ လာရောင်းကြည့်ပါဆိုပြီး ကိုယ်ကလည်း တစ်ခါမှ အပြင်မှာမရောင်းဖူးတဲ့အခါကျတော့ စပြီးလုပ်ဖြစ်တာပေါ့။ ဒီအတိုင်းအပြင်မှာလည်း ရောင်းသလို အွန်လိုင်းကနေလည်း ရောင်းပါတယ်။ နောက်ပြီးတော့ ဆိုင်မှာကိုယ်တိုင်ကိုယ်ကျ လာဝယ်ချင်တယ်ဆို လည်း ရပါတယ်။
အခုနောက်ပိုင်း Export အထည်တွေကို ဝယ်ယူဝတ်ဆင်ကြမှုမြင့်တက်လာတာ ဘာကြောင့်ပါလဲ။
ဘာဖြစ်လို့လဲဆိုတော့ Export အဝတ်အထည်တွေက ပစ္စည်းလည်းကောင်းသလို အရည်အသွေးကလည်း ဝက်ဆိုဘ်ထဲက အရည်အသွေးအတိုင်းရတယ်။ ပြီးတော့ ဘာဖြစ်လို့ Exportထွက်တာလဲဆိုတော့ နိုင်ငံခြားက အော်ဒါအပ်တဲ့သူတွေက ဒီဘက်က ချုပ်ရုံတွေကို အထည်တစ်သောင်း အပ်တယ်ဆိုပါစို့။ပိတ်စက ၁၁၀ဝ၀ ပေးလိုက်တယ်။ တစ်ထောင်ပိုသွားရော။သူတို့က တစ်သောင်း ရွေးယူသွားတယ်။ တစ်ထောင်ပိုသွားတယ်။ အဲဒါကို နထစသမအ ဆိုပြီးတော့ ရောင်းတယ်။ အဲတော့ အရည်အသွေးလည်းကောင်းတယ်။ ဒါပေမယ့် တစ်ခါတလေ ချည်ချော်တာလေးတွေ အစက်တစ်စက် အပေါက် သေးသေးလေးတွေတော့ ပါတက်တယ်။ ဒါပေမယ့်လည်း Brand ဟာ Brand ပါပဲ။ ဈေးကတော့ သက်သာသွားတယ်။ အခုနောက်ပိုင်း လူတွေကဘာဖြစ်လာလဲဆိုတော့ ဈေးလည်းသက်သာပြီး အရည်အသွေးလည်းကောင်းတဲ့အတွက် Export အဝတ်အထည်တွေကို ရွေးချယ် ဝယ်ယူလာကြတယ်။ တခြားတစ်ခုခုကို ဝတ်မယ့်အစား Export အထည်ကိုပဲ ဝယ်ပြီးဝတ်ဆင်ကြတယ်။ Export အထည်က ဝတ်လိုက်တဲ့အခါမှာလည်း အရမ်းကိုပဲ သက်သောင့်သက်သာဖြစ်တယ်။Exportသည် အရမ်းကို လှနေတာတော့ မဟုတ်ဘူး။ဒါပေမယ့် ဝတ်ရတဲ့သူတွေအတွက် အရမ်းကို သက်သောင့်သက်သာရှိပါတယ်။ အဲဒါကြောင့် ဈေးသက်သာပြီး Brand ဝတ်ရတဲ့ အထည်တွေကို ရွေးချယ်ဝယ်ယူလာကြတာဖြစ်တယ်။
Export နဲ့ ဘေထုပ်က ဘယ်လိုမျိုး ကွာခြားပါသလဲ။
အဓိကတော့ Export အထည်တွေကို မသိကြတာ။ဘာနဲ့မှားလဲဆိုတော့ ဘေထုပ်နဲ့မှားကြတာ။ Export လို့ပြောလိုက်ရင်မသိကြဘူး။ ဘေထုပ်သမားတွေမှာ တချို့သူတွေကလည်း မသိတဲ့အတွက် ဘေထုပ်ကို ရောချကြတာတွေရှိတယ်။ အဲတော့ ဝယ်တဲ့သူတိုင်းကို ပြောပြရတာတွေရှိတယ်။ တချို့ကျတော့လည်းExport ဆိုတဲ့သဘောတရားကို နားလည်တယ်။ ပြီးတော့ လာဝယ်ပြီဆိုတာနဲ့ ရှင်းပြရတယ်။ ဝယ်နေကျသူဆိုရင်တော့ ပြဿနာမရှိဘူး။ တချို့ကျတော့ Export ဆိုတာ ဘယ်လို၊ ဘေထုပ်ဆိုတာဘယ်လိုဆိုတာကို ရှင်းပြရတယ်။ အဓိက ကွာခြားချက်ကတော့ဘာကိုကြည့်ရင်သိမလဲဆိုတော့သူ့ဟာသူများသောအာဖြင့် ရှိတတ်တယ်။ ဘာပဲပြောပြောExport ဆိုတာ ဘယ်လို၊ဘေထုပ်ဆိုတာဘယ်လိုဆိုပြီး ဒီနှစ်ခုကွာခြားချက်တွေကို ဝယ်သူကို ရှင်းပြရတယ်။ အဲဒိလို ရှင်းပြလိုက်တော့သူတို့ သည်လည်းနောက်ပိုင်း Export ကိုဝယ်ယူကြတာများတယ်။ Export ကကျတော့ သူတို့ရဲ့ ထည့်ပေးတဲ့အိတ်တော့
မပါပေမယ့် ကျွန်မတို့ဘာသာ ထုပ်ပိုးမှုပုံစံနဲ့ လုပ်ပေးကြတာပေါ့။ဝက်ဆိုဘ်ကနေ ကြိုက်တယ်ဆိုရင်လည်း ဝက်ဆိုဘ်ကနေ မှာပေါ့။အဲလိုမှ မဟုတ်ဘူးဆိုရင်လည်း ဝက်ဆိုဘ်ကွာလတီအတိုင်း ဈေးသက်သက်သာသာနဲ့ ရချင်တယ်ဆိုရင်လည်း Export ကို ဝယ်ယူသင့်တယ်ပေါ့နော်။အဓိကတော့ ဈေးသက်သာသာနဲ့ ရစေချင်တယ်။ ပစ္စည်းကောင်းကောင်းလေးတွေကို အရည်အသွေး ကောင်းကောင်းလေးနဲ့ ရစေချင်တယ်။ အဲလိုသုံးချင်တယ်ဆိုရင်တော့ နထစသမအ ကိုဝယ်ယူစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Brand လည်းသုံးရတယ်။ တချို့အထည်တွေကို သုံးထားတဲ့ ပစ္စည်းလေးတွေကအစအရမ်းကောင်းတယ်။ ကျွန်မတို့လည်း ဒါနဲ့ပတ်သက်ပြီး လေ့လာရတယ်။ ကုမ္ပဏီတွေက ထုတ်လိုက်ကတည်းက တော်တော်လေးကောင်းတယ်။ ဈေးတွေဆိုရင်လည်း ကျပ်တစ်သောင်းဝန်းကျင်နဲ့ ရနိုင်မယ်။ ဆိုတော့ နထစသမအ အထည်တွေကို စိတ်ချလက်ချ သုံးလို့ရပါတယ်။ ဒါက ဘေထုပ်မဟုတ် ပါဘူးလို့ ပြောချင်ပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ကျွန်မက Export အထည်တွေနဲ့ ပတ်သက်ပြီး အရင်ကတည်းကလုပ်လာခဲ့တာပါ။ ဆိုင်မှာလည်း တစ်ခါတလေကျရင် ဒစ်စကောင့်ပေးတာတွေလည်းရှိတယ်။ Export အထည်တွေဆိုရင်လည်း ဂိုဒေါင်ရှင်း၊ လက်ကျန်ဖြတ်တာတွေလည်း အဲလိုမျိုးတွေလည်း ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်စေဖို့ မကြာခဏဆိုသလိုရောင်းချပေးပါတယ်။ ဝယ်ယူသူ ကာစတန်မာတွေကိုလည်း လက်ဆောင်တွေလည်း ပေးတယ်။ အမြဲတမ်းဝယ်တဲ့ဖောက်သည်တွေဆိုလို့ရှိရင်လည်း နှစ်ကုန်လို့ရှိရင် ှကမစမငျန လက်ဆောင်လေးတွေ မကြာခဏ အမြဲပေးဖြစ်တယ်။Export အထည်တွေက ဈေးလည်းသက်သာပြီး အရည်အသွေးလည်း ကောင်းတဲ့အတွက်ဝယ်ယူသင့်တယ်လို့ ပြောလိုပါတယ်။
တိဗ္ဗ