Hand I Craft သစ်သားဖိနပ်လုပ်ငန်း တည်ထောင်သူ ဒေါ်သဲသဲနှင့် တွေ့ဆုံမေးမြန်းခြင်း
ပြည်တွင်း၌ ထုတ်လုပ်သည့် လက်မှု(Handmade) ပစ္စည်းများထဲတွင် မြန်မာ့လက်မှုပညာများဖြစ်သည့် ပန်းချီ၊ ပန်းပု ပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် သစ်သား ဖိနပ်များသည် ဈေးကွက်ထဲတွင် လူကြိုက်များလျက်ရှိသည်။ထင်းရှူးသား၊ ယမနေသား၊ တောင်ပိန်းသား၊ ပိတောက်သားများအား ပန်းချီ၊ ပန်းပုအနုပညာများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် သစ်သားဖိနပ်များအကြောင်းအားHand I Craft သစ်သားဖိနပ်လုပ်ငန်း တည်ထောင်သူ ဒေါ်သဲသဲနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
မြန်မာ့လက်မှုပညာရပ်ဖြစ်တဲ့ ပန်းချီ၊ ပန်းပုပညာရပ်တွေနဲ့ ပေါင်း စပ်ထုတ်လုပ်ထားတဲ့ သစ်သားဖိနပ်လေးတွေကို ဘယ်လိုစိတ်ကူး လေးတွေနဲ့ တီထွင်ဖန်တီးဖြစ်တာပါလဲ။
ကျွန်မက ငယ်ငယ်လေးကတည်းက ပုံလေးတွေဆွဲတာ ဝါသနာပါတယ်။ ပထမဦးဆုံး နံရံတွေပေါ်မှာ ပန်းချီဆွဲတယ်။ ကိုယ်ဝါသနာပါတဲ့အရာလေးတွေကို ဘယ်လိုအသုံးချရင်ကောင်း မလဲစဉ်းစားတယ်။ ကိုဗစ်ဖြစ်သွားတဲ့အချိန်ကျတော့ အိမ်မှာပဲ ဘာလုပ်ရင် ကောင်းမလဲပေါ့။ အခြားအရာတွေလည်း စဉ်းစားမိ တယ်။ ဒါပေမယ့်လူတိုင်း နေ့စဉ်အသုံးပြုလို့ရတဲ့ ပစ္စည်းမဟုတ် တဲ့အခါကျတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားတယ်။ နေ့တိုင်း အလုပ်လည်းရှိပြီး အဆင်ပြေရမယ်ဆိုတော့ လူတွေ နေ့စဉ် အသုံးပြုလို့ရအောင် ဖိနပ်လေးတွေ ထုတ်မယ်ဆိုပြီးတော့ စဉ်းစားမိတယ်။ စစချင်းတော့ သစ်သားဖိနပ်လေးတွေ မထုတ် သေးဘူး။ ကိုယ်က ကာတွန်းတွေ ပန်းချီတွေ ဆွဲတတ်နေတဲ့အခါ ကျတော့ သူများ ခုံဖိနပ်လေးတွေအပေါ်မှာ ပန်းချီလေးတွေ ဆွဲ ဖြစ်တယ်။ ဒါပေမဲ့ သိပ်အဆင်မပြေဘူး။ ခုံဖိနပ်ကကျတော့ မလှ ဘူးပေါ့လေ။ အဲဒါနဲ့ ကိုယ့်အနီးနားဝန်းကျင်ကသူတွေ အကြံပေး တာနဲ့ သစ်သားလေးတွေကို ဖြတ်ပြီး တော့ ဖိနပ်လေးထုတ်ဖြစ် တယ်။ ပန်းချီဆွဲတာလည်း ဝါသနာပါတော့ ပန်းချီလေးတွေဆွဲရင်း အနီးဝန်းကျင်မှာရှိတဲ့သူတွေက သဘောကျလို့ မှာယူရင်းနဲ့ ဒီဖိနပ် လုပ်ငန်းကို ရေရှည်လည်ပတ်သွားတာပေါ့။
သစ်သားပေါ်မှာ ပန်းချီဆွဲပြီးတော့ ထုတ်လုပ်တဲ့ ဖိနပ်လေးတွေ အကြောင်း ရှင်းပြပေးပါဦး။
ပန်းချီ ၊ ပန်းပုဆိုတာကကျတော့ မြန်မာတွေရဲ့ အမွေအနှစ် ပညာရပ်တွေပါ။ သစ်သားဆိုရင်လည်း ပြည်တွင်းက ထွက်တဲ့ သစ်သားကို စပြီးသုံးလာတာပေါ့။ သစ်သားလေးတွေက ခါတိုင်း ဆိုရင်တော့ တောင်ပိန်းသား၊ ယမနေသားတို့ကို သုံးတယ်။ ယမနေသားကတော့ သစ်သားထဲမှာ အကောင်းဆုံးပေါ့။ ကျွန်း သားကကျတော့ သစ်မာအမျိုးအစားဖြစ်ပြီး အကောင်းဆုံးဖြစ် သလို ကိုယ့်နိုင်ငံကလည်းထွက်တယ်။ အဲဒါကိုတော့ ပန်းပုဆရာ တွေကနေ ထုလုပ်ပြီးတော့ ပန်းပုဖိနပ်လေးလုပ် ဖြစ်တယ်။ ထင် ရှူးသားကကျတော့ အသားဖြူတဲ့အခါကျတော့ ပန်းချီဆွဲလို့ရှိရင် ပိုပြီး ပေါ်လွင်တယ်။ အခြားတောင်ပိန်းသားတွေက ဆွဲလို့ရှိရင် ပေါ်တယ်။ဒါပေမဲ့အစစ်မရလို့ရှိရင်တော့ မပေါ်ဘူး။ ပန်းချီဆွဲဖို့ အတွက်ကျတော့ ထင်းရှူးသားမှာ ပေါ့ပါးတဲ့အသားလည်း ဖြစ်ရ မယ်။ ပိုးလည်း မစားရဘူး။ ပေါင်းသားလည်းဖြစ်ရမယ်။ အဲဒီ အတွက် ဒီထင်းရှူးသားမှာ ပန်းချီလေးတွေဆွဲပြီး ထုတ်လုပ်ဖြစ် တာပေါ့။
ဒီဖိနပ်လေးတွေ ရေရှည်ခံအောင် ဘယ်လိုမျိုး ဆောင်ရွက်ထား ပါသလဲ။
ဒီသစ်သားဖိနပ်လေးတွေကို ပထမဦးဆုံး စပြီး ထုတ်လုပ် ဖြစ်တာကတော့ ပထမဆုံး ထင်းရှူးသားကို ျွနခပခူန ဆိုင်မှာ သွား ဝယ်တယ်။ ဝယ်ပြီးလို့ရှိရင် သစ်သားကို လွှာရတယ်။ ပြီးတော့မှ ကိုယ့်ရဲ့ အလုပ်ရုံမှာ ဖိနပ်တစ်ရန်ချင်းစီကို ဖြတ်ရပြီးတော့ ကော် ပတ်စားရတယ်။ ကော်ပတ်စားပြီးတော့မှ ပန်းချီဆရာတွေ ဆွဲဖို့ အတွက်ကို င်္သမာအေ ကျအောင်လို့မှ ကွန်ပျူတာနဲ့ဒီဇိုင်းဆွဲတယ်။ ဒီဇိုင်းဆွဲပြီးမှ ပန်းချီကို တစ်ထပ်တည်းဆွဲပြီး အပေါ်မှာ မီးနဲ့ထပ်ဆွဲ တာပေါ့။ မီးနဲ့ဆိုတော့ ဖိနပ်လေးတွေက ရေစိုခံသလို အကြမ်း လည်းပိုခံပါတယ်။ ပြီး တော့မှ ပန်းချီဆရာတွေ ပန်းပုဆရာတွေက နေပြီးတော့ဆွဲ ရတာပေါ့။ ပန်းချီဆိုလည်း ပန်းချီပေါ့။ ပန်းပုဆို လည်း ပန်းပုပေါ့။ ပြီးမှ ရေရှည်ခံအောင်လို့ဆိုပြီးမှ လိုက်ကာတင် ပြီး သဲကြိုးတပ်တယ်။ အပြင်သွားလာလည်း စီးလို့ရအောင်၊ ပေါ့ ပေါ့ ပါးပါးလည်းဖြစ်အောင်၊ လူတိုင်းနဲ့လည်း လိုက်ဖက်မှုရှိအောင် ထုတ်လုပ်ထားပါတယ်။ အဲဒီအတွက် အရည်အသွေးပြည့်တဲ့ ဖိနပ် တစ်ရန်လည်း ရရှိလာတာ ဖြစ်ပါတယ်။
ဖိနပ်ဒီဇိုင်းနဲ့ပတ်သက်ပြီးလည်း သိပါရစေ။
ဒီဇိုင်းက ကျွန်မ အိုင်ဒီယာပေါ်တဲ့အခါကျ ဆွဲထားလိုက် တယ်။ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ဆွဲလာတာဆိုတော့ ဒီဇိုင်း အမျိုးပေါင်း ၁၀ဝကျော်ရှိနေပါပြီ။ အခုလက်ရှိမှာတော့ နောက် ဆုံးပေါ် ဒီဇိုင်းလေးတွေ ဆိုရင်လည်း ဆွဲပေးပါတယ်။ ကြိုက်တဲ့ ဒီဇိုင်းကို ဃကျအသာငဖန အပ်လို့ရပါတယ်။ ဖိနပ်တစ်ရန်ကို မှာယူမယ် ဆိုရင် ဒီဇိုင်းအပေါ်မူတည်ပြီး တစ်ရန်ကို တစ်ပတ်၊ ၁၀ရက် အချိန် ယူပါတယ်။ ဒီထက်အော်ဒါတွေ အရမ်းကျလာရင်တော့ နှစ်ပတ်၊ သုံးပတ်လောက်မှ ပြီးပါတယ်။ ကျွန်မတို့က ံညေိ ြေိန ဖြစ်တဲ့ အခါကျတော့ နည်းနည်းလေးတော့ အချိန်ယူရတယ်။ ဒါပေမဲ့ ဝယ်ယူသူ ဖောက်သည်တွေအနေနဲ့ သူတို့ရသွားတဲ့အခါကျရင် သူတို့စိတ် ကြိုက်ဒီဇိုင်းလေးနဲ့ ဖိနပ်ဖြစ်တဲ့အခါကျတော့ စိတ်ချမ်း သာပျော်ရွှင်တာ တွေ့ရပါတယ်။
အသေးစား၊ အလတ်စားလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြုံ တွေ့ရတဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါဦး။
အခက်အခဲကတော့ ဖိနပ်တွေကို ထုတ်လုပ်တဲ့နေရာမှာ ကိုယ့်မှာသာ စက်ပစ္စည်းတွေရှိတယ်ဆိုလို့ရှိရင် သစ်သားတွေကို တစ်ခါတည်း စက်နဲ့ဖြတ်လို့ရတယ်။ အခုကိုယ့်မှာက စက်ပစ္စည်း နဲ့ပတ်သက်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းဖြစ်တဲ့အခါကျ တော့ အခက်အခဲလေးတွေ ရှိပါတယ်။ ဒါ ပေမဲ့အသေးစားအလတ် စားလုပ်ငန်းတွေမှာ ဒီလိုမျိုး အခက်အခဲတွေက ရှိတတ်ပါတယ်။ ဒီလိုမျိုး စက်ပစ္စည်းတွေသာ ဝယ်ယူနိုင်မယ်ဆိုလို့ရှိရင် ပိုပြီး အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
ဈေးကွက်ထဲ ထိုးဖောက်မှုအခြေအနေရော ဘယ်လိုရှိပါသလဲ။
ဈေးကွက်ထဲမှာကတော့ လက်လီရောင်းချပေးနေသလို အွန်လိုင်းကနေမှာ ယူလို့ရှိရင်လည်း ရောင်းချပေးပါ တယ်။ အခု နောက်ပိုင်း အော်ဒါမှာယူတဲ့နေရာမှာ ပြည်ပဈေးကွက်ကို ထိုး ဖောက်ချင်တဲ့သူတွေအနေနဲ့ကလည်း ကျွန်မဆီမှာ လက်ကား မှာယူတာတွေလည်း ရှိပါတယ်။ အဲဒီအတွက် ဒီသစ်သားဖိနပ် လေးတွေရဲ့ ဈေးကွက်က တဖြည်းဖြည်းကျယ်ပြန့်လာနေပါတယ်။ ဒီဖိနပ်လေးတွေကိုလည်း အရမ်းစိတ်ဝင်စားကြတယ်။တွေ့တဲ့ သူတိုင်းကလည်း အသစ်အဆန်းပုံစံမျိုးဆိုတော့ ဝယ်ချင် စီးချင် ကြတယ်။ မြင်တဲ့သူတိုင်း စီးချင်တဲ့အတွက် ဈေးကွက်ကို ဒီထက် ပိုပြီးချဲ့ဖို့တော့ စဉ်းစားထားပါတယ်။ ကျွန်မနဲ့ အတူ လာရောက် ပူးပေါင်းမယ့်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။
ဖိနပ်ထုတ်ကုန်အသစ်တွေရော မြင်တွေ့ရဖို့ရှိပါသလား။
Hand I Craft ဆိုတဲ့ အဓိပ္ပာယ်က လက်မှုပညာကို ခွဲပြီး တော့ အိုင်ဆိုတဲ့ စကားလုံးနေရာမှာ ကျွန်မမှ မဟုတ်ဘဲနဲ့ တီထွင် သူတွေ၊ ပညာရှင်တွေအစား နာမ်စားသုံးထားတာဖြစ်ပါတယ်။ကိုယ်တိုင်လုပ်တဲ့ လက်မှု ပညာလေးဖြစ်တဲ့အတွက် ကျွန်မနဲ့အတူ ရှေ့လျှောက် ပူးပေါင်းပါဝင်မယ့်သူတွေကိုလည်း ဖိတ်ခေါ်လိုပါ တယ်။ နောက်ပိုင်း ကျရင်တော့ ဖိနပ်အမြင့်လေးတွေ ထုတ်ဖို့ရှိ တယ်။ သစ်သားနဲ့ ရှူးဖိနပ်တွေ ထုတ်ဖို့ရှိတယ်။ အကောင်အထည် ဖော်ပြီးရင်တော့ ချပြသွားဖို့ရှိပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ကျွန်မက ငယ်ငယ်လေးကတည်းက မြန်မာမှု ပညာရပ်တွေ ကို အလွန်စိတ်ဝင်စားတယ်။ ကိုယ်ကလည်း မြန်မာလူမျိုးဆိုတော့ ပန်းချီ၊ ပန်းပုပညာရပ်တွေကို အရမ်းသဘောကျတယ်။ ဒီလိုမျိုး ကိုယ်တတ် မြောက်ထားတဲ့ အနုပညာလက်ရာတွေကိုလည်း နိုင်ငံ တကာမှာ ချပြချင်တယ်ပေါ့။ ကိုယ့်မြန်မာနိုင်ငံမှာ လည်း ပန်းချီ၊ ပန်းပု ပညာရပ်တွေမှာ အရမ်းတော်တဲ့သူတွေရှိတယ်။ ဒါလေးတွေ ပြချင်တော့ ဘယ်လိုပြရင် ကောင်းမလဲဆိုပြီးစဉ်းစားတော့ ဒီဖိနပ် လေးတွေမှာ ပန်းချီဆွဲပြီးတော့ လုပ်လိုက်မယ်ဆိုပြီး ဖြစ်လာတာပါ။ ဒီဖိနပ်လေးတွေ ဘယ်ကထုတ်လုပ်လဲဆိုရင် မြန်မာပြည်က ထုတ် တာဆိုပြီး ဂုဏ်ယူနိုင်အောင်လို့ပါ။ မြန်မာပြည်မှာလည်း ဒီလိုမျိုး ပန်းချီ၊ ပန်းပုပညာရှင်တွေ ရှိတယ်ဆိုတာကို သိစေချင်တာလည်း ပါဝင်ပါတယ်။
တိဗ္ဗ
