Main menu

Background

ရေနံချောင်းဒေသက မြေပဲထွက်သလို ဆီအိုးကြီး ဒေသလို့လည်း ပြောလို့ရပါတယ်

Mon, 04/20/2026 - 12:47 -- journal_editor

MMT မြေပဲဆီလုပ်ငန်း တည်ထောင်သူ ဒေါ်မော်သီတာနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ အဓိကပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ  ပြည်တွင်းဈေးကွက်ထဲတွင် ရေနံချောင်း ဒေသ ထွက် မြေပဲဆီသန့်များအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်း ြွှ မြေပဲဆီ လုပ်ငန်းတည်ထောင်သူ ဒေါ်မော်သီတာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ရေနံချောင်းဒေသထွက် မြေပဲဆီလုပ်ငန်း စတင်လုပ်ကိုင်ဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
ကျွန်မတို့က  မိရိုးဖလာ ဆီစက်ဖြစ်တာက တစ်ကြောင်း၊ ကိုယ့်ရဲ့ မိသားစုဝင်တွေက ဒီဆီစက်မှာ  ဆီအကောင်းဆုံး၊ အသန့် ဆုံးတွေပဲ ထုတ်လုပ်ပေးတဲ့အတွက်တစ်ကြောင်း ဆီအိုးကြီးဒေသ ဖြစ်တဲ့ ရေနံချောင်းက မြေပဲအထွက်အများဆုံး ဒေသဖြစ်တဲ့ အတွက်  အားသာချက်တွေ အများကြီးရှိပါတယ်။ နောက်ပြီး မြေပဲဆီနဲ့ပတ်သက်ပြီး ဈေးနှုန်းကိုလည်း အချိုသာဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်။ဆီနဲ့ပတ်သက်ပြီး လူအများစုအတွက် လမ်းညွှန်ပေးထားတာတွေ ရှိပါတယ်။ အများပြည်သူအနေနဲ့ မြေပဲဆီ စားသုံးတဲ့အတွက် ဆိုးကျိုး တွေ  လုံးဝမရှိပါဘူး။ မြေပဲဆီ စစ်စစ်က တဖြည်းဖြည်းနဲ့ မြန်မာပြည်ရဲ့ ရိုးရာထုတ်ကုန် ဖြစ်လာ တော့မှာပါ။ 

ရေနံချောင်းဒေသက မြေပဲထွက်ရှိတာဆိုတော့ ကုန်ကြမ်းရရှိမှု အခြေအနေ ဘယ်လိုရှိပါသလဲ။
ကျွန်မတို့က မြေပဲစိုက်တောင်သူတွေကို ရောင်းချတဲ့ ပုံစံက အရင်တုန်းက လက်ကားပဲ ရောင်းချတာပါ။ အခုလောလောဆယ် ြွှ  နာမည်နဲ့ ထိုးဖောက်ရောင်းချတာက မြေပဲစိုက်တောင်သူ တွေကို အဓိက ပံ့ပိုးပေးချင်လို့ရောင်းချတာဖြစ်ပါတယ်။ ဒီရေနံ ချောင်းဒေသက မြေပဲထွက်တဲ့ ဒေသအမှန်အကန်ဖြစ်ပါတယ်။ ရေနံချောင်းဒေသက မြေပဲထွက်သလို ဆီအိုးကြီးဒေသလို့လည်း ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်ကလည်း ယာပိုင်မြေပိုင်နဲ့ မိရိုးဖလာ လုပ်လာကြတာပါ။ တောင်သူတွေ အနေနဲ့ကတော့  ကုန်သည်တွေနဲ့ ခေတ်အခြေအနေကြောင့်ပဲ ဒေသအစုံက မြေပဲတွေ အကုန်ထွက်နေတယ်ဆိုလို့ရှိရင် ဝယ်လို အားများပြီးတော့ ဈေးကျပါတယ်။နောက်တော့ မြေပဲထွက်အားက မြေပဲစိုက်ချိန် တုံးသွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ကုန်ကြမ်းတွေ လျော့ကျသွားတဲ့အတွက်  ဈေးတွေက တဖြည်းဖြည်းနဲ့ အတက် အကျလေးရှိတာပေါ့။ တောင်သူတွေအနေနဲ့ကတော့ မြေပဲထွက် အားကောင်းတဲ့အချိန်ရယ် ဈေးကောင်းရတဲ့အချိန်ရယ် အပေါ်မှာ ပိုပြီးတော့ အကျိုးကျေးဇူးရှိပါတယ်။ 

မြေပဲဆီဈေးကွက် ထိုးဖောက်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
မြေပဲဆီကို အွန်လိုင်းလူမှုကွန်ရက်ကနေလည်း သိကြတာ များလာသလို ဝယ်ယူသူ ဃကျအသာနမ အသစ်တွေလည်း တိုးလာ လျက်ရှိပါတယ်။ အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချပေးပြီးတော့ ငါးပိဿာနဲ့အထက်ဆိုရင်တော့ ပို့ဆောင်ခ အခမဲ့နဲ့ စီစဉ်ပေး လျက်ရှိပါတယ်။  မြေပဲဆီထွက်ရှိမှု  အနေနဲ့ကတော့ တစ်လကို ပိဿာချိန် နှစ်ထောင်၊ သုံးထောင်လောက် ထွက်ရှိပါတယ်။ဒီလိုမျိုး ထွက်ရှိမှုကလည်း လျှပ်စစ်မီးအခြေအနေအပေါ် မူတည်ပြီးတော့ ထွက်ရှိပါတယ်။ မြေပဲဆီကို  ကိုယ်စားလှယ်လည်း ပေးပါတယ်။ ၁၀ ပိဿာ၊ ငါးပိဿာ၊ သုံးပိဿာ၊ တစ်ပိဿာ  ဘူးတွေနဲ့လည်း ရရှိပါတယ်။ နောက်ပြီး မြေပဲဆီအပြင် နှမ်းဆီကိုလည်း ထုတ်လုပ် ရောင်းချပေးလျက်ရှိပါတယ်။ ဈေးကွက်ပိုင်း အခက်အခဲမှာက တော့ ဝန်ထမ်းအခက်အခဲရှိတယ်။ ဆိုင်တွေမှာကျတော့ ရက်မှန်  ကုန်တန်ဖိုးတွေမပေးသွင်းနိုင်တာတွေရှိတယ်။ ကျွန်မအနေနဲ့က တော့ ဈေးကွက်က အားလုံးနဲ့ အဆင်ပြေ အောင်အတက်နိုင်ဆုံး ဆောင်ရွက်တယ်။ လူကြည့်ပြီးတော့လည်း ကုန်ပစ္စည်းတွေ ချပေး တာတွေရှိတယ်။ နောက်ပြီး ကုန်စည်သယ်ပို့တဲ့နေရာမှာ ကျွန်မတို့ ကိုယ်တိုင် သယ်ယူနိုင်တဲ့ ကိုယ်ပိုင်ကားတွေ မရှိတဲ့အတွက် ကုန် သွယ်ရေးမှာ နည်းနည်းလေး အခက်အခဲရှိပါတယ်။ ဃကျအသာနမ တွေရဲ့ ဏမန-သမိနမ ရတာနဲ့ ဒီဘက်က ပို့လိုက်တာ မကိုက်တဲ့အခြေ အနေလေးတွေရှိပါတယ်။ အဲဒါကြောင့်မို့ ဘုရင့်နောင်ပွဲရုံမှာ ကုန် စည်တွေကို ငညျအသခု အပြည့်ထားရှိထားပါတယ်။

ရေနံချောင်းဒေသမှာ  ထွက်တဲ့ မြေပဲဆီစက်တွေ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်နေလဲဆိုတာ ပြောပြပေးပါဦး။
ရေနံချောင်းမှာ စက်မှုဇုန်တွေရှိပါတယ်။ အဲဒီစက်မှုဇုန် တွေမှာ ဆီစက်တွေ အကုန်လုံး လုပ်ကိုင်နေတာဖြစ်တယ်။ ဒီ မြေပဲ ဆီ ထုတ်လုပ်တာက ရေနံချောင်းဒေသရဲ့ အဓိက စီးပွားရေးလို့ လည်း ပြောလို့ရပါတယ်။ စက်မှုဇုန်တွေကနေ နေကြာကြိတ်တာ၊ နှမ်းကြိတ်တာ၊ မြေပဲကြိတ်တာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဆီစက်လုပ်ငန်းမှာပဲ နှစ်မြှုပ်ပြီးတော့ နိုင်ငံကို အထောက်အပံ့ဖြစ် အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

ရေနံချောင်းဒေသမှာ ဆီစက်တွေနဲ့ပတ်သက်ပြီး အဆင့်မြင့်တင် ဆောင်ရွက်နေတာမျိုးရော ရှိပါသလား။
ကျွန်မတို့ ဒေသမှာ ဆီစက်တွေကိုအဆင့်မြှင့်တာတွေက တော့ တချို့လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တချို့ကလည်း စိတ်ကူးပဲရှိသေးတယ်။  ဘာလို့လဲဆိုတော့  နည်းပညာတွေကို လေ့လာနေရတာတွေရှိပါတယ်။  နည်းပညာနဲ့   ပတ်သက်ပြီး အသင်း၊  အဖွဲ့တွေက နည်းပညာနဲ့ ပတ်သက်ပြီး ဟောပြောပို့ချ တာတွေရှိတာကိုသွားပြီး  လေ့လာတယ်။ နယ်တွေမှာက လုပ် ငန်းရှင်တွေက လက်တွေ့ကိုပဲ ဦးစာပေးတာလေ။ လျှပ်စစ်မီး လို အပ်ချက်ကြောင့် ဆိုလာလိုချင်တယ်ဆိုရင် ဆိုလာစနစ်ချပေးမှ ဆိုတော့ တချို့လုပ်ငန်းရှင်တွေက လေ့လာသင်ယူတုန်းရှိပါသေး တယ်။ ချေးငွေနဲ့ပတ်သက်ပြီးတော့ အသေးစား၊ အလတ်စား လုပ် ငန်းရှင်တွေကို နိုင်ငံတော်အနေနဲ့လည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

အသေးစား၊ အလတ်စား ြှနြ ပြပွဲတွေမှာ ပါဝင်ပြသခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
ကျွန်မအနေနဲ့လည်း မြေပဲဆီနဲ့ ပတ်သက်ပြီး အပြင်မှာ ရောင်းချတဲ့ဈေးနှုန်းထက် ပိုပြီး ဈေးသက်သာအောင် ရောင်းချ ပေးတဲ့အတွက် အသေးစား၊ အလတ်စား(ြှနြ) ဈေးပွဲတော် တွေမှာ အများပြည်သူကို မြေပဲဆီစစ်စစ်လေး စားသုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပြပွဲတွေမှာ ပါဝင်ပြသရောင်းချခြင်းအားဖြင့် ကျွန်မတို့လို ဒေသထွက် ထုတ် ကုန်တွေကို ရောင်းချတဲ့ ကုန်သည်တွေအတွက်က စီးပွားရေးမိတ် ဖတ်ပါတနာတွေပိုမိုရရှိပြီးတော့ ဈေးကွက်ပိုမိုကျယ်ပြန့်လာတယ်။ ကျွန်မတို့အနေနဲ့က တောင်သူတွေအတွက်လည်း အကျိုးရှိအောင် ဆောင်ရွက်တာဖြစ်တဲ့အတွက် ဈေးကွက်ပိုမိုရရှိလေ တောင်သူ တွေအတွက် အကျိုးရှိလေပဲဖြစ်ပါတယ်။

 ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။ 
ကျွန်မက အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဆိုတော့ ဈေးပွဲတော်မှာ ရောင်းချရင် သိမ်ငယ်သလိုဖြစ်တယ်။ ဒါပေမဲ့  အဘက်ဘက်ကနေ  ပံ့ပိုးပေးတာတွေရှိတော့ လမ်း ကြောင်းပေါ်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်သွားတာပေါ့။အမျိုး သမီးတိုင်း အသင်းဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ ဒါမှ အတွေ့အကြုံတွေရပြီး အဆင်ပြေလာမှာပါ။ နောက်မြေပဲ ဆီ  စားသုံးတဲ့သူတွေအနေနဲ့ ဘယ်တံဆိပ်ကိုပဲ စားသုံးပါစေ ကျွန်မတို့ ရေနံချောင်းဒေသကထွက်ရှိတဲ့ မြေပဲဆီဆိုရင် အရော အနှော ကင်းတယ်။ ဆိုးဆေးမပါဘူး။ လတ်လတ်ဆတ်ဆတ်ဖြစ်ပြီး ဈေးနှုန်းကလည်း ချိုသာတဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ အားပေး ဖို့ တိုက်တွန်းချင်ပါတယ်။ 

တိဗ္ဗ