Main menu

Background

ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပျားမွေးမြူရေးလုပ်ငန်း

Tue, 12/13/2011 - 04:34 -- Anonymous (not verified)

(ယခင်အပတ်မှ အဆက်)

အစာပေါများသည့် ရာသီနှင့် အစာပြတ်သောရာသီ  (Dearth period)
မိုးရာသီဖြစ်ပါက မိုးရေမကျစေရန် အမိုး အောက်တွင်ထားခြင်း၊ နွေရာသီဖြစ်ပါက ပူပြင်း သော နေရောင်ခြည်မှ ကာကွယ်ထားခြင်းတို့ ပြု လုပ်ရမည်။ အစာရရှိမှုနည်းပါက သကြားရည် တိုက်ကျွေးရမည်။ မိုးတွင်းအခါ၌ သကြားရည် အချဉ်ပေါက်တတ်သဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ကုန်နိုင်သော အတိုင်းအဆသာတိုက်ကျွေးရမည်။

ပျားအုံများအားမလိုအပ်ဘဲ မကြာခဏ အုံဖွင့်စစ် ဆေးခြင်းမပြုလုပ်ရ။ စစ်ဆေးပါကလည်း အချိန် တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းပြုရမည်။ ပျားအုံအား အချိန်ကြာမြင့်စွာ ဖွင့်ထားခြင်းဖြင့် အုံ အတွင်းအပူချိန် (Hive Temperature) ကျဆင်း ခြင်း၊ အစာလုယက်သောပျားများ လာရောက်ခြင်း တို့ဖြစ်ပေါ်စေတတ်ပါသည်။ အစာကျွေးခြင်းကို ညနေစောင်းတွင်သာ ပြုလုပ်ရသည်။ ပျားရည် ထွက်ရာသီအပြီးတွင် (Mite)  က မျဉ်းကောင် ရောဂါပိုးများ စတင်တွေ့နိုင်သဖြင့် အစာရှား ပါးသော ရာသီမရောက်မီ ကြိုတင်ကာကွယ်ကုသ ခြင်းပြုလုပ်ထားသင့်သည်။ ထိုသို့သော အချိန်ကာ လများတွင် အသုံးပြုသောဆေးများသည် ပျားရည် ဘောင်များတွင်ပါဝင်ခြင်းရှိနိုင်ပါက ပျားရည်ထုတ် ယူသော ရာသီမတိုင်မီ ဖယ်ရှားနိုင်ရန်အတွက် လည်းကောင်း၊ ဘောင်များကို သီးသန့်မှတ်သား ထားရမည်။ အင်အားကောင်းသောပျားအုံမှ အင် အားနည်းသော ပျားအုံများသို့ အတင်းဝင်ရောက် လုယက်ခြင်း ပြုလုပ်တတ်သဖြင့် ပျားစခန်းအတွင်း ရှိ ပျားအုံများအင်အားညီမျှစွာ  ရှိနေသင့်သည်။ ယခင်နှစ်အတွေ့ အကြုံအရ အစာရှားပါးသော ရာသီစတင်ချိန်ကိုမှတ်သား၍ ပျားရည်နောက်ဆုံး ထုတ်ယူခဲ့စဉ် လုံလောက်သော ပျားရည်ဘောင် များချန်ထားရမည်။ ပျားစခန်းတွင် ပျားအုံများ သင့်လျော်သလို အုပ်စုခွဲ၍ ချထားခြင်းပြုလုပ်ရ မည်။ ဤရာသီတွင် ပျားအုံများ လျော့နည်းပျက် စီးခြင်းရှိပါက ပျားအုံတိုးပွားရေးနှင့် ပျားရည်ထုတ် ယူရရှိမှုကို ကျဆင်းထိခိုက်စေနိုင်သဖြင့် ပျားအုံ များကို အမြဲမပြတ်ဂရုစိုက်ကြည့်ရှု၍ စောင့်ရှောက် နေရန် လိုအပ်သည်။ ပျားအုံများ ရာသီအလိုက် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပျားအုံ များ ပြုစုပျိုးထောင်ချိန်၊ ပျားရည်ထွက်ရာသီချိန် နှင့် အစာရှားပါးသော ရာသီချိန်တို့မှာ တစ်ခုနှင့် တစ်ခုဆက်စပ်လျက်ဖြစ်ပေါ်နေပြီး ရာသီတချို့ တွင် ချို့ယွင်းမှုရှိခဲ့ပါက နောက်ထပ်ဖြစ်ပေါ်မည့် ရာသီကိုလည်း လာရောက်ထိခိုက်စေနိုင်ပါသည်။ ထို့ပြင်မိမိတာဝန်ယူထိန်းသိမ်း စောင့်ရှောက်ရမည့် ပျားအုံများကို တစ်နှစ်ပတ်လုံး မျက်ခြည်မပြတ် ထိန်းသိမ်းခြင်းပြုမှသာ ပျားအုံများ တိုးတက်လာ နိုင်မည်ဖြစ်သည်။ ပျားအုံများ ရာသီအလိုက် ထိန်း သိမ်းစောင့်ရှောက်သော လုပ်ငန်းနှင့်အတူ ပျား စခန်း၏ အခြားလုပ်ငန်းများဖြစ်သော ပျားအိမ် အလွတ်၊ သစ်သားဘောင်နှင့် အခြားလိုအပ်သော ပစ္စည်းများ စုဆောင်းခြင်း၊ အသုံးပြုပြီး ဘောင် အလွတ်များ စနစ်တကျထိန်းသိမ်းခြင်း၊ ပျားစခန်း အနီးပတ်ဝန်းကျင်တွင်   အစာရှားပါးချိန်၌ အထောက်အပံ့ဖြစ်စေနိုင်ည့် ပျားစာပင်များ စိုက် ပျိုးခြင်း၊  ပျားစခန်းကို လေဒဏ်၊  မိုးဒဏ်နှင့် သဘာဝဘေးဒဏ်များ ကာကွယ်တားဆီးရန် စီစဉ် ဆောင်ရွက်ခြင်းတို့ကိုလည်း တစ်ပြိုင်တည်း ထမ်း ဆောင်သွားရမည်ဖြစ်ပေသည်။
ပျားကောင်ရေတိုးတက်အောင် ဆောင်ရွက်နည်း
အင်အားနည်းသော ပျားအုံများကို အချိန် တိုအတွင်း အင်အားကောင်းလာစေရန်အတွက် အောက်ပါနည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ် ပါသည်-
(က) နေရာလဲလှယ်ခြင်း  (Switching relocation)
ပျားအင်အားကောင်းသော ပျားအုံနှင့် အင် အားနည်းသော ပျားအုံကို နေရာလဲပေးခြင်းဖြစ် သည်။ အပြင်သို့ အစာရှာထွက်နေသော ပျားအုံမှ ပျားများသည် မူလနေရာသို့ ပြန်ဝင်ရောက် သဖြင့် နေရာလဲပေးခြင်းအားဖြင့် အင်အားကောင်းသော ပျားအုံမှ အစာရှာပျားများသည် အင်အားနည်း သော ပျားအုံသို့ဝင်ရောက်လာကာ အင်အားနည်း သော ပျားအုံတွင် အင်အားပိုမိုလာပါသည်။
(ခ)    ပျားအိမ်အထက်အောက် လဲလှယ်ခြင်း
ဤနည်းမှာ ပျားအိမ် နှစ်ထပ်ထက်ပိုသော ပျားအုံများအတွက်ဖြစ်ပါသည်။ ပျားအုံတစ်အုံတွင် သာမန်အားဖြင့် ပျားအုံ၏ အပေါ်ဘက်၌ သား လောင်းဧရိယာထည့်လေ့ရှိ၍  အောက်ဆုံးသား ပေါက်ခန်းတွင်  ပျားသလက်ဘောင်အလွတ်များ ထားရှိပါသည်။ ပျားအိမ် နှစ်ခုကို အထက်အောက် နေရာလဲပေးခြင်းဖြင့် ပျားဘုရင်မအပေါ်တက်၍ အုရန်နေရာရရှိလာမည်ဖြစ်သည်။ နှစ်ထပ်ထက် ပိုသော  ပျားအုံဖြစ်ပါက အပေါ်ဆုံးပျားအိမ်ကို အောက်ခံပြားပေါ်တွင်ထား၍ နေရာလွတ်များရှိ သော အောက်ဆုံးပျားအိမ်ကို အပေါ်ဆုံးတွင် တင် ရပါမည်။ ဤကဲ့သို့ပြုလုပ်ခြင်းကို ပျားရည်စုရန် ထပ်ဆင့်အိမ်များ မတင်မီအထိ ၁၀ ရက်တစ်ကြိမ် ဆက်တိုက် ပြုလုပ်နိုင်သည်။
(ဂ)    သားလောင်းဖြန့်ထုတ်ခြင်း  (Spreading brood)
ပျားဘုရင်မများသည် ပျားသလက်ဘောင် များတွင် ဥနှုန်းတက်လာသောအခါ အလယ်ပျား သလက်ဘောင်များတွင် သားလောင်ဧရိယာများ ၍ ဘေးဘက်ပျားသလက်ဘောင်များတွင် နည်း နေတက်ပါသည်။ ထိုအခြေအနေမျိုးတွင် နေရာလဲ ပေးခြင်းဖြင့် သားလောင်းဧရိယာအလယ်တွင် ပျား သလက်ဘောင်အလွတ်များ ထည့်ပေးခြင်း ပြုလုပ် နိုင်ပါသည်။
(ဃ)    အင်အားမျှပေးခြင်း(Equalization)
အင်အားကောင်းသောပျားအုံမှ ရုပ်ဖုံးသား လောင်းဘောင်များကို  ပျားအင်အားနည်းသော ပျားအုံအတွင်းသို့ ထည့်ပေးခြင်းဖြင့် အင်အားမျှ ပေးနိုင်ပါသည်။
(င) ပျားအုံပေါင်းခြင်း (Uniting)
(စ)    အစာကျွေးခြင်း (Feeding)
(ဆက်လက်ဖော်ပြပါမည်။)