Main menu

Background

ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပျားမွေးမြူရေးလုပ်ငန်း

Sun, 12/18/2011 - 11:30 -- Anonymous (not verified)

(ယခင်အပတ်မှအဆက်)

ထပ်ဆင့် ပျားအိမ်တင်ခြင်းနှင့် ပျားရည်ထုတ်လုပ်ခြင်း
ပျားရည်အမြောက်အမြားစုဆောင်းရန်အတွက် ပျားသလက်ဘောင် အလွတ်များထည့်ထားသော ပျားအိမ်အလွတ် စီစဉ်ပေးခြင်းကို ထပ်ဆင့် ပျားအိမ်တင်ခြင်းဟုခေါ်ပါသည်။ ထပ်ဆင့်ပျား အိမ်တင်ရာတွင် ထပ်ဆင့်ပျားအိမ်နိမ့် (Shallow Super)  နှင့် ထပ်ဆင့်ပျားအိမ်မြင့် (Deep Super) ဟူ၍ နှစ်မျိုးရှိပါသည်။ ထပ်ဆင့်ပျားအိမ် တင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    ပျားရည်သိုလှောင်ခန်းရရှိခြင်း။
    (ခ)    ပျားများ သင်းခွဲထွက်မှု မဖြစ်ပေါ်နိုင် ခြင်း။
    (ဂ)    ပျားဘုရင်မ ဥအုရန်နေရာရရှိခြင်း။
    (ဃ)    ပေါက်ပြီး  သားလောင်းဧရိယာတွင် ပျားရည်ဖြည့်ခြင်းဖြင့်  သားလောင်း ဧရိယာ ကျဉ်းသွားခြင်း။
ဝတ်ရည်ပေါများသော အချိန်တွင် ထပ် ဆင့်ပျားအိမ်တင်ရမည့်အချိန်များမှာ သားပေါက် ခန်းရှိ နောက်ဆုံးပျားသလက်တွင် ဝတ်ရည်ဖြည့် သည့်အချိန်နှင့် ပျားသလက်ဘောင်အပေါ်တန်း၌ ပျားဖယောင်းအဖြူများ တွေ့ရှိရချိန်တို့ဖြစ်ပါသည်။ ထပ်ဆင့်ပျားအိမ်တင်ရန်  ရက်အနည်းငယ် (သို့) တစ်ပတ်နှစ်ပတ်ခန့် နောက်ကျခဲ့ပါက ပျားရည် ထုတ်ပြီးကာလ၌  ပျားကောင်ရေနည်းပါးသော အင်အားနည်းပျားအုံအဖြစ်   ကျန်ရှိတတ်ပြီး နောက်တစ်ကြိမ်  အသစ်ထပ်တင်ပါက  သား ပေါက်ခန်းနှင့် ကပ်လျက်နေရာတွင်သာ  ထားရှိ ရမည်ဖြစ်ပါသည်။
ဝတ်ရည်မှည့်ခြင်း(Ripening of nector)
ပျားအုံအတွင်း၌ ပျားရည်ကို မရင့်မှည့်သော ပျားရည်နှင့် ရင့်မှည့်ပျားရည်ဟူ၍ နှစ်မျိုးတွေ့ရှိ နိုင်ပါသည်။ ဝတ်ရည်မှ ပျားရည်အဖြစ် ပြောင်းနေ ဆဲကာလရှိ ပျားဖယောင်းမအုပ်ရသေးသည့် ပျား ရည်ကို မရင့်မှည့်သော ပျားရည်ဟုသတ်မှတ်ပြီး ပျားရည်အဖြစ်ရောက်ရှိပါက ပျားဖယောင်းဖြင့် အုပ်ထားပြီးပါက ရင့်မှည့်ပျားရည်ဟု သတ်မှတ် ထားပါသည်။
ဝတ်ရည်မှ ပျားရည်အဖြစ်သို့ ပြောင်းလဲရာ တွင် ရုပ်ပြောင်းလဲမှုအပြင် ဓာတ်ပြောင်းလဲမှုလည်း ဖြစ်စေပါသည်။ ရုပ်ပြောင်းလဲမှုအနေဖြင့် ဝတ်ရည် တွင်ပါဝင်သော ရေခိုးရေငွေ့ပါဝင်မှု (Moisture Content)  ကို ၁၇ရာခိုင်နှုန်းအထိ လျှော့ချပေးပါ သည်။ ဓာတ်ပြောင်းလဲမှုမှာ ဝတ်ရည်၌ အဓိက သကြားအဖြစ်ပါဝင်သော  Sucrose   ကို ၎င်းတို့၏ ကိုယ်ရှိ  Inventive Enzyme အကူအညီဖြင့်  Glucose (Fructose)  သကြားအဖြစ် ဖြိုခွဲလိုက် ခြင်း ဖြစ်ပါသည်။
ထပ်ဆင့်ပျားအိမ်များ သိမ်းယူခြင်း
ထပ်ဆင့်ပျားအိမ်အတွင်းရှိ  ပျားရည်များ ရင့်မှည့်ပျားရည်  ဖြစ်လာသောအခါ၌  လည်း ကောင်း၊ ထပ်ဆင့်ပျားအိမ်ရှိ ပျားရည်ဘောင် တစ်ခုချင်း၏ ဧရိယာ 3/4 သည် ရင့်မှည့်ပျားရည် ဖြစ်လာသောအခါနှင့် စိုထိုင်းဆနည်းသော ဒေသ များ၌ ပျားရည်ဘောင်တစ်ခုချင်း၏ ဧရိယာထက် ဝက်ခန့်ရှိသောအခါ၌ လည်းကောင်း ထပ်ဆင့် အိမ်များကို သိမ်းယူရပါမည်။ ဝတ်ရည်ပေါများ သည့်ကာလ ကုန်ဆုံးသည်အထိ ထပ်ဆင့်ပျားအိမ် အတွင်းမှ ပျားရည်များပျားဖယောင်းဖြင့် မဖုံးသေး ပါက ရင့်မှည့်ပျားရည်မဖြစ်သေးပါက ၃-၄ ရက် ခန့် ဆက်ထားပေးရပါမည်။ သို့မဟုတ် ပျားရည်ကို ထုတ်ပြီး Humidity နည်းသောနေရာတွင် ထိန်း သိမ်းထားရပါမည်။
ပျားရည်ထုတ်လုပ်ခြင်း
ပျားရည်ဘောင်များမှ ပျားရည်ကို ထုတ်ယူ နိုင်ရန်အတွက် ရှေးဦးစွာ ပျားရည်ရှိသော ထပ်ဆင့် ပျားအိမ်များမှ ပျားများကို ဖယ်ရှားရပါမည်။ ပျား များကို ဖယ်ရှားရာ၌ (၁) ပျားခါဝက်မှင်ဘီး အသုံး ပြုခြင်း၊ (၂) ပျားလွတ်ကိရိယာကို  အသုံးပြုခြင်း၊ (၃) ဓာတုဗေဒပစ္စည်းများ အသုံးပြုခြင်းနှင့် (၄) လေမှုတ်ကိရိယာကို အသုံးပြုခြင်း စသည့် နည်း လေးမျိုးကို အသုံးပြုကြပါသည်။  ပျားသလက် ဘောင်ပေါ်ရှိ ပျားများကို ပျားခါဝက်မှင်ဘီးနှင့် ခါချနိုင်သော်လည်း စီးပွားဖြစ် မွေးမြူရာတွင် အသုံးမဝင်ပါ။ ပျားလွတ်ကိရိယာကို သိမ်းယူမည့် ထပ်ဆင့်ပျားအိမ်၏အောက်ဘက်၌ ပျားအိမ်မယူမီ ၂၄ နာရီကြိုတင်ထားရပါမည်။ ဓာတုဗေဒပစ္စည်း များ အသုံးပြုဖယ်ရှားရာ၌ ပြင်ပအပူချိန် ၈၀-၁၀၀ ဒီဂရီဖာရင်ဟိုက်တွင်  Diluted Prop ionic Anhydride  ကို လည်းကောင်း၊ ပြင်ပအပူချိန် ၆၅-၈၀ ဒီဂရီဖာရင်ဟိုက်တွင်  Ben Zoldehyde ကိုလည်းကောင်း အသုံးပြုပါမည်။ လေမှုတ်ကိရိ ယာမှာ လေဖိအား တစ်မိနစ်တွင် ၁၅၀၀ ကုဗပေ ရှိပြီး စီးပွားဖြစ်မွေးမြူရာတွင် အသုံးပြုကြပါသည်။ ထပ်ဆင့်ပျားအိမ်များစွာကို တစ်ပြိုင်တည်း လုပ် နိုင်၍ ပျားများထိခိုက်မှုနည်းပါသည်။
ပျားများကို ဖယ်ထုတ်ပြီးနောက် ပျားရည် များများထွက်လာစေရန် ပျားရည်ဘောင်မှ ပျား ဖယောင်းများကို စက်တွင်ထည့်၍ မလှည့်မီ ခွာပစ် ရပါမည်။ ပျားဖယောင်းခွာရာတွင် ပျားဖယောင်း လွှာဓား၊ ပျားဖယောင်းလွှာခက်ရင်းနှင့် အလို အလျောက် ပျားဖယောင်းလွှာစက်များကို အသုံးပြု နိုင်ပါသည်။        (ဆက်လက်ဖော်ပြပါမည်)