Main menu

Background

တညင်းကုန်းဈေးကြီး၌ ရောင်းချနေသော ကုန်ဈေးနှုန်းများနှင့်သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Thu, 10/13/2022 - 14:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာလ ၆ ရက်အတွင်း ညောင်တုန်း၊မှော်ဘီ၊သာရဝေါ၊ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊သုံးခွ၊ ပြည်၊လက်ပံတန်း၊မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ  အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရသည်။ထိုသို့ဝင ရောက် ရာတွင်ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀ဝ မှ ၁၆၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊   အာလူ း (ပိဿာ)ကျပ် ၁၇၀ဝ မှ ၂၆၀ဝ အတွင်း၊ မုန့်လာဥနီ(ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၈၀ဝအတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၈၀ဝ မှ ၃၅၀ဝအတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်းမုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၈၀ဝ အတွင်း၊  ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၂၀ဝ၀မှ၃၀ဝ၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၂၈၀ဝ မှ ၃၆၀ဝ အတွင်း၊  ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ)ကျပ် ၃၈၀ဝ မှ ၄၀ဝ၀ အတွင်း၊ချင်း(ပိဿာ)ကျပ် ၈၀ဝ မှ ၁၂၀ဝအတွင်း၊ ဆလပ်ရွက်(စီး)   ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စီး)ကျပ် ၅၀ မှ ၁၀ဝအတွင်း၊ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀ဝမှ ၁၈၀ဝ အတွင်း၊သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀ဝ အတွင်း၊ ငရုတ်သီးစိမ် း(ကျောက်စိမ် း) (ပိဿ ာ)ကျပ်၁၈၀ဝမှ၂၄၀ဝအတွင်း၊ဖရဲသီး(အကြီး၊ အလတ် ၊ အသေး) ကျပ် ၅၀ဝ မှ ၂၅၀ဝ အတွင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေး တွင် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ   ၄ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ  မြင်းခြံ၊ မိတ္ထီလာမှ ဖရဲသီး(၂၁၁)အလုံးကြီး ကျပ်၂၅၀ဝ မှ ၂၀ဝ၀ ၊  အလုံးလတ် ကျပ် ၁၈၀ဝ ၊ အလုံးသေး ကျပ် ၁၀ဝ၀ မှ ၈၀ဝ၊  ၆၀ဝ ၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီးကျပ် ၅၀ဝမှ ၄၀ဝ၊ အလုံးလတ် ကျပ် ၃၀ဝ၊ အလုံးသေ း၂၀ဝ မှ ၁၀ဝ၊ တိုက် ကြီးမှပီလောပီနံ တစ်ပိဿာ အလုံးကြီး  ကျပ် ၈၀ဝ၊ အလုံး လတ် ကျပ်၆၀ဝ၊ အလုံးသေး ကျပ်၄၀ဝ၊မော်လမြိုင်မှ ကျွဲကော သီး (ပန်းရောင်) အလုံးကြီး ကျပ် ၃၀ဝ၀ မှ  ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀မှ ၁၈၀ဝ၊ အလုံးသေး ကျပ် ၁၅၀ဝမှ၁၃၀ဝ၊ ၁၀ဝ၀ မှ ၇၀ဝ၊ ၅၀ဝ ၊ တိုက်ကြီးမှ ကျွဲကောသီး (အဖြူ )  အလုံးကြီး ကျပ် ၁၀ဝ၀၊ အလုံးလတ် ကျပ် ၆၀ဝ၊ အလုံးသေး ကျပ် ၄၀ဝမှ ၂၀ဝ၊ ရပ်စောက်မှ   သရက်သီး (ရင်ကွဲ) အိတ်စွပ်   အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၄၅၀ဝ၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ လုံးပါ  ကျပ် ၄၀ဝ၀ဝ၊ အလုံးသေး သေတ္တာ အလုံး ၉၀လုံးပါ ကျပ်၃၅၀ဝ၀၊ ရပ်စောက်မှ သရက်သီး(ရင်ကွဲ)  ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၃၀ဝ၀၊ အလုံး လတ် သေတ္တာ အလုံး ၆၅လုံးပါကျပ် ၂၈၀ဝ၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ပါ ကျပ် ၂၅၀ဝ၀၊ အလုံး ၁၀ဝ လုံးပါကျပ် ၂၀ဝ၀ဝ၊ ပြင်ဦးလွင်မှ နဂါးမောက်သီး(အနီ)အလုံးကြီး တစ် ဖာ ၁၈ လုံးပါ ကျပ် ၂၂၀ဝ၀၊ အလုံးလတ် ၂၄ လုံးပါကျပ် ၁၇၀ဝ၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၁၁၀ဝ၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ   မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်း (MVP)မှ သိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)၊ STDT(Yangon)