Main menu

Background

Monday, 18 May 2026

၂၀၂၆ ခုနှစ် မတ်လဆန်းမှစတင်၍ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံပြည်သူများ ဝယ်ယူစားသုံးသော ဆန်ဈေးနှုန်းများအား  သင့်တင့်မျှတမှုဖြစ်စေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအစီအစဉ်များကို အောက်ပါအတိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်မှသိရသည်။

Thursday, 9 Apr 2026

မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ ဝင်ရောက်လျက်ရှိပြီး မတ်လ နောက် ဆုံးအပတ်တွင်  ဆန်ဈေးနှုန်းမှာ  အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရ သည်။ 

Tuesday, 3 Mar 2026

ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင် သွင်းရသော မြို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 

Tuesday, 3 Feb 2026

ပြည်ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ကရင်မ၊ မှော်ဘီ၊ GW 11၊ ထိုင်းနှံကောက်၊ ကျောက်ရွေးစပါး၊ အင်းမ စသည့် ဧည့်မထစပါး မျိုးများဖြစ်သည်။၂၀၂၅-၂၀၂၆ ခုနှစ်တွက် ပြည်ခရိုင်တွင် ၂၂၆၄၉၇ ဧကစိုက်ပျိုး နိုင်ခဲ့သည်။

Tuesday, 3 Feb 2026

ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါး အများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၅၂သိန်း ကျော်စိုက်ပျိုးလျက်ရှိသည်၊   ထွက်ရှိလာသော စပါးများကို  ဆန်ကြိတ်ခွဲထုတ်လုပ်၍ ဒေသတွင်း စားသုံးမှု၊  ဖူလုံရုံသာမက  ပိုလျှံသည့်ဆန်များကို ပြည်ပဈေးကွက်  တင်ပို့ရောင်းချခြင်းနှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း   လစဉ် တင်ပို့ရောင်းချလျက်ရှိသည်၊

Monday, 1 Dec 2025

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန်အခြေခံတန်ဖိုးမြင့်  စား သောက် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။  

Monday, 1 Dec 2025

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဒေသထွက် ဆန်‌ဈေးနှုန်း ယခင် လထက် အနည်းငယ်တက်လာကြောင်း သိရသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ဈေးနှုန်းများအနေဖြင့် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၄၀ဝ၀ဝ၊ ပေါ်ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၂၀ဝ၀ဝ၊ ကမာ ကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၈၀ဝ၀ဝ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၇၀ဝ၀ဝ တို့ဖြင့် ရောင်းချနေပြီး ယခင် စက်တင်ဘာလ စတုတ္ထပတ်တွင် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၃၅၀ဝ၀၊ ပေါ် ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၁၅၀ဝ၀၊ ကမာကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၇၅၀ဝ၀ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၆၄၀ဝ၀ ဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်ကို နှိုင်း

Wednesday, 3 Sep 2025

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက် အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၅ သိန်းကျော် စုစုပေါင်းစိုက်ဧက ၅၂ သိန်းကျော် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

Wednesday, 3 Sep 2025

ရွှေဘိုခရိုင်အတွင်းတွင် သြဂုတ်လ စတုတ္ထပတ်တွင် စပါး/ ဆန်ဈေး နှုန်းများ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ် ၇၀၅၆၃ ၊ မန္တလေး သို့ ၄၂၆၉၉၊ နေပြည်တော်သို့ အိတ် ၁၀၃၀၊ ပဲခူးတိုင်းဒေသကြီးသို့ ၆၇၂၅ အိတ်၊ မကွေးတိုင်း ဒေသကြီးသို့ ၃၄၅ အိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ် ၁၄၄၄၀၊ ကချင်ပြည်နယ်သို့ အိတ် ၂၄၁၀၊ မွန်ပြည်နယ်သို့ ၆၄၅၅၊ ကရင်ပြည်နယ်သို့ အိတ် ၁၅၀ဝ၊ မူဆယ်သို့ အိတ် ၄၆၀၊ ဧရာဝတီသို့ ၁၂၅ အိတ်၊  စုစုပေါင်း အိတ်ရေ ၁၄၆၇၅၂၊ တန်အားဖြင့် ၇၃၃၈ တန် စီးထွက်ခဲ့ သည်။

Monday, 4 Aug 2025

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါး၊ နွေစပါးစိုက်ဧက ၅၂သိန်းကျော် စိုက်ပျိုး လျက်ရှိရာ ဒေသတွင်း စားသုံးမှုဖူလုံရေးသာမက ပိုလျှံသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကို ပြည်ပဈေးကွက်နှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း လစဉ် တင်ပို့ရောင်းချလျက်ရှိသည်၊

Pages