Main menu

Background

Friday, 11 Sep 2026

မွန်ပြည်နယ်အတွင်း ဆန်ဈေးကွက်အခြေအနေကို လေ့လာချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဆန်များစီးဝင်လျက်ရှိပြီ  သြဂုတ်လစတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင်တက်လျက်ရှိကြောင်း သိရသည်။ 
အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ သြဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း ၁၈၁၈၁ အိတ်၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း ၂၁၅၆၅ အိတ်၊  ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ ၂၁၃၈၅ အိတ်၊ စုစုပေါင်း  ၆၁၁၃၁ အိတ်၊  တန်ချိန်အားဖြင့် ၃၀၅၆ တန်ခန့် စီးဝင်ခဲ့သည်။ 

Friday, 11 Sep 2026

ပုသိမ်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသာ ဆန်စပါးဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊ သြဂုတ်လ ပထမပတ်အတွင်း ပေါ်ဆန်းစပါးတစ်တင်းလျှင် ကျပ် ၃၂၀ဝ၀-၃၄၀ဝ၀ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ ဈေးမှ သြဂုတ်လနောက်ဆုံးပတ်တွင် ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၄၀ဝ၀-၃၆၀ဝ၀၊ဆန်တစ်အိတ် ၁၃၅၀ဝ၀-၁၄၀ဝ၀ဝ ဈေးဖြစ်သည့်အတွက် ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်းသိရသည်၊ 

Friday, 11 Sep 2026

ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်ခရိုင်သည် မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး စပါးနှင့် ပဲမျိုးစုံကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ 
မြေသြဇာကောင်းမွန်ခြင်း၊ ရေအရင်းအမြစ်လုံလောက်ခြင်းနှင့် တောင်သူများ၏ စိုက်ပျိုးရေးအတွေ့အကြုံများကြောင့် နှစ်စဉ်အရည်အသွေးကောင်းမွန်သည့် စပါးများ ထွက်ရှိလျက်ရှိသည်။ 

Thursday, 13 Aug 2026

၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Thursday, 6 Aug 2026

စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက  ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိုပေါ် ဆန်းစပါးကို ဧကသုံးသိန်းခန့်  နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။

Thursday, 6 Aug 2026

မွန်ပြည်နယ်အတွင်း  ပြည်နယ်၏ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှဆန်များ စီးဝင်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း  အိတ် ၈၁၅၀၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း အိတ် ၂၀၈၀ဝ၊ ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ  ၁၉၁၉၂ အိတ်၊ စုစုပေါင်း  ၄၈၁၄၂ အိတ်၊ တန်ချိန်အားဖြင့်  ၂၄၀၇ တန်ခန့် စီးဝင်ခဲ့သည်။ 

Monday, 20 Jul 2026

တရုတ်စားသုံးသူများက ဒေသထွက်ဆန်များကို ဝယ်ယူကြခြင်းကြောင့် ဆန်ဈေးနှုန်းကိုတည်ငြိမ်စေပြီး ကျေးလက်လယ်သမားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်သည့် Roeu Chamroeun က ပြောကြားခဲ့သည်။

Tuesday, 14 Jul 2026

ပုသိမ်မြို့ ဆန်၊ စပါးဈေးကွက်တွင် ယခင်မေလ ဈေးနှုန်းထက် ဇွန်လနောက်ဆုံးပတ် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုရှိကြောင်း ဈေး ကွက်မှ သိရသည်၊ 
ယခင်မေလအတွင်း လူနည်းစု စားသုံးမှုရှိသော ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀- ၃၄၀ဝ၀ ဆန်တစ်အိတ်ကျပ်  ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ မိုးမနောသုခ၊ မျိုးပွားစပါး တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀-၁၇၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၅၀ဝ၀၊ နွေသီးထပ်ရင် စပါး တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀-၁၆၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ-၆၂၀ဝ၀ ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊

Tuesday, 14 Jul 2026

မြန်မာနိုင်ငံ၏အရေးပါသော ရေထွက်ကုန်နှင့် စားသောက်ကုန်ထုတ်လုပ်ရေးဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်တန်ဖိုးမြှင့် အစားအစာထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်လာလျက်ရှိပြီး  ဝယ်လိုအားမြင့်တက်လျက်ရှိသည်။ 

Monday, 13 Jul 2026

မိုးဦးကျ မြူနှင်းများကြားထဲတွင် ရှမ်းပြည်နယ်၏ တောင်ကုန်းတောင်တန်းများသည် လက်ဖက်ညွန့်အသစ်များဖြင့် စိမ်းလန်းနေသည်။ ကော်ဖီနှင့် ထောပတ်သီးကဲ့သို့ ခေတ်သစ်စီးပွားဖြစ်သီးနှံများ မည်မျှပင်ခေတ်စားလာသည်ဖြစ်ပါစေ  ရှမ်းတောင်တန်း၏ အသက်သွေးကြောအစစ်က ကမ္ဘာတည်သရွေ့ ရိုးရာမပျက်သည့် "လက်ဖက်ပင်" များပင်ဖြစ်သည်။ 

Pages