Background
ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန်နည်းခဲ့ပြီး ယခင် တစ်ပတ်က ပဲတစ်တင်းကို ၂၀၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်မှာတော့ ပဲ တစ်တင်းကို ၁၉၀၀၀ ကျပ်ဈေးသာ ရှိ ခဲ့ပြီး အခြားဒေသကြီးဘက်မှလည်း အဝင် လုံးဝမရှိတော့ဘဲ ဈေးကွက် အတွင်း လက်ကျန်ပြတ်လုနီးပါးဖြစ်တဲ့ အတွက် ရောင်းဝယ်မှုအနေနဲ့ကတော့ မြို့တွင်းလက်လီသမားများသာ အဝယ် ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ယခင်သီတင်းပတ်က ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၄၀ သာ ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်းမှာတော့ တန်ချိန် ၃၂၀ ကျော် ထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၈ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၆၅၀၀ ကျော်ပြီဖြစ်လို့ ယခင်ဘဏ္ဍာ နှစ် ကာလတူ တင်ပို့ခဲ့တဲ့ ပမာဏကို အမီ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန်FOB ဈေးကွက်မှာလည်း ယခင်တစ်ပတ်က တန်ချိန် ၂၃၀ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု တစ်ပတ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက် အထိမှာတော့ တန်ချိန် ၃၈၀ ကျော်အထိ အရောင်းအဝယ်စာချုပ် နိုင်ခဲ့ပါတယ်။ FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၂၅ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန်ကန် ဒေါ် လာ ၉၀၀-၉၂၀နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ဘက်မှာ ယခင်နှစ်က ပဲစင်းငုံစိုက်ဧက ၁၆၆၀၀ ကျော်ခဲ့ပြီး၊ တစ်ဧက ၁၁ တင်းနှုန်းနဲ့ တင်းပေါင်း တစ်သိန်းရှစ်ထောင်ကျော် ထွက်ရှိ ခဲ့ပါတယ်။ ပြည်ဈေးကွက်ကို ပဲစင်းငုံသစ်များ စတင်ဝင်ရောက်လာချိန်မှာတော့ တစ်တင်းကို ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်မှာတော့ ယခင်နှစ်ထက် စိုက်ဧက အနည်းငယ်တိုးကာ ၁၇၀၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရပါတယ်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ် နဲ့ အရောင်းအဝယ်မှာ ရက်ခြားသာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ် ပဲသစ်ပေါ်ချိန်ကစလို့ ယခုပဲသစ်ပေါ်ကာနီးအချိန်ထိ ပဲစင်းငုံမှာ ပုံမှန် အရောင်းအဝယ်သာဖြစ်ခဲ့တာကြောင့် တောင်သူများက ယခုနှစ်မှာတော့ ဈေး ကောင်းရပြီး၊ အရောင်းသွက်နိုင်ရန် မျှော်လင့်နေကြကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုရက်ပိုင်း ပဲစင်းငုံဈေးနှုန်းကျဆင်း နေပေမဲ့ ယာယီမျှသာ ဖြစ်နိုင်ပြီး လာမယ့်ရက်များမှာတော့ ဆက်လက်ကျဆင်း နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာ ဂူဘာကာဘက်မှ ဝင်ရောက်လာတဲ့ ပဲအသစ်များကို ပဲခွဲစက်များမှ ဝယ်ယူဖို့ စိတ်ဝင်စားမှု အားနည်းတာကြောင့် ဈေးကျဆင်းတယ်လို့ သိရပါတယ်။ အချို့ဒေသမှ ဝင်ရောက်လာတဲ့ ပဲစင်းငုံများမှာ ပဲအပျက်အစီးများ ပါဝင်တဲ့ အတွက် ဈေးလျှော့ချရောင်းကြတယ်လို့ သိရပါတယ်။ ပဲခွဲစက်များမှာ ပဲစင်းငုံအသစ် သိုလှောင်လက်ကျန် နည်းနေပြီဖြစ်တဲ့အတွက် ဈေးထပ်မံကျဆင်းဖွယ်မရှိကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၄-၁၁-၁၁ ၂၃-၁၁-၁၁ ၂၂-၁၁-၁၁ ၂၁-၁၁-၁၁မွန်ဘိုင်း ၆၂၃ ၆၂၄-၆၂၉ ၆၃၉ ၆၄၉ဒေလီ ၆၈၅-၆၉၀ ၆၆၇-၆၈၆ ၆၆၁-၆၆၃ ၆၇၁-၆၇၃ချန်နိုင်း ၆၂၈ ၆၁၉ ၆၁၉ ၆၂၉MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်သွက်နေ တဲ့ ပဲကတော့ ပဲစင်းငုံ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အထိ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တန်ချိန် ၁၃၂၀၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ ပမာဏထက် ကျော်လွန်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲစင်းငုံအသစ်တချို့ ဝင်ရောက်မှုရှိပေမဲ့ အရည် အသွေးပျက် ပါဝင်မှုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယပဲစင်းငုံဝယ်ယူတဲ့ အာဖရိကမှာလည်း ပဲစင်းငုံအထွက်လျော့တယ်လို့ သိရပါတယ်။ ကာလရှည်မှာ အရည်အသွေးကောင်းတဲ့ ပဲစင်းငုံများ ပြန်လည် အရောင်းအဝယ်သွက်လာနိုင် တယ်လို့ အချို့က ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကတော့ အခြားပဲဈေးများ နဲ့အတူ လျှော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂၅-၁၁-၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၄၄၀-၄၆၀၁၈-၁၁-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀MIRT(MAPT)
ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၂၇၀၀ ခန့်ကို တင်ပို့မှု လျှော့ကျခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်းမှာတော့ ပဲစင်းငုံတန်ချိန် ၉၅၀၀ ထိ ပြန်တက်လာခဲ့ပါတယ်။ အခြားပဲ တင်ပို့မှု လျော့ကျနေရာမှ ပဲစင်းငုံ ကတော့ ပဲအားလုံးထဲမှာ ပမာဏအများဆုံး တင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီး စီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၅၅၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၉၇ သန်းနီးပါး ရရှိခဲ့ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းမှာတော့ တန်ချိန် ၆၆၂၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆၃ သန်းကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာလည်း ပုံမှန်ပမာဏနဲ့ တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT-MAPT
ပြည်ရဲ့ပဲဈေးကွက်မှာ မတ်ပဲအဝယ်နည်းနေပြီး ပဲဈေးမှာ ယခင်တစ်ပတ်ထက် ဈေးပိုလျော့လာကာ ပဲတစ်တင်းကို ၁၄၅၀၀ ကျပ်ဈေးသာရှိတာကိုတွေ့ရပါတယ်။ မြို့တွင်းပွဲရုံများသို့ ပဲအဝင်မရှိတော့ဘဲ အရောင်းအဝယ်လည်း နည်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ကလည်း ဈေးမကောင်းတဲ့အတွက် ထုတ်ရောင်းချမှု နည်းတာကြောင့်တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့်သာ အရောင်းအဝယ်ရှိပြီး ရန်ကုန် ဝယ်လက်လည်း အေးနေတယ်လို့သိရပါတယ်။ မျိုးသမားများ အဝယ်ရှိပြီး ပဲတစ်တင်းကို ၁၈၀၀၀ ကျပ်ဈေးနဲ့ ယခင်နှစ်ကလောက် အဝယ်မရှိဘူးလို့ သိရပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၉၂၀ ခန့်သာရှိပါတယ်။ မိမိအေး
ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်ထိ အရောင်းအဝယ်ပြန်တက်လာခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်းမှာတော့ တန်ချိန် ၆၂၀၀ ကျော်စာချုပ်ချုပ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဘက်မှလည်း ယခုရက်ပိုင်းဈေးပြန်ကျနေသလို မြန်မာ မတ်ပဲတချို့ အရည်အသွေးပြဿနာရှိနေတယ်လို့ သိရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုပါးနိုင်ပြီး အိန္ဒိယမှာ ပဲလက်ကျန်လျော့ မယ့် ဒီဇင်ဘာလ နှောင်းပိုင်းလောက်မှာတော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်နိုင် တယ်လို့ခန့်မှန်းကြပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေတန်ဖိုး လျော့ တာ ကြောင့် ရန်ကုန် FOB မတ်ပဲဈေးလည်း သိသိသာသာကျဆင်းလာပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၅-၁၁-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀၁၈-၁၁-၁၁ ၆၆၀-၆၈၀ ၇၀၀-၇၂၀MIRT(MAPT)
ယခင်သီတင်းပတ်က မတ်ပဲတင်ပို့မှု အနိမ့်ဆုံးပမာဏ တန်ချိန် ၂၅၀၀ ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၆၅၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်အချို့ က တင်ဒါအတွက် ဝယ်ယူမှုအချို့ရှိနေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ ပမာဏအားဖြင့် တန်ချိန် ၄၅၈၀၀၀ ကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၃၄၈ သန်းကျော်ရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၃၁၆၀၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၆ သန်းသာရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ မတ်ပဲတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
ပြောင်းအပြင် ပဲနဲ့နှမ်းများကိုလည်း ဖောက်စစ်ပေးစေလိုတဲ့ဆန္ဒ မူဆယ်ကုန်သည်များမှာ ရှိနေတယ်လို့ ကုန်စည်ဒိုင်မှူး ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး မူဆယ်စခန်း တာဝန်ခံက ပဲပြောင်းနှမ်း ကုန်စည်ဒိုင်မှာ ပြောင်းအပြင် အခြားပဲနဲ့ နှမ်းများပါ ဈေးကွက်ဖြစ်ပေါ်အောင်ကြိုးစားဖို့လိုအပ်ကြောင်း၊ ပြောင်းဈေးကွက် မိမိဘက်ဖြစ်ပေါ်ရေး ကုန်သည်များကုမ္ပဏီများ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ NGO များကို မြေတောင်မြှောက်ပေးနေချိန်မှာ ဌာနဆိုင်ရာက မူဘောင်နဲ့အညီ ကူညီပံ့ပိုး ပေးနေသလို အသင်းအဖွဲ့များက ကြိုးပမ်းအားထုတ်ကြဖို့လိုကြောင်း ပြော ကြားပါတယ်။ ပဲနှမ်းဈေးများမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးများဖြစ်နေ တဲ့အတွက် နေ့စဉ်တစ်ဘက် ကုန်သည်နဲ့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း ဈေးဖွင့်ရန်လိုအပ်ကြောင်း၊ ဝယ်ယူတဲ့ နိုင်ငံမတူလျှင် ဈေးနှုန်းလည်း မတူနိုင်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ်ဈေးကွက် မဖြစ်သေးတာကြောင့် ဈေးနှုန်းလည်း မဖွင့်နိုင်သေးဘဲ ဖြစ်နေတာလို့ စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ပဲနဲ့နှမ်းကို မိမိဘက်ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ကုန်သည်များက ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ပဲနဲ့နှမ်းကို ပြောင်းကဲ့သို့ ဈေးကွက်ဖြစ်ပေါ်ရေး၊ မိမိအကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ တစ်ဦးကောင်းမလုပ် ကြရန်နဲ့ တစ်ဖက်ကုန်သည် လာရောက်ဝယ်ယူတဲ့အဆင့်သို့ရောက်ရှိရေး ကုန်စည်ဒိုင်နဲ့ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်းလို့ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)
