Background
ကမ္ဘာ့သကြားထုတ်လုပ်မှုပိုမို၍ ဈေးနှုန်းအားနည်း သကြားရောင်းအားကျပြီး ဈေးနှုန်းလည်းအားနည်းလာကြောင်းသိရပါတယ်။ ကမ္ဘာ့အဓိက သကြား ထုတ်လုပ်တဲ့ နှစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးနဲ့အိန္ဒိယကို ဈေးကွက်က စောင့်ကြည့်နေကြောင်းသိရပါတယ်။ အိန္ဒိယရဲ့အဓိကသကြားထုတ်လုပ်တဲ့ မဟာရာရှ်ထရာမှာ ၂ဝ၁၁-၁၂ မှာ သကြားတန်ချိန် ၉ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး သကြားတန် ၈၂ ဒသမ ၅ သန်း ထပ်မံရရှိနိုင်မယ့် ကြံစိုက်ဧရိယာတွေ တိုးခဲျ့နေကြောင်းလည်း သိရပါတယ်။ ၂ဝ၁၁ မှာ အိန္ဒိယရဲ့ ကြံစိုက်ဧရိယာတွေ ဟက်တာ ၅၁ ဒသမ ၁၃ သိန်းရှိကြောင်း၊ စိုက်ပိုျးရေး ဝန်ကြီးဌာနမှသိရပါတယ်။ အီတလီမှာ အထွက်နှုန်းကျနိုင်ပေမဲ့ ကမ္ဘာ့အထွက်နှုန်းတက်နိုင်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဘရာဇီးရဲ့အထွက်နှုန်းက ၁ဝ စုနှစ်အတွင်း အပင်အိုတွေကြောင့် ပထမဆုံးအကြိမ် ကျဆင်းနိုင်ပါတယ်။ ဒီလိုထုတ်လုပ်မှုကျတာက တစ်နည်းအားဖြင့် ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်းသိရပါတယ်။ အောက်တိုဘာ လအတွက် သကြားဖြူဈေးက တစ်တန်ကို ၇၂၉ ဒေါ်လာရှိကြောင်းသိရပါတယ်။ ၂ဝ၁၁- ၂ဝ၁၂ မှာ သကြားထုတ်လုပ်မှုပိုလံျှနိုင်တယ်လို့ခန့်မှန်းပြီး၊ သုတေသီအများစု ကတော့ သကြားအလားအလာ ကျဆင်းမယ်လို့ ပြောနေကြကြောင်း သတင်းရရှိပါတယ်။ K.Z.W,Source: commodity online
၁ဝ စုနှစ် ၂ စုကျော်မှ ရော်ဘာစိုက်ပျိုးရေးအား ပြန်လည်သုံးသပ် ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁ဝ စုနှစ် ၂ ခုကျော်ကတည်းကစိုက်ပျိုးခဲ့တဲ့ ရော်ဘာစိုက်ခင်းတွေကို နိုင်ငံရဲ့ ရော်ဘာပြန်လည် စိုက်ပျိုးရေးအစီအစဉ် မြှင့်တင်ဖို့ ပြန်လည်သုံးသပ်ပြီး ကြမစေ့ေ တက္ကသိုလ် ကိုတာဝန်ပေးခဲ့ကြောင်းသိရပါ တယ်။အကဲဖြတ်မှုကို ၁၉၈၉ မှ ၁၉၉၄ မှာပထမအကြိမ် ၊ ၁၉၉၇ မှ ၂ဝဝ၁ အထိမှာ ဒုတိယအကြိမ်နဲ့ ၂ဝဝ၄ ခုနှစ်ကုန်မှာ တတိယအကြိမ် စိုက်ပျိုးခဲ့တဲ့ ရော်ဘာစိုက် ဧရိယာ ရိုင် ၁၁ သန်းမှာ ၄ လကြာကွင်းဆင်းလေ့လာပြီး စိုက်ပျိုးသူတွေအတွက် အခက်အခဲစွန့်စားမှုတွေကို ရှာဖွေဖော်ထုတ်မှာဖြစ်ကြောင်း စိုက်ပိုျးရေးဒုဝန်ကြီးကပြောခဲ့ပါတယ်။ ဒီစီမံကိန်းဧရိယာ ၁၁ သန်းက နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာရှိတာဖြစ်ကြောင်းသိရပါတယ်။ ဒီသုံးသပ်ချက်က အစိုးရသစ် အတွက် လာမယ့်သုံးနှစ်မှာ နိုင်ငံတစ်ဝန်းတိုးခဲျ့ စိုက်ပျိုးမယ့်ရိုင် ၈ သိန်းအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးဒုဝန်ကြီး က ရော်ဘာပြန်လည်စိုက် ပျိုးရေးထောက်ပံ့မှု ရန်ပုံငွေ ( ORRAF) ရုံးအနေနဲ့ အစိုးရသစ်ရဲ့ အစီ အစဉ်အတွက် ရန်ပုံငွေပိုမိုရှာဖွေသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ( ORRAF) ရဲ့ စီမံကန်းအရ စိုက်ပျိုးသူတွေရဲ့ ပျိုးပင်နဲ့ ဓာတ်မြေသြဇာအတွက် ဘတ် ၃ ဒသမ ၉၇ သန်းသုံးစွဲမှာဖြစ်ပြီး ပထမ ၃ နှစ် စိုက်ပျိုးရေးမှာ တစ်ရိုင်ကို ၃၅၂၅ ဘတ် ထောက်ပံ့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိရန်ပုံငွေအရ စရိတ်ငွေမြင့်တက်မှုကြောင့် ရန်ပုံငွေမလုံ လောက် ကြောင်းသိရပါတယ်။ ပျိုးပင်တွေဈေးကြီးပေမယ့် တချို့သာ စိုက်ပျိုးသူတွေက ၎င်းတို့ကိုယ်ပိုင်ငွေနဲ့ စိုက်ပျိုးလိုကြကြောင်း နဲ့တောင်သူတွေက ရော်ဘာ စိုက်ပျိုးရေးရိုင် ၇ သောင်းလောက်စိုက်နိုင်ပြီး ယခုနှစ်လျာထားချက်က စိုက်ဧရိယာ ရိုင် ၂ သိန်းဖြစ်ကြောင်း ( ORRAF) ရဲ့ ညွှန်ချုပ်ကပြောကြားခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးဖို့ရှိနေတဲ့ ရိုင် ၁၃ဝဝဝဝ ကိုလာမယ့် နှစ်မှာမှ စိုက်ပျိုးနိုင်တော့မှာ ဖြစ်ပြီး ယခုနှစ်အတွက်ကတော့ စိုက်ပျိုးဖို့နောက်ကျနေပြီး လောလောဆယ် မိုးနည်းနေတာကြောင့် အခက်တွေ့နေကြောင်း သိရပါတယ်။ Source: Bangkokpost,KZW
ကူးပါးတာယာကုမ္ပဏီမှ ဒုတိယသုံးလပတ်တွင် အမြတ်ငွေကျဆင်း ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီက ၎င်းရဲ့ ဒုတိယသုံးလပတ်မှာ ကုန်ကြမ်းစရိတ်မြင့်မားတာကြောင့် ရောင်းအား ကောင်းပေမယ့် ဝင်ငွေထိုးကျခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမြတ်ငွေက ဒေါ်လာ ၁၁ ဒသမ ၅ သန်းရှိပြီး ယခုနှစ်အစောပိုင်းက ဒေါ်လာ ၄၄ ဒသမ ၁ သန်းအထိရှိခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ ဒုတိယ ၃ လပတ်မှာ ရခဲ့တဲ့ ရောင်းရငွေ ဒေါ်လာ ၈ဝ၄ သန်းထက်တော့ ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး ရောင်းရငွေ ဒေါ်လာ ၉၂၂ ဒသမ ၂ သန်း ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ကုမ္ပဏီအနေနဲ့ စိန်ခေါ်မှု ၂ ခုနဲ့ ရင်ဆိုင်နေရကာ တစ်ခုကဝယ်လိုအား ကျဆင်းတာ ဖြစ်ပြီးနောက်တစ်ခုကတော့ ကုန်ကြမ်းဈေးနှုန်း မြင့်တက်တာဖြစ်ကြောင်း ကူးပါးရဲ့ ဃနဥ က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေက တာယာလုပ်ငန်းတွေအတွက် အသစ်အဆန်းမဟုတ်ပဲ မိမိတို့အနေနဲ့ အရင်ကတည်းက အောင်မြင်စွာ ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း၊ ဒီစိန်ခေါ်မှုတွေက ကုမ္ပဏီကို ဖိအားပေးနိုင်တာကလဲ တစ်ခဏတာသာဖြစ်ပြီး မိမိတို့အနေနဲ့အောင်မြင် ဆောင်ရွက်နိုင်မယ့် စွမ်းအားတွေရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကူးပါးကုမ္ပဏီ အနေနဲ့ ၂ဝ၁ဝ ခုနှစ်က ထုတ်လုပ်မှုထက် ၂ဝ၁၁ ခုနှစ်မှာ ၁ဝ ရာခိုင်နှုန်းလျော့ထုတ်လုပ်မှာဖြစ်ပြီး ကုန်ကြမ်း စရိတ်ကလည်း တတိယသုံးလပတ်မှာ ဒုတိယသုံးလပတ်ထက် ၅ ရာခိုင်နှုန်း ဆက်လက်မြင့်တက်မယ်လို့ ခန့်မှန်းထား ကြောင်း သတင်းရရှိပါတယ်။ Source:Internet,KZW
ယခုအပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဘက်နိုင်ငံသို့ သြဂုတ် ၃ ရက်မှ ၉ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၃၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၄၄၉ တန်ခန့် တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၁၅၅ တန်၊ MSR-20 ၁ဝ၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၁ဝဝ အပို့ရှိခဲ့ ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၁၃၈ဝဝ ၃၄၁၃၈ဝဝ - - ၄၅၇၇ ၄၅၇၉ ၂ ဝ .ဝ၄RSS-5 ၃၃ဝဝ၃၁၉ ၃၄၁၃၈ဝဝ ၁၁၃၄၈၁ ၃ ၄၄၂၁ ၄၄၂၅ ၄ ဝ .၁MIRT (DOBT)
ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၂၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၇၂ သန်းကို မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန် ၆ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ် တန် ၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီလည်း ဖြစ် ပစ္စည်းပြတ်ပြီး လက်ကျန်လည်းနည်းတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၃၆ဝ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-5 နဲ့MSR -20 ကို တစ်တန်လျှင် ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ အသီးသီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ KZW