Main menu

Background

Sunday, 21 Aug 2011

ပြည်ဈေးကွက်အတွင်း (မိုးထောင်)ငရုတ်ခြောက်များသာအဝင်ရှိ                   ယခုတစ်ပတ် ပြည်ငရုတ်ခြောက်ဈေးကွက်အတွင်း နေပြည်တော်၊ တပ်ကုန်း၊ ရွှေတောင်ဘက်မှ တင်သွင်းလျက်ရှိ သော (မိုးထောင်)ငရုတ်ခြောက်များသာ ၂၅ ပိဿာဝင် အိတ် ၃ဝဝ ခန့် ပုံမှန်အဝင်ရှိ၍ အရောင်းအဝယ်မှာ တစ်ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၃ဝဝ ခန့်အား ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ်တင်ပို့မှုအပါအဝင် တစ်ပတ်ချင်းအဝင်ကို လက်ကျန်မရှိ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင် များအနေဖြင့် (မိုးထောင်)ငရုတ်မှာ ဈေးခိုျပေမဲ့ မိုးတွင်းကာလ မိုးစိုလို့ မှိုလိုက် တဲ့ အတွက် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ (မိုးထောင်)ငရုတ်ခြောက်တစ်ပိဿာကို ၂၃ဝဝ-၂၅ဝဝ ကျပ် တို့ဖြစ်ပြီး ယခုအပတ်မကွေးတိုင်းဒေသကြီး၊ အောင်လံဘက်မှ ငရုတ် ခြောက်(အရှည်)ဝင်ရောက်မှု မရှိဘူးလို့ သိရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 21 Aug 2011

ဝယ်လိုအားကျဆင်း၍ အိန္ဒိယနနွင်းဈေးကျ                နနွင်းထုတ်လုပ်တဲ့ ဒေသတွေကနေ ကုန်ပစ္စည်းရောက်ရှိလာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားနည်းပြီး၊ နနွင်းဈေးကျခဲ့ကြောင်းသိရပါတယ်။ အမျိုးသားကုန်စည်ဒိုင် (NCDEX)ရဲ့ သြဂုတ်လအတွက် အရောင်းအဝယ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၆၂၁၄ ဖြစ်ပြီး၊ ဝ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဝယ်လိုအားကျပြီး ထုတ်လုပ်မှု မြင့်တာကြောင့် အခိုက်အတန့်မှာ ဈေးနှုန်းအတွက်ဖိအား ရှိပေမယ့် လာမယ့် ရက်သတ္တပတ်များမှာ ဝယ်လိုအားတက်လာပြီး၊ ဈေးနှုန်းကို အထောက်အပံ့ပေးနိုင်ကြောင်း မျှော်လင့်နေကြပါတယ်။ အန်ဒရာပရာဒေ့ရှ်မှာ စတင်စိုက်ပျိုးနေပြီး အခြေအနေ ကလည်း အားရကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မုတ်သုံအားကောင်းခြင်းကလည်း စိုက်ပျိုးရေးကို ပံ့ပိုးပေးကြောင်း သိရပါတယ်။ စိုက်ပျိုးတဲ့ ဧရိယာ ပမာဏကလည်း ဈေးကွက်ဈေးနှုန်းပေါ်မူတည်ပြီး တကယ်လို့ ဈေးဆက်လက်ကျဆင်းမယ် ဆိုရင်တောင်သူတွေကအခြားသီးနံှတွေဖြစ်တဲ့ ဝါဂွမ်း၊ ပဲပုပ်အစရှိတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးမှာဖြစ်တာကြောင့် စိုက် ဧရိယာ ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်တယ်လို့သိရပါတယ်။  K.Z.W,Source: commodityonline 

Sunday, 21 Aug 2011

မူဆယ်တက်မဲ့ ဟိုပုံးနနွင်းဈေးမာလာ               ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာ ဈေးနည်းနည်းတက်လာပါတယ်။ မူဆယ်ကိုပို့ဖို့အတွက် မန္တလေးဝယ်လက်တွေက ဟိုပုံး နနွင်းကို ဝယ်ယူနေတာကြောင့် ဟိုပုံးနနွင်းစက အရင်တစ်ပတ်ကထက် ၁ဝဝ ကျပ်ဈေးတက်လာ ပါတယ်။ မန္တလေး ဝယ်လက်တွေကလည်း ဟိုပုံးနနွင်းချည်းကိုပဲ အချိန် ၃ သောင်းခန့် ဝယ်ယူသွားတယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက တစိမ့်စိမ့် အရောင်းထွက်နေတာကြောင့် လက်ကျန်ကလည်း ၄-၅ သောင်းသာ ကျန်တော့တယ်လို့သိရပါတယ်။ ပင်လောင်းနနွင်း၊ အောင်ပန်းနနွင်းတွေကတော့ လက်ကျန်သိန်းချီပြီးကျန်နေတာရယ်၊ ဝယ်လိုအားကလည်း သိပ်မရှိတာကြောင့် ဈေးကလည်း ဒီထက်ထပ်တက်ဖို့မရှိနိုင်ဘူးလို့ ခန့်မှန်းနေကြပါ တယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်းဈေးက တစ်ပိဿာကို ၁၆ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၇ဝဝ ကျပ်ရှိပြီး၊ ပင်းတယ၊ အောင်ပန်းနနွင်းက တစ်ပိဿာ ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 21 Aug 2011

ဝယ်လက်အဆွဲအေးနေတဲ့ ကျောက်ဆည်နနွင်းတက်                 ယခင်နှစ်က ပြည်ပဝယ်လိုအားကောင်းခဲ့တဲ့ ကျောက်ဆည်နနွင်းတက်ဟာ ယခုနှစ်မှာတော့ ပြည်ပဝယ်လို အား အေးတဲ့အတွက် သီးနံှပေါ်စမှစ၍ ဈေးအေးနေခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာလက္ကားဈေး ၂၂ဝဝ ကျပ်ရှိခဲ့ရာက ယခုတစ်ပတ် ၂ဝဝဝ ကျပ် ဝန်းကျင်သာရှိကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် စစ်တွေနဲ့ မူဆယ်တို့မှ အဆွဲများလေ့ရှိတာကြောင့် ယခုနှစ် တရုတ်ဝယ်လက်သာ အဝယ်လိုက်ပြီး တရုတ်ဝယ်လက်မှာလည်း ပုံမှန်ထက် အဆွဲနည်းတယ်လို့ သိရပါတယ်။                 ယခုလအတွင်း လဆန်းပိုင်းမှစ၍ လလယ်ပိုင်းအထိ ကုန်ချိန်ပိဿာ ၁ဝဝဝဝ ဝန်းကျင်ပါ ကား ၃ စီးသာ တင်နိုင်ခဲ့တဲ့အတွက် ဒေသတွင်း လှောင်လက်သမားများ လက်ကျန်များနေသေးကြောင်း သိရပါတယ်။ သင်းးသင်းးမြတ် 

Sunday, 21 Aug 2011

နနွင်းတန် ငါးဆယ်ကျော်တင်ပို့             သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန်၊ မလေးရှားကို ၁၃ တန်၊ ပါကစ္စတန်ကို တန် ၃ဝနဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီ တင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီ ဈေးပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝ သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Sunday, 21 Aug 2011

မန်ကျည်း               မန်ကျည်းက ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၇ ရက်မှ ၁၃ ရက်တာကာလအ တွင်း တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၆၈ တန်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်သီတင်း ပတ်ထက် ၁၈ တန်လျော့နည်းပြီး တင်ပို့ခဲ့ပါတယ်။ MIRT (DOT) 

Sunday, 21 Aug 2011

ကြိုက်ဈေးစောင့်တဲ့ ဟိုပုံးချင်းဈေးကွက်                  ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ ရှမ်းချင်းဈေးတွေ အနည်းငယ်ပြန်တက်လာပါတယ်။ ဟိုပုံးချင်းကလက်ကျန်လည်း နည်းနေပါတယ်။ ခြံရှင်လက်ထဲမှာတော့ မကျန် တော့ဘဲလှောင်လက်တွေဆီမှာသာ ပိဿာချိန် ၃ သောင်း၊ ၄ သောင်းခန့် ကျန်ရှိတယ်လို့ ချင်းပွဲရုံတွေကသိရပါတယ်။ အရောင်းအဝယ်ကလည်း ခပ်အေးအေးသာ ရှိပြီး၊ တိုင်းဒေသကြီးတွေက ပြည်တွင်းသုံးအနေနဲ့ အလှူပွဲတွေမှာ ချင်းသုပ်အဖြစ် အသုံးပြုဖို့အတွက် ဝယ်ယူနေကြပါတယ်။ တစ်ပတ်ကိုပိဿာချိန် ၃ ထောင်၊ ၄ ထောင်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့လည်းသိရပါ တယ်။ ဟိုပုံးဈေးကွက်မှာ ချင်း (စို) က တစ်ပိဿာ ၂၇ဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကိုတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးဖြစ်ပေမဲ့၊ ယခင်တစ်ပတ်က ၂၂ဝဝ ကျပ်ဈေးရှိခဲ့တာကြောင့် လှောင်လက်တွေက မကိုက်လို့ မရောင်းကြဘူးလို့သိရပါတယ်။ ချင်းခြောက်က အနည်းဆုံး ၂ နှစ်၊ ၃ နှစ်အထိ အထားခံတာကြောင့် လှောင်လက်တွေကလည်း ကြိုက်ဈေးမရရင် မရောင်းဘဲထားကြပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတစ်ပိဿာ ၁၂ဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေး ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင် ကသိရှိရပါတယ်။ ဧဧခိုင် 

Sunday, 21 Aug 2011

ပြည်ချင်း(ဥမ) ဈေးငြိမ်ပြီး ဈေးချို                  ပြည်ချင်းဈေးကွက်အတွင်းသို့ ယခုတစ်ပတ်တွင်လည်း ချင်း(ဥမ)များသာ ပိဿာ ၃ဝ ဝင် အိတ် ၂၈ဝ ခန့်နဲ့ အဝင်ပုံမှန်ရှိ၍ ချင်း(အတက်)မှာ တော်သလင်းလကုန်ခါနီးတွင်မှသာ ဝင်ရောက်မှုရှိမယ်လို့ ချင်းပွဲရုံတွေက တစ်ဆင့်သိရပါတယ်။ ချင်းဓါးလှီးသမားများအတွက်ကတော့ ချင်းတက်နဲ့စာရင် ဈေးချိုတဲ့ ချင်း(ဥမ)နဲ့ ပိုပြီးတွက်ခြေကိုက်ကြောင်းလည်း သိရပါတယ်။ ချင်း(ဥမ) ဈေးနှုန်းအနေဖြင့် တစ်ပိဿာကို (ရှယ်) ၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နှင့် ဈေးငြိမ်နေပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ချင်း(ဥမ) ပိဿာချိန် ပျမ်းမျှ ၂၂ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများ၌ လက်လီ/လက်ကားရောင်းဝယ်သူများနဲ့ ချင်းဓါးလှီးအဝယ်သမားများအပါအဝင် တစ်ရက်ကို ပိဿာချိန် ၁ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Sunday, 21 Aug 2011

လတ်တလောဈေးမငြိမ်လို့ အိန္ဒိယကုလားပဲဝယ်လိုအားကျ                  လွန်ခဲ့သော ရက်သတ္တပတ်တွေက ဈေးနှုန်း အတန် အသင့်ခိုင်မာမှု ရှိပေမဲ့ ကုလားပဲဝယ်လိုအား အနည်းငယ်ကျကြောင်းသိရပါတယ်။ ဈေးကွက်မတည်ငြိမ်တာ ရေတိုသာဖြစ် ပြီး ပွဲတော်ရာသီအတွက် ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယအစိုးရရဲ့နောက်ဆုံး ခန့် မှန်းချက်အရ ၂ဝ၁ဝ-၁၁ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၈ ဒသမ ဝ၉ သန်း ထုတ်လုပ်ဖွယ်ရှိပြီး ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ဖွယ် ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို အဝယ်နည်း သွားနိုင်တာကြောင့် ကုလားပဲကိုဝယ်လိုအား ပိုမိုမြင့်တက်နိုင်ကြောင်းသိရပါတယ်။ မုတ်သုံမိုးက ပဲစိုက်တဲ့ပြည်နယ်တွေ ဖြစ်တဲ့ မဟာရပ်ရှ်တရာ၊ အင်ဒရာပရာဒေ့ရှ်တို့မှ အားကောင်းတာကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ အားလုံးမြင့်တက် နိုင်ကြောင်းသိရပါတယ်။ ယခုလက်ရှိကာလမှာ ဈေးကွက်မငြိမ်သေးသော်လည်း လာမဲ့ရက်သတ္တပတ်များမှာ အရောင်း  အဝယ်ကောင်းနိုင်ကြောင်း သတင်းရရှိပါတယ်။ K.Z.W,Source: commodity online

Sunday, 21 Aug 2011

ပြည်စားတော်ပဲ ဈေးကောင်းနေဆဲပါ                ပြည်စားတော်ပဲ ယခုတစ်ပတ်မှာ ဈေးကောင်းရနေပါတယ်။ ယခင်တစ်ပတ်က တစ်တင်းလျှင် ၂၃ဝဝဝ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းလျှင် ၂၅ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ စားတော်ပဲပေါ်စတွင် မင်းတုန်းဘက်မှ အဝင်များ ရှိခဲ့ပေမဲ့ ယခုနောက်ပိုင်းမှာ အဝင်မရှိတော့ကြောင်းသိရပါတယ်။ အဝင်မရှိ တော့တဲ့အတွက် လက်ကျန်ပဲများဖြင့်သာ တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အခြားတိုင်းများသို့ တင်ပို့နိုင်ခြင်းမရှိပေမဲ့ တိုင်းအတွင်းရှိ ကြို့ပင် ကောက်၊ ပေါင်းတည်မြို့နယ်များမှ ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Pages