Background
ဗီယက်နမ်နိုင်ငံကို တင်ပို့ ဇူလိုင်လနောက်ဆုံးပတ်မှာတော့ ဗီယက်နမ်နိုင်ငံကို နနွင်း ၇၅ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၁ တန်ကျော်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ် မှာ အပို့သာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေမှာ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ရှိခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ကန်ဒေါ်လာ ၁၉၇ဝ ဝန်းကျင် ဈေးကောင်းရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းငါးသောင်းနီးပါးရရှိခဲ့ပါတယ်။ ဇွန်လရဲ့ စုစုပေါင်းနနွင်းတင်ပို့မှုမှာ တန်ချိန် ၁၃၅ တန်ရှိခဲ့ပြီး ဇူလိုင်လမှာ ၂ဝ၅ တန် ရှိခဲ့တာကြောင့် ဇူလိုင်လမှာ တန်ချိန် ၇ဝ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
စင်ကာပူနိုင်ငံကို ၆၄ တန်တင်ပို့ ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ မန်ကျည်း ၆၄ တန်ကို စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီသီတင်းပတ်မှာ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၈ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ငါးသောင်းရရှိခဲ့ပါတယ်။ ဇွန်လရဲ့ စုစုပေါင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် လေးရာ့နှစ်ဆယ်ကျော်ရှိ ခဲ့ပြီး ဇူလိုင်လရဲ့ စုစုပေါင်းမန်ကျည်းတင်ပို့မှုမှာ တစ်ရာနှစ်ဆယ့်ခုနှစ်တန်သာရှိခဲ့ တာကြောင့် ဇူလိုင်လမှာ မန်ကျည်းတင်ပို့မှုမှာ တော်တော်လေးလျော့နည်းပြီး တင်ပို့ ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
ရာသီဥတုကြောင့် အဝယ်အေးတဲ့ ရှမ်းချင်းဈေးကွက် ရှမ်းချင်းဈေးက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျလာပါတယ်။ တောင် ကုတ်လမ်းမှာ ရေကြီးနေတာကြောင့် စစ်တွေဝယ်လက်တွေကလည်း အဝယ်ရပ် သွားတာကြောင့် ဈေးကျလာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ချင်းအစိုက်နည်းတယ်လို့လည်း သိရပါတယ်။ မနှစ်က ချင်းစိုက်ချိန်မှာ ရာသီဥတု ပူပြင်းခဲ့တာကြောင့် အထွက်နှုန်းနည်းခဲ့ပါတယ်။ ယခင်နှစ်တွေကတော့ ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် အထွက်နှုန်းက ၆ဝဝဝ ထွက်ပေမဲ့၊ ဒီနှစ်က ချင်းပိဿာချိန် ၁ဝဝဝ စိုက်ရင် ၁ဝဝဝ သာပြန်ထွက်ပြီး အများဆုံးက ၃ဝဝဝ သာထွက် ပါတယ်။ ဒါကြောင့် မျိုးရရှိမှုကနည်းလို့ အစိုက်လည်း နည်းတယ်လို့ သိရပါတယ်။ အစိုက်လည်းနည်းတာကြောင့် အထွက်နှုန်းကလည်း နည်းနိုင်တာ ကြောင့် နောက်တရာသီဆိုရင် ချင်းဈေးက ဒီထက်ပိုတက်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဒီတစ်ပတ်ဈေးတွေကတော့ ဟိုပုံးဈေးကွက်မှာ ချင်းစို ဈေးက တစ်ပိဿာ ၂၅ဝ ကျပ်မှ ၂၇ဝ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၃ဝ ကျပ်နဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
ချင်း (ဥမ) များသာ အရောင်းအဝယ်ရှိ ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း၌ ချင်းတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး ချင်း (ဥမ) များသာ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှု အနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ) များ ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့် အဝင်ရှိပြီး အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ပိဿာချိန် ၂ဝဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းရှိ ပွဲရုံများ၌ တစ်ရက်ကို ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်လျက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းဥမ (ရှယ်)၈ဝဝကျပ်၊ (ဂျွန်) ၅၅ဝ ကျပ်-၆၅ဝကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ
ဒီတစ်ပတ် ချင်းအပို့မရှိ ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လထဲမှာ ပထမပတ်နဲ့ တတိယပတ်တွေမှာ ချင်းတင်ပို့မှုရှိခဲ့ပြီး ဒုတိယပတ်နဲ့ နောက်ဆုံးပတ် မှာတော့ ချင်းတင်ပို့မှုမရှိခဲ့ပါဘူး။ ဇူလိုင်လမှာ စုစုပေါင်း ချင်းတင်ပို့မှုမှာ တန်ချိန် ၆၄ ဒသမ ၅ တန်ရှိခဲ့ပြီး ဇွန်လမှာ ၁၂ ဒသမ ၅ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လထက် တန်ချိန် ငါးဆယ်ကျော်လောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT (DOT)
အသွင်ထူးတဲ့ V2 V2 က ယခုနှစ်မှာ ထိပ်ဆုံးကိုတက်လှမ်းနိုင်ခဲ့ပါပြီ။ အရောင်းအဝယ်ကောင်းတာရော၊ ဈေးရတာရော ကောင်း ခဲ့ပါတယ်။ ယခုတစ်ပတ်ထဲမှာ ပဲတီစိမ်း၊ ပဲစင်းငုံစတဲ့ပဲတွေ အားလုံးထက် V2 က အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေးမှာ ကုလားပဲခွဲခြမ်းစက်တွေလည်း အဝယ်ဖြစ်ကြပါတယ်။ V2 က မန္တလေး ကထိန်တော်အသင်းမှာ ယခင် တစ်ပတ်က တစ်ပိဿာကို ၁၁၁၈ ကျပ်ဈေးရှိပြီး၊ ယခုဈေးက ၁၁၄၄ ကျပ်ဖြစ်ပါတယ်။ အရောင်းအဝယ်လည်းမှန်မှန်ရှိပြီး ဒီတစ်ပတ်ထဲမှာ အိတ် ၃ဝဝဝ ကျော်လောက် အရောင်း အဝယ် ဖြစ်တယ်လို့သိရပါတယ်။ V2 က V7 ထက် စိုက်ရက် တိုလို့ တောင်သူကကြိုက်ပါတယ်။ ခွဲစက်သမားကလည်း ပဲခွဲရတာလွယ်ကူလို့ကြိုက်ပါတယ်။ ဒါကြောင့်မန္တလေး တစ်ဝိုက်မှာတော့ V2 ကိုသာအစိုက်များပြီး အလုံးဆိုဒ် ကလည်း မုံရွာ V2 ထက်ကောင်းသေးလို့ သေချာသန့်ပြီးစိုက် ရင် အလုံးလှပြီး ဈေးကောင်းရနိုင်တယ်လို့ ဆိုကြပါတယ်။ ယခုနှစ်ဆောင်းမှာတော့ V2 နဲ့ ရေဆင်း-၆ ခေါ် 929 အဝါမျိုးကိုစိုက်ကြဖို့ ရှိပါတယ်။ သက်သက်နိုင်
ပြည်ဘိုကိတ်အရည်အသွေးညံ့လို့ ဈေးကျ ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ အခြားတိုင်းများနှင့် တိုင်းအတွင်းရှိ မြို့နယ်များမှ အဝင်မရှိသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဘိုကိတ်အရောင်ပျက်ပဲများမှာ တစ်တင်းကို ၇ဝဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး အရည် အသွေးကောင်းပြီး၊ အရောက်တောက်သည့်ပဲများကိုတော့ တစ်တင်း ၁၁ဝဝဝ ကျပ်ထိ ဈေးပေးတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာလည်း လက်လီသမားများသာ ဆက်လက်အဝယ်ရှိနေပြီး တစ်ရက်ကို ၁ဝ အိတ်မှ ၁၅ အိတ်ထိ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဈေးအပြောင်းအလဲမရှိတဲ့ ပြည်ပဲနီပြားဈေးကွက် ပဲခူးတိုင်းဒေသကြီး ပြည်အတွင်း အခြားပဲများစိုက်ပျိုးမှု များသော်လည်း ပဲနီပြားသီးနံှကို မြို့နယ်တိုင်းတွင် စိုက်ပျိုးမှုမရှိဘဲ နတ်တလင်း၊ ရွှေတောင်မြို့နယ်များတွင်သာ ဧကအနည်းငယ်ခန့် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် ဈေးကွက်သို့လည်း ပဲနီပြားသီးနံှမှာ အများအပြားဝင်ရောက်မှုမရှိတဲ့အတွက် အခြားတိုင်းသို့လည်း တင်ပို့နိုင်ခြင်း မရှိကြတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လက်ကား ရောင်းဝယ်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ပဲနီပြား သီးနံှဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂၂ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇွန်လမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခု သြဂုတ်လ ပထမပတ်ထိ ဈေးအပြောင်းအလဲမရှိဘဲ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မိုးပဲစိုက်ပျိုးမှု အခြေအနေကောင်းမွန်တာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျလာ အိန္ဒိယနိုင်ငံ အဓိကပဲစိုက်ပျိုးရာ ပြည်နယ်များမှာ မိုး ပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်နေခြင်းနဲ့အတူ ကုန်သည်များမှ ဈေး အမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ကုလားပဲဈေးများ ယခင် ရက်ထက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါလီမန်အစည်းအဝေးမှာ ဈေးနှုန်းမြင့်တက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခြင်းများကြောင့်လည်း ဈေးနှုန်းကို ကန့်သတ်စေ တယ် လို့ ခန့်မှန်းကြပါတယ်။ NCDEX မှာ သြဂုတ်လ ကုလားပဲ စာခုျပ်ဈေးက တစ်တန်ကို ဝ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းပြီး ရူပီး ၃ဝ၆၁ဝ (ကန်ဒေါ်လာ ၆ဝ၃ ဒသမ ၄၈) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဖြစ်တဲ့ လာမယ့်ရက်တွေမှာတော့ ကုလားပဲ ဈေး ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်၊ အတ္တရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းမှု တိုးတက်နေခြင်းကြောင့် ပဲထုတ်လုပ်မှု ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline
မူဆယ်ကပဲ အပို့ရှိတဲ့ ပဲယင်း ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ သာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၁ သန်းတန်ဖိုးရှိတဲ့ ပဲယင်း ၃၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ တမူးနယ်စပ်များမှ ၇၃၅ တန်ကျော်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ထက်ဝက်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်းများကို မူဆယ်က နေ တင်ပို့နေတာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေးမြင့်တက်နေသော် လည်း တစ်ဖက်နိုင်ငံဈေးလျော့နည်းလျက်ရှိပါတယ်။ ဇူလိုင်လအတွင်းမှာ ပဲယင်းတင်ပို့မှု ၁၉၇၉ တန်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၉၄ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇူလိုင်လထိ ၃၇ဝဝ တင်ပို့ထားပြီး ယမန်နှစ်ကာလတူထက် တန် ၁၄ဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၄၃၃၂ ၃၁၂၃၇၂ ၁၁၉၆ဝ ၄ ၄၈၁ ၄၉၅ ၁၄ ၃MIRT (DOBT)