Background
တစ်ပတ်အတွင်း ပဲစင်းငုံတန် ၇၄ဝဝ ခန့် အဝယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ တန် ၇၄ဝဝ ခန့် စာချုပ်ချုပ်နိုင်ခဲ့ရာ ပဲစင်းငုံအနီ တန် ၇၂ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ အိန္ဒိယစက်သမားတွေရဲ့ လက်ထဲမှာ ပဲစင်းငုံတွေရှိနေလို့ အရောင်း အဝယ်တုံ့ဆိုင်းနေကြောင်းနဲ့ မြန်မာကုန်သည်တွေမှာ လက်ကျန်ရှိနေပြီး အရောင်း အဝယ် ခပ်အေးအေးသာရှိကြောင်း သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံအရောင်းအဝယ် စာချုပ် ချုပ် ဆိုမှုဟာ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၈ ရက်မှာ ပဲစင်းငုံဖြူနီ၊ ဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၄၉ဝ-၅၁ဝ ရှိကြောင်း သိရပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၂၈-၇-၁၁ ၆၁ဝ-၆၃ဝ ၅၉ဝ-၆၁ဝ၂၁-၇-၁၁ ၆၂ဝ-၆၄ဝ ၆ဝဝ-၆၂ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု ယခင်အပတ်ထက်ပိုလာ ပဲစင်းငုံ ပြည်ပတင်ပို့မှုဟာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး ၊ ဒုတိယအပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ၁၇ရက်မှ ၂၃ ရက်အတွင်းမှာတော့တန် ၆၁ဝဝကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ပဲစင်းငုံ တင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းနီးပါးရှိတာတွေ့ရပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃ သောင်းကျော် ပိုမိုနေတာတွေ့ရပါတယ်။ ယခုအပတ် ပဲစင်းငုံအဝယ်ရှိလို့ ဆက်လက်တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ဝယ်လိုအားကောင်းလာလို့ ယခင်အပတ်ထက် အိန္ဒိယမတ်ပဲဈေးမြင့် အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းများ အဆက်မပြတ်ကျဆင်းခဲ့ပြီး နောက်ပိုင်း စက်ပိုင်များနှင့် ဝယ်ရောင်းများထံမှ ဝယ်လိုအားပြန်ကောင်းလာကြောင်း သိရပါတယ်။ ဇူလိုင်လဆန်းတွင် မိုးနည်းခဲ့သော်လည်း ယခုအခါ အိန္ဒိယကျွန်းဆွယ် တွင် မိုးပြန်လည်ကောင်းလာပြီဖြစ်လို့ သီးနံှအတွက် အလားအလာကောင်းများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုနည်းခြင်းနဲ့ နိုင်ငံတစ်ဝန်း စိုက်ပျိုး ဧရိယာ ကျဆင်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ ဈေးကွက် ငြိမ်နေရာမှ အနည်းငယ်တိုးတက်မှုရှိခြင်းကြောင့် ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၈၂၉-၈၃၄ ၈၃ဝ ၈၃၉ -၈၄၄ ၈၁၈-၈၂၃ ၈၁၁-၈၁၇ဒေလီ ၈၄၆-၈၆၃ ၈၄၁-၈၅၈ ၈၃၃-၈၅၅ ၈၂၃-၈၄၆ ၈၂၂-၈၄၅ချန်နိုင်း ၈၂ဝ-၉၃၄ ၈၂၄-၉၃၇ ၈၃၃-၉၄၆ ၈၂၃-၉၃ဝ ၈ဝ၆-၉၁၈MIRT(MAPT)
ယခုအပတ် နယ်စပ်မှ မတ်ပဲအပို့ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်များမှာ မတ်ပဲတင်ပို့မှုမရှိခဲ့သော်လည်း ယခုအပတ်မှာ တန် ၆ဝ အပို့ရှိလာတာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာတန် ၇ဝ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက် မတ်ပဲဈေးမှာ ကျနေသော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးများပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၄၉၉၉၈၅ ၅၂ဝ၃၉၁ ၂ဝ၄ဝ၆ ၄ ၇၈၉ ၇၈၉ - -MIRT (DOBT)
မတ်ပဲ FOB အရောင်းအဝယ် ယခုတစ်ပတ်ပိုမိုလာ ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုမှာ တန်ချိန် ၁၆ဝဝဝ ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ် ပိတ်ရက်များကြောင့် စာချုပ်ချုပ်ဆိုမှု လျော့နည်းခဲ့ပေမဲ့ ယခုအပတ်မှာ ဝယ်လိုအားကောင်းပြီး တန် ၁ဝဝဝဝ ခန့် ပိုမိုချုပ် ဆိုခဲ့ပါတယ်။ အိန္ဒိယဈေးကွက်မှာ မတ်ပဲ စက်တင်ဘာ ဃမသစ ကို စောင့်ကြည့်ဝယ်ယူနေ ပေမဲ့ ယခင်နှစ်နဲ့ ယှဉ်ရင် ယခုနှစ် ဇူလိုင်မှာ ဝယ်ယူမှုများလာပြီး ဒီပါဝလီပွဲတော် မတိုင်မီ ဝယ်ယူမယ့်အနေအထားရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၁ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ၊ FAQ အခွံချွတ် စုစုပေါင်း တန်ချိန် ၆၅ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၈-၇-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝ၂၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၃၅-၈၅၅MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲ ပိုတင်နိုင်ခဲ့ မတ်ပဲပြည်ပသင်္ဘောတင်ပို့မှုမှာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန် နှစ်သောင်းတင်ပို့ခဲ့ပြီး၊ ဒုတိယပတ် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၁ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ တတိယပတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၂၂ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုတန်ချိန် ၂ သိန်း ၂ သောင်းကျော်ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုအပတ် မတ်ပဲအရောင်းအဝယ် ပုံမှန်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ MIRT - MAPT
လက်ကျန်နည်း ပေမဲ့ ဗီယက်နမ်သကြားတင်ပို့နေ ဗီယက်နမ်ပြည်တွင်းသကြားထုတ်လုပ်သူများမှ ရောင်းချမှုနည်းပေမဲ့ ယခုနှစ် မှာ တရုတ်နိုင်ငံကို သကြား အမြောက်အမြား တင်ပို့တယ်လို့ အစိုးရအရာရှိများက ပြောကြားပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံကို တန်ချိန် တစ်သိန်းဝန်းကျင်နဲ့ ယခင်ကာလများထက် အမြင့်ဆုံးပမာဏနဲ့ ရောင်းချခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Bui Ba Bong မှ ဟိုချီမင်းမြို့တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့ပြုလုပ်တဲ့ အစည်းအဝေး မှာ ပြောကြားခဲ့ ပါတယ်။ ပြည်တွင်းကုန်သည်များဟာ မေလကစပြီး လစဉ်အိမ်နီးချင်းနိုင်ငံကို သကြား တန် ၃ဝဝဝဝ တင်ပို့ခဲ့ကြောင်း Bui Ba Bong ကုမ္ပဏီမှ ဥက္ကဌ Phan Thi Sum က ပြောကြားပါတယ်။ အဲဒီသကြားများ ထဲမှာ ပြည်တွင်းထုတ်တဲ့ သကြား များနဲ့ ထိုင်းနိုင်ငံက တင်သွင်းတဲ့ သကြားများပါဝင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဝယ်လိုအား မြင့်မား တာကြောင့် ပြည်ပတင်ပို့ မှုဟာ ဈေးနှုန်းကို ကြီးမြင့်စေတယ် လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဆောင်းလယ်ပိုင်း ပွဲတော်တိုင်အောင် သကြားဆက်လက်ဝယ် ယူမှာဖြစ်လို့ ဗီယက်နမ် သကြားဈေး က အမြင့်မှာဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ပြည်တွင်းသကြားဈေးဟာ တစ်ကီလိုကို ၁ ဒေါ်လာ ဝန်းကျင်ရှိနေပါတယ်။ ဗီယက်နမ် သကြားထုတ်လုပ်သူများ လက်ထဲမှာ လက်ရှိသကြားလက်ကျန်တန်ချိန် ၃၄၇၇ဝဝ ရှိနေတယ်လို့ တရားဝင်စာရင်းများ မှာ ဖော်ပြထားပါတယ်။ တန်ချိန် ၁၄၂ဝဝဝ တင်သွင်းမှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒီပမာဏက အောက်တိုဘာလ တိုင်အောင် ပြည်တွင်းပျမ်းမျှဝယ်လိုအားကို ပြည့်မီမယ်လို့ ဆိုပါတယ်။ ပြည်တွင်းဈေးကွက်မှာ အလုံအလောက်ရောင်းချနိုင်ဖို့ သကြားတန်ချိန် ၂၅ဝဝဝဝ တင်သွင်းဖို့ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ အတွင်းမှာ ပြည်တွင်းကုမ္ပဏီများကို နှစ်စဉ်ကိုတာ သတ်မှတ်ခဲ့ပါတယ်။ ဧပြီလမှာ ပြည်တွင်းထုတ်လုပ်သူများက သိုလှောင်လက်ကျန် မြင့်တက်နေခြင်းနဲ့ ရင်ဆိုင်နေရ ကြောင်းတင်ပြမှုအပေါ်အခြေခံပြီးဝန်ကြီးဌာနကသြဂုတ်လတိုင်အောင် တင်သွင်းမှု ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သကြားထုတ်လုပ်သူများဟာ ယခုအခါမှာ ရောင်းချဖို့ သကြားမလုံ လောက်မှာကို စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံကို သကြားတင်ပို့မှု တရားမဝင်တဲ့ ပမာဏတွေနဲ့ တင်ပို့ခြင်းနဲ့ ပြည်တွင်းသကြား စားသုံးမှုမြင့်တက်ခြင်းဆိုတဲ့ အကြောင်းအရာများစွာကြောင့် ပြည်တွင်းရောင်းချမှုနဲ့ လိုအပ်ချက်ကို ခန့်မှန်းဖို့ ခက်ခဲနေတယ်လို့ စိုက်ပျိုးရေး နဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝါရင့်အရာရှိ တစ်ဦး ဖြစ်တဲ့ Doan Xuan Hoa က ပြောကြားပါတယ်။ ယမင်းခင်Source: Thanh Nien News
