Background
ရန်ကုန်ဝယ်လက်အဝယ်ရှိသော်လည်း ပြည်ထောပတ်ပဲဈေးငြိမ်နေ ပြည်ဈေးကွက်သို့ ထောပတ်ပဲမှာ ယခုဇူလိုင်လကုန်တွင် ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ ယခုတစ်ပတ်အတွင်း ဒေသတွင်း လက်လီသမားများသာမကဘဲ ရန်ကုန် ဝယ်လက်များ မှာယူမှုရှိလာခဲ့တာကြောင့် အချို့ရက်များမှာ တစ်ရက်အိတ် ၁ဝဝ နီးပါးအထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲဈေးအနေဖြင့် ယခုလအတွင်း တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်သာ ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်မှ ပဲကြီးတင်ပို့မှု အနည်းငယ်လျော့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၅ဝဝ ကျော် တန်ဖိုး ရှိ ပဲကြီး ၃တန်ခန့် ဇူလိုင်လ ၂ဝ မှ ၂၆ ရက်ထိ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ ပဲကြီး ၇၃ တန်ကျော်မူဆယ်နယ်စပ်မှ တင်ပို့ ထားပြီး ဖြစ်ပါတယ်။ MIRT (DOBT)
မူဆယ်နယ်စပ်မှ ပဲယင်းတန် ၇ဝဝ ကျော် အပို့ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၃၃ သန်းတန်ဖိုးရှိ ပဲယင်း ၇၃၅ ဒသမ ၅ဝ တန်နဲ့ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၃ သန်းတန်ဖိုးရှိ ပဲယင်း (ချင်းပဲ) ၃ တန် စုစုပေါင်း နယ်စပ်မှ ၇၃၈ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၃၇ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း အတွက် ပဲယင်းများကို မူဆယ်မှ တင်ပို့တာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေး အနည်းငယ်လျော့နေသော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးမှာမူ ပြောင်းလဲမှုမရှိ တာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၁၂၃၇၂ ၃၁၆၄၅ဝ ၄ဝ၇၈ ၁ ၄၉၅ ၄၉၅ - -MIRT (DOBT)
ပြည်ပဲကြီး ဈေးလျော့သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ် ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုမှာ ဇွန်လအထိ ဒေသ တွင်း မြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ဇူလိုင်လဆန်းမှစ၍ ပဲကြီးအဝင်ပါး လာခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးဖက်မှ ဝင်ရောက်မှုရှိခဲ့တာကြောင့် ယခုလကုန် အထိ အိတ် ၅ဝဝ ကျော် တိုင်းအတွင်းအဝင်ရှိခဲ့ပြီး လက်ကျန်ပဲများလည်း ရှိခဲ့တာ ကြောင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ ဒေသတွင်း ပဲကြော်လုပ်ငန်းသမားအပြင် ရန်ကုန်လိုင်းသမားများမှလည်း မှာယူမှုရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) အမျိုးအစားမှာ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် တစ်တင်း ၅ဝဝ ကျပ်နှုန်းလျော့နည်း ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ဝါတွင်းကာလက ကုလားပဲဝယ်လိုအားကို မြင့်မားစေ၍ဈေးနှုန်းထပ်မံမြင့်မားဦးမည် ခန့်မှန်း ဇူလိုင်လကုန်ပိုင်း အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ ပဲအများစုဈေးနှုန်း ကျဆင်းသော်လည်း ကုလားပဲဖြူ လုံးကြီးဈေးနှုန်းတွေ ခိုင်မာနေတယ်။ ဒါကြောင့် ဈေးကွက်တွေအတွင်း ဝယ်လိုအားကဲျပါးလျက်ရှိပေမဲ့လည်း ဝါတွင်းကာလအသား စားသုံးမှု ရှောင်ကျဉ်ကြခြင်းက ကုလားပဲဝယ်လိုအားကို မြင့်မားစေပြီး ဈေးနှုန်းကို ဆက်လက် အထောက်အပံ့ပေးနေတယ်။ လှောင်လက်တွေကလည်း ကုလားပဲကို လက်ဝယ်ပမာဏများစွာ ဆက်လက် သိုလှောင်ထားပြီး ဈေးနှုန်း ထပ်မံမြင့်မား ဦးမယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ ဈေးမြင့်လာရင် သိုလှောင်ထားသူတွေ ဈေးကွက်အတွင်း ပြန်လည် ရောင်းချပေးပါက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့လည်း မျှော်လင့်ကြတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ အိန္ဒိယပြည်တွင်း ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -အမျိူးအစား ဈေးကွက် ဈေးနှုန်း(ရူပီး/ ကွမ်ကယ်လ်)သြစတြေးလျကုလားပဲဖြူလုံးကြီး မွန်ဘိုင်း ၂၆ဝဝ-၂၈ဝဝ (၅၉၁-၆၃၆ ဒေါ်လာ)တန်ဇန်းနီးယား မွန်ဘိုင်း ၂၅၅ဝ-၂၅၇၅ (၅၇၉-၅၈၅ ဒေါ်လာ)ရာဂျစ်စသန်ဒေစီ ဒေလီ ၃ဝဝဝ-၃ဝ၂၅ (၆၈၁-၆၈၈ ဒေါ်လာ)ပပ၊Source:nnscommoditynews.com
Export ဝယ်လက်ဆွဲတဲ့ မုံရွာကုလားပဲဖြူလုံးကြီး V2 ရန်ကုန် Export ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ ဇူလိုင်လနောက်ဆုံးပတ် အတွင်း ကုလားပဲဖြူလုံးကြီး V2 တစ်ရက်ကို ပျမ်းမျှအိတ် ၅ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ဇူလိုင်လဆန်းက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၄၇ ကျပ်မှ ဇူလိုင်လ ၂၆ ရက်မှာ ၁ဝ၇၉ ကျပ်သို့ ဈေးလှုပ်လာရာ တစ်ပိဿာအပေါ် ၁၃၂ ကျပ်၊ တစ်တင်းအပေါ် ၂၅ဝဝ ကျပ် ဈေးတက်လာတဲ့အတွက် တောင်သူနဲ့ ကုန် သည်များက အပြိုင်အဆိုင် ထုတ်ရောင်းကြသလို ရန်ကုန် Export သမားများက ဝယ်လက်အဆွဲရှိလို့ ယခုအချိန် အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ကုလား ပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ V2 တင်း ၂၇ဝဝ ကျော်၊ ရန်ကုန်သို့ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အိန္ဒိယကုလားပဲဈေးကွက် ဝယ်လိုအားကောင်း၍ ဈေးခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဈေးခိုင်မာလျက်ရှိပြီး ဈေးကွက် အတွင်းတက်ဈေးကြောင့် ဝယ်လိုအားနည်းနေသကဲ့သို့ရောင်းလိုအားလည်း အကန့် အသတ်နဲ့ ဖြစ်နေကြောင်း သိရပါတယ်။ ဥပုသ်လ စတင်တော့မှာဖြစ်တာကြောင့် လူအများစုက သက်သတ်လွတ်စားသုံးသဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်ပြီး ကုလားပဲဖြင့် ထုတ်လုပ်တဲ့ စားသောက်ကုန်များ ဝယ်လိုအားတက်လာ ခြင်းကလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ လာမဲ့ ကာလများတွင် ရောင်းလိုအား အကျပ်အတည်းတွေ့ပြီး ဝယ်လိုအား ခိုင်မာပါက ဈေးကောင်းရရှိမည်ဟု ကုန်သည်များက မျှော်လင့်နေကြကြောင်းလည်း သိရပါ တယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၅၉ဝ-၆၄၇ ၅၈၇ ၅၈ဝ ၅၈၁-၅၈၂ ၅၆၆-၅၆၈ဒေလီ ၆၈၇-၆၉၃ ၆၇၂-၆၇၇ ၆၅၈-၆၆၄ ၆၅၄ ၆၃၇-၆၄၂ကန်ပါ ၇ဝ၈ ၆၉၃ ၆၈ဝ ၆၇၇ ၆၆၅MIRT(MAPT)
ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်တက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲ တန် ၆၅ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ကုလားပဲဖြူလုံးကြီးက တန် ၆၅ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင် အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက် ကုလားပဲအရောင်းတွင်လည်း ကုလားပဲဖြူလုံး ကြီး တန် ၁၈ဝဝ ခန့် ပါဝင်တာကြောင့် ယခုအပတ်မှာ အရောင်းအဝယ်ပမာဏ များလာသလို ဈေးလည်းမြင့်လာကြောင်း သိရပါတယ်။ အိန္ဒိယမှ သြစတြေးလျ V2 အစား မြန်မာ V2 ကိုလှည့်ဝယ်လာခြင်းနဲ့ နယ်ပစ္စည်းလက်ကျန်လည်း မရှိသလောက်ဖြစ်နေတာကြောင့် ဈေးခိုင်မာခြင်းဖြစ်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် ဇူလိုင် ၂၁ ရက်တွင် FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိရာမှ ယခုတစ်ပတ် ဇူလိုင် ၂၉ ရက်တွင်း FAQ တစ်တန် ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ယခင်အပတ်ထက် ကုလားပဲဖြူလုံးကြီး ပိုမိုတင်ပို့လာနိုင် ပင်လယ်ရေကြောင်းမှ ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ယခုတစ်ပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၃ဝဝဝ ခန့်ဖြစ်ပြီး ယခင်အပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှ တင်ပို့မှု ပိုလာပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ကုလားပဲဖြူ လုံးကြီး တန်ချိန် ၃ သောင်းကျော်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅ဝဝ သာ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ဝယ်လိုအား ဆက်လက်ကောင်းနေမယ်လို့ သိရပါတယ်။MIRT - MAPT
ပဲတီစိမ်းကြီးအဟောင်း၊ အသစ် ဈေးနှစ်မျိုးနဲ့ အရောင်းအဝယ်ဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးကြိုပဲတီစိမ်း အသစ်များ မုံရွာကုန်စည်ဒိုင်ကို အြင်္ကန်အပြီးကာလမှ ယခုအချိန်ထိ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်က ဧပြီလမှ ဇွန်လအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းများကို ပဲအဟောင်းအဖြစ် သတ်မှတ်ပြီး ဇူလိုင်လအတွင်း တစ်တင်းကို ၁၃ဝဝဝ ကျပ်နဲ့ ၁၇၅ဝဝ ကျပ်ကြား ဈေးပေါက်ခဲ့ပါတယ်။ ယခုလအတွင်း ထွက်ပေါ်ခဲ့တဲ့ ပဲတီစိမ်းကြီးကို အသစ်အဖြစ် သတ်မှတ်ကာ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ ၂ဝဝဝဝ ကျပ် ကြား ဈေးပေါက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး ဟောင်း၊ သစ် နှစ်မျိုး တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၁၄ဝဝ ကျော်၊ ရန်ကုန်သို့ တင်း ၂၅ဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
