Main menu

Background

Tuesday, 12 Jul 2011

အိန္ဒိယပဲတီစိမ်းဈေးနှုန်း ခိုင်မာနေ             အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ် တစ်ပတ်လုံးလို ပဲတီစိမ်းဈေးနှုန်းခိုင်မာရာမှ ဇူလိုင်လ ၇ ရက်နေ့မှာ တော့ အချို့ဈးကွက်မှာ ဈေးလျော့ကျခဲ့ပါတယ်။ နိုင်ငံရဲ့ ပဲစိုက်တဲ့ ဒေသတွေမှာ မိုးနည်းပါးတာကြောင့် စိုက်ပိုျးမှု နှေးကွေးနေ ပြီး ဝယ်လိုအားပါးပါးရှိနေတာကြောင့် ပဲတီစိမ်းဈေးခိုင်မာနေတာဖြစ်ပါတယ်။ ပြည်တွင်းပဲအသစ်ဝင်ရောက်ဖို့ ကာလလိုနေသေး လို့ လှောင်လက်တွေက ဈေးတက်မယ်မှန်းပြီး သိုလှောင်မှုအမြောက်အမြား ထိန်းထားကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားမိုးပဲများ ဈေးကျဆင်းဖွယ်ရှိခြင်းနဲ့ ပြည်ပက တင်သွင်းပဲများရောက်လာမယ်ဆိုရင်တော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖောြ်ပလိုက်ပါတယ်                 ဒေါ်လာ/ တန်                               ၇-၇-၁၁        ၆-၇-၁၁       ၅-၇-၁၁              ၄-၇-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၉၁            ၉၉၁             ၉၈၉                  ၉၇၅ဒေလီ                     ၈၅၅-၉ဝဝ        ၈၅၆-၉၂၄     ၈၅၄-၉၂၁          ၈၁၈-၈၉၇အာကိုလာ              ၈၇၈-၉၄၆         ၉ဝ၁-၉၆၉      ၈၅၄-၉၄၄          ၉၁၉-၉၄၁MIRT(MAPT)

Tuesday, 12 Jul 2011

နယ်စပ်မှ ပဲတီစိမ်းတန် ၄၉ဝဝ ကျော်အပို့ရှိ             မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ၄ ဒသမ ၉၆၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၉၁၆ တန်ခန့်တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် တန်ချိန် ၁၃၅ဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဈေးများကျနေတဲ့အတွက် တင်ပို့မှု ပမာဏများလျော့နည်းလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                 မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)         ယခု           ယခင်       ပြောင်းလဲမှု    %     ယခု       ယခင်    ပြောင်းလဲမှု   %      ၇၄၂၆၈၇     ၈၂၈၉၆၅      ၈၆၂၇၈     ၁၂      ၁၁၁၂     ၁၁၆၁         ၄၉        ၄MIRT (DOBT)

Tuesday, 12 Jul 2011

ရန်ကုန် FOB မှာ ပဲတီစိမ်း တန် ၂ဝဝဝကျော်သာ အရောင်းအဝယ်ဖြစ်            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ ပြည်ပဝယ်လက်များ ပဲတီစိမ်းကို အဝယ်နှေးနေဆဲဖြစ် တာ တွေ့ရပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၂၂ဝဝ ခန့်သာ အရောင်းအဝယ် စာချုပ် ချုပ်နိုင်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်မှုမှ တရုတ်ဘက်က အဆွဲရှိနေပေမဲ့ ပင်လယ်ရေကြောင်းဘက်က ဝယ်လို အားနည်းနေတယ်လို့ သိရပါတယ်။ ဇွန်လ ပထမပတ်အတွင်းမှာလည်း ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၂၃ဝဝ ခန့်သာ ရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များက အရည်အသွေးအရ ဈေးခွဲပြီး ဝယ်ယူမှုရှိတာကြောင့် ယခုတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ်လျော့တယ်လို့ သိရပါတယ်။                            ဒေါ်လာ/တန်                        ပဲတီစိမ်း (အညာ)    ပဲတီရွှေဝါ(အသေး)           ပဲတီရွှေဝါအကြီး၈-၇-၁၁                ၉ဝဝ-၉၂ဝ              ၁၁၅ဝ-၁၁၇ဝ                ၁၂၅ဝ-၁၂၇ဝ၁-၇-၁၁              ၁ဝဝဝ-၁ဝ၂ဝ            ၁၁၈ဝ-၁၂ဝဝ                ၁၂၈ဝ-၁၃ဝဝMIRT (MAPT)

Tuesday, 12 Jul 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၃ဝဝဝ ကျော်တင်              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အတွင်းမှာလည်း တန် ၃ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ အခြားမတ်ပဲ၊ ပဲစင်းငုံတို့ တင်ပို့မှု တက်လာပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ဇွန်လ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၁၁ဝဝဝ ကျော်ရှိပြီး၊ မေလမှာ တန်ချိန် ၂ဝဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာ တန်ချိန် ၁၁ဝဝဝ ခန့်ရှိလို့ ယခုနှစ် ဇွန်လတင်ပို့မှု ပမာဏခန့်သာ ရှိတာတွေ့ရပါတယ်။                လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၉၆ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၆၄ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ တန် ၃ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း ပုံမှန်အတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။                  MIRT- MAPT

Tuesday, 12 Jul 2011

 ပဲလွန်း ဖြူတန်၂ဝဝကျော်မူဆယ်မှပို့               ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ကန်ဒေါ်လာ ၁၇၅ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၂ဝဝ ဒသမ ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင် ပို့မှုအောက် ၂၇ တန်ခန့် လျော့နည်း ခဲ့ပါ တယ်။ မိမိဘက် မြေပြင်ဈေး သိသိသာသာ လျော့ကျနေသော်လည်း တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမှာ မသိ သာလှပေ၊ နှစ်ဘက်မြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                      မိမိဘက် (ကျပ်/ တန်)                    တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)          ယခု         ယခင်      ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %     ၅၄၂၇၈၉     ၅၇၈၄၅၂     ၃၅၆၆၃        ၆      ၉၂၇     ၉၂၈           ၁         ဝ .၁၁

Tuesday, 12 Jul 2011

ပြည်ပဝယ်လက်ကို ပဲလွန်းဖြူတန် ၃၆ဝ ကျော်အရောင်းရှိ                ရန်ကုန်တိုင်း ဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက် မှာ ပြည်ပဝယ်လိုအားကောင်းနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ၃၆၅ တန် အရောင်းစာချုပ် ချုပ်ခဲ့တယ်လို့ သိရပါ တယ်။ ဇွန်လ ပထမပတ်အတွင်းမှာတော့ တန်ချိန် ၃ဝဝ သာ အရောင်းရှိ ခဲ့လို့ ယခုလပထမပတ်အတွင်း ပြည်ပ အရောင်းပိုလာတာ တွေ့ရပါတယ်။ ပြည်ပ နိုင်ငံတွေက အဝယ်ပုံမှန်ရှိနေလို့ ပြည်တွင်းလက်ကျန်နည်းလာပြီလို့ သိရပါတယ်။                  ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဇူလိုင်လ ၈ ရက်မှာ FAQ တစ် တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ ှSQ တစ်တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

တောင်ကိုရီးယားက ဝယ်လိုအားရှိတဲ့ ပဲလွန်းဖြူ               ယခုတစ်ပတ်အတွင်း (ဇွန်လ ၂၄ ဇူလိုင်လ ၁ ရက်) ပင်လယ်ရေ ကြောင်း က ပဲလွန်းဖြူ တန်ချိန် ၉ဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခင်သီတင်းပတ်က တန်ချိန် ၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို တင်ပို့မှုရှိခဲ့တဲ့အနက် တောင်ကိုရီးယားကို တန် ၃ဝဝ နီးပါး တင်ပို့တာ တွေ့ရပါတယ်။  နိုင်ငံစုံက ဝယ်လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ဇွန်လ တစ်လလုံးမှာ တန်ချိန် ၂၉ဝဝ ခန့် တင်ပို့ခဲ့ပြီး မေလ အတွင်းမှာ တန်ချိန် ၃၉ဝဝ ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်း တင်ပို့မှုမှာတော့ တန်ချိန် ၃ဝဝဝ ခန့်ရှိခဲ့ တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု မှာတော့ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍနှစ် ကာလတူက တန်ချိန် ၁ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရ ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာလည်း ဆက်လက် တင်ပို့မှုရှိနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Tuesday, 12 Jul 2011

  အိန္ဒိယ PEC နဲ့ STCတို့က ပဲဝယ်ယူဖို့ တင်ဒါခေါ်               အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC နဲ့ STC တို့ဟာ ပြည်ပက ပဲတန်ချိန် ၈၅ဝဝ နဲ့ တန် ၄ဝဝဝ စီဝယ်ယူဖို့ တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ ယင်းတင်ဒါများဟာ ဇူလိုင်လ ၁၃ ရက်မှာ ပိတ်မှာဖြစ်ပါတယ်။ PEC မှ သြဂုတ်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁၁ ထွက် မြန်မာမတ်ပဲ FAQ တန် ၂ဝဝဝ နဲ့ မတ်ပဲ SQ တန် ၂ဝဝဝ၊ ဇူလိုင်လမှ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျ ဒေစီကုလားပဲလုံးတန် ၂ဝဝဝ နဲ့ ၂ဝ၁၁ ခုနှစ်ထွက် တန်ဇန်းနီးယားဒေစီ ကုလားပဲတန် ၂ဝဝဝ တို့အပြင် သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်းကို အရောက်ပို့ရမယ့် ၂ဝ၁၁ ထွက် သြစတြေးလျ ပဲတီစိမ်းတန် ၅ဝဝ တို့ တင်သွင်း သွားမယ်လို့ သိရပါတယ်။                     STC အဂျင်စီမှ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းအရောက် ပို့ရမယ့် ၂ဝ၁၁ ခုနှစ်အတွက် တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျဒေစီကုလားပဲလုံးတန် ၂ဝဝဝ တို့တင်သွင်းဖို့ တင်ဒါခေါ်ယူထားကြောင်းလည်း သိရပါတယ်။ ယမင်းခင်၊Source: nns commodityonline

Tuesday, 12 Jul 2011

အိန္ဒိယ ပဲစင်းငုံ အတက်ဘက်ဦးတည်လာပြီးမှ ပြန်ဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုသီတင်းပတ်အစပိုင်းတွင် ပဲစိုက် ပျိုးရာဒေသများမှ မိုးနည်းပါးတဲ့အတွက် ပဲစင်းငုံဈေးနှုန်းမြင့်တက်ခဲ့ရာမှ သီတင်း ပတ် နှောင်းပိုင်းမှာ မိုးပြန်လည်ရွာသွန်းလာခြင်းနဲ့အတူ ပဲဈေးများ လည်း ပြန်ဆင်း လာတယ်လို့ သိရပါတယ်။ ပဲစိုက်ပျိုးဖို့ ရာသီဥတုသင့်တင့်နေပေမဲ့ အဓိကဒေသ တွေမှာ စိုက်ပျိုးမှု နောက်ကျနေတယ်လို့ သိရပါတယ်။ ဝယ်လိုအား ပါးပါးရှိနေပြိး လှောင်လက်များက ဆက်လက် ထိန်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက်ရှိနေတဲ့အတွက် လှောင်လက်တွေ လက်ကျန်ရှင်းထုတ်ရင်တော့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲအသစ် ဈေးကွက်ထဲဝင်လာဖို့ အချိန်လိုအပ်နေခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-          ဒေါ်လာ/ တန်                       ၇-၇-၁၁         ၆-၇-၁၁            ၅-၇-၁၁            ၄-၇-၁၁မွန်ဘိုင်း           ၆၇ဝ-၆၈၁      ၆၇၆-၆၈၇         ၆၉၁-၆၉၇         ၇ဝ၆-၇၁၇ဒေလီ              ၇၅၄-၇၅၆     ၇၅၅-၇၅၇         ၇၆၂-၇၆၄          ၇၇၃-၇၇၆ချန်နိုင်း              ၆၇၅             ၆၇၆                 ၆၇၄                 ၆၈၄MIRT(MAPT)

Tuesday, 12 Jul 2011

FOB အဝယ် ပဲစင်းငုံ တန် တစ်သောင်းထိတက်လာ                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပြည်ပအရောင်းအဝယ် တက်လာခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ် အတွင်းမှာ ပဲစင်းငုံ တန်ချိန် ၁ဝဝဝဝ ခန့် FOB အရောင်းစာချုပ် ချုပ်ခဲ့လို့ ယခင် သီတင်းပတ်များထက် သိသိသာသာပိုလာတာတွေ့ရပါတယ်။ ဇွန်လ ပထမပတ် အတွင်း ပဲစင်းငုံတန် ၅ဝဝဝ ခန့်သာ ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလ ပထမပတ်မှာ တစ်ဆပိုလာတာတွေ့ရပါတယ်။  လက်ရှိဈေးမှာ အိန္ဒိယဝယ်လက်တွေ အကြိုက်တွေ့နေလို့ အဝယ်သွက်လာ တာ ဖြစ်ပေမဲ့ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၈ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန်ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                          MIRT- MAPT

Pages