Main menu

Background

Sunday, 3 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB တန် ၂ သောင်း အရောင်းအဝယ်ဖြစ်                 ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ဇူလိုင်လ ၁ ရက်နေ့မှာ မတ်ပဲ အရောင်းအဝယ်သွက်လာတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ကို ၃ ရာခိုင်နှုန်းလျှော့ချပေးလိုက်ခြင်းနဲ့ ပတ်သက်လို့ ပို့ကုန်လုပ်ငန်းရှင်များ အရောင်းအဝယ်သွက်လာတဲ့ သဘောရှိတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။                   အိန္ဒိယဝယ်လက်များမှလည်း မတ်ပဲကို ပုံမှန်အဝယ်ရှိနေရာ ယခုတစ်ပတ် ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ မတ်ပဲ SQ ၊ FAQ နဲ့ အခွံချွတ် စုစုပေါင်းတန်ချိန် ၂ဝဝဝဝခန့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးကွက်အရောင်းအဝယ်သွက်ခဲ့သလို FOB ဈေးလည်း အနည်း ငယ်တက် လာခဲ့ပါတယ်။                                                                     ဒေါ်လာ/တန်                       မတ်ပဲ(FAQ)                       မတ်ပဲ(SQ)၁-၇-၂ဝ၁၁        ၇၅ဝ-၇၇ဝ                       ၈၅ဝ-၈၇ဝMIRT(MAPT)  

Sunday, 3 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ နီးပါးရှိနေဆဲ                     ပြည်ပမတ်ပဲသင်္ဘောတင်မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝ ကျော်ရှိသလို ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုး အပြောင်းအလဲ ရှိပေမဲ့ မတ်ပဲကတော့ တင်ပို့မှု သိသိသာသာကျဆင်းခြင်းမရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပါတယ်။                     လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၇၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်အတွင်းက တန်ချိန် ၁၂ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည် ကြီးများက ဆိုပါတယ်။              MIRT - MAPT 

Tuesday, 28 Jun 2011

တရုတ်ဝက်သားဈေး မြင့်တက်ပြီး ကြက်သွန်ဖြူဈေးကျ              တရုတ်နိုင်ငံရဲ့ ဝက်သားဈေးဟာ ယခင်သီတင်းပတ်ထက် ဇွန်လ ၁၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း ၄ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်လက်ကားပျမ်းမျှဈေးကတော့ ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ကြက်ဥဈေးကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။                ကြက်သွန်ဖြူဈေးဟာ လွန်ခဲ့တဲ့ ၃ လကျော်မှာ ၃၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး တစ်နှစ်ထက်တစ်နှစ် ကျဆင်းမှုကတော့ ၁၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ယခင်တစ်ပတ်ထက် ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မုန်ညှင်းဆီဈေးက ဝ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပါတယ်။ ဂံျုမှုန့်နဲ့ ဆန်ဈေးကတော့ တစ်ပတ်အတွင်း ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အမဲသားဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း၊ ကြက်သားဈေးက ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဆိတ်သားဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။            လမင်း၊Source: Bloomberg.

Tuesday, 28 Jun 2011

အိန္ဒိယတောင်သူများ ဈေးနှုန်းသတ်မှတ်ဖို့ နနွင်းကောင်စီတည်ထောင်မယ်              အိန္ဒိယ နနွင်းတောင်သူများဟာ ဈေးနှုန်းထိန်းချုပ်ဖို့နဲ့ လိုအပ်ရင် ဈေးကွက်ကြားဖြတ်စနစ်တစ်ခု အကောင်အထည်ဖော်ဖို့ အဖွဲ့အစည်းတစ်ခုတည်ထောင်ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ နနွင်းအဓိက စိုက်ပျိုးတဲ့ဒေသများက တောင်သူ အဖွဲ့အစည်းများဟာ အဲဒီအစီအစဉ်က အောင်မြင်မယ်ဆိုရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့ ဆိုပါတယ်။                        နနွင်းတောင်သူများကောင်စီ (TFCI) ရဲ့ စီစဉ်သူ Mr P.K Deivadigamani ပြောကြားချက်အရ ၎င်းတို့ကောင်စီ ဟာ ကြက်ဥဈေးနှုန်းကို အပတ်စဉ်သတ်မှတ်တဲ့ အမျိုးသား ကြက်ဥပူးပေါင်းဆောင်ရွက်ရေးကော်မတီ (NECC) ရဲ့ ဆောင်ရွက်မှုတို့ကို စံနမူနာယူသွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့ကောင်စီ ကို နိုင်ငံအတွင်း နနွင်းအများဆုံးစိုက်ပျိုးတဲ့ တမီနာဒူး တစ်လျှောက်ရှိ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာအတွင်း ကိုယ်စားပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။                  FCI ကို ဇူလိုင်လအတွင်း အီရော့မှာကျင်းပမဲ့ အမျိုးသားဆွေးနွေးပွဲမှာ တည်ထောင်သွားမှာဖြစ်ပါတယ်။ နနွင်းဈေးနှုန်းအပြောင်းအလဲမြန်ခြင်းဟာ တောင်သူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ဆိုပါတယ်။ နနွင်းဈေးဟာ လွန်ခဲ့တဲ့နှစ်နောက်ပိုင်းမှာ ၄ဝ-၅ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး တစ်တန်ကို ရူပီး ၈ဝဝဝဝ(ကန်ဒေါ်လာ ၁၇၉၂) အောက် လျော့ကျခဲ့ တဲ့အတွက် တောင်သူတွေရဲ့ ကုန်ကျစရိတ်မျှသာဖြစ်ခဲ့ပါတယ်။                နနွင်းကောင်စီဟာ ထုတ်လုပ်မှုအတွက် ကြမ်းခင်းဈေးသတ်မှတ်ဖို့ စီစဉ်ထားပြီး လိုအပ်ပါက ထိုက်သင့်တဲ့ ဈေးနဲ့ ဝယ်ယူသွားပြီး ဈေးကွက်အတွင်း ကြားဖြတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယတောင်သူများ အသင်းအဖွဲ့က အင်ဒရာပရာဒေ့ရှ်မှာ နနွင်းကောင်စီရဲ့ လုပ်ဆောင်မှု အသင်းရုံးချုပ်အဖြစ်နဲ့ ၎င်းတို့ရဲ့ အစီအစဉ်ကို အထောက်အပံ့ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း Mr Deivasigamaniက ပြောကြားပါတယ်။ ယမင်းးခင်၊Source: hindubusiness

Tuesday, 28 Jun 2011

ရှမ်းနနွင်းလည်းဈေးအေးနေ           ချင်းနနွင်းတွေပြန်စိုက်နေတဲ့အချိန်၊ ဈေးလည်းကျနေတဲ့အချိန်ကြောင့် ဈေးကွက်မှာလည်း နနွင်းတွေအဝင် ကဲျနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကိုချင်းထက်အစိုက်နည်းပြီး နှစ်စဉ်ဧက ၃ဝဝဝ ခန့်စိုက်ပိုျးပါတယ်။ နနွင်းမှာအခြားသီးနံှတွေလို မျိုးအတွက် မပူပင်ရတဲ့သီးနံှဖြစ်ပါတယ်။ အရင်နှစ်တွေက စိုက်ပျိုးထွက်ရှိတဲ့ နနွင်းပင်မှ ခေါင်းကိုမျိုးအဖြစ် ပြန်လည် အသုံးပြုကြပါတယ်။ စိုက်ပျိုးသက်ရှည်ခြင်း၊ ပြည်တွင်းစားသုံးမှုပိုလံျှပြီး ပြည်ပဈေးကွက် အဝယ်မရှိပါက ဈေးနှုန်းကျခြင်း ကြောင့်အရင်းရှုံးတတ်လို့ တောင်သူများကတိုးခဲျ့မစိုက်ရဲကြောင်းသိရှိရပါတယ်။ ဒီနှစ်နနွင်းကလည်း ပြည်ပဝယ်လိုအား မရှိတာကြောင့် လက်ကျန်များနေပါတယ်။ တရုတ်နိုင်ငံကတိုင်းရင်းဆေး ဖော်ဘို့အတွက် နနွင်ခေါင်းကိုသာဝယ်ယူနေကြလို့ နနွင်းတက်ထက်နနွင်းခေါင်းကို ပိုအဝယ်လိုက်နေပါတယ်။ နနွင်း ခေါင်းအဝယ်သမားရှိပေမဲ့ ပစ္စည်းကမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယ (ရိုးရိုး)နနွင်းက ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ် နဲ့ နနွင်းခေါင်းတစ်ပိဿာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်၊ ၁၃ဝဝ ကျပ် နဲ့တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင်

Tuesday, 28 Jun 2011

နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ပို            မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၂သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ တန် ကျော်နဲ့ နနွင်းခေါင်း ၃၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၃ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)

Tuesday, 28 Jun 2011

မလေးရှားနဲ့ ကိုရီးယားကို နနွင်းတင်ပို့             ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်း တန်ချိန် ၂ဝ ဒသမ ၆ တန်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကို ၃ တန်နဲ့ ကိုရီယားနိုင်ငံကို ၁၇ ဒသမ ၆ တန်တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ သုံးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတစ်တန်သာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီတစ် ပတ်အပို့ သာခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)

Pages