Main menu

Background

Tuesday, 31 May 2011

အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေးဆင်းလာ                ယခင်သီတင်းပတ်က အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံဈေး ခိုင်မာနေခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဝယ်မရှိတဲ့အပြင် လှောင်လက်များ ထုတ်ရောင်း နေတာကြောင့် ဈေးလျော့ကျ လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းမယ့် ပဲတင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက နောက်ထပ် ပဲရာသီမှာ အထွက်ပိုမိုမယ့် အလားအလာရှိလာကာ ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြ လိုက်ပါတယ်-                                                                ဒေါ်လာ/တန်                    ၂၆-၅-၁၁        ၂၅-၅-၁၁          ၂၄-၅-၁၁                  ၂၃-၅-၁၁မွန်ဘိုင်း         ၆၈၄-၇ဝ၇       ၆၈၃-၇ဝ၅       ၆၉၁-၇ဝ၇                ၆၉၆-၇၁၈ဒေလီ            ၇၄၉-၇၅၁       ၇၆ဝ-၇၆၂        ၇၆၂-၇၆၅               ၇၆၂-၇၆၄ချန်နိုင်း             ၆၈၄               ၆၈၃                ၆၈၅                       ၆၉၆MIRT(MAPT)

Tuesday, 31 May 2011

ယခုတစ်ပတ်ပဲစင်းငုံကို ပြည်ပဝယ်ယူမှု တန် ၄၅ဝဝ ထိတက်လာ                  ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံတန် ၄၅ဝဝ ခန့်ကို ပြည်ပဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုကတော့ တန်ချိန် ၂၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။                  အိန္ဒိယဝယ်လက်အချို့ အဝယ်ရှိပေမဲ့ အိန္ဒိယဈေးကွက်အတွင်း ဈေးကျ နေတာကြောင့် ဈေးလျှော့ ဝယ်လာတဲ့အတွက် ပြည်တွင်းလှောင်လက်များ အနေနဲ့ ထုတ်ရောင်းမှုနည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးလျော့တဲ့ ပဲစင်းငုံ ဖြူနီကို တော့ အဝယ်ပိုများတယ်လို့ သိရပါတယ်။ လျော့ကျလာတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                              ဒေါ်လာ/တန်                  ပဲစင်းငုံနီ(FAQ)     ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၇-၅-၁၁     ၆၆ဝ-၆၈ဝ                   ၅၆ဝ-၅၈ဝ၂ဝ-၅-၁၁      ၆၉ဝ-၇၁ဝ                  ၅၉ဝ-၆၁ဝMIRT(MAPT)

Tuesday, 31 May 2011

   ပဲစင်း ငုံတင်ပို့မှုတန် တစ်သောင်းနီးပါးရှိလာ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ် တန်ချိန် ၃ဝဝဝ ဝန်းကျင် သာရှိခဲ့ရာမှ ယခုသီတင်းပတ် (မေလ ၁၉-၂၅) အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့ တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ပမာဏအများဆုံးဖြစ်ပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံကို တော့ အနည်းငယ်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံတင်ပို့မှု လျော့နည်းတယ် ဆိုပေမဲ့ ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။                                                              MIRT - MAPT

Tuesday, 31 May 2011

နယ်စပ်မှ ယခုအပတ် မတ်ပဲ တင်ပို့မှုလျော့               မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်းတန်ဖိုးရှိ မတ်ပဲ ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၉ တန် တင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                       မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်        ပြောင်းလဲမှု  %     ယခု      ယခင်   ပြောင်းလဲမှု     % မတ်ပဲ     ၅၂၃၆၆၃      ၅၆၁၄၁၂      ၃၇၇၄၉       ၇      ၉၇ဝ      ၉၉၁         ၂၁           ၂MIRT (DOBT)

Tuesday, 31 May 2011

ယခုတစ်ပတ် အန္ဒိယမတ်ပဲ ဈေးကျ                 အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲ အဝယ်နည်းတဲ့အတွက် ပဲခွဲစက်တွေက ဝယ်ယူမှုလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ရိတ်သိမ်းနေပြီဖြစ်ပြီး အချို့ ဈေးကွက်တွေကို ဝင်လာမှုဟာ ဇွန်လမှာ တိုးတက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘီဟာနဲ့ ဥတ္တရာပရာဒေ့ရှ်အချို့ဒေသတွေမှာ မိုးရွာသွန်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် မျှော်လင့်ချက်ကလည်း ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။MMTC အေဂျင်စီမှ မတ်ပဲ FAQနဲ့ SQ တန်ချိန် ၃ဝဝဝ စီဝယ်ယူမယ့် တင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်အသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြလိုက်ပါတယ်     ဒေါ်လာ/တန်                  ၂၆-၅-၁၁          ၂၅-၅-၁၁        ၂၄-၅-၁၁              ၂၃-၅-၁၁မွန်ဘိုင်း      ၈၇၈-၈၈၃           ၈၈၁                 ၈၉ဝ                 ၈၉၄-၉ဝဝဒေလီ         ၈၁၇-၉ဝ၅          ၈၃၇-၉၃၁       ၈၄ဝ-၉၃၄            ၈၃၉-၉၃၃ချန်နိုင်း      ၈၈၉-၁ဝ၁၆        ၈၈၇-၁ဝ၂၅    ၉၁၂-၁ဝ၃၉          ၉၂၂-၁ဝ၄၉MIRT(MAPT)

Tuesday, 31 May 2011

ပြည်ပဝယ်လိုအားကောင်းပေမဲ့ အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ဝယ်                  ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခု တစ်ပတ် မေလ ၂၃ ရက်မှ ၂၇ ရက်ထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ် စာချုပ်ပြီးစီးမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် ပဲအားလုံးစုစုပေါင်း တန်ချိန် ၁၂ဝဝဝ ခန့်ထိ ရှိတာတွေ့ရပါတယ်။ မေလ၂ ရက်မှ၂၇ ရက်ထိ စုစုပေါင်း အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၈၅ဝဝဝ ကျော်ထိရှိတာတွေ့ရပါတယ်။             ယခုသီတင်းပတ်များမှာ မတ်ပဲကို ပြည်ပဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောင်သူများနဲ့ လှောင်လက်ကုန်သည်များ ရောင်းအားများ တဲ့အပြင် မိုးမိပဲအချို့ရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ ပေးဝယ်လာတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ပဲလက်ကျန်မှာလည်း အသင့်အတင့်သာရှိတော့တယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းလဲ လာတဲ့ ရန်ကုန် FOB ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                  ဒေါ်လာ/တန်                             မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၂၇-၅-၁၁               ၇၉ဝ-၈၁ဝ                     ၉၃ဝ-၉၅ဝ ၂ဝ-၅-၁၁               ၈၂ဝ-၈၄ဝ                     ၉၆ဝ-၉၈ဝ MIRT(MAPT)

Tuesday, 31 May 2011

မတ်ပဲသင်္ဘောတင်ပို့မှု ပြန်လည်အားကောင်း               ယခုသီတင်းပတ် (မေလ ၁၉ ရက်မှ ၂၅ ရက်)အတွင်း မတ်ပဲသင်္ဘော တင်ပို့ ကတော့ စံချိန် တင်လောက်အောင် တိုးတက်လာခဲ့ပါတယ်။ ယခင်သီတင်းပတ် တွေက အများဆုံးတန် ၁၇ဝဝဝ ခန့်ထိတင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂၄ဝဝဝ ကျော်အထိ တိုးတက်လာပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခုနှစ်လက်ရှိ အချိန်ထိ ပဲမျိုးစုံတင်ပို့မှုမှာ မတ်ပဲက အားအကောင်းဆုံးဖြစ်ပြီး လာမယ့်သီတင်းပတ် တွေမှာလည်း တင်ပို့မှု မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Pages