Background
ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက် လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ MIRT- MAPT
စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လာပါက ကောက်ပဲသီးနံှတင်ပို့ခွင့် ပိုပိတ်ပင်သွားမည့် ယူကရိန်း ယူကရိန်းမှာ တကယ်လို့ စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်မှုတွေရှိလာပါကကောက်ပဲသီးနံှကုန်သည်တွေကို ပို့ကုန်တားမြစ်ချက်ပြုလုပ်သွားဖို့ နှစ်လကြိုတင်ပြီး သတိပေးမှာဖြစ်ကြောင်း လယ်ယာစိုက်ပျိူးရေးဝန်ကြီး ပြုသူ Mykola Prysyazhnyu မှပြောကြားလိုက်ပါတယ်။ ကောက်ပဲသီးနံှဈေးကွက်က လွတ်လွတ်လပ်လပ်ရှိသင့်ကြောင်း ဧပြီလ ၂၉ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့ဘဏ်မှ ယူကရိန်းကိုယ်စားလှယ်များ၊ ပြန်လည်တည်ဆောက်ရေးအတွက် ဥရောပဘဏ်နဲ့ ယူကရိန်း အမေရိကအသင်း အစည်း အဝေးမှာ ပြုသူ Mykola Prysyazhnyu မှပြောကြားလိုက်ပါတယ်။ ယူကရိန်းနဲ့ ရုရှမှ ကောက်ပဲသီးနံှ တင်ပို့ခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ၂ဝ၁ဝ အောက်တိုဘာလမှာ မုယော စပါး တင်ပို့မှုအပေါ်မှာ ကိုတာကန့်သတ်ခဲ့တယ်။ ရုရှရော ယူကရိန်းနှစ်နိုင်ငံစလုံးမှာ မိုးခေါင်မှုကြောင့် ကောက်ပဲ သီးနံှထွက်ရှိမှု ကျဆင်းခဲ့တာကြောင့်ဖြစ်တယ်။ ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်လာခြင်းကို ထိန်းသိမ်းဖို့အတွက် တင်ပို့မှုကန့်သတ်ခြင်းကို ပြုလုပ်ဖို့ လိုအပ်ကြောင်း ယူကရိန်းအာဏာပိုင်များမှ ပြောကြားလိုက်ပါတယ်။ ယူကရိန်းအစိုးရက ယခုတစ်ပတ်မှာ ပြောင်း တင်ပို့မှုကန့်သတ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင်
အိန္ဒိယပဲတီစိမ်းဈေး တစ်ပတ်အတွင်းတည်ငြိမ်သလောက်ရှိနေ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲတီစိမ်းဈေးက တစ်ပတ်အတွင်း တည်ငြိမ်သလောက်ရှိနေပါတယ်။ အချို့ ဒေသတွေမှာ နွေပဲတီစိမ်းဝင်ရောက်လာတော့မှာဖြစ်လို့ ပဲခွဲစက်လုပ်ငန်းရှင်များက အဝယ်သိပ်မထွက် ကြသေးဘူးလို့ သိရပါတယ်။ ဧပြီလ ၁၅ ရက်နေ့အထိ နွေပဲတီစိမ်းစိုက်ပိုျးမှုဟာ ဟက်တာ ၉ ဒသမ ၂၁ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈ ဒသမ ၇ဝ သိန်းထက် ၅ ဒသမ ၈၆ ရာခိုင်နှုန်းပိုမိုနေတယ်လို့ သိရပါတယ်။ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာလည်း ရာသီဥတု ခြောက်သွေ့နေတဲ့အတွက် ပဲရင့်မှည့်ဖို့ အထောက်အကူဖြစ်စေပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ပဲတီစိမ်းဈေးကျဆင်းနေပြီး မွန်ဘိုင်း ဈေးကွက်မှာ ပဲတီရွှေဝါဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၁၉ဝ ဈေးရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်ပြီး ဈေးများများမတက်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား (၃)နဲ့ ဖော်ပြလိုက်ပါတယ် - ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁ဝ၇၁-၁ဝ၇၇ ၁ဝ၈၃ ၁ဝ၇၆ -ဒေလီ ၈၃၄-၉၂၅ ၈၃၄-၉၂၅ ၇၈၅-၈၇၅ ၇၈၅-၈၇၅အာကိုလာ ၉၄၇-၁ဝ၆ဝ - - ၉၄၂-၁ဝ၁ဝMIRT(MAPT)ကန်/ဒေါ်လာ
ပဲတီစိမ်း တန် ၁ဝဝဝ ကျော် နယ်စပ်ကတင်ပို့ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၁၄၃၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒဿမ ၅၈၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တန် ၁ဝဝဝ ကျော် ပိုမိုခဲ့ပါတယ်။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး-မူဆယ်ကားခနှုန်းထားမှာပဲတီစိမ်း တစ်ပိသာကို ၇၅ ကျပ်မှ ၇၂ ကျပ်အထိကျ ဆင်းခဲ့တာ တွေ့ရ ပါတယ်။ သယ်ယူစရိတ် အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဘက်နိုင်ငံဝယ်လိုအားရှိခြင်းကြောင့် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၇၄၇၇၄ ၁ဝဝ၅၈၂ဝ ၁၃၁ဝ၄၆ ၁၄ ၁၁ဝ၃ ၁၂၈၆ ၁၈၃ ၁၆MIRT (DOBT)
ယခုတစ်ပတ် ပဲတီစိမ်းတန် ၇ဝဝဝ ခန့် ပြည်ပအဝယ်ရှိ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ယခင်သီတင်းပတ်က ပြည်ပအဝယ်အေးသွားခဲ့တဲ့ ပဲတီစိမ်းကို ယခုတစ်ပတ်မှာ တန် ၇ဝဝဝ ထိ အဝယ်ပြန်တက်လာတာ တွေ့ရပါတယ်။ မိုးမိပဲတီစိမ်းများကိုရောပြီး ရောင်းချမှုကြောင့် ပဲအရည်အသွေး နိမ့်ကျသွားတဲ့အတွက် ယခင်တစ်ပတ်က အဝယ်ထိုင်းသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်း ပဲပင်ပေါက်များမှာ ဓါတုဆေးပါဝင်မှုနဲ့ ပတ်သက်လို့ သတင်းအချို့ဖြစ်ပေါ်ခဲ့တာကြောင့် တရုတ်ကုန်သည်တွေ အဝယ်ခေတ္တရပ်ဆိုင်းသွားတာကြောင့်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ စင်ကာပူဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် အရောင်း အဝယ်ပြန်ဖြစ်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများကတော့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်း(အညာ)နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ ဖြစ်ပြီး ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၂၃ဝ-၁၂၅ဝ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု ပြန်တိုးတက် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တိုးတက်လာခဲ့ပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်မှာ ပဲတီစိမ်းတန် ၃ဝဝဝ အောက်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၅၅ဝဝ အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီတစ်လလုံးမှာ ပဲတီစိမ်းတန် ၂ဝဝဝဝ ခန့် တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ပဲတီစိမ်းတန်ချိန် ၁၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခင်နှစ် ကာလတူထက် ပိုတင်လာတာတွေ့ရပါတယ်။ MIRT- MAPT
ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ ယခင်သီတင်းပတ်က နေ့စဉ် FOB အရောင်းအဝယ်ရှိခဲ့တဲ့ ပဲလွန်းဖြူ ဟာ ယခုတစ်ပတ်မှာ ရက်ခြား ရောင်း ဝယ်မှုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ် အတွင်းမှာ တန် ၂ဝဝဝ ခန့် ပြည်ပ အဝယ်ရှိခဲ့ပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူမှုများပြီး ဈေးနှုန်းအနေနဲ့လည်း တည်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ် ဈေးများ အတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝနဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပဲလွန်းဖြူတင်ပို့မှု အားကောင်းနေဆဲ ပဲလွန်းဖြူ တင်ပို့မှုကတော့ အပတ်စဉ်အားကောင်းနေပါတယ်။ ယခင် သီတင်းပတ်များက တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၆ဝဝ အထိ တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ရုရှားနဲ့ ထိုင်းတို့ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၃၅ဝဝ တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၆၅ဝဝ ကျော် အထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တန်ချိန် ၂ဝဝဝ ခန့် သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာတင်သွင်းမှု ယခင်နှစ်များထက် အမြင့်ဆုံးကိုရောက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းကောက်ပဲသီးနံှအထွက်ကောင်းမယ်လို့ မျှော်မှန်းထားတဲ့တိုင် လက်ရှိ ဘဏ္ဍာနှစ် စားနပ်ရိက္ခာ တင်သွင်းမှု အနေနဲ့ ယခင်နှစ်တွေထက်အမြင့်ဆုံး ပမာဏကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လမှာ ကုန်ဆုံးမယ့် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း စားနပ်ရိက္ခာစုစုပေါင်း တန်ချိန် ၅ ဒသမ ၅ သန်းအထိ တင်သွင်းရဖွယ်ရှိတယ်လို့ စားနပ်ရိက္ခာ ညွှန်ကြားရေးမှူးချုပ် Ahmed Hossain Khan က ဧပြီလ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခင်နှစ်များက စားနပ်ရိက္ခာတင်သွင်းမှု စံချိန်တင်ခဲ့ခြင်းအနေနဲ့ ၁၉၉၈-၉၉ ဘဏ္ဍာနှစ်မှာ ရေအကြီး အကျယ် လွှမ်းမိုးမှုကြောင့် ပြည်တွင်းထုတ်လုပ်မှု ထိခိုက်ခဲ့စဉ်က တန်ချိန် ၅ ဒသမ ၂ သန်းအထိ တင်သွင်းခဲ့ရတယ်လို့ စားနပ်ရိက္ခာ ဝန်ကြီးဌာန အရာရှိများက ပြောကြားခဲ့ပါတယ်။ ပြည်တွင်း လူဦးရေ ကြီးထွားမှု မြန်ဆန်နေတာကြောင့် စားနပ်ရိက္ခာ ဝယ်လိုအားက သိသိသာသာ မြင့်တက်လာခြင်းဖြစ်တယ်လို့ စားနပ်ရိက္ခာဝန်ကြီး abdur Razzaque က ဆိုပါတယ်။ ယခုနှစ် စားနပ်ရိက္ခာတင်သွင်းမှု ခန့်မှန်းပမာဏအနက် တန်ချိန် ၄ ဒသမ ၃ သန်းမှာ တင်သွင်းထားပြီဖြစ်ပြီး ကျန်ပမာဏကတော့ တင်သွင်းဆဲလို့ ဆိုပါတယ်။ အဲဒီပမာဏအနက် ဆန်တန်ချိန် ဝ ဒသမ ၂ သန်းကို ထိုင်းနိုင်ငံ ဝ ဒသမ ၁ သန်းကို ဗီယက်နမ်နိုင်ငံက တင်သွင်းဖို့ စီစဉ်နေတယ်လို့ စားနပ်ရိက္ခာဝန်ကြီးက ဆိုပါတယ်။ ၁၉၉၈-၉၉ ခုနှစ်ကလွဲပြီး နောက်ပိုင်းနှစ်တွေမှာ တစ်နှစ်ကို စားနပ်ရိက္ခာတန်ချိန် ၂ သန်းနဲ့ ၃သန်းအတွင်းသာ တင်သွင်းခဲ့ရာမှ ၂ဝဝ၇-ဝ၈ ခုနှစ်က စပြီး တင်သွင်းမှုဟာ တန်ချိန် ၃ သန်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Matia Chowdhury ကလည်း လူဦးရေ သိသိသာသာ တိုးတက်နေတာကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ တိုးတက်နေတဲ့ စားနပ်ရိက္ခာဝယ်လိုအား ပြည့်မီဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရဲ့ မိုးနဲ့ နွေ ရာသီဆန်ထုတ်လုပ်မှုနဲ့ ဂံျုထွက်ရှိမှု ရည်မှန်းချက်အတိုင်း ရရှိပေမဲ့ စုစုပေါင်းသီးနံှ ထွက်ရှိမှုတန်ချိန် ၃၆ သန်းက ပြည်တွင်း လိုအပ်ချက်အတွက် တန်ချိန် ၅ သန်းကျော် လိုအပ်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း စားနပ်ရိက္ခာတင်သွင်းဖို့ အစိုးရက အသုံးစရိတ်ကို ကနဦးက တာကာ ၆၅ဝဝဝ သန်း (ကန်ဒေါ်လာ ၈၉၁ ဒသမ ဝ၂ သန်း) ချမှတ်ခဲ့ရာမှ ၁၅ ရာခိုင်နှုန်းတိုးမြင့်ပြီး တာကာ ၇၅ဝဝဝ (ကန်ဒေါ်လာ ၁ဝ၂၈ ဒသမ ၁ဝ သန်း) ခွင့်ပြုခဲ့တယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီသုံးစွဲငွေကို စားနပ်ရိက္ခာ သီးနံှတန်ချိန် ၂ ဒသမ ၂ သန်း ဝယ်ယူသွားမှာဖြစ်ပြီး အဲဒီပမာဏအနက် ဆန်တန်ချိန် ၁ ဒသမ ၂၅ သန်းနဲ့ ဂံျုတန်ချိန် ဝ ဒသမ ၉၅ သန်း တင်သွင်းသွားမယ်လို့ သိရပါတယ်။ ကျန်တန်ချိန် ၃ သန်းဖြစ်တဲ့ ဂံျုတန်ချိန် ၂ ဒသမ ၄ သန်းနဲ့ ဆန်တန်ချိန် ဝ ဒသမ ၆ သန်းကို ပုဂ္ဂလိကကဏ္ဍက တင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း စားနပ်ရိက္ခာတန်ချိန် ၃ ဒသမ ၄၆ သန်းအနက် ဆန်တန်ချိန် ဝ ဒသမ ဝ၉ သန်းနဲ့ ဂံျုတန်ချိန် ၃ ဒသမ ၃၆ သန်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: riceonline
်အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးနှုန်း တစ်ပတ်အတွင်း ကန်ဒေါ်လာ ၂ဝ ဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းတာကြောင့် ပဲစင်းငုံဈေးက တစ်တန်ကန်ဒေါ်လာ ၂ဝ ခန့်ကျဆင်းခဲ့ပါတယ်။ ပြည်တွင်းပဲ ရောင်းချမှုများပြီး ပြုပြင်ပြီး ပဲစင်းငုံကို အဝယ်နည်းတဲ့အတွက် ပဲစင်းငုံဈေးက ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ တင်သွင်းပဲစင်းငုံဈေးက မေလ ၃ ရက်နေ့ထက် ၅ ကန်ဒေါ်လာ ကျဆင်းပြီး တစ်တန်ကန်ဒေါ်လာ ၇၇ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပြန်ရောင်းချသူများက ဈေးအနိမ့်နဲ့ ဝယ်ယူဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ပြုနိုင်ဖွယ်ရှိပါတယ်။ လက်ရှိအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက အနိမ့်ဆုံးထောက်ပံ့ဈေးအောက်မှာ ရောက်နေပြီး ကာလတိုအတွင်းမှာလည်း ပဲစင်းငုံဈေးအားပျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်း တွေကို ဇယားနဲ့ ဖော်ပြထားပါတယ် ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၂၇ ၇၃၃-၇၃၉ ၇၁၂ ၇ဝ၇ဒေလီ(မြန်မာပဲစင်းငုံ) ၇၈၉-၇၉၂ ၇၈၉-၇၉၂ ၇၆၈-၇၇၅ ၇၆၁-၇၆၃ချန်နိုင်း ၇၆၇-၇၇၈ ၇၄၄ ၇၄ဝ ၇၂၉MIRT(MAPT)ဒေါ်လာ/တန်