Background
ပြည်ပအဝယ ် ရက်ခြားရှိတဲ့ ပဲလွန်းဖြူ ယခင်သီတင်းပတ်က နေ့စဉ် FOB အရောင်းအဝယ်ရှိခဲ့တဲ့ ပဲလွန်းဖြူ ဟာ ယခုတစ်ပတ်မှာ ရက်ခြား ရောင်း ဝယ်မှုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ် အတွင်းမှာ တန် ၂ဝဝဝ ခန့် ပြည်ပ အဝယ်ရှိခဲ့ပါတယ်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူမှုများပြီး ဈေးနှုန်းအနေနဲ့လည်း တည်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ် ဈေးများ အတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝနဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပဲလွန်းဖြူတင်ပို့မှု အားကောင်းနေဆဲ ပဲလွန်းဖြူ တင်ပို့မှုကတော့ အပတ်စဉ်အားကောင်းနေပါတယ်။ ယခင် သီတင်းပတ်များက တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၆ဝဝ အထိ တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ရုရှားနဲ့ ထိုင်းတို့ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၃၅ဝဝ တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၆၅ဝဝ ကျော် အထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တန်ချိန် ၂ဝဝဝ ခန့် သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာတင်သွင်းမှု ယခင်နှစ်များထက် အမြင့်ဆုံးကိုရောက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းကောက်ပဲသီးနံှအထွက်ကောင်းမယ်လို့ မျှော်မှန်းထားတဲ့တိုင် လက်ရှိ ဘဏ္ဍာနှစ် စားနပ်ရိက္ခာ တင်သွင်းမှု အနေနဲ့ ယခင်နှစ်တွေထက်အမြင့်ဆုံး ပမာဏကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လမှာ ကုန်ဆုံးမယ့် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း စားနပ်ရိက္ခာစုစုပေါင်း တန်ချိန် ၅ ဒသမ ၅ သန်းအထိ တင်သွင်းရဖွယ်ရှိတယ်လို့ စားနပ်ရိက္ခာ ညွှန်ကြားရေးမှူးချုပ် Ahmed Hossain Khan က ဧပြီလ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခင်နှစ်များက စားနပ်ရိက္ခာတင်သွင်းမှု စံချိန်တင်ခဲ့ခြင်းအနေနဲ့ ၁၉၉၈-၉၉ ဘဏ္ဍာနှစ်မှာ ရေအကြီး အကျယ် လွှမ်းမိုးမှုကြောင့် ပြည်တွင်းထုတ်လုပ်မှု ထိခိုက်ခဲ့စဉ်က တန်ချိန် ၅ ဒသမ ၂ သန်းအထိ တင်သွင်းခဲ့ရတယ်လို့ စားနပ်ရိက္ခာ ဝန်ကြီးဌာန အရာရှိများက ပြောကြားခဲ့ပါတယ်။ ပြည်တွင်း လူဦးရေ ကြီးထွားမှု မြန်ဆန်နေတာကြောင့် စားနပ်ရိက္ခာ ဝယ်လိုအားက သိသိသာသာ မြင့်တက်လာခြင်းဖြစ်တယ်လို့ စားနပ်ရိက္ခာဝန်ကြီး abdur Razzaque က ဆိုပါတယ်။ ယခုနှစ် စားနပ်ရိက္ခာတင်သွင်းမှု ခန့်မှန်းပမာဏအနက် တန်ချိန် ၄ ဒသမ ၃ သန်းမှာ တင်သွင်းထားပြီဖြစ်ပြီး ကျန်ပမာဏကတော့ တင်သွင်းဆဲလို့ ဆိုပါတယ်။ အဲဒီပမာဏအနက် ဆန်တန်ချိန် ဝ ဒသမ ၂ သန်းကို ထိုင်းနိုင်ငံ ဝ ဒသမ ၁ သန်းကို ဗီယက်နမ်နိုင်ငံက တင်သွင်းဖို့ စီစဉ်နေတယ်လို့ စားနပ်ရိက္ခာဝန်ကြီးက ဆိုပါတယ်။ ၁၉၉၈-၉၉ ခုနှစ်ကလွဲပြီး နောက်ပိုင်းနှစ်တွေမှာ တစ်နှစ်ကို စားနပ်ရိက္ခာတန်ချိန် ၂ သန်းနဲ့ ၃သန်းအတွင်းသာ တင်သွင်းခဲ့ရာမှ ၂ဝဝ၇-ဝ၈ ခုနှစ်က စပြီး တင်သွင်းမှုဟာ တန်ချိန် ၃ သန်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Matia Chowdhury ကလည်း လူဦးရေ သိသိသာသာ တိုးတက်နေတာကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ တိုးတက်နေတဲ့ စားနပ်ရိက္ခာဝယ်လိုအား ပြည့်မီဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရဲ့ မိုးနဲ့ နွေ ရာသီဆန်ထုတ်လုပ်မှုနဲ့ ဂံျုထွက်ရှိမှု ရည်မှန်းချက်အတိုင်း ရရှိပေမဲ့ စုစုပေါင်းသီးနံှ ထွက်ရှိမှုတန်ချိန် ၃၆ သန်းက ပြည်တွင်း လိုအပ်ချက်အတွက် တန်ချိန် ၅ သန်းကျော် လိုအပ်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း စားနပ်ရိက္ခာတင်သွင်းဖို့ အစိုးရက အသုံးစရိတ်ကို ကနဦးက တာကာ ၆၅ဝဝဝ သန်း (ကန်ဒေါ်လာ ၈၉၁ ဒသမ ဝ၂ သန်း) ချမှတ်ခဲ့ရာမှ ၁၅ ရာခိုင်နှုန်းတိုးမြင့်ပြီး တာကာ ၇၅ဝဝဝ (ကန်ဒေါ်လာ ၁ဝ၂၈ ဒသမ ၁ဝ သန်း) ခွင့်ပြုခဲ့တယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီသုံးစွဲငွေကို စားနပ်ရိက္ခာ သီးနံှတန်ချိန် ၂ ဒသမ ၂ သန်း ဝယ်ယူသွားမှာဖြစ်ပြီး အဲဒီပမာဏအနက် ဆန်တန်ချိန် ၁ ဒသမ ၂၅ သန်းနဲ့ ဂံျုတန်ချိန် ဝ ဒသမ ၉၅ သန်း တင်သွင်းသွားမယ်လို့ သိရပါတယ်။ ကျန်တန်ချိန် ၃ သန်းဖြစ်တဲ့ ဂံျုတန်ချိန် ၂ ဒသမ ၄ သန်းနဲ့ ဆန်တန်ချိန် ဝ ဒသမ ၆ သန်းကို ပုဂ္ဂလိကကဏ္ဍက တင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း စားနပ်ရိက္ခာတန်ချိန် ၃ ဒသမ ၄၆ သန်းအနက် ဆန်တန်ချိန် ဝ ဒသမ ဝ၉ သန်းနဲ့ ဂံျုတန်ချိန် ၃ ဒသမ ၃၆ သန်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: riceonline
်အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးနှုန်း တစ်ပတ်အတွင်း ကန်ဒေါ်လာ ၂ဝ ဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းတာကြောင့် ပဲစင်းငုံဈေးက တစ်တန်ကန်ဒေါ်လာ ၂ဝ ခန့်ကျဆင်းခဲ့ပါတယ်။ ပြည်တွင်းပဲ ရောင်းချမှုများပြီး ပြုပြင်ပြီး ပဲစင်းငုံကို အဝယ်နည်းတဲ့အတွက် ပဲစင်းငုံဈေးက ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ တင်သွင်းပဲစင်းငုံဈေးက မေလ ၃ ရက်နေ့ထက် ၅ ကန်ဒေါ်လာ ကျဆင်းပြီး တစ်တန်ကန်ဒေါ်လာ ၇၇ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပြန်ရောင်းချသူများက ဈေးအနိမ့်နဲ့ ဝယ်ယူဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ပြုနိုင်ဖွယ်ရှိပါတယ်။ လက်ရှိအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက အနိမ့်ဆုံးထောက်ပံ့ဈေးအောက်မှာ ရောက်နေပြီး ကာလတိုအတွင်းမှာလည်း ပဲစင်းငုံဈေးအားပျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်း တွေကို ဇယားနဲ့ ဖော်ပြထားပါတယ် ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၂၇ ၇၃၃-၇၃၉ ၇၁၂ ၇ဝ၇ဒေလီ(မြန်မာပဲစင်းငုံ) ၇၈၉-၇၉၂ ၇၈၉-၇၉၂ ၇၆၈-၇၇၅ ၇၆၁-၇၆၃ချန်နိုင်း ၇၆၇-၇၇၈ ၇၄၄ ၇၄ဝ ၇၂၉MIRT(MAPT)ဒေါ်လာ/တန်
FOB အဝယ် အနည်းငယ်တိုးလာ ယခုတစ်ပတ် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ၊ ဖြူများ ပြည်ပအဝယ်အနည်းငယ် တိုးလာတာတွေ့ရပါတယ်။ သြင်္ကန်အပြီး ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၁ဝဝဝ ဝန်းကျင်ခန့်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု သီတင်းပတ်(ဧပြီလ၂၉ ရက်မှ မေလ ၄ ရက်)အတွင်းတန်ချိန် ၆၅ဝဝ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ဝယ်လက်များက ပဲစင်းငုံနီကို အဝယ်ပိုများပြီး မေလ သင်္ဘောတင်ပို့အတွက်ဝယ်ယူခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း အရောင်းအဝယ် အထိုက်အလျောက်ဖြစ်ပေမဲ့ FOB ဈေး အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ)၆-၅-၁၁ ၇၅ဝ-၇၇ဝ ၆၅ဝ-၆၇ဝ၂၉-၄-၁၁ ၇၈ဝ-၈ဝဝ ၆၈ဝ-၇၁ဝMIRT(MAPT)
ယခင်သီတင်းပတ်တွေထက် ပဲစင်းငုံသင်္ဘောတင်လျော့ အခြားပဲတွေ တင်ပို့မှု တိုးတက်လာပေမဲ့ ယခင်သီတင်းပတ်တွေထက် လျော့ကျတင်ပို့နေတဲ့ ပဲကတော့ ပဲစင်းငုံဘဲဖြစ်ပါတယ်။ သြင်္ကန်မတိုင်မီ တန် ၃၅ဝဝ ကျော်၊ သြင်္ကန်အပြီးသီတင်းပတ်မှာ တန်ချိန် ၃ဝဝဝ အောက်နဲ့ ယခု သီတင်းပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) မှာတော့ တန် ၂ဝဝဝ ခန့် သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနဲ့ အိန္ဒိယကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၇ဝဝဝ ကျော်တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၂ သောင်း နီးပါးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလမှာ တော့ တန်ချိန် ၅ဝဝဝ ခန့်သာ တင်ပို့ခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုတင်လာတာ တွေ့ရပါတယ်။ MIRT- MAPT
အိန္ဒိယမတ်ပဲဈေး တစ်ပတ်အတွင်း ကန်ဒေါ်လာ ၅ဝ ခန့်ကျဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအား ဆက်ပါးနေတာကြောင့် မတ်ပဲဈေး တစ်တန် ကန်ဒေါ်လာ ၅ဝ ခန့် ကျဆင်းလာတာ တွေ့ရပါတယ်။ ပြုပြင်ပြီး မတ်ပဲအဝယ်ထိုင်းထားတာကြောင့် ပဲခွဲစက်လုပ်ငန်းရှင် တွေကလည်း ဈေးကွက်အတွင်း ပဲအဝယ်မရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အိန္ဒိယ အရှေ့ပိုင်း အချို့ဒေသတွေမှာ မိုးရွာသွန်းပြီး အဝင်ကိုထိခိုက်ခဲ့တာကြောင့် ကန်ပါမြို့ဈေးကွက်မှာ ဈေးအနည်းငယ် တိုးလာပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ နိုင်ငံတကာဈေးကျဆင်းတာကြောင့် မေလ ၃ ရက်ဈေးနဲ့ ယှဉ်ရင် မေလ ၅ ရက်မှာ မတ်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆ဝ လျော့ကျခဲ့ပြီး SQ တစ်တန်ကန်ဒေါ်လာ ၁ဝ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နွေမတ်ပဲစိုက်ပျိုးမှုအနေနဲ့ ဧပြီလ ၁၅ ရက် နေ့ထိ ဟက်တာ ၁၁ ဒသမ ၄၅ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ၁၁ ဒသမ ၁ဝ သိန်းထက်၃ဒသမ ၁၅ ရာခိုင်နှုန်းပိုမိုခဲ့တယ်လို့ သိရပါတယ်။ ပဲစိုက်တဲ့ အဓိက ဒေသတွေမှာ ရာသီဥတုကောင်းနေဆဲဖြစ်လို့ နွေမတ်ပဲ ရင့်မှည့်ဖို့ အခြေအနေ ကောင်းမွန် နေတဲ့အတွက် ဈေးကွက်တွေကို ပဲဝင်ရောက်မှုစတင်တိုးတက် လာနိုင် တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကာလတိုအတွင်းမှာ မတ်ပဲဈေးအားပျော့နိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယားနဲ့ ဖော်ပြထားပါတယ် တန်/ဒေါ်လာ ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း ၉၂၅-၉၃ဝ ၉၁၉ ၈၉၇-၉ဝ၃ ၈၈၆ဒေလီ ၈၅၇-၉၅၃ ၈၅၇-၉၅၃ ၈၄၁-၉၄၂ ၈၃ဝ-၉၂ဝချန်နိုင်း ၉၃၆-၁ဝ၉၉ ၉၃ဝ-၁ဝ၈၈ ၉၁၉-၁ဝ၇၆ ၉ဝ၉-၁ဝ၆၆MIRT(MAPT)
မတ်ပဲ FOB ရောင်းဝယ်မှုတန်ချိန် ၄ သောင်းကျော် ယခုတစ်ပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်)အထိ တစ်ပတ်အတွင်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပဝယ်လက်များနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာ မတ်ပဲ FAQ တန်ချိန် ၃ဝဝဝဝ နဲ့ SQ တန်ချိန် ၁၈ဝဝဝ ကျော် ရှိလို့ စုစုပေါင်းတန် ၄ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးနဲ့ပြည်ပ အဝယ်ကောင်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာ တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရောင်းချသူများလို့ ဈေးကျဆင်းလာခြင်းက ပြည်ပဝယ် လက်တွေအတွက် ဝယ်ယူဖို့ အချိန်ကောင်းဖြစ်လာပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်သီတင်းပတ်ထက် ပိုများလာတာကို တွေ့ရပါတယ်။ FOB ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၆-၅-၁၁ ၈၃ဝ-၈၇ဝ ၉၈ဝ-၁ဝဝဝ ၂၉-၄-၁၁ ၈၅ဝ-၈၇ဝ ၁ဝဝဝ-၁ဝ၂ဝ MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲသင်္ဘောတင် တန် ၁၄ဝဝဝ ထိ တိုးတက် ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝဝဝ ထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်အတွင်းက တန်ချိန် ၇၅ဝဝ တင်ပို့ခဲ့ရာမှ ပြန်လည်တိုးတက်တင်ပို့လာတာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃၂ဝဝဝ ခန့်ထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလတူ တင်ပို့မှု လျော့ကျတာတွေ့ရှိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ မေလနဲ့ ဇွန်လတွေမှာ တင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။ MIRT- MAPT
ကျောက်ပန်းတောင်း ထန်းလျက် အရောင်းသွက် ကျောက်ပန်းတောင်း ထန်းလျက် အကြမ်းများကို မန္တလေးသကြားစက်များ၊ ကြာညို့စက်များနှင့် ရန်ကုန် ငံပြာရည်စက်ရုံများသို့ လည်းကောင်း၊ တောင်ကြီးမြို့များသို့ လည်းကောင်း တစ်နေ့ကို ကုန်ချိန်ပိဿာ ၁၅ဝဝဝ မှ ၂ဝဝဝဝ ခန့်အထိ တင်ပို့နေရပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ် တစ်ပိဿာ ၅ဝဝ ကျပ်နှုန်းမှ ယခုတစ်ပတ်ကို ၅၄ဝ ကျပ်နှုန်းရှိသဖြင့် ထန်းလျက်ဈေး အနည်းငယ်တက်ကြောင်းသိရပါတယ်။ စားထန်းလျက် အလုံးသေးက ယခင်တစ်ပတ် ဈေးနှုန်း ကျပ် ၅၅ဝ ရှိပြီး ယခုတစ်ပတ် တစ်ပိဿာ ၆၅ဝ ကျပ်၊ ဆေးစပ်ထန်းလျက်ဖြူ ယခင် တစ်ပတ် ၆ဝဝ ကျပ်နှုန်းနဲ့ ယခုတစ်ပတ် ၇ဝဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိ နေကြောင်း၊ ၎င်းစားထန်းလျက်များကို မိတ္ထီလာ၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ တောင်တွင်းကြီးနဲ့ အခြားမြို့ အသီးသီးသို့ နေ့စဉ် ပိဿာချိန် ၁၂ဝဝဝ ဝန်းကျင်တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။ ထားအိဝင်း