Background
အောင်ပန်းဈေးကွက်သို့ ပုံမှန်အဝင်ရှိတဲ့ ရှမ်းချင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ် ချင်း အိတ်စပို့မရှိပေမဲ့ ပြည်တွင်းသုံးအဖြစ် အဝယ်များတာကြောင့် ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ ချင်းခြောက်အဖြစ် ပြုလုပ်ခြင်းကလည်း နည်းပြီး ချင်း(စို) အတိုင်းသာ အရောင်းအဝယ်ဖြစ် တယ် လို့လည်း သိရပါတယ်။ သြင်္ကန်ပြီးကတည်းက မိုးရွာနေတာကြောင့် ချင်းခြောက်တွေ လည်း ဈေးကွက်ကိုသိပ်မဝင်လာပါဘူး။ ချင်းစိုတွေကတော့ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေဆဲလို့ သိရပါတယ်။ နန်းတိုင်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ နယ်တွေရဲ့ လှောင်လက်တွေနဲ့ တောင်သူတွေထံက ဝင်နေသေးကြောင်းသိရပါတယ်။ ၅ ရက် တစ်ဈေးကို ချင်းပိဿာချိန် ငါးထောင်မှ တစ်သောင်းခန့် ဝင်နေဆဲဖြစ်ပါတယ်။ ၆ လပိုင်းမှာ ချင်း ဥမတွေကို စဖော်ကြမှာဖြစ်တဲ့အတွက် ချင်းကတော့ နောက်တစ်ရာသီပေါ်တဲ့အချိန်ထိ ဈေးကွက်မှာရှိနေနိုင်တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အညံ့တစ်ပိဿာ ၆ဝဝ ကျပ်ရှိပြီး ပုံမှန်စတွေက ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်၊ ထိပ်စက ၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၂ သိန်းစီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
ပြည်ချင်းဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်မှုဖြစ် ယခုတစ်ပတ်တွင် အောင်ပန်းချင်းဈေးများ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့်ရှိပြီး ယခင်တစ်ပတ်ကထက် အိတ် ၁ဝဝ ခန့် ပိုမိုဝင်ရောက်လာပါတယ်။ အဝင်များပေမဲ့ ဈေးနှုန်းမှာ ယခင်ပတ် ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၄ဝဝ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဧရာဝတီနှင့် ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်တွင် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှု ရှိကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ
ယခုတစ်ပတ် အိန္ဒိယကုလားပဲဈေးအနည်းငယ်လျော အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်အများစုမှာ ယခုတစ်ပတ် ကုလားပဲဈေး လျော့ကျခဲ့သလို မွန်ဘိုင်းဈေးကွက်မှာ အာဖရိက ကုလားပဲဈေးကျဆင်းတယ်လို့ သိရပါတယ်။ ကြိုပွိုင့်ဈေးခိုင်မာပြီး ဈေးကွက်တစ်လျှောက် ပဲခွဲစက်များမှ ဝယ်လိုအားရှိနေတယ်လို့ သိရပါတယ်။ ကုလားပဲရိတ်သိမ်းမှု ပြီးဆုံးတော့မှာဖြစ်ပြီး လှောင် လက်များက အမြောက်အမြား သိုလှောင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းအထွက်မြင့်တက်ခြင်းက ဈေးနှုန်းကို ထိန်းချုပ်စေပါတယ်။ လာမယ့်လများအတွင်း လက်ထပ်ပွဲများကြောင့် ဝယ်လိုအား တက် မယ်လို့ ဈေးကွက်ကမျှော်လင့်နေကြပါတယ်။ နိုင်ငံတကာဈေးကွက်အနေနဲ့ အဓိက စိုက်ပျိုးရာ ကနေဒါနဲ့ သြစတြေးလျတို့မှာ စိုက်ပျိုးမှုကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ် အတွင်း ပြောင်းလဲတဲ့ ကုလားပဲဖြူလုံးဈေးနှုန်းများကို ဖေါ်ပြလိုက်ပါတယ်။ တန်/ဒေါ်လာ ၁၉-၅-၁၁ ၁၈-၅-၁၁ ၁၆-၅-၁၁ ၁၄-၅-၁၁မွန်ဘိုင်း ၅ဝဝ-၅ဝ၅ ၄၉၉-၅ဝ၄ ၅ဝ၄ ၅ဝ၈-၅၁ဝဒေလီ ၅၂၂-၅၂၈ ၅၂၁-၅၂၇ ၅၁၁-၅၁၆ ၅၁၂-၅၁၈ဒေလီ ၅၇၄ ၅၇၇ ၅၇၁ ၅၈၃MIRT(MAPT)
ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်သွက် ယခုနှစ် ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ပဲတစ်မျိုး ကတော့ ကုလားပဲဖြူလုံးကြီး ဖြစ်ပါတယ်။ ယခုတစ်ပတ် (မေလ ၁၃ ရက်မှ ၂ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိမှာတော့ တန်ချိန် ၇၅ဝဝ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ပအဝယ်ရှိနေတာကြောင့် ပြည်တွင်းဈေးကွက်မှာလည်း အရောင်း အဝယ်သွက်နေသလို ပြည်ပဝယ်လက်များကလည်း ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ကုလားပဲကို အိန္ဒိယအပြင် ပါကစ္စတန် ဝယ်လက်ကလည်း အဝယ်ရှိနေပြီး ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ယခင်သီတင်းပတ်ထက် ကုလားပဲဖြူလုံး တင်ပို့မှု အနည်းငယ်လျော့ ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု တဖန်ပြန်တက်လာတဲ့ ကုလားပဲဖြူလုံးကြီးကို ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၃၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၄ဝဝဝ အထက် တင်ပို့မှု ရှိခဲ့လို့ ယခုတစ်ပတ် အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခုတလော ကုလားပဲဖြူ လုံးကြီး တင်ပို့မှုအားကောင်းနေတဲ့ နိုင်ငံကတော့ ပါကစ္စတန် ကရာချိ ဖြစ်တယ်လို့ ပြည်ပတင်ပို့သူ တစ်ဦးက ဆိုပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်ခုလုံးမှာ ကုလားပဲဖြူလုံးကြီး တန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ သိသိသာသာ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။MIRT- MAPT
ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေ ထောက်ပဲတန် ၂ဝဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်မှုအနေနဲ့ ယခု တစ်ပတ် (မေလ ၁၃-၂ဝ)အတွင်းမှာ ထောပတ်ပဲ တန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၅ဝဝ ခန့်ရှိပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိ ထောပတ်ပဲတန် ၂၆ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းဈေး ပြောင်းလဲမှုနည်းပြီး မေလ ၂ဝ ရက် ရန်ကုန် FOB ဈေးမှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်သို့ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ချောင်းဦး၊ ဆင်ဖြူကျွန်း၊ မတ္တရာဒေသများအပြင် အညာဒေသ များမှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ပဲတီရွှေဝါ (ခရမ်း)၊ အညာရွှေဝါ၊ ရိုးရိုး ပဲတီစိမ်းကြီးကို အမျိုး အစားအရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းနိမ့်မြင့် ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်း (ခရမ်း) က တစ်ပိဿာ ၁၆၈၉ ကျပ်၊ တစ်တန် ၁ဝ၃၄ဝဝဝ ကျပ်၊ အညာရွှေဝါက ၁၆ဝဝ ကျပ်၊ တစ်တန် ၉ဝဝဝဝ ကျပ်၊ ရိုးရိုးပဲတီစိမ်းကြီး ထိပ်စ တစ်ပိဿာ ၁၄၂၂ ကျပ်၊ တစ်တန် ၈၇ဝ၈ဝဝ ကျပ်ဈေးတို့ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းတွေကို တရုတ် ဆွဲအားကောင်းလာတာကြောင့် ရောင်းဝယ်ရတာ ယခင် အပတ်တွေထက် ကောင်းလာတာဖြစ်တယ်လို့ ကုန်သည်များ မှ ပြောပါတယ်။ ကျော်ကျော်မိုး
နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံး ၁၉၆၆ တန်ခန့်ရှိ ကန်ဒေါ်လာ ၁၉၇ဝဝဝ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်း ၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လုံးခြမ်းကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေး အနည်းငယ်မြင့်သော်လည်း မိမိဘက်ဈေးမှာ ကျပ် ၅ဝဝဝဝ ကျော် ကျဆင်း လျက်ရှိပါတယ်။ ပဲမျိုးစုံ ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း တင်ပို့မှုဟာ သိသိသာသာ တိုးမြှင့်မှုမရှိဘဲ အနည်းငယ်သာ ပိုပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈ဝ၄၁၁ဝ ၈၅၆၉၇၅ ၅၂၈၆၅ ၆ ၁၁၁၂ ၁ဝ၅၉ ၅၃ ၅MIRT (DOBT)