Background
ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက် ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် မန်ကျည်း လက်ကျန်မရှိခြင်း၊ ယခုနှစ်တွင် မန်ကျည်းအသီး နည်းခြင်း ကြောင့် အထွက်နှုန်းနည်းပြီး ယခင်နှစ် ကထက် မန်ကျည်း ဈေးကောင်း ရနေပါတယ်။ ယခုတစ်ပတ်တွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်း ထွက်ရှိသော မန်ကျည်းအကြောပါ အလုံး ထိပ်စတစ်ပိဿာ ၁၁ဝဝ ကျပ်၊ အလတ်စ ၁ဝ၅ဝ ကျပ်၊ အောက်စ ၁ဝဝဝ ကျပ်နဲ့ မန်ကျည်းအသားတစ် ပိဿာ ထိပ်စ ၂ဝဝဝ ကျပ်၊ အလတ်စ ၁၉ဝဝ ကျပ်၊ အောက်စ ၁၈ဝဝ ကျပ်တို့ ရှိပါတယ်။ လွိုင်ကော်၊ တောင်ကြီး မြို့များမှ ဝင်ရောက်လျက်ရှိသော မန်ကျည်းအကြောပါ အလုံး တစ်ပိဿာ ၉ဝဝ ကျပ်၊ အလတ်စ ၈ဝဝ ကျပ်ဖြင့် ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ လွိုင်ကော်၊ တောင်ကြီးမှ ဝင်ရောက်လာတဲ့ မန်ကျည်းများကို ကျောက်ပန်း တောင်းမှာ အသားထုတ်ပြီး ရောင်းချရာမှာ အသားပါးမှုကြောင့် တစ် ပိဿာ ၁၅ဝဝ ကျပ်ဖြင့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းအောက်စနဲ့ ရောပြီးလည်း ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ မန်ကျည်းအစေ့ တစ် ပိဿာ ၂၅ဝ ကျပ် ရှိပြီး မန်ကျည်းအစေ့ကို ရန်ကုန်မြို့ ဝက်စာစက်ရုံများမှ ဝယ်ယူလျက် ရှိပါတယ်။ မန်ကျည်း အသားကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၃ဝဝဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိ ကြောင်း မန်ကျည်းပွဲစားတစ်ဦးထံမှ လေ့လာ သိရှိရပါတယ်။ ထားအိဝင်း
မန်ကျည်းမှည့် အစေ့ပါလည်း တင်ပို့ နေဆဲ မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၃၉ တန်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၁၉ဝ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၉ဝ ကျော် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခုနှစ် ဧပြီလ တွင် နယ်စပ်မှ မန်ကျည်းမှည့် တန် ၁၃၂ဝ တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ MIRT (DOBT )
မန်ကျည်းဈေးကောင်းခဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကနေ မေလ ၁ ရက်မှ ၇ ရက် တာကာလအတွင်း မန်ကျည်း၂၄၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်၊ မလေးရှား ကို ၇၅ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ စင်ကာပူကို ၉၂ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၉၅ တန်သာ တင်ပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် လေးဆယ်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။ ယခင် သီတင်းပတ် အက်ဖ်အိုဘီ ဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၉ဝ ဝန်းကျင်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ် မှာ ကန်ဒေါ်လာ ၄၂ဝ ဝန်းကျင်ထိရရှိခဲ့လို့ မန်ကျည်း ဈေး ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ယခုနှစ်ရှမ်းနနွင်း အစိုက်နည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ သီးနံှတွေပြန်စိုက်တဲ့ အချိန်ဖြစ်တာကြောင့် နနွင်း တွေလည်း ပြန်စိုက် နေပါပြီ၊ ပြန်စိုက်တဲ့ အချိန်ကြောင့် ဈေးကွက်ကိုလည်း ပစ္စည်း အဝင်နည်းပြီး အရောင်းအဝယ်ကလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လှောင်လက်တွေထံမှာလည်း လက်ကျန် အတော်များများ ကျန်နေပါသေးတယ်။ နနွင်းလက်ကျန်က အတော်များများ ကျန်နေသေးတာကြောင့် ဒီနှစ်က နနွင်းအစိုက်နည်းသွားပြီး ဂမုန်းမွှေးကို ပိုစိုက်ကြတယ်လို့လည်း ဒေသခံ တောင်သူတွေထံက သိရပါတယ်။ အရင်နှစ်တွေက နနွင်းဈေးကောင်းတာကြောင့် အစိုက်များလို့ အထွက်နှုန်းကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီနှစ်က ပြည်ပ ဝယ်လိုအား နည်းတာကြောင့် နနွင်းဈေးက ခပ်အေးအေးဖြစ်နေလို့ လက်ကျန်တွေ အတော်များ နေတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်ဈေးရှိပြီး ဟိုပုံး ဈေးကွက်မှာတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး နနွင်းမှုန့်ပြုလုပ်ရန်အတွက် နနွင်းခေါင်းတွေကတော့ အရောင်း အဝယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ နနွင်းခေါင်းက (လှရင်) တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပရဆေးဖော်ဖို့အတွက်တော့ နနွင်းခေါင်း တွေကို ဝယ်ယူနေပြီး တစ်ပိဿာ ၅ဝဝ ကျပ် - ၆ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
အိန္ဒိယနနွင်းဈေး လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ် အိန္ဒိယပြည်တွင်းနနွင်းဈေးကွက်များမှာ အဝယ်နည်းတာကြောင့် လက်ရှိဈေး ဝန်းကျင်နဲ့သာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နနွင်းမှုန့် ဝယ်လိုအား ပါးတာကြောင့် နနွင်းကြိတ်စက် လုပ်ငန်းရှင်တွေမှာ လက်ကျန်များနေပြီး ဈေးကွက် အတွင်း အဝယ်အေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း လက်ထပ်ရာသီမှာ ဝယ်လိုအားတက်လာနိုင်တာကြောင့် ပြည်ပ ဝယ်လက်နဲ့ ကုန်သည်များဟာ လက်ရှိဈေးနဲ့ တဖြည်းဖြည်း စတင်ဝယ်ယူနေပြီလို့ လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးကွက်အများစုမှာ ဈေးလျော့ကျခဲ့ပေမဲ့ အခိုျ့ ဈေးကွက်မှာ တော့ ဈေးအကျမှာအဝယ်ရှိခဲ့လို့ ဈေးနှုန်းထပ်မကျဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ အခိုျ့တောင်သူများက ငွေလိုအပ်နေပြီ ဖြစ်လို့ နနွင်းရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မှာ နနွင်းဆက်လက်တူးဖော်နေပြီဖြစ်ပေမဲ့ ဝင်ရောက်မှုကတော့ ယခင် ရက်ပိုင်းက အိတ် ၁၂ဝဝဝ ရှိရာမှ အိတ် ၉ဝဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၇၂ဝဝဝ-၉၁၄၉ဝ (ကန်ဒေါ်လာ ၁၆၁၅-၂ဝ၅၂) ရှိပြီး နနွင်းဥဈေးက တစ်တန်ရူပီး ၇၁ဝ၉ဝ-၈၁၈၉ဝ (ကန်ဒေါ်လာ ၁၅၉၄-၁၈၃၆) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: nnscommodityonline
နနွင်းတက် မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒဿမ ၁၆၇ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ တန်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး နနွင်းတက် တန် ၉ဝဝ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် တန် ၇ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOBT )
စင်ကာပူနဲ့ မလေးရှားကိုပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း နနွင်းတန်ချိန် ၄၃ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားကို ၁၅ တန်နဲ့ စင်ကာပူကို ၂၈ ဒသမ ၁ တန်ဖြစ်ပါတယ်။ ယခင်သီတင်း ပတ် ၇၂ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၂၄ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ချင်းဈေးကျပေမဲ့ အရောင်း အဝယ်အေး ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ချိန် ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ အဝင်လှိုင် လာပါတယ်။ ပွဲရုံလုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းများကို ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ချပြီး အရောင်းအဝယ်လုပ်လျက်ရှိနေပါတယ်။ ဈေးကျပေမဲ့ အဝယ်မလိုက်ဘဲ ချင်း (ရှယ်) တစ် ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ် တို့နဲ့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်သာရှိ၍ အရောင်း အဝယ်များအေးနေပါတယ်။ ဧရာဝတီနှင့် ရန်ကုန်ဘက် သို့လည်း ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် ဈေးကွက် မှတစ်ဆင့် တစ်နေ့ကို ယခင်အပတ်ကထက် ထက်ဝက်ခန့် သာ ရောင်းဝယ်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ