Background
ကုလားပဲဖြူလုံးကြီး FOB နေ့စဉ်အရောင်းအဝယ်ရှိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ပမာဏနည်းပေမဲ့ FOB အရောင်းအဝယ် နေ့စဉ်ဖြစ်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ပါကစ္စတန်ဘက်က အဝယ်လိုက်လာတယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း တန်ချိန် ၄၃ဝဝ ခန့်ရှိပြီး ဧပြီလ တစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ကျော်ဖြစ်တာ တွေ့ရပါတယ်။ ဒီနှစ်အတွက် ကုလားပဲဖြူလုံးကြီးက အရောင်းအဝယ်အခြေအနေကောင်း မွန်ဦးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တကျော့ပြန် ပြည်ပတင်ပို့မှုတက် ယခင်တစ်နှစ်၊ နှစ်နှစ်က ပြည်ပကို တင်ပို့မှု ကျဆင်းလာခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုနှစ်အတွင်းမှာတော့ တကျော့ပြန် တိုးတက်တင်ပို့လာနိုင်ခဲ့ပါပြီ။ ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့သလို ယခု တစ်ပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၄၅ဝဝ ခန့် အထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခု ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် အတွင်း ကုလားပဲဖြူလုံးကြီး ပြည်ပ တင်ပို့မှုကို လေ့လာကြည့်ရာမှာ မေလ ၆ ရက်နေ့အထိ တန်ချိန် ၁ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်းမှာ တန် ၄ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ယခု အချိန်ထိ တင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၈၅ဝဝ ထက်ပိုမိုပြီး တင်ပို့မှုရှိလာခဲ့ပါတယ်။MIRT - MAPT
ကမ္ဘာတစ်ဝန်းလုံး ပဲမျိုးစုံစားသုံးမှုနဲ့ ထုတ်လုပ်မှု တိုးမြှင့်ရမယ်လို့ ၂ဝ၁၁ ကမ္ဘာ့ပဲညီလာခံမှာ ပြော ကမ္ဘာ့တစ်ဝန်းလုံး ပဲထုတ်လုပ်မှုအနေနဲ့ တစ်နှစ်ကို တန်ချိန် သန်း ၆ဝ ခန့်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်မှဈေးကွက်များအတွက် ကမ္ဘာ့ပဲမျိုးစုံ ကုန်သွယ်မှု ကန်ဒေါ်လာ ၁ဝဝ ဘီလီယံခန့်ရှိပါတယ်။ နိုင်ငံတကာပဲမျိုးစုံ ကုန်သွယ်မှု နဲ့ ထုတ်လုပ်မှု မဟာမိတ် (IPTIC ) ရုံးချုပ်ဟာ ဒူဘိုင်းနိုင်ငံမှာရှိပြီး နိုင်ငံတကာပဲမျိုးစုံ အသင်းများရဲ့ ထိပ်တန်း အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှု၊ စားသုံးမှုပမာဏ ကြီးထွားနေတာကြောင့် ဈေးကွက်အလေးထားလာမှုဟာ အာရှနိုင်ငံတွေဆီကို ဦးတည်ရွေ့လျားနေပါတယ်။ ဒါကြောင့်လည်း စပိန်နိုင်ငံ ဘာစီလိုနာမှာ ၂ဝ၁၁ ခုနှစ် မေလ အစောပိုင်းက နှစ်စဉ်ကျင်းပတဲ့ ပဲညီလာခံမှာ ဒူဘိုင်း အခြေစိုက် စိုက်ပျိုးရေးကုန်စည် နိုင်ငံစုံရောင်းချရေး (DMCC )ရဲ့ အမှုဆောင်အရာရှိ Mr Hakan Bahceci ကို CICILS- IPTIC ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ပေးအပ်ခဲ့ပါတယ်။ ဥက္ကဌအဖြစ် လွဲှပြောင်းယူပြီးတဲ့နောက်Hakan က Business Line နဲ့ အင်တာဗျူးမှာ ပြောကြားတာက ပဲမျိုးစုံစားသုံးမှု တိုးတက်နေတာကြောင့် ကမ္ဘာ့တစ်ဝန်း ပဲထုတ်လုပ် မှု တိုးတက်အောင်လည်း ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံဟာ ကမ္ဘာပေါ်က လူဦးရေ ၆ ဘီလီယံခန့်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး နောက်နှစ်များမှာ စားသုံးမှု လူဦးရေ တိုးတက်လာတာနဲ့အမျှ စားသုံးမှုနဲ့ ထုတ်လုပ်မှု ညီမျှဖို့ ကြိုးစားသွားရမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ရိုးရာနည်းများနဲ့သာမက မျိုးဗီဇပြုပြင်ထားတဲ့ ပဲမျိုးစုံ ထုတ်လုပ်ခြင်းဖြင့်လည်း ဆောင်ရွက် သွားရမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှုတိုးမြှင့်ဖို့ရာ အမေရိကန်မြောက်ပိုင်း ၊ သြစတြေးလျတို့မှာ ဈေးနှုန်းရရှိမှုနည်းလို့ ပဲစိုက်ပျိုးမှု လျော့ရင် ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နဲ့ အာဖရိကတို့မှာ ထိုက်သင့်တဲ့ဈေးရတဲ့ ပဲစိုက်ဖို့ အားပေးရမှာပါလို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ပြီး ပဲပိုမိုစားသုံးဖို့လည်း ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ယမင်းရွှေစင်၊Source: Businessline
အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲမရှိ အိန္ဒိယပြည်တွင်ဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်များနဲ့ ပဲပြုပြင်ထုတ်လုပ်သူများက အဝယ်တက်လာပေမဲ့ တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း သိရပါတယ်။ ပဲစိုက်ဒေသ တော်တော်များများက မကြာခင် နွေပဲတီစိမ်းများ ဝင်ရောက်လာတော့မှာဖြစ်လို့ ပဲခွဲစက်များမှ လတ်တလော လှုပ်ရှားမှုမရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း ပဲခွဲစက် တွေက ဝယ်လိုအားတက်လာနိုင်တဲ့ မျှော်လင့်ချက်တွေက ဈေးနှုန်းကို အထောက်အပံ့ပြုနေပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းခြင်းက ပဲဝင်ရောက်မှုကို ထိခိုက်စေပြီး နောက်ရက်များမှာလည်း မိုးရွာဦးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ နိုင်ငံတကာဈေးအနေနဲ့ တရုတ်မှ ဝယ်လိုအားပိုလာတဲ့အတွက် ဈေးခိုင်မာနေတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁ဝ၄၉ ၁ဝ၅၂ ၁ဝ၅၁ ၉၁၇ဒေလီ ၈၂၆-၉၁၅ ၈ဝ၆-၈၉၅ ၇၉၄-၈၈၃ ၇၉၄-၈၈၄အာကိုလာ ၈၉၃-၁ဝဝ၅ ၈၉၅-၁ဝဝ၇ ၈၉၄-၁ဝဝ၆ ၈၉၅-၁ဝဝ၇MIRT(MAPT)
ယခုအပတ် ပဲတီစိမ်း တင်ပို့မှု ပိုမို မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒဿမ ၁၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၉၅၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလ အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၉ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှာ တန်ချိန် ၁၃ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှု သိသိသာသာ လျော့နည်းသွားတာတွေ့ရပါတယ်။ မိမိဘက် ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာ တစ်တန်ကို ၁၅၉၄၅ ကျပ် လျော့နည်းခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှု မရှိဘူး လို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၅၆၉၇၅ ၈၇၂၉၂ဝ ၁၅၉၄၅ ၂ ၁၁ဝ၅ ၁၁ဝ၅ - -MIRT (DOBT)
ပဲတီစိမ်း ပြည်ပအဝယ် ပြန်လှုပ်လာ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်း ၤဥြ အရောင်းအဝယ်ဖြစ်မှု တန် ၇ဝဝဝ ကျော်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပြည်ပဝယ်လက်များနဲ့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ တောင်သူများ ထုတ်ရောင်းချမှုတွေရှိလာလို့ မြန်မာနိုင်ငံမှာ အဝယ်နည်းသွားပေမဲ့ ယခုတစ်ပတ် အိန္ဒိယ အဝယ်ပြန်လှုပ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ အပြောင်းအလဲမရှိဘဲ ပဲတီစိမ်းအညာနဲ့ ပခုက္ကူ (FAQ)တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၁၃ဝ-၁၁၅ဝ နဲ့ ရွှေဝါအကြီး တစ် တန် ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT
ပဲတီစိမ်း သင်္ဘောတင်ပုံမှန်ရှိ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာလည်း ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၅ဝဝ တင်ပို့မှုရှိသလို ယခုတစ်ပတ်မှာလည်း တန် ၅ဝဝဝ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မေလ ၆ ရက်နေ့ထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်း တန်ချိန် ၂၈ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၉ဝဝဝ ကျော်ရှိလို့ တင်ပို့မှုအနည်းငယ် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT
မေ ဒုတိယပတ်အတွင်း ပဲလွန်းဖြူ ပြည်ပအဝယ်လျော့နည်း ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူစာချုပ်မှုအနေနဲ့ မတ်လ မှာ တန်ချိန် ၇ဝဝဝ ခန့်ရှိပြီး ဧပြီလမှာ တန်ချိန် ၅ဝဝဝ ကျော်သာရှိခဲ့ပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ တော့ ပဲလွန်းဖြူ FOB အရောင်း အဝယ် ဖြစ်မှုဟာ တန်ချိန် ၅ဝဝ ခန့်ကို လျော့ကျခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပအဝယ်သိပ်မလိုက် တာကြောင့် FOB အရောင်းအဝယ်နည်းခြင်း ဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲလွန်းဖြူ၊ နီ သင်္ဘောတင် တန် ၂ဝဝဝ နီးပါးရှိ အပတ်စဉ် သင်္ဘောတင်ပို့မှု ရှိနေတဲ့ ပဲလွန်းဖြူ၊ နီဟာ ယခု သီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါး အထိ တင်ပို့မှု တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၆ ရက် အထိ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ကျော်ရှိပြီး ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT
ဆုံးရှုံးမှုမဖြစ်စေရေး ရိတ်သိမ်းပြီးတာနဲ့ ရောင်းချဖို့ နှမ်းတောင်သူများကို အိန္ဒိယသုတေသနပညာရှင်များ အကြံပေး အိန္ဒိယနိုင်ငံ နှမ်းစိုက်ပျိုးမှုမှာ ကနဦးအနေနဲ့ အရည်အသွေးကောင်းမျိုးစေ့ရရှိနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီးချိန် ပိုးကျ ရောက်ခြင်းနဲ့ အလုပ်သမားရှားပါးခြင်းတို့ကြောင့် နှမ်းအထွက်နှုန်းကျဆင်းတဲ့တိုင် နှမ်းဈေးနှုန်းအနေနဲ့ လက်ရှိပမာဏကနေ များများမတက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက ဆုံးရှုံးလျော့နည်းမှု မဖြစ်စေဖို့ နှမ်းရိတ်သိမ်းပြီး တာနဲ့ ချက်ချင်းရောင်းချဖို့ တောင်သူများကို အကြံြ့ပုခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးတဲ့ ကာလမှာ ဆည်ရေသောက်မြေ တစ်ဧကကို နှမ်းကီလို ၃၅ဝ-၄ဝဝ နှုန်းထွက်ရှိပေမဲ့ ဒီနှစ်ရာသီမှာတော့ အထွက်နှုန်းက တစ်ဧကကို ကီလို ၂၄ဝ-၃ဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်လေ့လာရေးအဖွဲ့(DEMIC)က ခန့်မှန်းရာမှာ မေလနဲ့ ဇွန်လအတွင်း နှမ်းဈေးတစ်ကီလိုကို ရူပီး ၄၄ နဲ့ ၄၉ (ကန်ဒေါ်လာ ဝ ဒသမ ၉၉-၁ ဒသမ ၁) အတွင်းရှိမယ်လို့ ဆိုပါတယ်။ ယခုရာသီ အတွင်း ဈေးနှုန်းထပ်မံမြင့်တက်မယ့် အလားအလာမရှိဘူးလို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဇန်နဝါရီ- ဖေဖော်ဝါရီအတွင်း တစ်ရာသီနဲ့ ဇူလိုင်လ-သြဂုတ်လအတွင်း တစ်ရာသီ စုစုပေါင်း နှစ်ရာသီအတွင်း တမီနာဒူးပြည်နယ်မှာ နှမ်းစိုက်ဟက်တာ ဝ ဒသမ ၆၃ သိန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေနဲ့ တစ်ဟက်တာကို ကီလို ၅ဝဝ အထက်ဝန်းကျင်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၃ဝဝဝဝ ကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ နှမ်းကို အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးပြီး ကမ္ဘာ့နှမ်းကုန်သွယ်မှုက တစ်နှစ်ကို တန်ချိန် ၅ သိန်း -၆ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinessline