Background
ပဲတီစိမ်း သင်္ဘောတင်ပုံမှန်ရှိ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာလည်း ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၅ဝဝ တင်ပို့မှုရှိသလို ယခုတစ်ပတ်မှာလည်း တန် ၅ဝဝဝ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မေလ ၆ ရက်နေ့ထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်း တန်ချိန် ၂၈ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၉ဝဝဝ ကျော်ရှိလို့ တင်ပို့မှုအနည်းငယ် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT
မေ ဒုတိယပတ်အတွင်း ပဲလွန်းဖြူ ပြည်ပအဝယ်လျော့နည်း ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူစာချုပ်မှုအနေနဲ့ မတ်လ မှာ တန်ချိန် ၇ဝဝဝ ခန့်ရှိပြီး ဧပြီလမှာ တန်ချိန် ၅ဝဝဝ ကျော်သာရှိခဲ့ပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ တော့ ပဲလွန်းဖြူ FOB အရောင်း အဝယ် ဖြစ်မှုဟာ တန်ချိန် ၅ဝဝ ခန့်ကို လျော့ကျခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပအဝယ်သိပ်မလိုက် တာကြောင့် FOB အရောင်းအဝယ်နည်းခြင်း ဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲလွန်းဖြူ၊ နီ သင်္ဘောတင် တန် ၂ဝဝဝ နီးပါးရှိ အပတ်စဉ် သင်္ဘောတင်ပို့မှု ရှိနေတဲ့ ပဲလွန်းဖြူ၊ နီဟာ ယခု သီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါး အထိ တင်ပို့မှု တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၆ ရက် အထိ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ကျော်ရှိပြီး ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT
ဆုံးရှုံးမှုမဖြစ်စေရေး ရိတ်သိမ်းပြီးတာနဲ့ ရောင်းချဖို့ နှမ်းတောင်သူများကို အိန္ဒိယသုတေသနပညာရှင်များ အကြံပေး အိန္ဒိယနိုင်ငံ နှမ်းစိုက်ပျိုးမှုမှာ ကနဦးအနေနဲ့ အရည်အသွေးကောင်းမျိုးစေ့ရရှိနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီးချိန် ပိုးကျ ရောက်ခြင်းနဲ့ အလုပ်သမားရှားပါးခြင်းတို့ကြောင့် နှမ်းအထွက်နှုန်းကျဆင်းတဲ့တိုင် နှမ်းဈေးနှုန်းအနေနဲ့ လက်ရှိပမာဏကနေ များများမတက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက ဆုံးရှုံးလျော့နည်းမှု မဖြစ်စေဖို့ နှမ်းရိတ်သိမ်းပြီး တာနဲ့ ချက်ချင်းရောင်းချဖို့ တောင်သူများကို အကြံြ့ပုခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးတဲ့ ကာလမှာ ဆည်ရေသောက်မြေ တစ်ဧကကို နှမ်းကီလို ၃၅ဝ-၄ဝဝ နှုန်းထွက်ရှိပေမဲ့ ဒီနှစ်ရာသီမှာတော့ အထွက်နှုန်းက တစ်ဧကကို ကီလို ၂၄ဝ-၃ဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်လေ့လာရေးအဖွဲ့(DEMIC)က ခန့်မှန်းရာမှာ မေလနဲ့ ဇွန်လအတွင်း နှမ်းဈေးတစ်ကီလိုကို ရူပီး ၄၄ နဲ့ ၄၉ (ကန်ဒေါ်လာ ဝ ဒသမ ၉၉-၁ ဒသမ ၁) အတွင်းရှိမယ်လို့ ဆိုပါတယ်။ ယခုရာသီ အတွင်း ဈေးနှုန်းထပ်မံမြင့်တက်မယ့် အလားအလာမရှိဘူးလို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဇန်နဝါရီ- ဖေဖော်ဝါရီအတွင်း တစ်ရာသီနဲ့ ဇူလိုင်လ-သြဂုတ်လအတွင်း တစ်ရာသီ စုစုပေါင်း နှစ်ရာသီအတွင်း တမီနာဒူးပြည်နယ်မှာ နှမ်းစိုက်ဟက်တာ ဝ ဒသမ ၆၃ သိန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေနဲ့ တစ်ဟက်တာကို ကီလို ၅ဝဝ အထက်ဝန်းကျင်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၃ဝဝဝဝ ကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ နှမ်းကို အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးပြီး ကမ္ဘာ့နှမ်းကုန်သွယ်မှုက တစ်နှစ်ကို တန်ချိန် ၅ သိန်း -၆ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinessline
်အိန္ဒိယဈေးကွက်အများစုမှာ တစ်ပတ်အတွင်း ပဲစင်းငုံဈေးမာလာ ယခုတစ်ပတ် အိန္ဒိယဈေးကွက်များမှာ အခြားပဲများနည်းတူ ပဲစင်းငုံဈေးလည်း ပြန်မာလာခဲ့ပါတယ်။ လက်ထပ်ပွဲတော်အတွက် ကုန်ချော ပဲစင်းငုံများကို ဝယ်လိုအားကောင်းလာဖွယ်ရှိတာကြောင့် ဈေးကွက်တွေမှာ အဆွဲတက်လာခဲ့တယ်လို့ သိရပါတယ်။ အချို့ပဲထွက်ရာဒေသတွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေးအောက်သာ အရောင်းအဝယ်ဖြစ်လို့ တောင်သူများက ဈေးအနိမ့်နဲ့ မရောင်းဘဲ ပြန်လှောင်ထားကြောင်း သိရပါတယ်။ နိုင်ငံအတွင်း လက်ကျန်အလုံအလောက်ရှိနေခြင်းနဲ့အတူ ယခုနှစ် အထွက်ပိုမိုပြီး မုတ်သုန်မိုးပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်တွေက ဈေးနှုန်းကို ထိန်းချုပ်ထားဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အဓိက ပဲစိုက်တဲ့ဒေသမှာ ရာသီဥတု ပြန်လည်ခြောက်သွေ့လာပြီဖြစ်လို့ ဆောင်းစိုက်သီးနံှ ဆက်လက်ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးမှာ အတက်အကျဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း ၆၉၂-၇၁၄ ၆၉၄-၇၁၆ ၆၉၃ ၆၉၃ဒေလီ ၇၆၈-၇၇ဝ ၇၆၁-၇၆၅ ၇၅၈-၇၆ဝ ၇၅၈-၇၆၁ချန်နိုင်း ၇၁၄ ၇၁၆ ၇၁၅ ၇၁၆MIRT(MAPT)
ပြည်ပအရောင်းအဝယ် တိုးတက်လာ ယခုတစ်ပတ် မေလ ၆ရက်မှ ၁၁ ရက်ထိရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ တန်ချိန် ၉ဝဝဝ ကျော်ကို ပြည်ပဝယ်လက်များနဲ့ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်အနည်းငယ် တိုးလာလို့ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ကျော်ရောင်းချခဲ့ရာမှ ယခုတစ်ပတ်မှာ ပိုရောင်းလာနိုင်ခဲ့ပါတယ်။ မေလဆန်း ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၂ဝဝဝ ခန့် ရောင်းချနိုင်ခဲ့ပြီး ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၁၇ဝဝဝ ခန့် အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ် ဈေးကွက်အတွင်းမှာ အိန္ဒိယအဝယ် အနည်းငယ်လိုက်လာလို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ FOB ဈေးက တော့ အနည်းငယ် လျော့ကျလာခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၁၃-၅-၁၁ ၆၇ဝ-၆၉ဝ ၅၃ဝ-၅၅ဝ၉-၅-၁၁ ၆၈ဝ-၇ဝဝ ၅၃ဝ-၅၅ဝMIRT(MAPT)
်ပြည်ပတင်ပို့မှု အားနည်းနေသေးတဲ့ ပဲစင်းငုံ သြင်္ကန်ပြီးနောက်ပိုင်း သီတင်းပတ်တိုင်းမှာ ပဲစင်းငုံက တန် ၃ဝဝဝ အောက် သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မှာလည်း တန်ချိန် ၂၅ဝဝ နဲ့ တင်ပို့မှု နည်းနေသေးတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယနဲ့ စင်ကာပူဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းကို နယူးဇီလန်ကိုလည်း တင်ပို့မှုရှိကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၆ ရက်အထိ ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၉ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝ ကျော် သာ တင်ပို့နိုင်ပါတယ်။ ယခုနှစ်အပတ်စဉ်တင်ပို့မှုပမာဏမများပေမဲ့ လက်ရှိဘဏ္ဍာနှစ်မှာ တန် ၄ဝဝဝ ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။ MIRT - MAPT
ဒီတစ်ပတ်နယ်စပ် မတ်ပဲအပို့ မရှိ မေလ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း နယ်စပ်မှ မတ်ပဲ တင်ပို့ နိုင်ခြင်း မရှိပါဘူး။ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်းမှာတော့ မတ်ပဲ ၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ဧပြီလတစ်လလုံးမှာလည်း ၁၈ တန်ပဲ မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယမန်နှစ် ဧပြီလမှာ မူဆယ်နယ်စပ်မှ တန်ချိန် ၂၃၄ဝ ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်မှာတော့ နယ်စပ်မှမတ်ပဲ တင်ပို့မှု သိသိသာသာ လျော့နည်းခဲ့ပါတယ်။ မတ်ပဲမြေပြင်ပေါက်ဈေးဟာ ယခင်အပတ်နဲ့ နှိုင်း ယှဉ်လျှင် မိမိဘက်ဈေး အနည်းငယ်ကျဆင်းနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး သိသိသာသာပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက် ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၇၃၉၅ဝဝ ၇၃၅၂၄ဝ ၄၂၆ဝ ဝ .၆ ၁ဝဝ၁ ၉၉၉ ၂ ဝ .၂MIRT (DOBT)
တစ်ပတ်အတွင်း အိန္ဒိယမတ်ပဲများ တည်ငြိမ်သလောက်ရှိ အိန္ဒိယပြည်တွင်း ပဲဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးတစ်တန် ကန်ဒေါ်လာ ၁ဝ ခန့် လျော့ကျ ခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တည်ငြိမ် သလောက်ရှိတာ တွေ့ရပါတယ်။ ဈေကွက်တွေမှာ ရောင်းလိုအား အကန့်အသတ် သာရှိပြီး လက်ထပ်ပွဲရာသီကာလ ဝယ်လိုအားတက်လာတာကြောင့် မတ်ပဲဈေး ဆက်မကျဆင်းတာဖြစ်ပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသတွေမှာ ရာသီဥတုခြောက်သွေ့နေခြင်းက နွေပဲရိတ်သိမ်းဖို့ အခွင့်သာ စေတာမို့ ပဲအသစ်ဝင်ရောက်မှု တိုးတက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ STC အေဂျင်စီမှ မြန်မာမတ်ပဲ တင်ဒါခေါ် ခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေပြီး ဈေးနှုန်းအလားအလာအနေနဲ့ ပြည်တွင်း ဝယ်လိုအားနဲ့ တင်သွင်းမှု အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာတော့ အိန္ဒိယတောင်သူအချို့ ဈေးအနိမ့်နဲ့ မရောင်းလိုသေးတဲ့အတွက် သိုလှောင်ထားကြတယ်လို့ သိရပါတယ်။ ကာလတို အတွင်းမှာတော့ အချို့ဈေးကွက်မှာ ဈေးငြိမ်ပြီး အချို့ဈေးကွက်မှာ ဈေးလျော့ နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့ တဲ့ မြန်မာမတ်ပဲ FAQ တစ်တန်ရဲ့ ကန်ဒေါ်လာဈေးနှုန်းများကို ဇယားနဲ့ ဖော်ပြထားပါတယ် ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း ၈၇၁-၈၇၆ ၈၇၃-၈၇၈ ၈၇၂-၈၇၇ ၈၇၂ဒေလီ ၉၂၆-၉၁၅ ၈၂၈-၉၁၇ ၈၂၇-၉၁၇ ၈၂၈-၉၁၇ချန်နိုင်း ၉၁ဝ-၁ဝ၃၈ ၉ဝ၆-၁ဝ၄၁ ၉ဝ၅-၁ဝ၄ဝ ၉ဝ၆-၁ဝ၄ဝMIRT(MAPT)
FOB အရောင်းအဝယ်မှာ မတ်ပဲပမာဏများ ရန်ကုန် FOB ရောင်းဝယ်မှုမှာ ပဲအားလုံးအနက် မတ်ပဲ ပမာဏအများဆုံးဖြစ် တာ တွေ့ရပါတယ်။ မေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ မတ်ပဲ SQ နဲ့ FAQ စုစုပေါင်း တန်ချိန် ၄၂ဝဝဝ ခန့် ပြည်ပကုမ္ပဏီများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ ၆ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်းမှာတော့ SQ နဲ့ FAQ တန်ချိန် ၂၅ဝဝဝ ခန့် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလ တစ်လလုံးမှာ မတ်ပဲ တန်ချိန် ၅ဝဝဝဝ ကျော်ပြည်ပကုမ္ပဏီများကို အရောင်းရှိခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်လိုအားကောင်းလျက်ရှိပြီး အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့ကုန်သည်များနဲ့ စက်များမှ မိုးမိပဲများနဲ့ ရောနှောရောင်းချမှုတွေရှိလာလို့ ဈေးတက်သင့်သလောက် တက်လာခြင်းမရှိဘူးလို့ ဝါရင့်ကုန်သည်တစ်ဦးကဆိုပါတယ်။ မိုးမိပဲနဲ့ အရည်အသွေး ကောင်းပဲနှစ်မျိုး ရောရောင်းခြင်းဖြင့် ရေရှည်မှာတစ်ဖက်ဝယ်လက်နဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။ အပြောင်းအလဲရှိတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁၃-၅-၁၁ ၈ဝဝ-၈၂ဝ ၉၅ဝ-၉၇ဝ ၆-၅-၁၁ ၈၃ဝ-၈၇ဝ ၉၈ဝ-၁ဝဝဝ MIRT(MAPT)