Main menu

Background

Monday, 27 Dec 2010

အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ နီးပါး ဈေးလျော့ကျ                အိန္ဒိယပြည်တွင်း ဈေးကွက်မှာလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက် လာပြီ ဖြစ်ပြီး ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ကုန်သည်များ ဈေးလျှော့ ဝယ်ယူကြတဲ့အတွက် တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ နီးပါးလျော့ကျလာပါတယ်။ လက်ရှိဝင်ရောက်နေတဲ့ ပဲအသစ်များမှာ အစိုဓါတ် ပါဝင်မှု မြင့်နေလို့ ဈေးလျှော့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းပဲအထွက်ပိုမယ့် အလားအလာက မြန်မာနိုင်ငံက ပဲတင်သွင်းမှုလျော့ကျဖို့ဖြစ်လာ နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာဖြစ်ပေါ်တဲ့ ယခင်လနဲ့ ယခုလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်    မွန်ဘိုင်း(C&F)၂၃-၁၂-၁ဝ          ၆၂၂-၆၂၇                ၆၃ဝ၂၃-၁၁-၁ဝ             ၇၂၉                    ၆၉၅MIRT(MAPT)

Monday, 27 Dec 2010

 တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၃ဝဝဝ တင်ပို့            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၂၆ဝဝ ကျော်ရှိခဲ့ရာက ယခု ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၃ဝဝဝ နီးပါးကို တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေကို ပဲအသစ်တွေ ဝင် ရောက်လာလို့ မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေထွက် နေပေမဲ့ အဝယ်အနည်းငယ်စီ ရှိနေတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အချို့ ကိုလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်စပြုပြီဖြစ်လို့ ဈေးကွက်တွေထဲမှာ အရောင်း အဝယ်အချို့ရှိနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင် အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                               ဒေါ်လာ/တန်                    ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊         အဖြူ၂၄-၁၂-၁ဝ           ၅၄ဝ-၅၅ဝ                ၅ဝဝ-၅၁ဝ၁၇-၁၂-၁ဝ           ၅၇ဝ-၅၈ဝ               ၅၂ဝ-၅၃ဝMIRT(MAPT)

Monday, 27 Dec 2010

ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ          မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲကို ဆောင်းသီးနံှအဖြစ် ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ဧက ၆ သောင်းနီးပါး လျာထားခဲ့ပြီး ဧက ၅ သောင်းခွဲခန့် ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းအစိုက်များဆုံးမြို့နယ်က နေပြည်တော် လယ်ဝေးမြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၄၅ ရာခိုင်နှုန်း စိုက်ပိုျးပါတယ်။ တိုင်းတွင်း စိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီနောက်ဆုံးပတ်လောက်မှ ထွက်ပေါ် မှာဖြစ်ပြီး လတ်တလော ဈေးကွက်ကို ရွှေဘို၊ မုံရွာဒေသများမှာ ရေသွင်း မတ်ပဲ သစ်များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဝင်ရောက် လာတဲ့ မတ်ပဲသစ်များဟာ SQ, FAQ အဆင့်မမီဘဲ အိတ်စပို့ဈေးကွက်တန်း မဝင်လို့ ခွဲစက်သမားများသာ အဝယ်ရှိနေပါတယ်။ ဈေးနှုန်းကလည်း ယခင် တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁ဝဝဝ ကျပ်-၁၁၁၇ ကျပ်ပေါက်ဈေးရှိရာမှ ယခု တစ်ပတ်မှာ ၉၈၃ ကျပ်မှ အမြင့်ဆုံး ၁ဝဝဝ ကျပ်ဈေးနှုန်းထိ နိမ့်ကျလာခဲ့ကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။                                                         သက်သက်နိုင်

Monday, 27 Dec 2010

ဈေးအေးနေဆဲ ဟင်္သာတမတ်ပဲ            ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှမတ်ပဲကို မြို့နယ် ၆ မြို့နယ်လုံးမှာ စိုက်ပျိုးဧက ၃ ဒသမ ၉၇ သိန်း လျာထားခဲ့ရာ ဒီဇင်ဘာလ တတိယပတ်အထိ ဧက ၃ ဒသမ ၆၂ သိန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲဈေးက တဖြည်း ဖြည်းအေးလာပြီး ယခင်တစ်ပတ်က ပဲတစ်တင်း ၂၂၃ဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂ဝ၅ဝဝ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ ဈေးအေးပေမဲ့ ပုံမှန်ဝယ်လက် ရှိနေတာကြောင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့် တင်ပို့နိုင်ကြောင်း သိပါတယ်။                                                                                                အေးအေးခိုင်

Monday, 27 Dec 2010

်အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်                ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ          ၈ဝ၂                                 ၈ဝဝ၁၂-၁၁-၁ဝ         ၉၃၈                                 ၁ဝဝဝMIRT(MAPT)

Monday, 27 Dec 2010

 အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်                ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ          ၈ဝ၂                                 ၈ဝဝ၁၂-၁၁-၁ဝ         ၉၃၈                                 ၁ဝဝဝMIRT(MAPT)

Monday, 27 Dec 2010

ဒီဇင်ဘာ ဒုတိယပတ် မတ်ပဲ တန် ၁ဝဝဝဝ အထိ တင်ပို့          ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေက တန်ချိန် ၄ဝဝဝ ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယ အဝယ် အချို့ ရှိနေတာကြောင့် တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လှောင် လက်တချို့ ထုတ်ရောင်းမှုရှိပြီး ဝယ်လက်များ ဈေးလျော့အဝယ် ရှိတာကြောင့် ယခင်တစ်ပတ်ထက်ဈေး သိသိသာသာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                        ဒေါ်လာ/တန်                  မတ်ပဲ(FAQ)                          မတ်ပဲ(SQ) ၂၄-၁၂-၁ဝ     ၇၇ဝ-၇၈ဝ                             ၉၆ဝ-၉၇ဝ ၁၇-၁၂-၁ဝ    ၈၂ဝ-၈၃ဝ                         ၁ဝ၂ဝ-၁၁၂ဝ MIRT(MAPT)

Tuesday, 21 Dec 2010

 တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား             စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                                                                                                         ဧဧခိုင်

Pages