Main menu

Background

Sunday, 12 Dec 2010

 အဓိကပဲမျိုးစုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အိန္ဒိယကြေညာ                      စိုက်ပျိုးထုတ်လုပ်မှုများ သီးနံှရောင်းချမှုမှ ငွေအမြောက်အမြားရရှိ စေဖို့ သီးနံှရာသီတိုင်းမှာ စိုက်ပျိုးရေး ကုန်စည်များအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အစိုးရကကြေညာသွားမယ်လို့သိရပါတယ်။NAFED  ဟာ ဈေးနှုန်းထောက်ပံ့အစီအစဥ ် (PSS) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းနဲ့ ဝယ်ယူသွားမယ့် အစိုးရအေဂျင်စီဖြစ်ပါတယ်။                  ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ ဆီထွက်သီးနံှများကတော့ ပဲပုပ်၊ မြေပဲ၊ နေကြာ၊ နှမ်း၊ မုန်ညှင်းစေ့တို့ဖြစ်ပြီး ပဲမျိုးစုံကတော့ ပဲတီစိမ်းနဲ့မတ်ပဲဖြစ်ပါတယ်။ ယင်းသီးနံှများရဲ့ လက်ရှိဈေးနှုန်းတွေက အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများထက် များစွာ မြင့်နေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ယင်းသီးနံှဈေးနှုန်းများဟာMSP  ဈေးထက်အောက်ကျခဲ့ရင်လည်းMSP ဈေးနှုန်းနဲ့ ဝယ်ယူသွားဖို့ အစိုးရက စီစဉ်ထားတယ်လို့ သိရပါတယ်။                 NAFED အနေနဲ့ ၂ဝ၁ဝ ဒီဇင်ဘာလမှာ ပဲစင်းငုံအမြောက်အမြား ထွက်ရှိတော့မယ်လို့ မျှော်လင့်ထားပြီး၊ အဲဒီကာလမှာ ပဲစင်းငုံဈေးက MSP  နှုန်းတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၇၁ ) အောက်ကို ကျဆင်း နိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ ရိတ်သိမ်းကာလ ၂ လအတွင်း ပဲထွက်ရှိရာ ဒေသများမှာ တောင်သူတွေက လက်ကျန်များဝယ်ယူမယ်ဆိုရင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း MSP  အပြင် ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစင်းငုံတို့အတွက် အပိုငွေ တစ်တန်ကို ရူပီး ၅ဝဝဝ စီ ထပ်ဆောင်းပေးသွားအုံးမယ်လို့သိရပါတယ်။ NAFEDဟာ ၂ဝဝ၉ နဲ့ ၂ဝ၁ဝ သီးနံှရာသီများအတွင်း ကီရာလာ၊ တမီနာဒူး၊ ကာနာတာကာ၊ အင်ဒရာ ပရာဒေ့ရှ်၊ A&N ကျွန်းများစတဲ့ ပြည်နယ်များမှာ PSS အရ ရူပီးသန်းပေါင်း ၄၂၅ဝ (ကန်ဒေါ်လာ ၉၅ သန်း) ဖိုးခန့်ရှိတဲ့ အုန်းသီးဆံတန်ချိန် တစ်သိန်းခန့် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။               ဒါ့အပြင် ဟာရာနာမှာ ရူပီး ၁၈၇ သိန်း (ကန်ဒေါ်လာ ၄ သိန်း) တန်ဘိုးရှိ နေကြာ တန်ချိန် ၈၅ဝ နဲ့ အနောက်ဘင်ဂေါမှာ ရူပီး ၅၃၉ သိန်း (ကန်ဒေါ်လာ ၁၂ သိန်း)တန်ဘိုးရှိ နှမ်းတန်ချိန် ၂ဝဝဝ ဝန်းကျင် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ NAFED ဟာ ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့အတွက် ပဲမျိုးစုံနဲ့စားဆီများကို လည်း ပြည်ပကတင်သွင်းတဲ့ အစိုးရအေဂျင်စီဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ ဖြန့်ဝေရေးစနစ် (PDS)  အတွက် အနောက်ဘင်ဂေါ၊ သြရိသနဲ့ မီဇိုရမ် စတဲ့ ပြည်နယ်များကိုလည်း ပဲဝါလေးနဲ့ စားဆီများလည်း ရောင်းချပေးတယ်လို့ သိရပါတယ်။                                                                                       ယမင်းခင်၊Sources: commodityonline

Sunday, 12 Dec 2010

စီးပွားရေးအထူးဇုန်များမှာ ပဲခွဲစက်များ တည်ထောင်ဖို့ အိန္ဒိယအစိုးရကခွင့်ပြု                အိန္ဒိယနိုင်ငံဟာ ပဲမိုျးစုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ စီးပွားရေးအထူးဇုန်များ (SEZs) မှာ ကုန်ကြမ်းများ တင်သွင်းခြင်းဖြင့် ပဲခွဲစက်များ တည်ထောင်ဖို့ ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးအထူးဇုန်များဟာ ပြည်ပတင်ပို့မှုများ ပြုလုပ်နေပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ နိုင်ငံရဲ့ ပြည်ပသင်္ဘောတင်ပို့မှုမှာ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်တင်ပို့လျက် ရှိပါတယ်။               ပဲပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအနေနဲ့ ပြည်တွင်းထွက်ကုန်များကို ဝယ်ယူခြင်းမရှိဘဲ ပြည်ပကသာ တင်သွင်းမယ်ဆိုရင် ၎င်းတို့အနေနဲ့ စက်များတပ်ဆင်နိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားပါတယ်။ စီးပွားကူးသန်း ဒုတိယဝန်ကြီးRahul Khullar  ခေါင်းဆောင်တဲ့ ဝန်ကြီးဌာနအတွင်း ခွင့်ပြုချက်ပေးတဲ့ အဖွဲ့မှ Prakash Overseas ကုမ္ပဏီကို အင်ဒိုရီ စီးပွားရေးအထူးဇုန်မှာလည်းကောင်း Kogta Import Export  ပုဂ္ဂလိကကုမ္ပဏီအား Nasik    ခရိုင်အတွင်းရှိ Multi Product စီးပွားရေးဇုန်မှာလည်းကောင်း၊Diet Foods International ကို နက်ပါခရိုင်မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း၊  Kitchen Express Overseas ကုမ္ပဏီအား  Kandla မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း ခွင်ြ့ပုခဲ့တယ်လို့ သိရပါတယ်။           မတ်လအတွင်းက စီးပွားရေးအထူးဇုန်များအနေနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်များနဲ့ ပဲမိုျးစုံတို့ကို ကုန်ကြမ်းများ တင်သွင်း၊ ကုန်ချောပြုလုပ်တာ ပြန်လည်တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်တွင်း ဈေးကွက်များအတွင်း အရေးပါတဲ့ ကုန်စည်များ ဈေးနှုန်းမြင့်တက်နေတာကြောင့် ဘာစမာတီမဟုတ်တဲ့ ဆန်နဲ့ ပဲမျိုးစုံလို စိုက်ပျိုးရေးထွက်ကုန် တွေ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ကို နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းခန့် တင်သွင်း နေရပါတယ်။              ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁၈ သန်း-၁၉ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၆ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းချမှု လိုအပ်ချက်ပြည့်မီဖို့ ပြည်ပက တင်သွင်းနေရဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်း စီးပွားရေးအထူးဇုန် ၅၈ဝ သတ်မှတ်ထားတဲ့အနက် ၁၁၄ ဇုန်မှာလည်ပတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။                                                                                 ယမင်းခင်၊ှSources: P T I 

Sunday, 12 Dec 2010

ဈေးကောင်းရနေတဲ့ ပြည်ပဲနီပြား                   ပြည်ဈေးကွက်မှာ လက်ကျန်နည်းလေ ဈေးကောင်းလေဖြစ်နေတဲ့ပဲကတော့ ဒေသတွင်းစားသုံးမှုရှိပြီး၊ အခြားတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချမှုမရှိတဲ့ ပဲနီပြားပဲဖြစ်ပါတယ်။ လက်လီသမားများဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်နေခဲ့ပြီး၊ ဈေးနှုန်းကတော့ ယခင်အပတ်က တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဒီဇင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်သို့ ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်းရှိ ပွဲရုံတိုင်းတွင် ပစ္စည်းလက်ကျန်မရှိတော့ဘဲ ပွဲရုံအနည်းစုလောက်သာ အရောင်းအဝယ်ဖြစ်နေကြပြီး တစ်ရက်လျှင် အိတ် ၂ဝ ကျော်ခန့် လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                                                                   ခင်ဆွေဝင်း 

Sunday, 12 Dec 2010

ဒီဇင်ဘာ မုံရွာ စွန်တာနီဈေးကွက် ဈေးအတက်အကျကြမ်းဆဲ                မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လလုံး ဈေးမဖွင့်ခဲ့တဲ့ စွန်တာနီဟာ ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဈေးနဲ့ စဖွင့်ခဲ့ပြီး၊ ၈ ရက်နေ့မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ ပါတယ်။ လုပ်ငန်းသမားနဲ့ ပဲလက်ဝယ်ရှိသူကို ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖွင့်ရောင်းဝယ်နေကြပြီး၊ ကြာဆံစက်သမား တွေ အဝယ် ရှိတဲ့နေ့မှာ တင်း ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ နယ်လက်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလ ထဲက မန္တလေးကို တင်း ၂၇ဝဝ ထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။                                ထွန်းလှိုင် 

Sunday, 12 Dec 2010

ဈေးလှုပ်နေတဲ့ ပြည် ဘိုကိတ်ပဲ                 ပြည်ဘိုကိတ်ပဲမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၃ဝဝဝ ကျပ်ဈေးမြင့်၍၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ဈေးကွက်အတွင်းကို ဘိုကိတ်ပဲအဝင်များခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်မရှိသေးကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် မြို့တွင်း အရောင်းအဝယ်သမားများဖြင့်သာ ရောင်းဝယ်မှုရှိကြောင်း သိရပါတယ်။  ဆုမွန်မွန်ဆွေ 

Sunday, 12 Dec 2010

ဝယ်လက်ရှိတဲ့ စစ်ကိုင်း ပဲကြီး                  မုံရွာကုန်စည်ဒိုင်မှ ၂ဝ၁ဝ ခု နိုဝင်ဘာလအတွင်း ပဲကြီး တစ်ပိဿာ အနိမ့်အမြင့်ဈေး ၁၅၂၆ ကျပ်၊ ၁၆၅၈ ကျပ်၊ ဒီဇင်ဘာလပထမပတ်အတွင်း ၁၆၅၈ ကျပ်၊ ၁၇၁၁ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ ပဲကြီးအသစ်မပေါ်သေးပေမဲ့ တောင်သူနဲ့ ကုန်သည်လက်ကျန်နည်းနေပြီး ဝယ်လက်ရှိလာလို့ ဈေးအနည်းငယ် တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။              နိုဝင်ဘာလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ တင်း ၇၂ဝ စီးထွက်ခဲ့ပါတယ်။ တိုင်းအတွင်း ပဲလှော်ကြော်ဖိုလုပ်ငန်းများက နေ့စဉ် သုံးစွဲမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ် ပျမ်းမျှတင်း ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင် 

Sunday, 12 Dec 2010

ပြည်မှာ ပဲကြီး (ကမ်းနား)ရော ရွှေကျွန်းပါ ဈေးငြိမ်ပေမဲ့ အရောင်းအဝယ်ဖြစ်             ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲကြီး (ကမ်းနား)ရော ရွှေကျွန်းပါ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအထိ ပဲကြီး(ကမ်းနား) မှာ နေ့စဉ်အဝယ်ရှိခဲ့ပေမယ့် ပဲကြီး(ရွှေကျွန်း) အမျိုးအစားကတော့ ၃ ရက်တစ်ကြိမ် လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုဒီဇင်ဘာဒုတိယပတ်မှာတော့ ပဲကြီး(ရွှေကျွန်း) လည်း အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းများမှာ နိုဝင်ဘာလမှစ၍ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ပြီး၊ ပဲကြီး(ကမ်းနား) မှာတစ်တင်းလျှင် ၃၅ဝဝဝ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ ၃၆ဝဝဝ ကျပ်မှ ၃၆၅ဝဝ ကျပ်ဖြင့် ဒီဇင်ဘာ ဒုတိယပတ်အထိ ၎င်းဈေးနှုန်းများအတိုင်း ဈေးငြိမ်နေခဲ့ပြီး တစ်ရက်လျှင် အိတ် ၂ဝဝ မှ ၃ဝဝ အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                                        ခင်ဆွေဝင်း 

Sunday, 12 Dec 2010

အဝယ်အားကောင်းလို့ ဈေးတိုးလာတဲ့ ပြည်ကုလားပဲဈေးကွက်                   ပြည်ကုလားပဲမှာ ယခင်တစ်ပတ်က ဈေးကွက်အတွင်းတစ်တင်းလျှင် ၂၃၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း တစ်တင်းကို ၂၄၅ဝဝ ကျပ်ဈေးရှိခဲ့တဲ့အတွက် တစ်တင်း ၁၅ဝဝ ကျပ် မြင့်တက် ခဲ့ပါတယ်။ V2 ဈေးကတော့ ၂၅ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ပြီး အရောင်းအဝယ် မရှိဘူးလို့သိရပါတယ်။                     ပဲခွဲစက်သမား အဝယ် အားကောင်းလာသလို ပဲခူးတိုင်းဒေသကြီး အနောက်မှ ရခိုင်သို့လည်း အိတ် ၅ဝဝ ရောင်းချခဲ့ရပါတယ်။ တိုင်းအတွင်းမှာလည်း တစ်နေ့လျှင် အိတ် ၅ဝဝ ထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။  လွင်လွင်ဆန်း 

Sunday, 12 Dec 2010

လက်ကျန်နည်းလို့ ဈေးပြန်မာလာတဲ့ မန်း ဗွီတူးဈေးကွက်              နိုဝင်ဘာ ဒုတိယပတ်အတွင်းက ၃ တင်း တစ်အိတ်ကို ၇၇ဝဝဝ ကျပ်၊ ၇၈ဝဝဝ ကျပ်မှ ၈ဝဝဝဝ ကျပ်ထိ ပေါက်ဈေးရှိခဲ့တဲ့ ဗွီတူးဟာ တဖြည်းဖြည်းနဲ့ ၆၉ဝဝဝ ကျပ်ထိ ဈေးနိမ့်လာခဲ့ပါတယ်။ လတ်တလောအချိန်မှာ ဆောင်းသီးနံှထွက်ချိန် လိုနေသေးခြင်း၊ လက်ကျန်နည်းလာခြင်းတို့ကြောင့် ရောင်းလက်အထုတ် နှေးဈေးအေးလာရာမှ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ ခွဲစက်သမားအဝယ်ပြန် လိုက်လာလို့ ၇၂ဝဝဝ ကျပ်-၇၄ဝဝဝ ကျပ်ထိ ဈေးပြန်မာလာကြောင်း သိရပါတယ်။                                                                                                                                 သက်သက်နိုင် 

Sunday, 12 Dec 2010

အရောင်းအဝယ်သွက်တဲ့ မုံရွာဗွီတူး                    နိုဝင်ဘာလအတွင်းက တစ်တင်း ၂၂ဝဝဝ ကျပ်ကျော်အထိ ဈေးအေးခဲ့ တဲ့ ဗွီတူးဈေးဟာ ဒီဇင်ဘာ လဆန်းမှာ တစ်တင်း ၂၃၈ဝဝ ကျပ်အထိ ဈေးပြန်လည် ဦးမော့ခဲ့ပါတယ်။                      ဆောင်းသီးနံှအဖြစ် ဒီဇင်ဘာလအတွင်း အချိန်မီစိုက်ပျိုးကြမဲ့ တောင်သူများက မျိုးစေ့အတွက်ဝယ်ယူမှုရှိခဲ့သလို ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက် များရဲ့ ဝယ်လိုအားကလည်း နေ့စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ မန္တလေး၊ မလှိုင် ပဲခွဲစက်များ လာရောက်ဝယ်ယူခဲ့လို့ တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ အိတ် ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါ တယ်။                                                                                               အောင်မင်း 

Pages