Background
ဆောင်းသီးနံှ မတ်ပဲစိုက်ပျိုးစရိတ် လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှထုတ်ပေးနေပြီ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် မတ်ပဲစိုက်ပျိုးစရိတ် ချေးငွေချေးပေးမည့်ကျေးရွာအုပ်စု ၁၄ အုပ်စုရှိတဲ့အနက် ၄ အုပ်စုမှ တောင်သူ ၃၆၇ ဦး၊ ဧက ၂၁၈၂ ဧကအားတစ်ဧကကို ၁ဝဝဝဝ ကျပ်အတိုးနှုန်း ၁ ကျပ် ၂၅ ပြားနှုန်းဖြင့် အောက်တိုဘာလမှ စတင်၍ ထုတ်ချေးပေး နေပြီဖြစ်ရာ ဧပြီလမှာ ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။ ၎င်းကျေးရွာအုပ်စု ၁၄ အုပ်စုမှ မတ်ပဲ စိုက်ဧက ၁ဝဝဝဝ ကို ယခုနှစ် မတ်ပဲစိုက်ရာသီမှာ ကြိုတင်ထုတ်ချေးပေးသွားမယ် လို့ သိရပါတယ်။စိုးငြိမ်
ဈေးမြင့်တက်လာတဲ့ ပြည်မတ်ပဲဈေး ပြည်မြို့မှာ မတ်ပဲဈေးကတော့ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပြီး ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲမှာ လက်ကျန်နည်းလာတဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ပြီး မျိုးအတွက်လည်း ဝယ်ယူနေကြပြီးဖြစ်တဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိပြီးမြို့တွင်း ပဲကုန်သည်တွေရဲ့ တစ်နေ့အရောင်းအဝယ် ဖြစ်မှုကတော့ တစ်တင်းခွဲအိတ် ၂ဝဝ- ၃ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ တင်ပို့မှု အနေဖြင့် တိုင်းတွင်းမှ ရန်ကုန် ကို အများဆုံးတင်ပို့ပြီး အောက်တိုဘာလဆန်းမှ ဒုတိယ ပတ်အထိ တစ်တင်းခွဲအိတ် ၂၄ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။မိမိအေး
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေးကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအသစ် တစ်နေ့ကို အိတ် ၄ဝဝဝ ခန့်ထိ ဝင်ရောက်မှု တိုးတက် နေတာရယ်၊ အရည်အသွေးကောင်းပဲများမရှိလို့ ဝယ်ယူမှုနည်းတာရယ်တွေကြောင့် စက်တင်ဘာလ ၁၃ ရက်နဲ့ အောက်တိုဘာလ ၁၃ ရက်အတွင်း မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ကျဆင်းလာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ပဲအကန့် အသတ်သာရရှိနိုင်လို့ နိုင်ငံတကာ ကမ်းလှမ်းမှု ငြိမ်သက်နေတယ်လို့ သိရပါတယ်။ ပဲအထွက်မြင့်တက်မှာဖြစ်လို့ကာလတိုအတွင်း ဈေးနှုန်းလျော့ကျနိုင်မယ်လို့ ဆိုပါတယ်။ မွန်ဘိုင်းဈေးကွက် ပေါက်ဈေးနဲ့ ချန်နိုင်း C & F ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ ချန်နိုင်း(C&F)၁၃-၁ဝ-၁ဝ ၉၄၄ ၁ဝ၂၅ ၁၁၂၅၁၃-၉-၁ဝ ၁၁၃၄ ၁ဝ၃၁ ၁၁၉ဝ MIRT(MAPT)
တင်ဒါအတွက် အဝယ်ရှိလို့ မတ်ပဲတန် ၈၅ဝဝ ခန့်တင်ပို့မှုရှိ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ တင်ဒါလိုအပ်ချက်အတွက် ယခုလဆန်းပိုင်းက အိန္ဒိယဝယ်လက်တွေ အဝယ် ရှိခဲ့လို့ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်းက တန်ချိန် ၈၅ဝဝ ခန့်တင်ပို့ ခဲ့ပါတယ်။ ဈေးကွက် အတွင်း ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အဝယ်ပြန် အေးသွားလို့ ဈေးအနည်းငယ်လျော့ကျသွားပေမဲ့ ပါကစ္စတန်အတွက် စင်ကာပူ ဝယ်လက်များအဝယ်ရှိနေလို့ အရောင်းအဝယ်အနည်းငယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၁၄-၁ဝ-၁ဝ ၉၅ဝ-၉၆ဝ ၁၁၂ဝ-၁၁၃ဝ၇-၁ဝ-၁ဝ ၉၄ဝ-၉၅ဝ ၁၁၁ဝ-၁၁၂ဝMIRT(MAPT)
ဒေသတွင်းကြာဇံစက်များကို မှီခိုနေရတဲ့ မုံရွာမြေထောက်ပဲဈေးကွက် မုံရွာပဲဈေးကွက်မှာ ပြည်ပဝယ်လက်မရှိဘဲ ဒေသတွင်းအဝယ်ကိုသာအားကိုးနေရတဲ့အတွက် ဈေးအေးနေတဲ့ ပဲမှာမြေထောက် ပါ။ အဝယ်ပါးတဲ့အတွက် ဈေးငြိမ်နေပြီး တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်သာအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။အောင်မင်း
မြေထောက်ပဲလက်ကျန်များ တိုးတက်တင်ပို့နေ မြေထောက်ပဲလက်ကျန်များကို ဆက်လက်တင်ပို့လျက်ရှိရာ ယခု တစ် ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်)အတွင်း တန်ချိန် ၅ဝဝ နီးပါးအထိ တိုးတက် တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုမှာ တန်ချိန် ၇ဝဝ သာရှိရာ အောက်တိုဘာလ ဒုတိယပတ် အထိ တန်ချိန် ၆၅ဝ ခန့် တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာအောက်တိုဘာလ ၇ ရက်က တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၄ ရက်မှာ ကန်ဒေါ်လာ ၆၃ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ (Unpolished ) တစ်တန်ကို ကန်ဒေါ်လာ ၇၇၉ ဖြစ်ပြီး (Polished )တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
ဈေးမြင့်လာသော်လည်း အရောင်းအဝယ်အေးတဲ့ ပဲစင်းငုံ ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၉ဝဝဝ ကျပ် ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၅ဝဝ ကျပ်တိုးကာ ၁၉၅ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ ဈေးအနည်းငယ်တက်လာသော်လည်း ရောင်းဝယ်သူမရှိဘဲ အရောင်း အဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုအချိန်ထိ ကြိုက်ဈေး မရသေး သည့်အတွက် ဈေးကောင်းရချိန်ကို ဆက်လက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ယခင်တစ်ပတ်က အရောင်းအဝယ်အသင့်အတင့်ရှိခဲ့သော်လည်း ယခု တစ်ပတ် မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
တစ်လအတွင်း ပဲစင်းငုံဈေးနှုန်းအနည်းငယ်လျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ လက်ကျန်အသင့်အတင့် ရှိနေသေးတာကြောင့် ပွဲတော်အတွက် အဝယ်ရှိပေ မဲ့ ဈေးမတက်ဘဲ တစ်လအတွင်း ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံပင်များမှာလည်း ရာသီဥတု အခြေအနေပေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးလျော့ကျဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၁၃-၁ဝ-၁ဝ ၇၄၂ ၈၃၅၁၃-၉-၁ဝ ၇၇၇ ၈၅ဝMIRT(MAPT)
အိန္ဒိယအဝယ်လျော့လာလို့ ပဲစင်းငုံတန်ချိန် ၁၅ဝဝ ခန့်သာတင်ပို့ အိန္ဒိယဝယ်လက်များ ဝယ်ယူမှုအားပျော့လာတာကြောင့် ယခုတစ်ပတ် (အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်) အတွင်းတန်ချိန် ၁၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပြည်ပဝယ်လက်များ တင်ဒါလက်ကျန်တွေအတွက် အဝယ်အနည်းငယ်ရှိလို့ အရောင်းအဝယ် အနည်း အကျဉ်းတော့ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေထဲမှာ ပဲအသစ် မထွက်သေးပေမဲ့ အခြားပဲတွေ အသစ်ဝင်လာတာဖြစ်လို့ ရောင်းအားကျနေတဲ့ အတွက် မြန်မာနိုင်ငံက အဝယ်နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၁၄-၁ဝ-၁ဝ ၇၆ဝ-၇၇ဝ ၆၅ဝ-၆၆ဝ၇-၁ဝ-၁ဝ ၇၅ဝ-၇၆ဝ ၆၃ဝ-၆၄ဝMIRT(MAPT)
မျိုးဝယ်ယူသူရှိလာလို့ ပဲကြီး(ရွှေကျွန်း)အရောင်းသွက် ပြည်ဈေးကွက်မှာ ထောပတ်ပဲ လက်ကျန်ပြတ်သွားခဲ့သော်လည်း ပဲကြော် ပဲလှော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲကတော့ ပဲကြီးဖြစ်ပါတယ်။ ယခင်ပတ်များက ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ် ကောင်းခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်မှစလို့ ပဲကြီး(ရွှေကျွန်း)လည်း အရောင်း အဝယ်ဖြစ်လာခဲ့ပါတယ်။ ကြိုက်ဈေး မရသော်လည်း ငွေလိုလို့ ထုတ်ရောင်းသူများ ရှိလာတာကြောင့် တစ်ရက်ကို အိတ် ၁ဝဝ မှ ၂ဝဝ အထိ အရောင်းအဝယ်ဖြစ် ခဲ့ကြပြီး ဈေးနှုန်းကတော့ တစ်တင်းကို ၃ဝဝဝဝ ကျပ်ရှိတယ်လို့ သိရပါတယ်၊ မျိုးသမားများကလည်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃၂ဝဝဝ ကျပ်၊ ၃၃ဝဝဝ ကျပ်ထိ ဈေးပေးဝယ်ယူကြတယ်လို့ သိရပါတယ်။ ပဲကြီးကမ်းနားကတော့ အရည် အသွေးပေါ်မူတည်ကာ တစ်တင်းကို ၂၈ဝဝဝ ကျပ်မှ ၂၉ဝဝဝ ကျပ်ထိရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း
