Background
ယခင်နှစ်ကာလတူနီးပါး ပဲယင်းအတင်ရှိ ပင်လယ်ရေကြောင်းကနေ ပဲယင်းတင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၁၆ရက်မှ ၂၂ ရက်အတွင်း တန်ချိန် ၅ဝ ခန့်သာ ဖိလစ်ပိုင်ကို တင်ပို့မှု ရှိပေမဲ့ ယခင်နဲ့ယခု ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုကတော့ ပမာဏတူညီလုနီးပါး ရှိတာတွေ့ရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ စက်တင်ဘာလ ၁၇ ရက်အထိ တင်ပို့မှုမှာတန်ချိန် ၃၄ဝဝ ကျော်တာတွေ့ရှိရပါတယ်။ ရန်ကုန် FOBဈေးအနေနဲ့ FAQတစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။MIRT - MAPT
ပဲလွန်းဖြူလည်း ဆက်လက်တင်ပို့နေဆဲပါ အခြားပဲ အမိုျးအစားတွေထဲမှာ ပင်လယ်ရေကြောင်းက တင်ပို့မှုအားကောင်းတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်)အတွင်း မှာလည်း တန်ချိန် ၃ဝဝ ခန့်နဲ့ ဆက်လက် တင်ပို့နေတာ တွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ ယူအေအီးနိုင်ငံများ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁ဝ-၂ဝ၁၁ အတွင်း စက်တင်ဘာလ၁၇ ရက်အထိ တင်ပို့မှုကို လေ့လာမယ် ဆိုရင် တန်ချိန် ၁၅ဝဝဝ ကျော်ရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ရဲ့ ကာလတူတင်ပို့မှု တန်ချိန်၂၁ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင်တော့ တင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကိုကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆၅ရှိတာ တွေ့ရပါတယ်။ MIRT - MAPT
ဝယ်လက်စုံလို့ ဈေးအနည်းငယ်တက်လာတဲ့ မုံရွာဗွီတူးဈေးကွက် မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ တတိယပတ်အတွင်း ဝယ်လက်စုံလာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာသလို ရောင်းဝယ်မှုသွက်လာတဲ့ ပဲကတော့ ဗွီတူးပါ။ပဲဈေးမှာ တစ်တင်း ၁၉၂ဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ်အထိ ဈေးအနည်းငယ် မြင့်တက်လာပြီး နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ပုံမှန်ဖြစ်နေရာမှအရောင်းအဝယ်သွက်လာပြီး စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက်များမှာ အိတ်၁ဝဝဝ ခန့်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝယ်လက်များမှာ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်များအပြင် မန္တလေး၊ရန်ကုန် ဝယ်လက်များရှိလာတယ်လို့ သိရပါတယ်။ အောင်မင်း၊
ခွဲစက်၊ နယ်လက်နဲ့ မျိုးအတွက် ကုလားပဲဈေးကွက် အဝယ်သွက် မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလ တတိယပတ် ကုလားပဲဈေးကွက်မှာခွဲစက်၊ နယ်လက်နဲ့ မိုျးအဝယ်ရှိလာလို့အနည်းငယ် အရောင်း အဝယ်သွက်လာပါတယ်။ ဒေသတွင်းပဲလက်ကျန်တောင့်တင်းနေသလို ခွဲစက်သမား အချို့က တစ်နှစ်စာလည်ပတ်ရမဲ့ ကုန်ကြမ်းပမာဏထက် ပိုနေလို့ ထုတ်ရောင်းမှုတွေရှိလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပဲသစ်ပေါ်ချိန်က မိုျးအထွက် မချန်ဘဲ ထွက်သမျှရောင်းခဲ့ကြတဲ့ တောင်သူအချို့ လာမဲ့လတွေမှာ စိုက်ပျိုးချိန်ရောက် တော့မှာမို့မျိုးအစားထိုးဝယ်ယူမှုလဲ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲပေါက်ဈေးအနေနဲ့ ကုလားပဲ (ရိုးရိုး) ၁၉ဝဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂ဝဝကျပ်မှ ၁၉၄ဝဝ ကျပ်၊ ဗွီတူး ၁၉၄ဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အနည်းဆုံး တင်း ၃ဝဝ မှ အများဆုံး တင်း ၁ဝဝဝ ထိအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်စက်တင်ဘာ တတိယပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေမန္တလေးကို တင်း ၂၇ဝဝ နဲ့ ရန်ကုန်ကို တင်း ၁၅ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ထွန်းလှိုင်
လက်ငင်းအဝယ်ရှိလာလို့ အိန္ဒိယကုလားပဲ ဈေးမြင့်လာ အိန္ဒိယမိုးရာသီ ပဲစိုက်ဧရိယာဟက်တာ သိန်း ၂ဝ ခန့်ကို တိုးတက်စိုက်ပျိုးနိုင်လို့ စံချိန်တင်ထွက်ရှိမယ့် အခြေအနေ တွေကြောင့် ပြည်တွင်းဈေးကွက်တွေမှာ ယခင်ရက်တွေက ပဲမိုျးစုံဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ လက်ငင်းအဝယ်မြင့်တက်မယ့်အလားအလာကြောင့်ကုလားပဲကြိုပွိုင့်ဈေး တစ်တန်ကို ရူပီး ၁၃ဝ (ကန်ဒေါ်လာ ၂ ဒသမ ၈) မြင့်တက်ပြီးရူပီး ၂ဝ၉၅ဝ (ကန်ဒေါ်လာ ၄၆၂) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ထပ်ပွဲများနဲ့ ဘာသာရေးပွဲတော်များအတွက် ဝယ်လိုအား ကောင်းမယ့်အခြေအနေများအပြင် အဓိကစိုက်ပျိုးတဲ့ ရာဂျက်စသန်နဲ့ ဂူဂျာရက်က ပဲဝင်ရောက်မှု အကန့်အသတ်သာရှိခြင်းက ကြိုပွိုင့်ဈေး အမြင့်ဘက်ကို ဦးတည်စေပါတယ်။ ကာလရှည်မှာတော့ အခြားပဲအသစ်ဈေးများ ကျဆင်းခြင်းနဲ့ ပဲအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ ကုလားပဲစိုက်ပျိုးမှု တိုးတက်မယ့် အခြေအနေ တွေရှိခြင်းတို့ကြောင့် ဈေးလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊Sources: PTI
ပြည်မှာ ကုလားပဲဈေးမာ ပြည်ဈေးကွက် ကုလားပဲဈေးမှာ ယခင်တစ်ပတ်တွင် တစ်တင်းကို၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခု တစ်ပတ်တွင် ၂ဝ၅ဝဝ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်မြင့်လာပါတယ်။ ကုလားပဲ ဗွီတူး အမိုျးအစား မှာလည်းတစ်တင်းကို ၂ဝ၇ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ (ဟော်လန်) ကတော့ တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပဲခွဲ စက်သမားများ ပုံမှန်အဝယ်ရှိပြီး တင်ပို့မှုအနေဖြင့် ယခုတစ်ပတ်အတွင်း ပြည်မှ မကွေးသို့ ကုလားပဲအိတ် ၈ဝဝခန့် တင်ပို့ရောင်းချမှု ရှိတယ်လို့ သိရပါတယ်။ လွင်လွင်ဆန်း
ရန်ကုန်အဝယ်ရှိလာတဲ့ မုံရွာပဲတီစိမ်းဈေးကွက် မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ တတိယပတ်အတွင်း ရန်ကုန်ဝယ်လက်ပုံမှန်ရှိလာပြီး အရောင်းအဝယ် သွက်တဲ့ပဲမှာ ပဲတီစိမ်းပါ။ တစ်တင်း ၂၃၅ဝဝ ကျပ်၊ ၂၄ဝဝဝ ကျပ်ဈေးရှိနေပြီး စက်တင်ဘာလ ၁၈ ရက်၊ ၁၉ ရက်များမှာ တစ်တင်း၂၅ဝဝဝ ကျပ်၊ ၂၄၅ဝဝ ကျပ်အထိ ဈေးဖြစ်ခဲ့ပြီး အရောင်းသွက်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်လက်အဝယ် ရှိနေတဲ့ အတွက်စက်တင်ဘာ ၂၂ ရက်နေ့မှာ အိတ် ၁၅ဝဝ ထိ အရောင်းသွက်ခဲ့ကြောင်း သိရပါတယ်။ အောင်မင်း
အသစ်ဝင်လာလို့တစ်လအတွင်း အိန္ဒိယပဲတီစိမ်းဈေး ကန်ဒေါ်လာ ၁ဝဝ ကျော်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို အဓိကပဲစိုက်တဲ့ ရာဂျက်စသန်ဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုတိုးလာလို့ သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်ခန့် လျော့ကျလာတာတွေ့ရပါတယ်။ ဒါပေမဲ့ အချို့ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ပဲရိတ်သိမ်းမှုနှေးကွေးနေသလို ဝင်ရောက် လာတဲ့ပဲအသစ်များမှာလည်း အရည်အသွေးပျက်စီးမှုဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုရက်ပိုင်းမှာတော့ ဈေးဆက်မကျဘဲငြိမ်နေတာ တွေ့ရပါတယ်။ တစ်လအတွင်း ပဲတီရွှေဝါဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း၂၃-၉-၁ဝ ၈၉၉-၉ဝ၃ ၉၆၅-၉၇၆၂၃-၈-၁ဝ ၁၁၈ဝ-၁၂ဝ၁ ၁ဝ၅၁MIRT (MAPT)
အဝင်နည်းပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ပြည်ပဲတီစိမ်း ပြည်ဈေးကွက်သို့ ယခင်အပတ်က ပဲတီစိမ်းအဝင်မရှိသလောက်ဖြစ်ခဲ့ရာမှ ယခုစက်တင်ဘာလ နောက်ဆုံးပတ်မှာတစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ ခန့်ပြန်လည်အဝင်ရှိလာခဲ့ပါတယ်။ အဝင်ရှိသလောက် အရောင်းအဝယ်လည်းဖြစ်နေတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၂ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး မျိုးပဲကတော့ တစ်တင်းကို ၂၅ဝဝဝ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုစက်တင်ဘာလအတွင်း ပဲတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်နယ်စပ်မှ ပဲတီစိမ်းအဝယ် ပြန်လိုက် စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ပဲတီစိမ်း ၁၂၅၄ တန်နှင့် ပဲတီစိမ်းလုံးခြမ်း ၁၄၂တန်၊စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ၃၉၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၈ တန်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ၈၂၆ တန်ပိုမို တင်ပို့နိုင်သကဲ့သို့ ပဲတီစိမ်းလုံးခြမ်းလည်း ၃၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ သြဂုတ်လကုန်အထိ ပဲတီစိမ်းတန်ချိန် ၆၅၈ဝဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန်ချိန် ၁၁၇ဝ ကျော်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ယခုအပတ်မှာ တစ်ဖက်နိုင်ငံမှာ ဈေးပိုမိုခဲ့ပြီး အဝယ်လိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၈၆၂၈၅၄ ၇၃၄၉၄၈ ၁၂၇၉ဝ၅ ၁၅ ၁၁၉၂ ၁ဝ၉၂ ၁ဝဝ ၈MIRT (DOBT)
