Background
ထားဝယ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး ၂၂၃၈၂၉ ဧကစိုက်ပျိုးပြီး ရိတ်ဧက ၂၁၇၄၇၇ ဧက ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ ဒသမ ဝ၁ တင်းဖြင့် စုစုပေါင်း ၁၅၂၂၅၆၉၀ တင်း ထွက်ရှိ သည်။ ထားဝယ်ခရိုင်အတွင်း စပါးဈေးနှုန်းမှာ ဒီဇင် ဘာလ ပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၅၅၀ဝ၀ဝ ရှိပြီး ဒီဇင်ဘာလနောက် ဆုံးပတ်တွင် ၄၆ ပေါင်တင်း ၁၀ဝ လျှင် ကျပ် ၆၀ဝ၀ဝ၀ ဈေးနှုန်းပေါက်လျက်ရှိရာ တင်း ၁၀ဝ လျှင် ကျပ် ၅၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်လျက်ရှိကြောင်း သိရှိရသည်။
အောင်ကိုထွေး(ထားဝယ်)
မော်လမြိုင်မြို့တွင် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ပထမအပတ်တွင် ဒီဇယ် (ရိုးရိုး) ကျပ် ၆၂၅ ၊ ဒီဇယ် (ပရီမီယမ်)ကျပ် ၆၃၅ ၊ ဓာတ်ဆီ (၉၂) ကျပ် ၅၈၅ ၊ ဓာတ်ဆီ (၉၅) ကျပ်၇၀၅၊ ရွှေ ၁၆ ပဲရည် ကျပ် ၁၂၆၄၀ဝ၀ ၊ ရွှေွှ ၁၅ ပဲရည် ကျပ် ၁၁၆၀ဝ၀ဝ ၊ ရွှေွှ ၁၄ ပဲရည် ကျပ် ၁၀၆၀ဝ၀ဝ ဖြစ်ပြီး စတုတ္ထပတ်တွင် ဒီဇယ် (ရိုးရိုး) ကျပ် ၆၈၅၊ ဒီဇယ် (ပရီမီယမ်) ကျပ် ၆၉၅၊ ဓာတ်ဆီ (၉၂) ကျပ် ၆၄၅ ၊ ဓာတ်ဆီ (၉၅) ကျပ် ၇၆၅ ၊ ရွှေွှ ၁၆ ပဲရည် ကျပ် ၁၃၁၅၀ဝ၀ ၊ ရွှေ ၁၅ ပဲရည် ကျပ် ၁၂၀၅၀ဝ၀၊ ရွှေ ၁၄ ပဲရည် ကျပ် ၁၁၁၀ဝ၀ဝ ဖြစ်ရာ ပထမပတ်နှင့် စတုတ္ထပတ်နှိုင်းယှဉ်လျှင် စက်သုံးဆီများမှာ ၆၀ ကျပ်ခန့်သာ ဈေးတက်ပြီး ရွှေ ၁၆ ပဲရည်
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်သစ်နှင့်အတူ မြန်မာ့ ချင်းစိမ်းများ အင်္ဂလန်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်္ဂလန်အနေဖြင့် EU မှ ထွက်ခွာတော့မည်ဖြစ်သည့် အပြင် လတ်တလောကာလတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိသဖြင့် ဥရောပနှင့်အဆက်အသွယ်ပြတ်ပြီး စားသောက် ကုန် လိုအပ်ချက်မြင့်တက်နေကြောင်း သတင်းများအရ သိရှိ ရသည်။ ချင်းကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများ၌ ပိုမိုစိုက်ပျိုးကြောင်း၊ ဟင်းခတ်အမွှေး အကြိုင်အဖြစ် လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း အသုံးပြုကြကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၄ဒသမ ၅၉၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၁၄၉၀ခန့် တင်ပို့ခဲ့ကြောင်း သိရ သည်။ တင်ပို့မှုများအနေဖြင့် မြန်မာ-တရုတ်နယ်စပ်များဖြစ် သော မူဆယ်(၁၀၅ ) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၃၀ဝ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန် တန်ချိန် ၄၃၉၅ခန့်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန် တန်ချိန် ၂၇၉၅ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် ကုန် သွယ်မှုနှင့်နှိုင်း ယှဉ်လျှင်ဆန်တန်ချိန်၁၄၀ဝကျော်လျော့နည်း တင်ပို့နိုင်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ ပုပ္ပားဒေသ ထွက်နဂါးမောက်သီးများလှိုင်လှိုင်ဝင်ရောက်နေရာတစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးသည်များ ဝင်ငွေရနေကြ ကြောင်း သိရှိရသည်။“ယခင်တစ်ပတ်ကထက် နဂါးမောက်သီး ဝင်ရောက်မှု ပိုများတယ်။ ဈေးကွက်မှာက နဂါးမောက်ခြံတွေ တစ်ပြိုင် တည်း ခူးကြတာကြောင့်လို့ သိရပါတယ်။အရောင်းအဝယ်က တော့ကျေးရွာတွေကိုအဓိကထားရောင်းရတာလည်းရှိတယ်။ အရောင်းသွက်တယ်”ဟု ရေနံချောင်း မြို့မှ နဂါးမောက်ရောင်း သူ အမျိုးသမီးတစ်ဦးက ပြောသည်။ရေနံချောင်းမြို့နယ်တွင် နဂါးမောက်စိုက်သူနည်းပါး၍ ကျောက်ပန်းတောင်းမြို့နယ်နှင့် ပုပ္ပားဝန်းကျင်ထွက် နဂါး မောက်သီးများကို အဓိကရောင်းချနေရ သည်။ ဈေးကွက်တွင် နဂ
တောင်ငူမြို့နယ်အတွင်းသို့ ကရင်ပြည်နယ် သံတောင်ကြီး၊ ဘောဂလိ၊ လိပ်သိုဘက်မှ ရာသီအလိုက်သီးနှံများ ဝင်ရောက် ရောင်းချလျက်ရှိရာ သံတောင်နာနတ်သီးအသေးမျိုးတစ်လုံးလျှင် ၄၀ဝ ကျပ်မှ၅၀ဝ ကျပ်အထိ ဈေးရရှိပြီး ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲဘက်မှ ဝင်ရောက်လာသောနာနတ်သီးမှာ သံတောင်ဘက်က အသီးထက်အလုံးလှသလို အရသာမှာလည်း ကွာ သဖြင့် နာနတ်သီးတစ်လုံးလျှင် ၈၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်အထိ ဈေးရရှိကြောင်းနှင့်အရောင်းသွက်လျက်ရှိကြောင်း နာနတ်သီး ရောင်းချသူများထံမှ သိရသည်။ သင်းသင်းအေး(တောင်ငူ)
ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့မှု ယခင်နှစ်ထက် လျော့နည်းနေကြောင်း မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ပြည်ပသို့ မြန်မာ့ကော်ဖီ တင်ပို့မှုမှာ နှစ်စဉ်တန် ၄၀ဝ ခန့်ရှိကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တန် ၅၀ဝ အထိ တိုးတက်တင်ပို့နိုင်ခဲ့ သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပုံမှန်ထက် တင်ပို့မှု လျော့နည်းနေခြင်းဖြစ်ကြောင်း ယင်း အသင်းအတွင်းရေးမှူး ဦးသီဟက သြဂုတ်၄ ရက်တွင် ပြောသည်။“ကျွန်တော်တို့ နိုင်ငံရဲ့ အခုလက်ရှိ ကော်ဖီဈေးကွက်က ပုံမှန်နှစ်တွေထက် နည်း နည်းလေးပါးတယ်။ ပြည်ပ တင်ပို့မှုတွေရှိတယ်။ ဒါပေမဲ့ ပုံမှ
လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းနီးပါး အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ကမ္ဘာ့ရွှေဈေးသည် လက်ရှိတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၀အထိ အတက် ပြနေပြီး ကိုးနှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေ သည့်အတွက် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးလိုက်ပါ မြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။''ကမ္ဘာ့ရွှေဈေး ဆွဲချလိုက်မယ်ဆိုရင်တော့ တစ်မျိုး၊ ဒီအတိုင်းဆိုရင် အတက်ပဲ ဦးစားပေးရမှာပဲ။ အတက်ပဲ မြင်နေတယ်။ နောက်ဆုံးတစ်ကျပ်သား ကျပ် ၁၃ သိန်း ပြန်ဖြစ်ရင် ဖြစ်သွားမှာ''ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ဇူလိုင် ၂၃ ရက် နံနက် အဖွင့်ဈေးတွင် ပြည်တွင်း အခေါက
ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများတွင် ကြက်သွန်ဖြူများ အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်ကျနေသည်ကို တွေ့ရသည်။ အဝင်ပုံမှန်ဝင်ရောက်နေပြီး ခရိုင်တွင်း အရောင်းအဝယ်သာရှိနေသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေး နှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ရှမ်းစမှာ ကျပ် ၁၇၀ဝ၊ ၂၀ဝ၀၊ ၂၂၀ဝ ဈေးတို့နှင့် (ကြူကုတ်စ)မှာကျပ် ၁၆၀ဝ ဈေးတို့ဖြင့် ရောင်းဝယ် လျက်ရှိနေသည်။ ဒေသတွင်းလက်လီဈေး များတွင် (ရှမ်းစ) ကျပ် ၂၅၀ဝ၊ ၃၀ဝ၀၊ ၃၅၀ဝ ဈေးနှင့် (ကြူကုတ်စ) ဈေးမှာ ကျပ် ၁၈၀ဝ၊ ၂၀ဝ၀ ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရသည်။ တစ်ပတ်တွင်း ကြက်သွန်ဖြူအိတ် ၈၀ နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရသည်။










