Main menu

Background

ရေနံချောင်း၌ နဂါးမောက်သီးလှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေ

Wed, 08/12/2020 - 14:53 -- journal_editor

မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့၌ ပုပ္ပားဒေသ ထွက်နဂါးမောက်သီးများလှိုင်လှိုင်ဝင်ရောက်နေရာတစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးသည်များ     ဝင်ငွေရနေကြ ကြောင်း သိရှိရသည်။“ယခင်တစ်ပတ်ကထက် နဂါးမောက်သီး ဝင်ရောက်မှု ပိုများတယ်။ ဈေးကွက်မှာက နဂါးမောက်ခြံတွေ   တစ်ပြိုင် တည်း ခူးကြတာကြောင့်လို့ သိရပါတယ်။အရောင်းအဝယ်က တော့ကျေးရွာတွေကိုအဓိကထားရောင်းရတာလည်းရှိတယ်။ အရောင်းသွက်တယ်”ဟု ရေနံချောင်း မြို့မှ နဂါးမောက်ရောင်း သူ အမျိုးသမီးတစ်ဦးက ပြောသည်။ရေနံချောင်းမြို့နယ်တွင် နဂါးမောက်စိုက်သူနည်းပါး၍        ကျောက်ပန်းတောင်းမြို့နယ်နှင့်   ပုပ္ပားဝန်းကျင်ထွက်   နဂါး မောက်သီးများကို အဓိကရောင်းချနေရ သည်။ ဈေးကွက်တွင် နဂါးမောက်သီးအရွယ်အစား မူတည်၍ တစ်လုံးလျှင် ကျပ် ၇၀ဝ၊ ကျပ်၉၀ဝ၊  ကျပ်၁၀ဝ၀ ဝန်းကျင် ရောင်းချရကြောင်း နဂါးမောက်သီးဈေးကွက်မှသိရသည်။ 

 ဆန်ညွန့်(ရေနံချောင်း