Main menu

Background

Wednesday, 17 Jul 2019

      ဆိုဒါအချိုရည်က အဝလွန်မည့်အန္တရာယ်ရှိရုံမျှမက ကင်ဆာဖြစ်မည့်  အန္တရာယ်ပါရှိကြောင်း  လေ့လာချက်တစ်ခုအရ သိရကြောင်း ဘလွန်းဘတ်သတင်းတွင် ဖော်ပြသည်။ အကြမ်းဖျင်းအာဖြင့် ကုတ်ဘူးတစ်ဘူး၏ သုံးပုံ တစ်ပုံရှိသော ဆိုဒါ  ၃ ဒသမ ၄ အောင်စကို နေ့စဉ်သောက်သုံးပါက တချို့သော ကင်ဆာအမျိုးအစားကို ဖြစ်နိုင်သော အန္တရာယ် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင်ဖော်ပြသည်။ ရင်သားအကျိ တ်ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားပြီး ၂၂ ရာ ခိုင်နှုန်းရှိသည်။ အချိုရည်မပါသောအသီးဖျော်ရည်ကို အလားတူပမာဏအတိုင်း သောက်သုံးပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများ ကြောင်း သုတေသီများက တွေ့ရှိထားသည်။

Wednesday, 17 Jul 2019

      ပြည်တွင်းရှိ ကျောက်မျက်ဈေးကွက်အတွင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ် လုပ်ထားသည့် မိုးကုတ်ကျောက်မျက် ရတနာများကို Limited Edition ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုးကုတ်ဆူးလေ ကျောက်မျက်ရတနာ အရောင်းဆိုင်မှ သိရသည်။ ကျောက်မျက်ရတနာ ဝတ်ဆင် ကြသူများအနေဖြင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ဒီဇိုင်းထွင်၍ ဝတ်ဆင်လာကြသလို ပန်းပွင့်ပုံစံဒီဇိုင်းများ၊ ဖန် စီဆန်ဆန်ဒီဇိုင်းများကိုလည်း ဝတ်ဆင်လာကြကြောင်း သိရသည်။

Wednesday, 17 Jul 2019

       ၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်ကုန် တဲ့ အတွက် ကဏန်းပ

Friday, 12 Jul 2019

     ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့တွင် တံခွန်စက်မှု လက်မှု လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်ဖြန့်ချိရေးမှ ထုတ်လုပ်သော ပြောင်း အခွံခွာရန်မလိုသော  ပြောင်းခြွေလှေ့သန့်စင်စက်ကို  ပြောင်း စိုက်တောင်သူများ ဝယ်ယူနိုင်ပြီဖြစ်သည်။တံခွန်စက်မှုလက်မှုမှ ထုတ်လုပ်လျက်ရှိသော ပြောင်းဖူးခြွေလှေ့စက်မှာ မြင်း ကောင်ရေ(၂၅-၂၈) ကောင်အားပေးစက်တပ်ဆင်ထားသည်။စက်စွမ်းအားအနေဖြင့် တစ်နာရီလျှင် ပြောင်း ဖူးဆန်တင်း(၁၀၀ မှ၁၅၀အထိ) ခြွေနိုင်ပြီး ရွှေ့ပြောင်းရ လွယ်ကူသော ဘီးတပ်ခြွေလှေ့စက်ဖြစ်သည်။  ပြောင်းခြွေလှေ့စက်၏ တန်ဖိုးမှာ အားပေးစက်အပါအဝင် ကျပ်သိန်း ၃၄  ဝန်းကျင်သာရှိသော ပြည်တွင်းထုတ်စက်ဖြစ် သည်။

Thursday, 11 Jul 2019

      ယခုအခါတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့် ရေးအတွက် သီးနှံများကို အရှိန်အဟုန်မြင့်တိုးမြှင့်ဆောင်ရွက်နေကြရသည်။ အထွက်ကောင်းသော သီးနှံများမျိုးများရွေးချယ် စိုက်ပျိုးလာကြသည်။ သီးထပ်သီး ညှပ်သီးနှံပုံစံများ စိုက်ပျိုးလာကြသည်။ ဤသို့ စိုက်ပျိုးလာသည်နှင့်အမျှ သီးနှံများနှင့် ယှဉ်တွဲပါလာသည့် ဖွားဖက်တော်များမှာ သီးနှံများကို ဖျက်ဆီးမည့် ပိုးမွှားရောဂါများပင် ဖြစ်သည်။သီးနှံထုတ်လုပ်သူများကလည်း စပါး၊ ပဲ မျိုးစုံ၊ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက်သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံစသည့် လူသားတို့ အတွက် အဓိကရိက္ခာများကို ထုတ်လုပ်ကြသည်။ ဤသို့ထုတ်လုပ်ကြရင်းပင် မိမိတို့၏သီးနှံများ အရောင်းအသွေးလ

Wednesday, 3 Jul 2019

     CB ဘဏ်၏ Credit Card ကိုင်ဆောင်သူများသည် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်အထိ အတိုးမဲ့အရစ်ကျ ဈေးဝယ်ခြင်းအစီအစဉ် (သုည ရာခိုင် နှုန်း IPP)ဖြင့် Shop. com.

Wednesday, 26 Jun 2019

      မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် European Chamber of Commerce of Myanmar(EuroCham) တို့သည် မြန်မာ-ဥရောပ ဆောက် လုပ်ရေးနှင့်အခြေခံအဆောက်အအုံ ရေ ရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို MCEF ခန်းမတွင် ဇွန် ၁၈ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယခုနားလည်မှုစာချွန်လွှာအရ  အပြန်အလှန် လုပ် ဆောင်ချက်ရှစ်ရပ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချုပ်(MCEF)က တင်ပြသော ပူးပေါင်းဆောင်ရွက်ချက်လေးရပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက် ၍ အသိ ပညာနှင့်

Thursday, 20 Jun 2019

      ပြည်တွင်းငွေလဲဈေးကွက်သည်  ယခုရက်သတ္တပတ်အတွင်း ဈေးငြိမ်နေခဲ့ ကြောင်း  ပြည်တွင်းငွေလဲဈေးကွက်မှ စုံစမ်းသိရှိရသည်။  မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို မေလနောက်ဆုံးပတ်က အမေ ရိကန်တစ်ဒေါ်လာ လျှင် ၁၅၂၅ကျပ်မှ ယခုရက်သတ္တပတ်တွင် ၁၅၂၆ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ ကြောင်းသိရသည်။ ပြည်တွင်းဈေးကွက်၌ ယခုရက်သတ္တပတ်တွင်အမေရိကန်ဒေါ်လာကို ရောင်းလိုအားများခဲ့သော်လည်း ဝယ်လိုအားနည်းခဲ့လို့ အရောင်းအဝယ်ဖြစ်မှု  နည်းနေခဲ့ ကြောင်း၊ အခြားကုန်စည်များဖြစ်သည့် ရွှေနှင့်ရေနံတို့မှာ ဈေးအဆ မတန်မြင့်တက် နေခြင်းကြောင့် ဒေါ်လာကို လူကြိုက်နည်းနေခြင်းဖြစ်ကြောင်း၊  နိုင်ငံတကာ ဈေး ကွက်တွင်လည်း  အမေရိကန်-တရုတ်ကု

Thursday, 20 Jun 2019

        တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဝယ်လိုအား များပြားမှု ကြောင့် မြန်မာ့ငရုတ်အစိုများ ဈေးနှုန်းမြင့်တက်နေကြောင်း စားဖိုဆောင်သီးနှံ  စိုက်ပျိုးထုတ်လုပ်တင်ပို့ေ ရာင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဇွန် ၁၃ ရက်တွင် ပြောသည်။ " မြစ်ဝကျွန်းပေါ်မှာရှိတဲ့ အစို မိုးထောင်ငရုတ်သီး သာမို နဲ့ ဒီမိုဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါေ တွ ကို အစိမ်းအတိုင်း ဝယ် တာ။ ကျွန်တော်တို့ အအေးခန်းကားတွေနဲ့ ပို့နေတယ်။ တကယ် လို့ အစိုတစ်ပိဿာကို လှန်းမယ်ဆိုရင် ကျပ် ၂၄၀၀၀၊ ၂၅၀၀၀ လောက် ကျမယ်။ ဘာလို့လဲဆိုရင် သူက ၄ ချိုး ၁ ချိုးပဲထွက်တယ်။ အခုက အစိုအတိုင်းပဲ သွားနေတဲ့အတွက် အခြောက်ကိုမရှိဘူး။ မရှိတော့ အိန္ဒိယကဝင်တာရှိတယ်၊ တချို

Pages