Background
ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၂ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နဲ့ ကောက်ညှင်း ဆန် ၁၀၅ တန်ခန့် ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၄၉ တန်ခန့်နဲ့ ဧည့်မထဆန် ၁၀၅ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၀၃၅ တန်၊ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်နဲ့ ကောက်ညှင်း ဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၈၂၂တန် လျော့နည်းခဲ့ပါတယ်။
ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၆၇၃၈၀ တန်ဖိုးရှိ နို့ဆီ ၂၈၉ ဒသမ ၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှတီးေ ပါ့ နို့ဆီ ၇၀ ဒသမ ၂၀ တန်နဲ့ စင်ကာပူနိုင်ငံ မှ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈ တန်ကို တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့နို့ဆီတန်ချိန် ၆၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၈၀ ကျော် တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၈၆၂၅ တန်ဖိုးရှိ ဘိလပ်မြေ ၈၂၃၂ ဒသမ ၅၀တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၅၀ တန်နဲ့ မလေးရှားမှ တန်ချိန် ၈၀၀၀ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၈၀၅၀ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ကာလတူြ ဖစ်တဲ့ ၂၀၁၆ ဇွန်လ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုမှာတန်ချိန် ၃၁၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ယခုနှစ်မှာဘိလပ်မြေ တန်ချိန် ၂၂၉၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့သိရပါတယ်။
ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိ နေကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သော်လည်း ယခုတစ် ပတ်တွင်း ဈေးအနည်းငယ် ကျဆင်းသွားခဲ့သော်လည်း ဈေးကွက်ပိတ်ရက်များတွင် ကျပ် ၉၁၁၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ "ကမ္ဘာ့ရွှေဈေးက တက်လာတယ်။ ရွှေဈေးတက်လာတဲ့အချိန်မှာ ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်းကလည်း မြင့်တက်လာတော့ ပြည်တွင်းေ ရွှဈေးက လိုက်ပြီး မြင့်တက်လာတာပါ။ ရွှေဈေး မြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်း အဝယ် နည်းနည်းအေးပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲစင်တာများ၌ ရောင်းဝယ်လျက်ရှိသည့် ငွေလဲနှုန်းများသည် အမြင့်ဆုံးဈေးအဖြစ် ၁၃၆၁ ကျပ်သို့ ရောက်ရှိခဲ့ပြီးမှ ပြန် လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ရက်သတ္တပတ်အတန်ကြာ အနည်းငယ်ငြိမ်သက် ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ပြန်လည်လှုပ်လာခဲ့ခြင်းဖြစ် သည်။ မူဆယ်နယ်စပ်တွင် ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နို င်ငံက ပိတ်ထားခဲ့သည့်ကိစ္စကြောင့် ပြည် တွင်းငွေလဲနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာရင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်း မှ သ
ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများအဝင်မရှိသလောက်ဖြစ်နေပါ တယ်။ ယခုအချိန်မှာ မိုးများ၍ အချို့မြို့နယ် များတွင် ရေလွှမ်းမိုးခံနေရပါတယ်။ အရောင်းအဝယ်အေးနေပြီး ဒေသတွင်းလက်လီ အရောင်းအဝယ်သာရှိနေတာကြောင့် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုတစ်ပတ် ချင်းတစ် ပိဿာ (ဂျွန်) ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ရှိပြီး၊ (ရှယ်) ကျပ်၉၀၀ မှ ကျပ် ၁၁၀၀တို့ဖြင့်ရောင်းဝယ်လျက် ရှိပါတယ်။ ပြည်ချင်းဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်တွင်လည်း မိုးများအဆက်မပြတ် ရွာသွန်းနေတာကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်း သိရပါတယ်။
ဝင်းဝင်းခိုင်
ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့ဆန်ဈေးကွက်မှာ ဆန်ချောဝယ်လိုအားနည်းပြီး ဆန်ကြမ်းဝယ်လိုအားများတဲ့အတွက် ဆန်ကြမ်းဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည် ဒိုင်ရဲ့ဆန်လက် ကားဈေးနှုန်းများမှာ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၄၅၀၀၊လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀၊လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ် အိတ်ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ်ကျပ် ၃၁၀၀၀၊ ရွှေဘို ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၄၂၀၀၀ မှ ကျပ် ၄၄၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လို အားနည်းကြောင်းသိရပါတယ်။ဆန်ကြမ်းဝ
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီး အဆင့်မိတ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ ဇွန်လ ၁၉ ရက်တွင် မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ပဲပြားထုတ်လုပ်သည့် ပင်ရင်းစက်ရုံများအား ရှောင် တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်ရပ်ရှိ ဦးပိုင်စိုး၏ K အမှတ်တံဆိပ် ပဲပြား ထုတ်လုပ်သော စက်ရုံသို့ လည်းကောင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ ဦးအောင်ဝင်း၏ A နှင့် T အမှတ်တံဆိပ် ပဲပြားစက်ရုံသို့လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ညည ၉/၇၂ ၊ (င)ရပ်ကွက် ဗထူးလမ်းရှိ ဦးအိုက်ပီး(ခ)
မြန်မာနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အီဂျစ်နိုင်ငံသို့ အစားအသောက် ပို့ကုန်များတင်ပို့ရာတွင် လိုအပ်သည့် နည်းပညာဆိုင်ရာ စံသတ် မှတ်ချက်များကို သိရှိနိုင်စေရန် မြန်မာနိုင်ငံရှိ အီဂျစ်သံရုံးမှပေးပို့သည့် အချက်အ လက်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကာ ကျပ် ၉၁၂၀၀၀ သို့ ရောက် ရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ကျပ် ၉၁၄၀၀၀ ဖြင့် အမြင့်ဆုံးေ ဈးနှုန်းအဖြစ် ရပ်တည်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မလာသော်လည်း အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တ က်မလာပေမယ့် အမေရိကန်ဒေါ်လာရဲ့ ရည်ညွှန်း ငွေလဲနှုန်းက မြင့်တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာရတာပါ။ ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး အတက်အကျဖြစ်နေတာပါ"ဟ