Main menu

Background

နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို မတ်လ ၁၇ ရက်နေ့မှ၍ ပင်လယ်ရေကြောင်းနဲ့ လေကြောင်းတို့မှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီ

Mon, 03/23/2015 - 19:23 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

            အရက်၊ဘီယာ၊ဝိုင်တို့ကို ယခင်က တင်သွင်းရန် ကန့်သတ် ထားခဲ့သော်လည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း၊ ပြောင်းလဲ လာသော အခြေအနေများအရ နိုင်ငံခြားသားဝင်ထွက်မှုများပြား လာခြင်းတို့ ကြောင့်နိုင်ငံတကာမှာ ဖွင့်လှစ်ရောင်းချပေး လျက်ရှိတဲ့ Duty Free Shops(အကောက်ခွန်လွတ် အရောင်းဆိုင်များ)မှာ ရောင်းချရန်နဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနရဲ့ ထောက်ခံချက်နဲ့ဟိုတယ်များတွင် အသုံးပြုရန်အတွက် တင်သွင်း ခွင့်ပြုပေးလျက်ရှိပါတယ်။
တင်သွင်းရန် ကန့်သတ်ထားတဲ့ပစ္စည်းများအနက် ဝိုင်ဟာတိုး တက်ပြောင်းလဲလာတဲ့ လူနေမှုပုံစံအရ ညစာစားပွဲများ၊ ဧည့်ခံပွဲများ မှာ အမှတ်သင်္ကေတတစ်ခုအနေနဲ့ ထုံးတမ်းစဉ်လာအရ အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်လျက်ရှိခြင်း၊ အခြားအိမ်နီးချင်းနိုင်ငံများနဲ့ ASEAN နိုင်ငံများမှာလည်း တရားဝင်တင်သွင်းခွင့် ပြုလျက်ရှိခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်သူနည်းပါးသောပစ္စည်း ဖြစ်ခြင်းတို့ကြောင့် ယခင်ကတင်သွင်းရန် ကန့်သတ်ထားခဲ့သော်လည်း ယခုအခါ ဈေး ကွက်လိုအပ်ချက်ပေါ်မူတည်ပြီး အကန့်အသတ်နဲ့ ဖြေလျှော့တင် သွင်းရန် ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဋ္ဌာန ပြည်ထောင်စု ဝန်ကြီးရုံးရဲ့ ၁၇-၃-၂၀၁၅ ခုနှစ် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၈/၂၀၁၅ဖြင့် နိုင်ငံခြားဖြစ်ဝိုင်အမျိုးမျိုးကိုပြည်ပမှ တရားဝင် တင်သွင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အဆိုပါ အမိန့်ကြော်ငြာစာအရဝိုင်တင်သွင်းခွင့် လျှောက်ထား သူများမှာ ကုမ္ပဏီ၊ အသင်း အဖွဲ့မှတ်ပုံတင်၊ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင် မှတ်ပုံတင်များရှိရန်နဲ့ တင်သွင်းခွင့်လျှောက်ထားသည့်ကုမ္ပဏီ များသည် သက်ဆိုင်ရာ ကုမ္ပဏီ၏ Dealership ရှိသူများ ဖြစ်ရပါမယ်။
ဝိုင်တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ ပူးတွဲတင်ပြရမယ့်စာရွက်စာတမ်းများမှာ
-    ကုမ္ပဏီအသင်းအဖွဲ့ Letter Head  ပါလျှောက်လွှာ
-    Proforma Invoice  မူရင်း  သို့မဟုတ်  အရောင်းအဝယ်စာချုုပ်(Sale Contract )မူရင်း
        (တင်သွင်းဝိုင်နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက် များကို ပြည့်စုံစွာဖော်ပြရမည်)
-    ဝိုင်တင်သွင်းခွင့်မှတ်ပုံတင်ကတ်ပြား(မူရင်း၊ မိတ္တူ)
-    တင်သွင်းလာသောဝိုင်ပုလင်းပေါ်တွင် ကပ်နှိပ်တင်သွင်းဖြန့်ချိ မည့်ကုမ္ပဏီ၏ အမှတ်အသားတံဆိပ်ကို ဖော်ပြရန်
-    အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထောက်ခံချက်
-    တင်သွင်းလာသည့်ဝိုင်များကို သိုလှောင်မည့် လိပ်စာနှင့် ရောင်းချဖြန့်ဖြူးမည့်အစီအစဉ်
-    ကုမ္ပဏီ၊အသင်းအဖွဲ့၏ အဖွဲ့ဝင်ဒါရိုက်တာ ကိုယ်တိုင်မဟုတ်ပါ က ကိုယ်စားလှယ်ကတ်
ဝိုင်တင်သွင်းခွင့်လျှောက်ထားသူများအနေနဲ့ အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမယ်လို့ သိရှိရပါတယ်-
-    ဝိုင်တင်သွင်းခွင့်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူသည် တင် သွင်းခြင်းလုပ်ငန်းကို ကိုယ်တိုင် ဆောင်ရွက်ရမည်။
-    သက်ဆိုင်ရာဌာနများ၏ တည်ဆဲဥပဒေအရ ပြဋ္ဌာန်းထားသော စည်းမျဉ်း ၊ စည်းကမ်း၊ မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့် အခါ အားလျော်စွာထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရမည်။
-    ကုန်ပစ္စည်းများပေါ်တွင် ဝိုင်အမျိုးအစား၊အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းနှင့်ပစ္စည်းတင်သွင်း  ဖြန့်ချိသူ၏ (ကုမ္ပဏီ အမည်၊  ကုမ္ပဏီလိပ်စာ)စသည့် အချက်များကို အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြရမည်။
-    ဝိုင်ပုလင်းတိုင်းတွင် ပြည်တွင်းအခွန်၏ ွှထေ ဏငေိ အမှတ်တံ ဆိပ်ကပ်ပြီးမှသာ ဖြန့်ချိရမည်။
-    တင်သွင်းထားသည့် ပစ္စည်းများအတွက် ကုန်ဝင်၊ထွက်၊ လက်ကျန် မှတ်တမ်းထားရှိပြီး လိုအပ်သည့်အချိန်တွင်   သက် ဆိုင်ရာဌာနများမှ စစ်ဆေးပါကတင်ပြနိုင်ရေးTax Paid ရေးသွင်းထားရမည်။
-    ကုမ္ပဏီတစ်ခုမှလျှောက်ထားပြီး အမျိုးအစားနှင့်တံဆိပ်တူ သော ဝိုင်ကို အခြားကုမ္ပဏီ တစ်ခုမှ ထပ်မံလျှောက်ထားနိုင် သည်။
-    ပင်လယ်ရေကြောင်းနှင့်လေကြောင်းမှသာ တင်သွင်းခွင့်ပြုပါ မည်။
-    တင်သွင်းလာသည့်ဝိုင်များ၏ Country of Origin (CO)ကို  တစ်ပါတည်း   ထည့်သွင်း ဖော်ပြရမည်။
-    တင်သွင်းဝိုင်၏ အယ်လကိုဟော ပါဝင်မှုရာခိုင်နှုန်း (Alcohol By Volume)  မှာ  (၇%)မှ (၂၀%)အတွင်းရှိရမည်။
စစ်မှန်ကောင်းမွန်တဲ့ ဝိုင်တင်သွင်းမှုကို စနစ်တကျ တရားဝင် တင်သွင်းခွင့်ပြုလိုက်ခြင်းဖြင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ် သော ဝိုင်များကိုသာ တင်သွင်းခွင့်ပြုနိုင်ခြင်း၊ တရားမဝင်ဝင်ရောက် နေတဲ့ ဝိုင်များကို စနစ်တကျထိန်းသိမ်းနိုင်မှု ရှိခြင်း၊ နိုင်ငံတော်အခွန် အခများရရှိစေနိုင်ခြင်းစတဲ့ အကျိုးရလဒ်များ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဝိုင်အပါအဝင် အဖျော်ယမကာများ သုံးစွဲမှုပမာဏ ထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ တိကျသော လုပ်ထုံးလုပ်နည်းများ၊ အခွန်နှုန်းထား၊ ဥပဒေအရ ကန့်သတ်ချက်၊ သုံးစွဲနိုင်တဲ့ အသက်အရွယ်ကန့်သတ်မှု၊ ပညာပေး အစီအစဉ်များနဲ့ မီဒီယာများကတစ်ဆင့် အသိပေးခြင်းတို့ ကို ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့်ပြဿနာများကို လျှော့ ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။
 ဝန်ကြီးဌာနအနေနဲ့ ပြည်ပမှ တင်သွင်းခွင့်မပြုသော ကျန် ပစ္စည်းများကို ပြည်တွင်းဈေးကွက်လိုအပ်ချက် အခြေအနေပေါ် မူတည်ပြီးအခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသင့်သည်များကို ပြင်ဆင်ဆောင်ရွက်ခွင့် ပြုပေးသွားမည်လို့ ဝိုင်တင်သွင်းခွင့်ပြုတဲ့ အမိန့်ကြော်ငြာစာမှာ ထည့်သွင်းဖော်ပြထားကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။အသေးစိတ်သိရှိလိုသော အချက်အလက်များရှိ ပါက သွင်းကုန်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းအသိပေးလိုက်ပါရစေ။        

                                       

                    ပန်