Background
ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ ဆီကြိတ်မြေပဲဆန်ဈေးနှင့် လုံးဆန်အဖြူ ဈေးအနည်းငယ်မြင့်လာပြီး လုံးဆန်အနီဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုရက် ပိုင်းကံမဘက်မှ မြေပဲဆန်အိတ် ၁၅၀၀ လောက်ဝင်ရောက်ခဲ့ပါ တယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက လုံးဆန်အဖြူကို အဝယ်ရှိနေသဖြင့် ဈေးအနည်းငယ်တက်လာတာတွေ့ရပါတယ်။ ဆီဆန်ဈေးမြင့်လာခြင်းမှာ ထမနဲရာသီဖြစ်တဲ့အတွက် ဆီစက်များက အဝယ်ပြန်လိုက်လာသဖြင့် ဈေးြ မင့် လာတာဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၁၀၀ နှင့် လုံးဆန်အဖြူတစ်ပိဿာလျှင် ၂၃၇၅ကျပ်ဖြင့် ယခင်တစ်ပတ် ထက် ဈေးအ နည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်ထက်
မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးရဲ့ကြက်သွန်နီဈေးနှုန်းမှာ ဖေဖော်ဝါရီလဆန်းက ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းသို့ နေ့စဉ် ပိဿာ ၂၀၀၀၀ ခန့် ဝင်ရောက်လာခဲ့ သဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှသိရှိရပါတယ်။ ယခုတစ်ပတ် မုံရွာပွဲရုံများ၏ ကြက်သွန်နီဈေးနှုန်းမှာလက်ကား တစ်ပိဿာလျှင်(ကြီး)ကျပ်၁၄၀၀၊ (လတ်)ကျပ် ၁၃၀၀၊ (သေး)ကျပ် ၁၂၀၀ နှုန်းရှိပြီး၊ လက် လီဈေးနှုန်းမှာတစ်ပိဿာ လျှင် (ကြီး) ကျပ် ၁၆၀၀၊ (လတ်) ကျပ်၁၅၀၀၊ (သေး) ကျပ် ၁၄၀၀နှုန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ပွဲရုံဈေးနှုန်းမှာ တစ်ပိဿာလျှင် (ကြီး) ကျပ် ၁၇၀၀၊ (လတ်) ကျပ်၁၆၀၀၊(သေး)ကျပ်၁၅၀၀၊ လက်လီဈေး
ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲစင်းငုံသီးနံှအနေဖြင့် တစ်ရက်အိတ် ၁၀၀၀ ကျော် အထိ ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ပန်းတောင်း၊ ပေါက်ခေါင်း၊ ေ ပါင်းတလည်နှင့်ပြည်အနီးတစ်ဝိုက်နယ်စုံမှဝင်ရောက်လျက်ရှိသလို ကံမဖက် မှလည်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဝယ်လက်ကတော့ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းသလို လှောင်သမားများလည်းဝယ်ယူနေတာကြောင့် ပဲဈေးကွက်အတွင်း အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတဲ့ ပဲဖြစ်ပါတယ်။ ပဲဈေးမှာတစ်တင်းကျပ် ၂၃၈၀၀ မှကျပ် ၂၄၀၀၀အတွင်း ရရှိခဲ့ကြလို့ လဆန်း ရက်က ဈေးထက်လည်း အနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါတယ်။
ယခုတစ်ပတ် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချောအသစ်ဈေးငြိမ်ပြီး ဆန်ကြမ်းအသစ်နဲ့ အိတ်စ်ပို့ ၂၅ မှတ်ဆန်ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဆန်ချောအသစ် များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၀၀၀၀နဲ့ လတ်စ တစ်အိတ် ကျပ် ၂၉၀၀၀၊ ပုသိမ်/မောင်းမြ ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၂၀၀၀၊ လတ်စ တစ် အိတ်ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိ တ် ကျပ်၂၈၀၀၀၊ လတ်စတစ်အိတ် ကျပ် ၂၇၀၀၀၊ရွှေဘိုပေါ် ဆန်း ဆန်တစ်အိတ်ကျပ် ၃၄၀၀၀ မှ ကျပ်၃၆၅၀၀ နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး ဝယ်လိုအားလည်း ပုံမှန်ရှိတာကြောင့်ဈေးလ ည်း ငြိမ်နေတာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ဆောင်း ပဲသစ်မျိုးစုံ အဝင်များလာခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများအပြင် ကုလားပဲ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲကြီးသီးနှံများပါ ဝင်ရောက်လာခဲ့ကြပြီဖြစ်ပါ တယ်။ ပဲတီစိမ်း သီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနှင့်ယှဉ်လျှင် ဝင်ရောက်မှု နည်းသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက် ဒေသများ မှဝင်ရောက်ခြင်းဖြစ်ကာ မန္တလေး ဝယ်လက်က အဝင်ရှိသမျှ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှစ၍ ပဲတီစိမ်းသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ခဲ့ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်း ပဲအထွက်လှိုင်ခဲ့
ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ ကော်ပိုရေးရှင်း ၁၀၀ နှင့် ထိပ်တန်း လက်လီစီးပွားရေး ကုမ္ပဏီကြီး ၂၅ခု တို့၏ တီထွင်ဆန်းသစ်သော မိတ်ဖက် ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်နေသည့် Diebold Nixdorf သည် မြန် မာ နိုင်ငံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ၎င်း၏ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုများကို ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ် သည်။ Diebold Nixdorf သည် ယခင်က ပြည်တွင်း မိတ် ဖက် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး ပြည်တွင်းဘဏ်များ၏ self-serviceအခြေပြုနည်းပညာ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။
ယခုတစ်ပတ်ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဝယ်လက်ပျောက်ပြီး အဝင်များလာသဖြင့် ဈေးဆက်တိုက်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ ပေါင်းတည်နှင့် နတ်တလင်းဘက်မှ တစ်နေ့ကို အိတ် ၅၀၀ ခန့်အဝင် ရှိနေတာ တွေ့ရပါ တယ်။လက်ရှိအချိန်တွင် ဝယ်လက်အဝယ်မရှိတဲ့အတွက် ဈေးကွက်တွင် နှမ်းလက်ကျန်များနေသဖြင့် ဈေးကျနေတာ တွေ့ရ ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ပါက ယခုနှစ်တွင် နှမ်းဈေးများ ကျလာရခြင်းမှာ ဝယ်လ က်ပျောက်နေသဖြင့် ဈေးကျနေတာ ဖြစ်တယ်လို့သိရပါတယ်။ ယခုတစ်ပတ်နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၂၀၀၀၀၊ နှမ်းနက် (ရိုးရိုး) တစ်တင်းလျှင်ကျပ် ၃၀၀၀၀နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ်၃၈၃၀၀ဖြင့် ယခင်တစ်ပတ် ထက် ဈေးကျလာတာ တွေ့ရပ
ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် ၅၀ သာဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၉၅၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ် နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၁၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၅၉၉၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၁၂၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
နံနက်စောစာစားဖို့ ကိုယ့်မြို့မှာရှိတဲ့ မုန့်တီ ဆိုင်ကို ဝင်ထိုင်မိပါတယ်။ ကိုယ်နှစ်သက်ရာကို မှာပြီးစားနေတုန်းမှာ စားသုံးသူတစ်ယောက် ဝင်လာပါတယ်။ ဆိုင်ရဲ့ စားပွဲတွေမှာ လူပြည့်နေလေ တော့ နေရာလွတ်နေတဲ့ကိုယ့် စားပွဲကို ခွင့်တောင်း ပြီးလာထိုင်ပါတယ်။ တစ်ဆက်တည်း စားပွဲထိုးကို လှမ်းမှာပါတယ် "မုန့်တီတစ်ပွဲ အချိုမှုန့် လုံး၀ မထည့်ပါနဲ့ ဆီလျှော့ပါ" အလဲ့...ကိုယ်က စားသုံးသူရေးရာဦးစီးဌာနကဆိုတော့ စိတ်ဝင် စားသွားပါတယ်။ စား ပွဲကလည်းတစ်ဝိုင်းတည်းဆိုတော့ အလာပသလာပစကားပြောမိပါတယ်။ "နောင်တော်က ကျန်းမာရေးလိုက်စားပုံရ တယ်" "ဘာဖြစ်လို့လဲဗျ" "သြော်..ခုန မုန့်တီ လှမ်းမှာတုန်းက အချိုမှုန့်မထည့်နဲ့ ဆီလျှော့ထည့်ပါလို့
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်တစ်သောင်းကျော် ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးကာ လအတွင်း နယ်စပ်၌ ရွှေအရောင်းအဝယ်များရပ်ဆိုင်းသွားခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် ရွှေအရောင်းအဝယ်များ ပြန်လည်လုပ်ကိုင်လာကြသဖြင့် ပြည် တွင်းရွှေဈေး များ ပြန်လည်မြင့်တက်လာခဲ့ရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။