Main menu

Background

ကမ္ဘာကြီး ပူနွေးမှုသက်သေ ဟိမဝန္တာတောင်ပေါ်က အရည်ပျော် ရည်ခဲမြစ်များ

Tue, 01/19/2010 - 08:06 -- Anonymous (not verified)

ဟိမဝန္တာ တောင်တန်းကြီးရဲ့ အလယ်ဗဟိုနဲ့ တိဗက်ကုန်းပြင်မြင့်ကြီး ပေါ်က ရေခဲမြစ် (glaciers) တွေရဲ့ အကျယ်အဝန်းဟာ စတုရန်းကီလိုမီ တာ တစ်သိန်းကျော်ရှိတဲ့အတွက် ဝင်ရိုးစွန်း ဒေသနှစ်ခု ပြီးရင် အကြီးကျယ်ဆုံးသော ရေခဲပြင်ရှိတဲ့ ဒေသဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက အဲဒီဒေသကို တတိယဝင်ရိုးစွန်းဒေသ (third pole) လို့ တင်စားပြီး ခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေ မယ့်ကမ္ဘာကြီးပူနွေးလာမှုရဲ့ ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နေရာမှာတော့ ပထမနေရာမှာ ရှိနေပါတယ်။ အိန္ဒိယ ရေခဲမြစ်ကျွမ်းကျင်သူ (glaciologist) တစ်ဦးဖြစ်တဲ့ ဆရက်အူဘယ်ဟာစနန် က "ဒီရေခဲမြစ်ကြီးတွေဟာ အာရှတိုက်ရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတဲ့ အတွက် အဲဒီမြစ်တွေထဲကရေတွေ အရည်ပျော် ပြီး ပျောက်ကွယ်ကုန်ရင် လူတွေရေ အခက်အခဲတွေနဲ့ကြုံတွေ့ကာ အများကြီး သေကြနိုင်တယ်"လို့ပြောပါတယ်။ တကယ်တော့ ဟိမဝန္တာ တောင်ထိပ်တွေနဲ့ တိဗက်ကုန်းပြင် မြင့်ပေါ်က ရေခဲမြစ်ကြီးတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘူတန် နဲ့ တရုတ်နိုင်ငံတွေအတွက် အာရှ ရေစင်ကြီး (Water Tower of Asia) လို့ ခေါ်ဆိုနိုင်ပါတယ်။ နှစ်စဉ်နွေဦး ရာသီရောက်ရင် ရေခဲနဲ့နှင်းပွင့်တွေ အရည်ပျော် ကျပြီး ကမ္ဘာမှာ အကြီးကျယ်ဆုံးသော မြစ်ချောင်းအစု အဖွဲ့ကြီးအတွင်း စီးဆင်းခဲ့ကြပါ တယ်။ ဂင်္ဂါ၊ အိန္ဒု၊ ဗြဟ္မပုတြ၊ မဲခေါင်၊ မြစ်ဝါနဲ့ ယန်စီမြစ်ကြီး တစ်လျှောက်မှာနေထိုင်ကြတဲ့ လူဦးရေ သုံးဘီလျံခန့်ရဲ့ ရေလိုအပ် ချက်ကို ဖြည့်ဆည်းပေးနေပါတယ်။ မိုးရာသီက သုံးလလောက်ပဲ မိုးရွာချပေး နိုင်ပေမယ့် ဟိမဝန္တာ တောင်တန်းကြီးပေါ် မှရေခဲမြစ်တွေကတော့ အချိန်မှန်မှန် အရည်ပျော်ပြီး လူတွေကိုဖြန့်ဝေပေး နေခဲ့ပါတယ်။ ဒါ့ကြောင့် ဟိမဝန္တာ တောင်တန်းကြီးပေါ်က ရေခဲမြစ်တွေဟာ ကမ္ဘာ့ဝင်ရိုးစွန်း ဒေသနှစ်ခုမှာ ရှိတဲ့ ရေခဲမြစ်တွေနဲ့ မတူဘဲ တောင်အောက် ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ အလွန်များပြားတဲ့ လူဦးရေတွေ အသက်ရှင် သန်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ရေ အတွက် မှီခိုအားထားရာ အရေးကြီးတဲ့ မြစ်တွေဖြစ်နေပါတယ်။ ယခုအခါ လွတ်လပ်တဲ့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာသု တေသနပြုချက်တွေအရ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဟိမဝန္တာ တောင်တန်းကြီးပေါ်မှ ရေခဲမြစ် တွေရဲ့ အရည်ပျော်မှုဟာ ပိုပြီးမြန် ဆန်လာကာ တချို့ရေခဲမြစ်တွေဆို ရင် ခမ်းခြောက်ပျောက်ကွယ်သွား ခဲ့တာ တွေ့ရပါတယ်။ ၁၉၆၀ ပြည့် နှစ်ကစပြီး ဟိမဝန္တာတောင်တန်း ပေါ်ရှိ ရေခဲပြင်ပမာဏဟာ ၂၀ ရာခိုင်နှုန်း ပျောက်ဆုံးလျော့နည်း သွားခဲ့ပါတယ်။ ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတ ကာညှိနှိုင်းရေးအဖွဲ့ (IPCC) ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဟိမ ဝန္တာတောင်တန်းကြီးပေါ်က ရေခဲ မြစ်တွေဟာ တခြားကမ္ဘာ့ဒေသ တွေထက် လျင်မြန်စွာခမ်းချောက် ပျောက်ကွယ် သွားကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှ သုတေ သီတွေရဲ့ ခန့်မှန်းချက်အရ ၂၀၇၀ ပြည့်နှစ် ရောက်ရင် အဲဒီရေခဲမြစ် တွေရဲ့ ဧရိယာဟာ ၄၃ ရာခိုင်နှုန်း အထိ လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ပြင်သစ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးအုပ်စုတစ်ခုဖြစ်တဲ့ GERES ရဲ့ လေ့လာချက်အရ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်း ဟိမဝန္တာတောင်တန်းဒေသရဲ့ ဆောင်းရာသီအပူချိန်ဟာ ပျမ်းပျှအား ဖြင့် တစ်ဒီဂရီစင်တီဂရိတ်မြင့်တက်လာ ပြီး ဆီးနှင်းကျဆင်းမှုကလည်း လျော့ နည်းလာတယ်လို့ သိရပါတယ်။ နီပေါ နိုင်ငံ ဧဝရက်တောင်ထိပ်ပေါ်ကိုတက် တဲ့ အခြေခံစခန်းအနီးမှာရှိတဲ့ ခန်ဘူရေ ခဲမြစ်ကြီးဟာ ၁၉၅၃ ခုနှစ်က အဲလ်မတ်ဟီလာရီ တောင်ထိပ်ပေါ် ပထမဆုံး ရောက်ခဲ့ပြီးနောက် ယခုအခါ ၅ ကီလိုမီတာခန့်အရည်ပျော်ပျောက် ကွယ်သွားခဲ့တာ တွေ့ရပါတယ်။ အဲဒီ တုန်းက လမ်းပြလုပ်ခဲ့တဲ့ ရှက်ပတ်(စ်) က ယခုအခါ ရေခဲတွေနည်းသွားတဲ့ အတွက် ဧဝရက်တောင်ထိပ်ပေါ်တက် ရတာ ပိုခက်ခဲပြီး ဘေးအန္တရာယ်လည်း များလာတယ်လို့ ပြောပါတယ်။ အဲဒီ ဒေသမှာ နေထိုင်ကြတဲ့သက်ကြီးရွယ်  တွေကလည်း သူတို့ကလေးဘဝတုန်းက ဟိမဝန္တာ တောင်တန်းကြီးပေါ်မှာ တွေ့ခဲ့တဲ့ ရေခဲမြစ်တချို့ဟာ ယခုအခါ ပျောက်ကွယ် သွားခဲ့ရတယ်လို့ ပြောကြ ပါတယ်။ NASA  အဖွဲ့ကြီးရဲ့ လေထု သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ အဲလစ် ဝေးလ်ကော့စ်က ဒေသတွင်း ဒီဇယ်အင်ဂျင်တွေတဲ့ ထင်းမီးသွေးတွေ လောင်ကျွမ်းရာမှ ထွက်ရှိလာတဲ့မီးခိုးတွေနဲ့ ကမ္ဘာ့ လေထုတွင်း များပြားလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ကြောင့် ဟိမဝန္တာတောင်တန်း ဒေသရှိ အပူချိန်ဟာ မြင့်တက်လာပြီး ယခုလိုရေ ခဲမြစ်တွေ အရည်ပျော်မ ှုမြန်ဆန်လာခဲ့ ရတယ်လို့ ထောက်ပြထားကြ ပါတယ်။ လက်ရှိ အခြေအနေမှာ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အလွန် ကြောက်စရာ ကောင်းတဲ့အန္တရာယ် ကြီးကို မျက်ဝါးထင်ထင် တွေ့ရှိနေရတဲ့ ဒေသဟာ ရေခဲမြစ်တွေ အရည်ပျော် ပျောက်ကွယ်နေတဲ့ ဟိမဝန္တာ တောင်တန်း ဒေသကြီးပဲ ဖြစ်နေပါတယ်။ အဲဒီရေခဲမြစ်တွေ အရည်ပျော် ပျောက်ကွယ် သွားလောက်အောင် ဘယ်လောက် ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှတ်ခဲ့သလဲဆိုတာ တွက်ချက်လို့ မရသလို အဲဒီရေခဲမြစ်တွေ နောက်ထပ် အရည်ပျော်ကျ မသွားအောင် ဘယ်လောက် လုပ်ဆောင်ကြရမလဲ ဆိုတာ တွေးဆလို့ မရနိုင်ဘဲ ဖြစ်နေကြပါတယ်။ နီပေါနိုင်ငံဝန်ကြီးချုပ် မဟိတ်ကူးမားနီပေါက "ဒီဖြစ်စဉ် ကြီးကို ခုခံကာကွယ်ဖို့ ကမ္ဘာလုံး ဆိုင်ရာ မူဝါဒ တစ်ခုတော့ ရှိဖို့လိုလာ ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပူနွေးလာမှုဒဏ်ကို ဦးစွာ ခံစားနေရတဲ့ ကျွန်တော်တို့ နီပေါနိုင်ငံအနေနဲ့ ဒီစိန်ခေါ်မှုကြီးဟာ သေရေးရှင် ရေးသမျှ အရေးကြီးလာနေတယ်" လို့ ပြောကြောင်းပါ ခင်ဗျား။မောင်ပုဆိုးကြမ်းRef: ''A River Ran Through It''        By Bryan Walsh / LEH        (Time)