Main menu

Background

ကမ္ဘာ့ငတ်မွတ် ခေါင်းပါးမှုနှင့်စား နပ်ရိက္ခာဖူလှုံမှုဆိုင်ရာ ညီလာခံများ

Tue, 01/26/2010 - 07:37 -- Anonymous (not verified)

ကမ္ဘာ့ငတ်မွတ် ခေါင်းပါးမှုနှင့် စားနပ်ရိက္ခာ ဖူလှုံမှုနှင့် စပ်လျဉ်း၍ ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ဝါရှင်တန် မြို့၌ ကျင်းပခဲ့သည့် Global Hunger ဆွေးနွေးပွဲ၊ နိုဝင်ဘာလအတွင်းက ရောမ မြို့၌ကျင်းပခဲ့သည့် United Nations Summit on World Food Security ညီလာခံ၊၃၆ ကြိမ်မြောက် UN FAO ညီလာခံနှင့် US Department of State မှထုတ်ပြန်ချက်များ သတိပေး ဖေါ်ပြချက် များ၊ G-8,G-20တို့၏ ကတိကဝတ်များ ကိုစုစည်း တင်ပြအပ်ပါသည်။ငတ်မွတ်ခေါင်းပါးမှု- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက၊ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်တို့သည် ယနေ့အချိန်တွင် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြ ရကြောင်း၊ မကြာမီအတွင်း ကလေးသူငယ် ၁၇၀၀၀ တို့သည် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရတော့ မည်ဖြစ်ကြောင်း၊ ၅ စက္ကန့်တိုင်းတွင်(၁)ဦး၊တစ်နှစ်တွင် ၆ သန်း သေဆုံးရဘွယ်ရှိပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံရှိ ကလေးသူငယ်များ သေဆုံးရမှု၏ထက် ဝက်ခန့်သည် အာဟာရမလုံလောက်မှု ကြောင့်ဖြစ်ကြောင်း- သို့ဖြစ်၍ချက်ချင်းအရေးယူ ဆောင်ရွက်ရန်နှင့် ရေရှည်ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ လွယ်ကူသည့်ကိစ္စ မဟုတ်သော်လည်း ဤဖြစ်ရပ်သည် လူများစွာတို့ နေ့စဉ်ခံစားနေရသည့် အမှန် ဖြစ်ရပ်ပင်ဖြစ်ကြောင်း- ရာသီဥတု ပြောင်းလဲမှုကြောင့် ဆင်းရဲသည့်နိုင်ငံများတွင် ဆန်အထွက် နှုန်းသည် ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းမည်ဟု ခန့်မှန်းပြီး လက်ရှိဦးရေအပြင်၊ ကလေးငယ် ၂၄ သန်းတို့သည် ထပ်မံ၍ အာဟာရချို့တဲ့မှုကို ခံစားကြရမည်ဖြစ်ကြောင်း- ၂၀၅၀ ခုနှစ်တွင်ကမ္ဘာ့လူဦးရေ သည် ၉.၁ ဘီလီယံရှိလာမည်ဖြစ်၍ စားနပ်ရိက္ခာ လိုအပ်မှုသည် ယခုထက် ၇၀ ရာခိုင်နှုန်း ပိုမို လိုအပ်မည်ဖြစ်ကြောင်း- စားနပ်ရိက္ခာဖူလုံမှု (Food Security)သည် စားနပ်ရိက္ခာရရှိနိုင်မှု(Avail lability of Food) အတွက် သာမက၊ စားနပ်ရိက္ခာ ဝယ်ယူနိုင်မှု (Ability to Purchase Food) ပါပြည့်စုံရန် လိုအပ်ကြောင်း၊ မိသားစုတစ်ခု အတွင်း ငတ်မွတ် နေသူနှင့် ငတ်မွတ်ရန် စိုးရိမ်နေရမှု မရှိမှသာ စားနပ်ရိက္ခာ ဖူလှုံသည်ဟု ဆိုနိုင်ကြောင်းစိန်ခေါ်မှုကို လျှော့ပါးစေသည့် ကိရိယာများ- ရာသီသီးနှံ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းတို့မှာ လယ်ယာ စိုက်ပျိုးရေးတွင် ပါဝင်ရာ ယင်းတို့သည် ဆင်းရဲမွဲတေမှု လျှော့ချနိုင်သည့် ကိရိယာ (Poverty reduction tools) များဖြစ် ကြောင်း၊ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ၊ လယ်ယာ စိုက်ပျိုးရေးကို ၁ ရာခိုင် နှုန်းတိုးတက်စေတိုင်း၊ဆင်းရဲမွဲတေမှုကို  ၂ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း- ကမ္ဘာ့စိုက်ပျိုးနိုင်မည့် မြေဓရိယာ များသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာ အများဆုံး ကျန်ရှိ၍ အငယ်စား တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို မြေတောင် မြှောက်ပေးခြင်း၊ ကုန် ထုတ်စွမ်းအားတိုးရန်၊မျိုးစေ့အကူအညီ ရေရရှိရေး၊ဈေးကွက်ဝင်ရောက်ရေး၊ ဝင်ငွေရရှိရေးအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဌားရမ်းအသုံး ပြုခြင်း စသည့် Safety nets အကူအညီ များပေးရန်လိုအပ်ကြောင်း- ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၌အမျိုးသမီးအလုပ် သမားများသည် အဓိကလုပ်သားများဖြစ် ပြီး၊ကမ္ဘာ့စားနပ်ရိက္ခာထက်ဝက်ခန့်ကို ထုတ်လုပ်သူများဖြစ်ကြောင်း၊၎င်းတို့သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်ခများကို အကန့်အသတ်ဖြင့်သာ ရရှိကြပြီး၊ မြေ ယာပိုင်ဆိုင်ခွင့်တွင်လည်း ဥပဒေနှင့် လူမှုရေးဆိုင်ရာအဟန့်အတားများ ရှိနေသည့်အပြင် ၎င်းတို့၏ စွမ်း ဆောင်မှုကို လျစ်လျူုရှုထားသည်ကို တွေ့ရကြောင်း၊၎င်းတို့အားအမျိုးသား လုပ်သားများနည်းတူ ခံစားရရှိစေပါက Economic Output  ကို ၁၅-၄၀ ရာခိုင်နှုန်း တိုးစေမည်ဖြစ်ပြီး ကလေးဦးရေ ၁၅ သန်းအား အာဟာရ ချို့တဲ့စေမှုမှု လျှော့ကျစေမည် ဖြစ်ကြောင်း အကူအညီလိုအပ်ချက်- ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် က ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ (စတာလင်ပေါင် ၁၀.၂ ဘီလီယံ)အကူအညီ လိုအပ်မည် ဖြစ်ကြောင်း- G-8 Summit  နှင့်G-20 Summit များမှငတ်မွတ်ခေါင်းပါးသူများအတွက် ပေးမည့် ငွေကြေး အကူအညီ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံနှင့်အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ပေးမည့် ကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖေါ်ရန် ဖြစ်ကြောင်း- FAO က ငွေကြေးဆိုင်ရာ ကတိကဝတ်များသည် သေချာရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးထုတ် လုပ်ရန်နှင့်၎င်းတို့၏ အကျပ်အတည်းကို အကူအညီ ပေးရန်အတွက် စားသုံးစရိတ်  ကို(၁၀)ဆတိုး၍တစ်နှစ်လျှင်အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ လိုအပ်မည်ဖြစ် ကြောင်းအခြားဆွေးနွေးချက်များ- တောင်အာဖရိကနိုင်ငံလယ်ယာ စိုက်ပျိုးရေးဝန်ကြီး Lulu Xingwana က ကမ္ဘာ့စင်မြင့်၏ အလယ်ဗဟိုတွင် လယ်ယာစိုက်ပျိုးကို အဓိက မီးမောင်းထိုး ဆွေးနွေးမှုသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ယခင်က လယ်ယာစိုက်ပျိုးရေးကို အောက်ဆုံး သို့မဟုတ် ဘေးဖယ် ထားခဲ့ကြကြောင်း- အစိုးရကိုယ်စားလှယ်များ၊  Aid Agencier များကလည်း၊ လယ်ယာစိုက်ပျိုးရေး၊ အထူးသဖြင့် တောင်သူ လယ်သမား အငယ်စားများ၊ ဆင်းရဲသည့်နိုင်ငံမှ တောင်သူ လယ်သမားများကို အကူအညီ ပေးမည့်၊ အချက်ပြမှုကို ကြိုဆိုကြပြီး၊ ၂၀၃၀ ခုနှစ်တွင်ကမ္ဘာ့စားနပ်ရိက္ခာထုတ် လုပ်မှုကို နှစ်ဆတိုးရန် သဘောတူညီချက်ဖြင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ ကုလသမဂ္ဂ ညီလာခံပြီးဆုံးခဲ့ပါသည်။ဒေါ်ဝင်း