Main menu

Background

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းထပ်မံဖြစ်ပေါ်လာနိုင် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြိုတင်ပြင်ဆင်ရန်လိုအပ်

Fri, 01/22/2010 - 12:30 -- Anonymous (not verified)

   အာရှအချို့ဒေသတွေမှာ ကောက်ပဲသီးနံှ အထွက်ကျဆင်းတာနဲ့ ကုန်စည်ဈေးကွက်အပြောင်းအလဲများတာတွေက ၂ဝ၁ဝ မှာ ဆင်းရဲတဲ့နိုင်ငံများအတွင်း စားနပ်ရိက္ခာဈေးနှုန်းများနဲ့ပတ်သက်တဲ့ နောက်ထပ်အန္တရာယ်နဲ့ တွေ့ကြုံနိုင်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellickက ပြောကြားပါတယ်။   အောက်တိုဘာလမှာ အမေရိကန်စားနပ်ရိက္ခာနဲ့ စိုက်ပိုျးရေးအဖွဲ့အစည်း USDAက ခန့်မှန်းတာတော့ ဒီနှစ်ကမ္ဘာ့ဆန်ထုတ်လုပ် မှုဟာ တန်ချိန် ၄၄၆ သန်းခန့်ရှိနိုင်တာမို့ ၂ဝဝဝ ခုနှစ်ကစပြီး၊ဒုတိယအများဆုံးနှစ်ဖြစ်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့မှာ USDA က ထပ်မံခန့်မှန်းတာကတော့ ၂ဝဝ၉-၂ဝ၁ဝ  ကမ္ဘာ့ဆန်ထွက်ရှိမှုဟာ အစောပိုင်းခန့်မှန်း တာထက်  ၃ ရာခိုင် နှုန်းလျော့နည်းပြီး တန်ချိန် ၄၃၂ သန်းသာထွက်ရှိမှာဖြစ်လို့ လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ အနည်းဆုံးဆန်တန်ချိန် ၅ သန်း နီးပါး လိုအပ်မယ်လို့ဆိုပါတယ်။ ပြည်တွင်းဆန်ဈေးတည်ငြိမ်ဖို့ အင်ဒိုနီးရှားက ဆန်တင်ပို့မှုကိုကန့်သတ်မယ်      လာမယ့်နှစ်မှာ ကမ္ဘာ့ကုန်စည်ဈေးနှုန်းမြင့်တက်မယ့် မျှော်မှန်းချက်အရ ပြည်တွင်းမှာ အဓိကအစားအစာဖြစ်တဲ့ ဆန်ဖြန့်ဖြူးမှု လုံလောက်ဖို့အတွက် အင်ဒိုနီးရှားအစိုးရက ဆန်တင်ပို့မှုကို ထိန်းချုပ်မယ်လို့သိရပါတယ်။    အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဘီနင်နိုင်ငံဆန်ထုတ်လုပ်မှု မြှင့်တင်ဖို့စီမံချက်အရ အီးယူမှ ကန်ဒေါ်လာရှစ်သန်းကျော် ထောက်ပံ့ဖို့ သဘောတူထားတယ်လို့သိရပါတယ်။ ထုတ်လုပ်မှုကိုတိုးချဲ့ပြီး ပြည်ပကတင်သွင်းတဲ့ ဆန်များနဲ့ယှဉ်ပြိုင်နိုင်တဲ့ အရည် အသွေးကောင်းများ ထုတ်လုပ်ဖို့ရည်ရွယ်ပြီး  PAFIRIZ စီမံကိန်းကို ဆောင်ရွယ်မယ်လို့သိရပါတယ်။ အဲဒီစီမံကိန်းအရ လယ်ဟက်တာ ၁၅ဝဝ က နှစ်စဉ်စပါး တန်ချိန် ၅ဝဝဝ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ခြောက်လကျော်မှာ နိုင်ငံ တောင်ပိုင်းဒေသမှာ ပထမဆုံး စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်ထုတ်လုပ်ဖို့သင့်တော်တဲ့  မြေဟက်တာ ၅၁ဝဝဝ ထိ တိုးမြှင့် သွားမယ်လို့ဆိုပါတယ်။    နောက်နှစ်နှစ်မှာ ဂါနာနိုင်ငံဆန်ထုတ်လုပ်မှု နှစ်ဆမြှင့်တင်မယ်လို့ စားနပ်ရိက္ခာနဲ့စိုက်ပိုျးရေးဝန်ကြီး Kwesi Ahwai ကပြော ကြားပါတယ်။ လက်ရှိပြည်တွင်းဆန်ထုတ်လုပ်မှုဟာ နိုင်ငံလိုအပ်ချက်ရဲ့ ၂၁ ရာခိုင်နှုန်း ခန့်သာ ထုတ်လုပ်နိုင်တာဖြစ်လို့ ကျန်တဲ့ ၇၉ ရာခိုင်နှုန်းလိုအပ်လျက်ရှိပြီး တရုတ်၊ အမေရိကား၊ ထိုင်း၊ ဗီယက် နမ်နဲ့ အခြားနိုင်ငံတွေက တင်သွင်းနေရပါတယ်။    ၂ဝဝ၇ ခုနှစ်ကုန်ထိ ၅ နှစ်အတွင်း ဆန်ဈေးနှုန်းဟာ တစ်တန်ကိုပျှမ်းမျှ ကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ခန့်သာရှိခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာဆန်သုတေသနဌာန IRRI က ယူဆသတ်မှတ်ထားတာက ဆန်တစ်တန်ဈေးနှုန်းကို ကန်ဒေါ်လာ ၃ဝဝ ဝန်းကျင်နဲ့ ထိန်းထားနိုင်မယ်ဆိုရင် စားသုံးသူများအတွက်လည်း သင့်တော်တဲ့ဈေးဖြစ် လို ဆင်းရဲတဲ့လယ်သမားများကို ထိုက်သင့် တဲ့ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်လို့ ဆန်ပိုမိုထုတ်လုပ်နိုင်မယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံဟာ လယ်တစ်ဟက်တာကို စပါး  ၆ ဒသမ ၅ တန်နှုန်းထွက်ရှိပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကတော့ ၄ တန်နှုန်းသာထွက်ရှိပါတယ်။Source: irri.org.riceonline, oryza