Main menu

Background

ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံများတွင် အီရတ်ပါဝင်

Fri, 01/15/2010 - 04:12 -- Anonymous (not verified)

      အီရတ်နိုင်ငံဟာ ကမ္ဘာမှာဆန်နဲ့ဂုံျတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်တာနဲ့အညီ အီရတ်အစိုးရအဖွဲ့အနေနဲ့ အမေရိကန်ဆန်နဲ့ ပါကစ္စတန်ဆန်ကိုဝယ်ယူဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ မည်မျှဝယ်ယူမှာကိုမူ မသတ်မှတ်ရ သေးကြောင်း၊ ဒီဇင်ဘာလအစောပိုင်းကလည်း အမေရိကန်ဆန်တန်ချိန် ၉ဝဝဝဝ ကို ဝယ်ယူခဲ့သလို ပါကစ္စတန်မှ ဆန်တန်ချိန်      ၃ဝဝဝဝ ထပ်မံဝယ်ယူဖို့ဆွေးနွေးမှုကို အတည်မပြုရသေးကြောင်း သိရပါတယ်။ အီရတ်က တင်သွင်းတဲ့ဆန်များကို အစိုးရရဲ့ စားနပ် ရိက္ခာခွဲတမ်းအတွက် အများဆုံးအသုံးပြုတယ်လို့ သိရပါတယ်။Source: pakissan.com