Main menu

Background

ကမ္ဘာ့ဘဏ်၏ Task Force မှ Economic Model ဆိုင်ရာ လေ့လာထုတ်ပြန်ချက်

Thu, 01/14/2010 - 06:47 -- Anonymous (not verified)

ကမ္ဘာ့ဘဏ် ၏ Task Force  ဖွဲ့စည်း တည်ထောင်ခြင်း   ၂၀၀၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ဘဏ်မှ ကြီးမှူး၍ စီးပွားရေးပုံစံ (Economic Model) များကို လေ့လာ ဆန်းစစ်နိုင်ရန်အတွက် Task Force တစ်ရပ်အဖြစ် "Commission on Growth and Development " ကိုဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ အဆိုပါ Task Force ကော် မရှင်ကို နိုဘယ်ဆုရစီးပွားရေးပညာရှင် Michael Spence ကဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး၊တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၊တရုတ်နိုင်ငံပြည်သူ့ ဘဏ် ဥက္ကဌ၊ အိန္ဒိယနိုင်ငံ Planning Commission ဒုတိယဥက္ကဌနှင့်အိန္ဒိယ ဝန်ကြီးချုပ် မိုဟန်ဆင်း၏ စီးပွားရေး အကြံပေး တို့အပြင်၊အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရောဘတ်ရူဘင်တို့ အဖွဲ့ က အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါသည်။ Commission on Growth and Development သည်ဖွံ့ဖြိုးဆဲနိုင်ငံ များအပေါ်လေ့လာမှုကို ၂၀၀၈ ခုနှစ် မေလတွင်ပြီးစီးခဲ့ပြီး၂၀၀၉ခုနှစ်အောက် တိုဘာလတွင် Fundamental Findingsများဖြင့်အတည်ပြုပေါ်ထွက်လာချက် များကိုအောက်ပါအတိုင်းတင်ပြအပ်ပါသည်။ဖွံ့ဖြိုးမှုထင်ရှားသည့်နိုင်ငံများ- ကိုရီးယားသမ္မတနိုင်ငံ၏ GDP Per Capita သည်လွန်ခဲ့သည့်နှစ် ၅၀ အချိန်က အမေရိကန် ဒေါ်လာ ၃၅၀ ရှိခဲ့ရာမှယနေ့အချိန်တွင် အမေရိကန် ဒေါ်လာ ၂၀၀၀၀ နီးပါးရှိလာကြောင်း၊- စင်ကာပူသည် ၁၉၆၀ ခုနှစ် ကသေးငယ်သည့်ငါးဖမ်းလုပ်ငန်းလုပ် ကိုင်သော ရွာအဆင့် GDP Per Capita အမေရိကန်ဒေါ်လာ ၄၂၇ရှိခဲ့ရာမှ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၃၈၀၀၀ ရှိနေပြီဖြစ်ကြောင်း- တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစ၍ ဈေးကွက်သို့အခြေခံသည့် စီးပွားရေးစနစ်သို့ ပြုပြင် ပြောင်းလဲခဲ့ရာ GDP Per Capitaသည်အမေရိကန် ဒေါ်လာ ၄၀၀ မှယနေ့အချိန်တွင် ၃၀၀၀ ရှိနေပြီး၊သန်းပေါင်းများစွာသော လူများကို ဆင်းရဲမွဲတေမှုမှ လွတ် မြောက်စေခဲ့ကြောင်း၊- အိန္ဒိယနိုင်ငံသည် ၁၉၉၁ ခုနှစ်မှစ၍စီးပွားရေးပြုပြင်ပြောင်းလဲမှု ကိုပြုလုပ်ခဲ့ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ပျမ်းမျှ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြင့်တိုး တက်ခဲ့ပြီး၊လူဦးရေ သန်းပေါင်းများစွာ ကို ဆင်းရဲမွဲတေမှုမှကယ်တင်နိုင်ခဲ့ကြောင်း၊အောင်မြင်မှုရရှိစေသည့်အချက်များ ဈေးကွက်အခြေပြုစီးပွား ရေးစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ထိရောက် တည်ငြိမ်သည့် ငွေကြေး ဆိုင်ရာ မူဝါဒရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှု  Public Investment ပမာဏများပြားခြင်း၊ ကမ္ဘာ့စီးပွားရေး နယ်ပယ်သို့ ပိုမိုတိုးမြှင့်ဝင်ရောက်ခြင်း၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်မားခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ ဝင်ငွေမြင့်မား ရန်ဦးတည် ဆောင်ရွက်ခြင်း တို့ကြောင့် ဖြစ်ပါသည်။အားနည်းချက်များ- ဈေးကွက်အခြေပြုစီးပွား ရေးစနစ်ဖြင့်ဆောင်ရွက်နေသော်လည်း၊ ဈေးကွက်၏ လိုအပ်ချက်၊ နိုင်ငံ၏ စီးပွားမူဝါဒ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီ သည့် စီးပွားရေး အခြေအနေမတူညီသည့်   ဝင်ငွေရရှိမှု အဆင့်တို့ကို ထည့်သွင်းစဉ်းစားမှု မရှိခြင်း၊- ထုတ်လုပ်မ ှုတိုးတက်ရန် မည်မျှပင် ကြိုးပမ်းနေစေကာမူ ဝင်ငွေ နိမ့်ကျသူနှင့် အလယ်အလတ် ရရှိသူများမှ တိုးတက်မှု၏နောက်တွင်အလှမ်းဝေး စွာကျန်နေခဲ့သည်ကိုစဉ်းစားမှုမရှိခြင်း၊- လူဦးရေ များစွာကို ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေခဲ့သည် ဆိုသော်လည်း၊ ဆင်းရဲမွဲတေမှု များစွာ ရှိနေသေးပြီး၊ အနည်းငယ်သော လူဦးရေသာ ချမ်းသာလျက် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမား နေခြင်း၊ကော်မရှင်၏သုံးသပ်အကြံပြုချက်- နိုင်ငံပိုင် ကဏ္ဍမှကြီးမားသည့် ထိန်းချုပ်မှုဖြင့် ဆောင်ရွက်သည့် စီးပွားရေးစနစ်၊ သို့မဟုတ် ကမ္ဘာ့ စီးပွားရေး နယ်ပယ်သို့ဝင်ရောက်မှုမရှိသည့်စီးပွား ရေးစနစ်တို့သည် အောင်မြင်မှုရရှိ သည်ကို မတွေ့ရကြောင်း၊- ဈေးကွက်အခြေပြုသည့်စီး ပွားရေးစနစ်သည်သာ အကောင်းဆုံး Economic Model ဖြစ် ကြောင်း၊- သို့ရာတွင်စီးပွားရေး အကြပ်အတည်းက ပေးသည့် သင်ခန်းစာ အရမည် သူတစ်ဦး တစ်ယောက်မျှ အနိုင်ရ မှုမရှိ၍အနာဂတ်၏ ကာလတွင်ထပ်မံ မဖြစ်ပေါ်ရေးနှင့်စွန့်စားရမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ငွေကြေးဆိုင် ရာမူဝါဒကို ပြုပြင်ပြောင်းလဲရန်နှင့် တည်ငြိမ် လုံခြုံမှုရှိသည့် ငွေကြေး ဆိုင်ရာမူဝါဒ(Sound Fiscal and Monetary Policy)ကိုချမှတ်ရန်၊- နိုင်ငံအစိုးရ၏ ရင်းနှှီးမြှုပ်နှံ မှုများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန်၊- နိုင်ငံအစိုးရသည် နိုင်ငံ၏ စီးပွားရေး ခိုင်မာရေး၊ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေး အကျပ် အတည်း ရိုက်ခတ်မှုကို အကာအကွယ် အကူအညီပေးရေး တို့အတွက် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်။- ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို နိုင်ငံများသည် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ (ကိုယ်ကျိုး စီးပွား ကာကွယ်ရေး မူဝါဒ)ဖြင့် တုံ့ပြန်ပါက၊ ပျက်စီးမှုများ ဖြစ်ပေါ်စေမည့် ကုန်သွယ်ရေး စစ်ပွဲ(Trade Wars)ကို ဦးတည်စေနိုင်၍ နိုင်ငံအသီးသီးတို့သည် ကုန်သွယ်မှု ဆိုင် ရာ အဟန့်အတားများ ကျင့်သုံးခြင်းကို ရှောင်ရှားရန်။- အပြန်အလှန် အမှီသဟဲပြု မှုသည် ပိုမိုကြီးထွားလာသည် နှင့်အမျှ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကိစ္စများ (Trade Wars)ကို ထိရောက်သည့် နိုင်ငံတကာ စီမံအုပ်ချုပ်မှု (Effective Global  Governance) ဖြင့် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်သဖြင့် ဈေးကွက် အခြေပြု စီးပွားရေး ပုံစံဖြင့် ဆောင်ရွက် နေသည့်နိုင်ငံအသီးသီးနှင့်နိုင်ငံတကာအဖွဲ့အစည်း တို့တွင် ခိုင်မာသည့် Effective  Governance  သည်အရေးအကြီး ဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ ်ကော်မရှင် မှဖေါ်ပြထားပါသည်။ဒေါ်ဝင်း