Main menu

Background

ကမ္ဘောဇအသင်းနဲ့ဇေယျာရွှေမြေတို့ ခြေစွမ်းတွေပြလာတဲ့မြန်မာနေရှင်နယ်လိဂ် (၁၂)ပတ်မြောက်အခြေအနေ

Fri, 01/08/2010 - 07:48 -- Anonymous (not verified)

ကမ္ဘောဇ-၄ ဂိုးဥဿာယူနိုက်တက်-ဝ ဂိုး    MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်(၄၅)ဖြစ်တဲ့ ကမ္ဘောဇ FC အသင်းနဲ့ ဥဿာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကမ္ဘောဇ အသင်းက၄-ဝ နဲ့ အနိုင်ရရှိခဲ့ပါတယ်။   ကမ္ဘောဇအသင်းဟာ ဥဿာယူ နိုက်တက်အသင်းကို ဖိကစားထားခဲ့တဲ့ အတွက် အခုလိုဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာ ပါ။ ကမ္ဘောဇ အသင်းရဲ့ AFC ရွှေဖိနပ်ဆု ရှင်စိုးမင်းဦးဟာဒီပွဲမှာသုံးဂိုးသွင်းပြီးဟက် ထရစ်ယူသွားခဲ့ပါတယ်။ ကမ္ဘောဇ    အသင်းဟာခြေအသာနဲ့ ကစားနိုင်ခဲ့ပြီးပွဲ အစအဆုံးဥဿာယူနိုက်တက်ကိုဖိပြီး ကစားနိုင်ခဲ့ပါတယ်။ ကမ္ဘောဇအသင်း အတွက်အနိုင်ဂိုးများကို ၂၃ မိနစ် မှာခင်မောင်လွင်ကသွင်းယူပေးခဲ့ပြီး စိုးမင်းဦးက ၄၅ မိနစ်၊၅၆ မိနစ်နဲ့ ၇၃ မိနစ်တို့မှာ သုံး ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။   ဥဿာယူနိုက်တက်အသင်းဟာ ကစားပုံပျက်နေတဲ့အပြင်ပွဲပြီးခါနီးမှရတဲ့ ဂိုးသွင်းခွင့်အရေးများကို ပိုပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင် ခဲ့တဲ့အတွက်အခုလိုမိုျးရှုံး ပွဲနဲ့ကြုံတွေ့ခဲ့ရတာပါပဲ။ဇေယျာရွှေမြေ  - ၂ ဂိုးရတနာပုံ   - ၁ ဂိုး   ရတနာပုံအသင်းဟာ ဒီနေ့ပွဲမှာလည်း ဇေယျာရွှေမြေကို ရှုံးရပြန်တဲ့အတွက် နိုင်ပွဲ ၂ ပွဲဆက်ပျောက်ဆုံးခဲ့တာကြောင့် ချန်ပီယံဆုအတွက် ဖိအား တွေဝင်လာရပြီဖြစ်ပါတယ်။ ရတနာပုံအသင်းမှာ တိုက်စစ်မှူးရန်ပိုင် ပွဲပယ်ခံ ထားရတာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဂိုး ရဖို့ရုန်းကန်ခဲ့ရပါတယ်။   ဒုတိယအကျော့ပွဲစဉ်တွေ မှာ၁ပွဲ သရေ၊ ၃ ပွဲရှုံးနဲ့ နိုင်ပွဲပျောက်ခဲ့တဲ့ ဇေယျာရွှေမြေအသင်းဟာ အခုပွဲမှာချန်ပီယံရတနာပုံကို ခြေစွမ်းပြပြီး အနိုင်ယူခဲ့ပါ တယ်။  ဇေယျာရွှေမြေအသင်းဟာနောက် တန်းခံစစ်ကြောင်းကို အမှားမရှိအောင် ထိန်းထားနိုင်တဲ့အပြင် ရတနာပုံအသင်းရဲ့ဂိုးပေါက် ကိုပါခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်တန်းကောင်းနေတဲ့ ဇေယျာရွှေမြေအသင်းကို ရတနာပုံတို့ ဂိုးသွင်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရပါတယ်။   ပွဲအစ(၁)မိနစ်မှာပဲ ကျော်ကိုကို က ဇေယျာရွှေမြေအတွက် ဂိုးစတင် သွင်းယူခဲ့ပြီး၊ (၈)မိနစ်မှာ ရတနာပုံ အတွက် ချေပဂိုးကို ပိုင်စိုးက သွင်းယူ ပေးခဲ့ပါတယ်။ ကံဆိုးလှတဲ့ ရတနာပုံ အသင်းဟာ ပွဲပြီးခါနီးမှာ ရတနာပုံ ဂိုးသမား ဖြိုးကိုကိုလှိုင်ရဲ့ ဂိုးဧရိယာစည်း ကိုကျော်ပြီး ကန်တင်ခဲ့လို့ ပြစ်ဒဏ် ဘောအပေးခံခဲ့ရပါတယ်။ အဲဒီပြစ်ဒဏ် ဘောကို စည်သူသန်းက ကန်သွင်းရာ မှာ ဂိုးဝင်သွား တဲ့အတွက်ဇေယျာရွှေမြေ အသင်းဟာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။   ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက်ရတနာ ပုံအသင်းဟာ ၂ ပွဲကစားရာမှာ ၁ မှတ် သာရယူနိုင်ခဲ့တာကြောင့် ရန်ကုန်နဲ့ ဒယ်လ်တာတို့ ရဲ့ပွဲစဉ်မှာ ဒယ်လ်တာကသာ အနိုင်ကစားသွားမယ်ဆိုပါက အမှတ်တူနဲ့ရုန်းကန်ရတော့မှာပါ။(၁၃)ပတ်မြောက်ကစားမည့်ပွဲစဉ်များ၆.၁.၁ဝ  DELTA -  ဆောက်သမ်း၇.၁.၁ဝ  ရန်ကုန်  -  ဥဿာ၉.၁.၁ဝ  မကွေး  -   ဇေယျာရွှေမြေ၁ဝ.၁.၁ဝ ကမ္ဘောဇ - ရတနာပုံ